“FEC ၂၀ ပေးပြီး ဈေးရင်း အတိုင်း သွားဝယ်ရင်တော့ ကုန်ပြီ နောက် ၅ ရက် လောက်မှ လာလို့ ပြောတယ်၊ အမြတ်ငွေ ပိုပေးရင် ချက်ခြင်း ထုတ်ရောင်းတယ်” ဟု ၎င်းက ဆိုသည်။
ထို FEC ဖုန်းကတ်များကို ရန်ကုန်မြို့ရှိ စူပါဝမ်း၊ ဂမုန်းပွင့်၊ ဒဂုံစင်တာ စသည့် ကုန်တိုက်ကြီးများနှင့် ဖုန်းနှင့်အပိုပစ္စည်းရောင်းဝယ် သည့် ဆိုင်များတွင် မြန်မာငွေဖြင့် ၀ယ်ယူမည်ဆိုလျှင် FEC ငွေကြေးတန်ဖိုး အပြင်အမြတ်ငွေ ၅၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်အထိ ပေးရသည်ဟု အဆိုပါ ရန်ကုန်မြို့ခံက ရှင်းပြသည်။
FEC တယူနစ်၏ ယနေ့ပေါက်ဈေးမှာ မြန်မာငွေ ၁၀၀၈ ကျပ် ဈေးရှိသည်။
ယင်း တခါသုံး ဖုန်းကတ်များကို FEC ၂၀ နှင့် ၅၀ ဟုသတ်မှတ်ထားပြီး နိုင်ငံသားစိစစ်ရေးကတ်ဖြင့် ၀ယ်ယူရကာ အသုံးပြုနိုင်သည့် သက်တမ်းကာလမှာ FEC ၂၀ တန် ၁လ၊ FEC ၅၀ တန်မှာ ၃ လ ဖြစ်သည်။ ခေါ်ဆိုမှု နှုန်းထားမှာ အထွက် ပြောဆိုမှုအတွက် FEC ၀.၃၆ ဖြစ်ပြီး အ၀င်လက်ခံပြောဆိုမှုအတွက် နှုန်းထားမှာ FEC ၀.၀၆ ကုန်ကျမည်ဖြစ်သည်။
တဦးတည်း တာဝန်ယူ ဖြန့်ချိနေသည့် Central Marketing ကုမ္ပဏီ၏ မြန်မာရှော့ပင်းမောလ် အရောင်းဆိုင်သို့ ဧရာဝတီမှ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူက “ပစ္စည်း မရှိဘူး၊ ကုန်နေတယ်၊ နောက်ရက်တော့ ရမလား ဆိုတာလည်း အာမ မခံနိုင်ဘူး” ဟု ဧရာဝတီသို့ပြောသည်။
မြန်မာနိုင်ငံတွင် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းကြီးများကို ပုဂ္ဂလိကလုပ်ငန်းရှင်ကြီးများအား လုပ်ကိုင်ခွင့်ပေးထားရာ လက်ကိုင် ဖုန်းများထုတ်လုပ်ခွင့် GSM နှင့် CDMA ဖုန်းကတ်များ ထုတ်လုပ် ဖြန့်ဖြူးခွင့်ကို စစ်အစိုးရ နှင့် နီးစပ်သူ ဦးတေဇ တဦးတည်း လုပ်ကိုင်ခွင့် ရရှိထားကြောင်း သိရသည်။
သံလျင်မြို့မှတခါသုံးဖုန်းကတ် သုံးစွဲသူ တဦးကလည်း လူသုံးများသည့် FECဖုန်းကတ်များကို ဈေးနှုန်းမြင့်မားစွာ ပေး၍ ၀ယ်ယူ နေရကြောင်း၊ ကျပ်ငွေမှ FEC သို့ လဲလှယ်ရာတွင်လည်း ခက်ခဲကြောင်း ၊ မကြာခဏသွားရောက် စုံစမ်းနေရ သောကြောင့် ခရီး စရိတ်လည်း ကုန်ကျကြောင်း ဧရာဝတီသို့ ပြောပြသည်။
တခါသုံးဖုန်းကတ်များကို မန္တလေးတိုင်း ရတနာပုံ ဆိုင်ဘာစီးတီးတွင် ထူးကုမ္ပဏီနှင့် တရုတ်နိုင်ငံအခြေစိုက် Fisca ကုမ္ပဏီတို့မှ ပူးတွဲ ထုတ်လုပ်သည့် လက်ကိုင်ဖုန်းများနှင့်သာ အသုံးပြုနိုင်သည်။
