ပစ်သတ်ခံရသော မြန်မာများအတွက် စုံစမ်းပေးရန် HRW တောင်းဆို

E-mail Print
ထိုင်းစစ်သားများ၏  ပစ်ခတ်မှုကြောင့် သေဆုံးသွားသော မြန်မာပြည်သား ကလေး ၃ ဦး အမှုနှင့် ပတ်သက်ပြီး ထိုင်းအစိုးရကို  ချက်ချင်း စုံစမ်း စစ်ဆေးပေးရန် အမေရိကန် နိုင်ငံ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ (Human Rights Watch - HRW)က တောင်းဆို လိုက်သည်။

ယင်း အသက်မပြည့်သေးသော ကလေးငယ် ၃ ဦး သေဆုံးသွားသည့် အတွက် ထိုင်းအစိုးရအား စုံစမ်း စစ်ဆေးပေးရန် HRW အဖွဲ့က လွန်ခဲ့သည့် အပတ် သောကြာနေ့က ထုတ်ပြန်ထားသည်။

shot_car“ဒီကားကို စစ်တပ်က ဘယ်လို ပစ်ခတ်သလဲ၊ ဘာကြောင့် ပစ်ရသလဲ ဆိုတာတွေကို အစိုးရက ချက်ချင်း စုံစမ်းစစ်ဆေးဖို့ လိုပါ တယ်” ဟု Human Rights Watch အဖွဲ့၏ အာရှတိုက်ဆိုင်ရာ ညွှန်ကြားရေးမှူး ဘရက်ဒ် အဒမ်စ်က ပြောသည်။

“ဘယ်သူတွေ ဒဏ်ရ ရသွားမယ်၊ သေဆုံးသွားမယ် ဆိုတာကို ထည့်မတွက်ဘဲနဲ့ ကားကိုပစ်ခတ်တယ် ဆိုတာဟာ လက်ခံနိုင်စရာ အကြောင်း မရှိပါဘူး။ ပစ်ခတ်မှုမှာ တာဝန်ရှိသူတွေဟာ ဖြစ်ခဲ့တာတွေ အတွက် တာဝန်ခံရမှာပါ”ဟု သူက ဆက်ပြောသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့က တရားမ၀င် မြန်မာပြည်သား ၁၃ ဦးကို တင်ဆောင်လာသော ကားကို ထိုင်းနိုင်ငံ တောင်ပိုင်း
ရနောင်းမြို့ အ၀င် စစ်ဆေးရေး ဂိတ်တခုသို့ အရောက်၌ ထိုင်းလုံခြုံရေး တပ်များက စစ်ဆေးရန် တားဆီး သည်ကို ကားသမားက မရပ်ပေးသဖြင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“ဖြစ်တဲ့အချိန်က မနက် ၅ နာရီလောက်မှာ။ ဆိပ်ခံ တံတားနားမှာ စစ်သားတွေက ကားကို စစ်ဆေးဖို့ ရပ်ခိုင်းတာကို ကားသမားက သတိမပြုမိဘူး။ အဲဒါနဲ့ စစ်သားတွေက သေနတ်တွေနဲ့ ပစ်တယ်။ အသက် လေး၊ ငါး နှစ်အရွယ် ကလေး ယောက်ျားလေးတ ယောက်၊ ခြောက်နှစ်၊ ခုနစ်နှစ် အရွယ် မိန်းကလေးတယောက် နဲ့ ၁၆ နှစ်အရွယ် ယောက်ျားလေး တယောက်သေသွားတယ်။ ကား ထဲပါ လာတဲ့ ၅ ယောက်လည်း ဒဏ်ရာတွေ ရသွားတယ်”ဟု HRW အဖွဲ့ ကဆိုသည်။    

ယင်း ထိုင်းလုံခြုံရေးတပ်များ ပစ်ခတ်မှုကြောင့် ကလေး ၃ ဦး သေဆုံးသွားပြီး ဒဏ်ရာ ရရှိခဲ့သူ ၅ ဦးကိုလည်း ရနောင်း ဆေးရုံ၌ ဆေးကုသမှုခံယူခဲ့ရကြောင်းလည်း သိရသည်။

ပါနန်း ရဲစခန်းမှ တာဝန်ကျ ရဲတဦးက“အဖမ်းခံရတဲ့ လူတွေကတော့ စခန်းမှာ ရှိနေပါတယ်၊ ဒဏ်ရာရတဲ့ လူနာတွေလည်း ဆေးရုံ မှာပဲ၊ အမှုကတော့ တရား ဥပဒေအရ ဆောင်ရွက်နေပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

သေဆုံးသူနှင့် ဖမ်းဆီးခံရသော မြန်မာပြည်သား အများစုသည် မွန်ပြည်နယ်နှင့် တခြားမြို့မှ ဒေသခံများဖြစ်ကြပြီး ကော့သောင်း မြို့မှ တဆင့် ရနောင်းမြို့သို့ လာရောက် အလုပ်လုပ်ကိုင်သူများဖြစ်ကြောင်း သိရသည်။

