ပါတီများ မှတ်ပုံတင်ရန် ပြင်ဆင်

E-mail Print
နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို စစ်အစိုးရက ထုတ်ပြန် ကြေညာ ခဲ့ပြီးနောက် နိုင်ငံရေး ပါတီတချို့ မှတ်ပုံ တင်ရန် အတွက် ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်နေသည်။

ဥပဒေတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အရ တည်ရှိနေသာ ပါတီများသည် ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထားရန်ပျက်ကွက်ပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်သွားမည်ဟု ပါရှိသည်။

နိုင်ငံရေးပါတီအသစ်များ မှတ်ပုံတင်ရမည့် နေ့ရက်နှင့် ပတ်သက်ပြီး ယင်း ဥပဒေက ဖော်ပြထားခြင်းမရှိသေးသော်လည်း အသစ်ဖွဲ့စည်းမည့် နိုင်ငံရေး ပါတီများအနေဖြင့် ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိသည်။

ဒီမိုကရက်တစ်ပါတီမှ ဒေါ်ချိုချိုကျော်ငြိမ်းက“အစိုးရက ဘာမှ မကြေညာခင်ကတည်းက ကျမတို့အဖွဲ့က အမြဲတမ်း တိုင်ပင် ပါတယ်၊ ဒီအချိန်မှာရွေးကောက်ပွဲလုပ်မယ်လို့ ပြောတော့ ကျမတို့က ရွေးကောက်ပွဲ ၀င်မယ်လို့ ဆုံးဖြတ်တာပေါ့၊ ပြင်ဆင် ထားတာ ကတော့ ရှိပါတယ်၊ တကယ်တမ်းတော့ မပီပြင်သေးပါဘူး၊ မှတ်ပုံတင်မှာကတော့ အမှန်ပဲ၊ သဘောတူတဲ့ သူတွေ စကား ပြောပြီးတော့ အစည်းအဝေးလုပ်ရဦးမယ်” ဟုပြောသည်။

ယင်း ဒီမိုကရက်တစ် ပါတီကို ၀ါရင့် နိုင်ငံရေးသမားကြီး ဦးသုဝေက ပြီးခဲ့သည့်နှစ် စက်တင်ဘာလ အတွင်း၌ ယခင် ပါလီမန် ဒီမိုကရေစီခေတ် ၀န်ကြီးချုပ်များ ဖြစ်ခဲ့သည့် ဦးနု ၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့၏ သားသမီးများဖြစ်သော ဒေါ်သန်းသန်းနု၊ ဒေါ်ချိုချိုကျော်ငြိမ်း နှင့် ဒေါ်နေရီဗဆွေ တို့ ဖြင့် ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌ အဖြစ်တာဝန်ယူ ဆောင်ရွက်သည်။

ရှမ်းပြည်နယ်မှ ၀ါရင့် ရှမ်းနိုင်ငံရေး သမားကြီး ဦးရွှေအုန်းကလည်း နိုင်ငံရေး ပါတီများ မှတ်ပုံတင် ဥပဒေထုတ်ပြန်ပြီး ဖြစ်သည့် အတွက် ဆက်လက်လှုပ်ရှားမည်ဖြစ်ပြီး အဆင်သင့်ဖြစ်လျှင် ပါတီ မှတ်ပုံတင်ရန်အတွက်လျှောက်ထားမည်ဖြစ်ကြောင်း ဆိုသည်။

ဦးရွှေအုန်းသည် ၎င်း ဦးဆောင်ပြီး ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရန်အတွက် ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ်အဖွဲ့ (ပဒမဖ) ပါတီကို ၂၀၀၉ ခုနှစ် ဇန်န၀ါရီလ ၂၆ ရက်တွင် ဖွဲ့စည်းခဲ့သည်။ ၎င်းမှာ ၁၉၉၃ ခုနှစ်တွင် စစ်အစိုးရ၏ အမျိုးသားညီလာခံကို ဝေဖန်ခဲ့သည့် အတွက်ထောင်ဒဏ် တနှစ်ကျခံခဲ့ဖူးသည်။ အသက် ၈၀ ကျော်ရှိ ဦးရွှေအုန်းသည် ၁၉၈၈ လူထုအုံကြွမှုများ အပြီး Shan State People’s Freedom League for Democracy ပါတီကို ထူထောင်ခဲ့သူလည်းဖြစ်သည်။

ပါတီ မှတ်ပုံတင်ရန် ဗဟိုဦးစီး အဖွဲ့ဝင်များနှင့် ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်များကို အစည်းအဝေး ခေါ်ထားကြောင်း  ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်မှ ကိုအေးလွင်က ဆိုသည်။

