နေပြည်တော် ဟိုတယ်အားလုံးတွင် သင်္ကြန်မဏ္ဍပ် တည်ဆောက်ရမည်

E-mail Print
နေပြည်တော် သင်္ကြန်ပွဲတော် ဖြစ်စေရန် ရည်ရွယ်၍ ယခုနှစ်တွင် ဟိုတယ်အားလုံး၌ မဏ္ဍပ်များ တည်ဆောက် ရမည်ဖြစ်ပြီး ယင်း မဏ္ဍပ်များ၌ နာမည်ကြီး အနုပညာရှင်၊ အဆိုတော်၊ dancerအဖွဲ့များ၊ နာမည်ကြီး Dj အဖွဲ့များ ဖျော်ဖြေ ကြရမည် ဖြစ်ကြောင်း နေပြည်တော် ဟိုတယ် အသိုင်းအဝန်းမှ သိရသည်။

“ဒီနှစ်မှာ နေပြည်တော် သင်္ကြန် အရမ်းစည်တာပဲ ဆိုတာကို လိုချင်တာ။ ဟိုတယ် တခုဆီမှာ နာမည်ကြီး အဆိုတော်၊ သရုပ်ဆောင်တွေ ခေါ်ခိုင်းထားတာ” ဟု နေပြည်တော်ရှိ ရွှေဧည့်သည် ဟိုတယ်မှ တာဝန်ရှိသူ တဦးက ဆိုသည်။

နေပြည်တော်တွင် တည်ဆောက်ပြီး ဟိုတယ်ကြီး ၈ လုံးရှိရာ ယင်းဟိုတယ် များတွင် ယခုအခါ သင်္ကြန်မဏ္ဍပ် ကြီးများ တည်ဆောက်ရန် ပြင်ဆင်နေကြပြီ ဖြစ်ကြောင်း ဧဒင် ဆောက်လုပ်ရေး လုပ်ငန်းပိုင် ဟိုတယ် တခုမှ ၀န်ထမ်း တဦးကလည်း ပြောသည်။

“သင်္ကြန် မနားရပါဘူး။ နေပြည်တော်က ကျနော်တို့ ဟိုတယ်မှာ လူအင်အား သွားဖြည့် ပေးရမယ်လေ။ ဟိုတယ် တိုင်း ရေကစားမဏ္ဍပ် ဆောက်ခိုင်းထားတယ်” ဟု ၎င်းကဆိုသည်။

လာမည့် နေပြည်တော်သင်္ကြန်တွင် စစ်တပ်မိသားစုများ၊ အစိုးရဌာနမှ မိသားစုဝင်များ အဓိကဆင်နွှဲနိုင်ရန် စီစဉ်ထားပြီး ပျဉ်းမနား၊ နေပြည်တော်၊ တပ်ကုန်းအနီးအနားရှိ ကျေးရွာများမှ ဒေသခံများနှင့် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ တောင်ကြီး စသောမြို့များမှ လာရောက် ဆင်နွှဲနိုင်ရန်လည်း စီစဉ်ခိုင်းထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်။

ယခင်နှစ် သင်္ကြန်များတွင် ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များသာ နာမည်ကြီးတီးဝိုင်း၊ အဆိုတော်၊ အနုပညာရှင်များ သွားရောက်ဖျော်ဖြေမှု ရှိကြသော်လည်း ယခုနှစ် သင်္ကြန် နေပြည်တော်တွင် သွားရောက် ဖျော်ဖြေကြရမည် ဖြစ်သောကြောင့် အနုပညာကြေးများ မြင့်နေကြောင်း Iron Cross (IC) တေးဂီတ အဖွဲ့ဝင် တဦးက ဆိုသည်။

နေပြည်တော် မဏ္ဍပ်များတွင် နာမည်ကြီး တီးဝိုင်း၊ အဆိုတော်နှင့် အနုပညာရှင်များ လာရောက် ဖျော်ဖြေ ရန်အတွက် အနုပညာကြေးများ တိုးကာခေါ်ယူနေရကြောင်း ဟိုတယ်လုပ်ငန်းရှင် တဦးက အတည်ပြု ပြောဆိုသည်။

“ဒီနှစ်မှာ မန္တလေးနဲ့ ရန်ကုန်က စီးပွားရေး လုပ်ငန်းရှင်တွေက သူ့ထက်ငါဈေးပိုပေးပြီး ခေါ်နေရတဲ့အထဲ နေပြည်တော်က ဟိုတယ်တွေကလည်း ခေါ်နေတော့ အနုပညာကြေးတွေ မြင့်တယ်” ဟု IC အဖွဲ့ဝင် ကပြောသည်။

ယခုနှစ်သင်္ကြန်တွင် IC တေးဂီတအဖွဲ့က တောင်ကြီးတွင် သွားရောက် ဖျော်ဖြေမည်ဖြစ်ကြောင်း ၎င်း တေးဂီတ အဖွဲ့နှင့် နီးစပ်သူ တဦးက ဆိုသည်။

“ဘယ်အနုပညာရှင်က ဘယ်မဏ္ဍပ်၊ ဘယ်မြို့မှာ ရှိမယ် ဆိုတာ ပြောလို့မရသေးဘူး။ ဇော်ဝင်းထွဋ် ဆိုရင် ပထမပြောတာက ရန်ကုန်မှာတဲ့၊ အခုနေပြည်တော်လို့လည်း ပြောနေတယ်” ဟု ၎င်းက ပြောသည်။
Comments (1)Add Comment
0
သန်းရွှေအမိန့် အားလုံးဆန့်ကျင်ကြ။
written by KNM, March 10, 2010
စစ်အစိုးရ လုပ်သမျှ ဆန်ကျင်ကန့်ကွက်ကြ။ ရန်ကုန် သင်္ကြန်ပွဲကို ပျော်ပျော်ရွှင်ရွှင်ဆင်နွဲကြ။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်