HRW ၏ ထုတ်ပြန်ချက်တွင် ဘရက်ဒ် အဒမ်စ်က“ရွှေ့ပြောင်း အလုပ်သမားတွေရဲ့လုပ်အားက ထိုင်းနိုင်ငံရဲ့ စီးပွာရေးကို အများ ကြီး အထောက်အကူပြုတယ်။ ဒါပေမယ့် အခွင့်အရေး ချိုးဖောက်မှုနဲ့ ခေါင်းပုံဖြတ်မှုတွေမှာ အလုပ်သမားတွေက ကာကွယ်မှုနည်း နည်းပဲရတယ်၊ အခုလိုမျိုး အလုပ်သမားတွေ အခွင့်အရေး ချိုးဖောက်ခံရတဲ့ အချိန်မှာ ထိုင်းအစိုးရ အနေနဲ့ တရားမျှတမှု ရှိတယ် ဆိုတာကို အလုပ်သမားတွေ ကိုပြရမယ့် အချိန်ဖြစ်တယ်”ဟု ဆိုသည်။

ပြီးခဲ့သည့် ဇန်န၀ါရီ လကုန်ပိုင်းကလည်း သေနတ် ဒဏ်ရာဖြင့် သေဆုံးခဲ့သော မြန်မာ ပြည်သား ၉ ဦးကို ဖုတ်ဖရ မြို့နယ်အနီး တနေရာတွင် တွေ့ရှိခဲ့ကြသည်။ ၎င်း တို့ကို ငွေကြေးတောင်းခံစဉ် ထွက်ပြေးသည့် အတွက် လိုက်လံဖမ်းဆီးခဲ့ပြီး သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Comments (5)Add Comment
0
ထိုင်းဆန့်ကျင်ရေး
written by ထိုင်းဆန့်ကျင်သူ, March 10, 2010
အရင်က မြန်မာတွေက ယိုးဒယား(ထိုင်း)ကိုအနိုင်ယူခဲ့ကြတာ။ အခု ထိုင်းတွေက မြန်မာကို ပြန်သတ်နေကြပြီ။ ရာဇ၀င်ကြွေးပြန်ဆပ်နေကြတာ။ ဒီလိုအဖြစ်မျိုး မရောက်စေပဲ ဒီကောင်တွေကိုပြန်သတ်နိုင်တဲ့ အဆင့်ရောက်ဖို့ကြိုးစားရမယ်။ ငါလဲကြုံ၇င ကြုံတဲ့နေရာမှာ ထိုင်းတွေကိုသတ်မယ်။ အထိကက မြန်မာပြည်က ထိုင်းထက်နိမ့်ကျတော့ သူတို့ကို ဘာမှပြန်လုပ်လို့မရဘူး။
0
...
written by oakarnge, March 10, 2010
ထိုင်းစစ်သားအပါအ၀င်.. .ပုလိပ်တွေ.. အလုပ်သမားများ အပေါ် လုပ်ချင်သလို လုပ်..နေတာတွေသာ
တိုင်လို့ရမယ် ဆိုရင်တော့...အင်း
အလုပ်သမား လက်မှတ်ရှိလျက်.. ကိုင်လျက်သားတောင်.. .မေးတာကိုပြောမတတ်လို့. .ဘောင်းဘီအိတ်
ထဲက.. လုပ်ခလစာတွေကို.. ဒင်းတို့ဘီယာတိုက်ဖို့ နှိုက်သွားတော့ရော. .နုံနုံအအ မြန်မာတွေက
ဘယ်ကိုများ သွားတိုင်ရဲလို့လဲ.. သူတို့လဲဒါကိုသိတယ်လေ...
အင်း.. .ကျွန်တော်ဆိုရင်ရော.. ဘယ်ကိုသွားတိုင်မလဲ. .စဉ်းစားနေတယ်..။
လူပြတ်တဲ့နေရာမှာ.. ဟိုပြောဒီပြော.. ဟိုလိုခြောက်ဒီလိုခြောက်. .လက်ထဲက.. လက်မှတ်ကလည်း
လက်မှတ်ပါပဲ....... .ဟူး..တို့ဒုက္ခ..။
0
ဝိသမ စိတ်လေးထားသင့်တယ်
written by မျိုးလွင်, March 09, 2010
ထိုင်းနိုင်ငံက စာအုပ်ဆိုင်တွေ ဘယ်လောက်ပဲ့ သတင်းထူးပါပါ ဈေးမြှင့်ရောင်းတာ မကြားဖူးပါ။
0
Where is basic human right?
written by Win, March 09, 2010
I am really sorry for these migrant workers. The metaphor used by HRW can reflect their lives very clearly: "from the tiger to the crocodile". Due to hardship in Myanmar, they migrate to Thailand with the hope of better lives. But in Thailand, they are also exploited and abused by Thai employers, agents, and Thai policemen.

Myanmar military government does not care about the people or their right and what about Thailand !!!!
Although Thailand is a member in many human right organizations and their constitution guarantees basic human right, a good numbers of migrant workers in Thai are still suffering from human right violation such as rape, torture, forced sex and so on and Thai authority also neglect these problems. ( the human right is not for " non-thai" ??)
So where is the right and justice for the migrant workers?

If interested more, pls read report from HRW at: http://www.hrw.org/en/node/88580/section/1



တိုင်းပြည်ကမှ , Low-rated comment [Show]

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်