ကိုအေးလွင်က“ကျနော်တို့ကတော့  အားလုံးပါဝင်နိုင်ပြီး စစ်မှန် လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေချင်တာပေါ့ဗျာ၊ကျနော်တို့ဆီမှာ အဲဒီ စိတ်ဓာတ်တော့ ရှိပါတယ်။ အဓိကကတော့ သုံးချက်ပေါ့ဗျာ၊ ပြည်သူကလည်း လွတ်လပ်ပြီး တရားမျှတ ဖြစ်ဖို့ လိုလားတယ်၊ အစိုးရကလည်း သိဖို့လိုတယ်၊ နိုင်ငံရေးသမားကလည်း သိဖို့လိုတယ်၊ ဒါတင်မကဘူး ကျင့်ဖို့လိုတယ်”ဟု ပြောသည်။

နိုင်ငံရေးကို တပ်မတော် အစိုးရက ဆုံးဖြတ်နေခြင်းမှ ရပ်ဆိုင်းသွားပြီဖြစ်ကာ ပြည်သူလူထုက ဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊ ယင်း အပြင် ဥရောပ သံတမန်အဖွဲ့က ၂၀၁၀ ရွေးကောက်ပွဲ ပြင်ဆင်ချက်များနှင့် ပတ်သက်၍ ၎င်းတို့၏ သဘောထားကို ယနေ့တွင် လာရောက်မေးမြန်းကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ထိုသို့ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသူများရှိနေသော်လည်း အဓိက နိုင်ငံရေး ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှာအကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော တိုင်းရင်းသားပါတီတချို့က ရွေးကောက်ပွဲဝင်ရန် ဆန္ဒမရှိဖြစ်နေကြောင်းလည်း သိရသည်။

ယခု  နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကြောင့် NLDအတွက် အရေးကြီးသည့် အချိန်သို့ ရောက်လာပြီဖြစ်ပြီး ပါတီသက်တမ်းသည် ရက်ပေါင်း ၆၀ သာရှိတော့မည်ဖြစ်ကြောင်း NLD ခေါင်းဆောင် ဦးဝင်းတင်က ဆိုသည်။

“NLD ရဲ့ မျှော်လင့်ချက်တွေ မှေးမှိန်သွားတဲ့ အခြေအနေဖြစ်သွားတယ်၊ အနှစ် ၂၀ လုံးလုံး အကျဉ်းအကျပ်တွေကြားထဲမှာ နေ လာတာ၊ မြန်မာပြည်ရဲ့နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်မယ်လို့ ကျနော်တို့ ယူဆတယ်၊ အခု သူတို့က မြန်မာ ပြည်ရဲ့ နိုင်ငံရေးပြဿနာတွေကို ဥပဒေနဲ့ ချည်ဖို့ လုပ်နေတဲ့အခါကျတော့ ကျနော်တို့ ပါတီအနေနဲ့ အခက်အခဲတွေ တွေ့နေတဲ့ အနေအထားမှာ ရောက်နေတယ်၊ နိုင်ငံရေးပါတီတရပ်ဟာ နိုင်ငံရေးလှုပ်ရှားမှု ရှိဖို့လိုတယ်။ နိုင်ငံရေးလှုပ်ရှားမှု မရှိဘဲနဲ့ ပါတီ မရှိနိုင်ဘူး၊ ပါတီပဲရှိပြီးတော့ နိုင်ငံရေးမရှိရင်လည်း အဲဒီပါတီဟာ လူရာလည်းဝင်မှာမဟုတ်ဘူး၊ ဘာမှလည်း လုပ်လို့ရမှာ မဟုတ် ဘူး၊ အရာလည်း ရောက်မှာ မဟုတ်ဘူး”ဟု ဦးဝင်းတင်က ပြောသည်။