Central Marketing ကုမ္ပဏီသည် လက်ရှိအခြေအနေတွင် ဈေးကွက်လိုအပ်ချက်အရ ကျပ် ၅ သိန်းတန် CDMA 800 Mhz လက်ကိုင်ဖုန်း သုံး ဖုန်းကတ်များကို တနိုင်ငံလုံး အတိုင်းအတာဖြင့် ထုတ်လုပ်ရောင်းချနေရသည့်အတွက် ဈေးကွက်တွင်လည်း တခါသုံးကတ်များနည်းပါးနေကြောင်း၊ တခါသုံး FEC ဖုန်းကတ် သုံးစွဲသူများအနေဖြင့် နောက်၂ လခန့် အထိ ၀ယ်ယူရန် အခက် အခဲဖြစ်နိုင်သည်ဟု ရန်ကုန်မြို့ရှိ ဖုန်းနှင့် ဖုန်းပစ္စည်းရောင်းချသည့် လူကြီးမင်း ဖုန်းဆိုင်မှ တာဝန်ရှိသူတဦးက ဈေးကွက် အခြေ အနေကို သုံးသပ်ပြောဆိုသည်။
မြန်မာနိုင်ငံတွင် လက်ရှိ အသုံးပြုနေသည့် မိုဘိုင်းလ်ဖုန်းများမှာ GSM ၊ ကမ်းရိုးတန်းဖုန်း ဟုလူသိများသည့် CDMA 450 Mhz ၊ ကန့်သတ်ထားသည့် ဧရိယာအတွင်းတွင်သာ အသုံးပြုနိုင်သည့် ကတ်စနစ်သုံး ကျပ် ၅ သိန်း တန်ဖုန်း CDMA 800 Mhz ၊ တခါသုံး CDMAဖုန်း ၊ ဆယ်လူလာဖုန်း နှင့် တခါသုံး GSM ဖုန်းတို့ဖြစ်သည်။
Set as favorite
Bookmark
Email this
Hits: 4641
Comments (4)

written by transparents, March 10, 2010
ကိုလိုနီခေတ်မှာ အင်္ဂလိပ်မျက်နှာဖြူတွေက ဂုတ်သွေးစုပ် အမြတ်ထုတ်ကြသတဲ့။ ငယ်ငယ်က သမိုင်းမှာသင်ဖူးတရ်။
အခုတော့ မျက်မြင်ကိုယ်တွေ.။ မြန်မာအရင်းရှင်တွေက မြန်မာလူထုတွေအပေါ် ဂုတ်သွေးစုပ်အမြတ်ထုတ်နေကြပါလား။
ဇာတ်တူသားစားပြီး မျိုးပြုန်းသွားတဲ့ ဟသာင်္ကိုးသောင်းအကြောင်းကို သတိရမိနေသေးရဲ့။
သြော်……… မြန်မာတွေအတွက် ရင်လေးစရာပါလားနော်။
အခုတော့ မျက်မြင်ကိုယ်တွေ.။ မြန်မာအရင်းရှင်တွေက မြန်မာလူထုတွေအပေါ် ဂုတ်သွေးစုပ်အမြတ်ထုတ်နေကြပါလား။
ဇာတ်တူသားစားပြီး မျိုးပြုန်းသွားတဲ့ ဟသာင်္ကိုးသောင်းအကြောင်းကို သတိရမိနေသေးရဲ့။
သြော်……… မြန်မာတွေအတွက် ရင်လေးစရာပါလားနော်။
written by ရိုးနေပြီ, March 10, 2010
မြန်မာပြည်မာက ဒါမျိုးက ထုံးစံလိုကို ဖြစ်နေပြီ ဘာလေးပဲ ဖြစ်ဖြစ် နာမည် မထွက်နဲ့ ထွက်တာနဲ့ ဈေးက တက်နေပြီးသား၊
written by မျိုးလွင်, March 10, 2010
ဖုံးဝင်လာရင် ဝရန်တာထွက်ပြောရတာနဲ့ စကားပြောစက်လိုမျိုး ပါးစပ်နားတေ့လိုက် နားဆီပြန်ကပ်လိုက်နဲ့ ဒီလိုလိုင်းတွေနဲ့ ဖုံးကာဒ်တွေကို ဈေးကြီပေး ဝယ်ယူနေရတယ်၊ အသက်ဆက်မယ့် အရာတခုလိုမျိုးတောင် ဖြစ်နေပါလား။ ဪ... .ဦတေဇတော့ ထပ်စင်(ထိုင်းဝန်ကြီးချုပ်ဟောင်း)ထက်တောင် ချမ်းသာအုံးမှာ မြင်ယောင်သေး။
Write comment
| < Prev | Next > |
|---|