ဥပဒေတွင် အကျဉ်းကျနေသူများကို ထည့်သွင်းပါက ပါတီကို ဖျက်သိမ်းနိုင်သည့် အချက်သည် NLD၏ ပေါ်လစီတရပ်ကို ပြန်ရုပ်သိမ်းရမည့် အခြေအနေဖြစ်နေကြောင်း၊ ထောင်ဒဏ်ကျခံနေရသူများကို ပါတီဝင်ခွင့် မပေးခြင်းဟူသော စကားရပ်တွင် အယူခံဟူသော စကားရပ်ကို ထည့်သွင်းထားခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်သည်မှာ သိသာ ထင်ရှားကြောင်း၊ ယင်းအချက်သည် ဒေါ်အောင်ဆန်းစုကြည်ကို ပါတီမှ ထုတ်ပယ်ရမည်လားဟူသော ပြဿနာဖြစ်လာကြောင်း၊ ပါတီအနေဖြင့် မည်သို့ ဆောင်ရွက်မည်ဆိုသည်မှာ ပြဿနာဖြစ်လာကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အဆိုပါ မှတ်ပုံတင် ဥပဒေတွင် ထောင်ဒဏ်ကျနေသူများသည် ပါတီခေါင်းဆောင်၊ ပါတီဝင် ဖြစ်ခွင့်မရှိဆိုသော အချက်နှင့် ငြိစွန်းသူများကို ပါတီမှ မထုတ်ပယ်ပါက ပါတီ ဖျက်သိမ်းခံရနိုင်သည်ဆိုသော အချက်များသည် NLDကို  တိုက်ရိုက် ရည်ညွှန်း ရေးဆွဲထားသည်ဟု ရခိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးသာအောင်က ဆိုသည်။

“၂၀၀၈ အခြေခံ ဥပဒေကို မပြင်ဘူးဆိုရင် ဒီရွေးကောက်ပွဲကို စဉ်းစားလို့ မရဘူး၊ ဒီဖွဲ့စည်းပုံအရဆိုရင် ပြည်နယ်တွေ တိုင်းရင်းသား အခွင့်အရေးတွေ ဘာမှ မရှိဘူး၊ ဒါကြောင့် ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲကို စဉ်းစားလို့မရဘူး”ဟု ဦးအေးသာအောင်က ပြောသည်။

ရွေးကောက်ပွဲမကျင်းပမီ အတိုက်အခံများ၊ တိုင်းရင်းသားလူနည်းစုများနှင့် တွေ့ဆုံ ဆွေးနွေး ခြင်း၊ အပေးအယူလုပ်ခြင်းများ လုပ်ရန်လိုကြောင်း၊ ယင်းသို့ လုပ်ဆောင်မှသာလျှင် ဒီမိုကရေစီ နိုင်ငံသို့ ပြောင်းလဲမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
Comments (8)Add Comment
0
important
written by Karen Man, March 11, 2010
Law are rule for justice. If it is not justice, why we follow?
NLD should go until the end.
I don't know other people.
As for me, I don't want to negotiate with General until they didn't transform.
With Regards,
Karen Man
0
ဘယ်လိုလုပ်ကြမလဲ NLD
written by Update, March 11, 2010

စစ်အစိုးရက သူတို့လုပ်ချင်တာတွေကို တစ်ခုခြင်းတစ်ခုခြင်း အေးအေးဆေးဆေး အကောင်အထည် ဖော်သွားတာပါ။

NLD အနေနဲ့လည်း စိတ်အေးအေးထားပြီး စဉ်းစားစေချင်ပါတယ်။ NLD အနေနဲ့ တစ်ဦးတစ်ယောက်ထဲဖြင့်

ဖွဲစည်းထားတာ မဟုတ်ပေမယ့် ထောင်ထဲမှာရှိတဲ့ အန်တီစုနဲ့ ကိုမင်းကိုနိုင်အပါအ၀င် ရေးကြီးတဲ့ နိုင်ငံရေး

ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုသင့်တယ် တစ်ကယ်လို့ မပေးဘူးဆိုရင်တော့။ ဗိုလ်ချုပ်ပြောခဲ့

သလို ရရင်ရ မရရင် ချရမှာပဲ ဒီစစ်အစိုးရဆိုတဲ့ကောင်တွေက အနုနည်းရော အကြမ်းနည်းပါသုံးနေကြတာ ဖြစ်လို့

တန်တဲ့လူကို တန်သလိုပဲတုန့်ပြန်သင့်တယ် လူကြီးလူကောင်းဆန်ဆန် စားပွဲမှာတစ်ဝိုင်းထဲ ထိုင်ပြီးဆွေးနွေးနိုင်တဲ့

အရည်အချင်းမရှိတဲ့ ကောင်တွေပါဗျား...



နိုင်ငံရေးနဲ့ တိုက်ရိုက် ပတ်သက်
0
လွတ်တော်
written by ပေါက်ပေါက်, March 10, 2010
လွတ်တော်ခေါ်ပါဗျာ
0
အခွင့်သာတယ်ထင်ရင်ော့မှားမယ်
written by မောင်မောင်, March 10, 2010
အခုပြင်ဆင်နေကြတဲ့ နိုင်ငံရေးပါတီလောင်းလျာတွေ စဉ်းစာဖို့ပါ။
စစ်အစိုးရ ဟာ ပြည်သူက အပြည့်အဝထောက်ခံတဲ့၊ သူတို့အတွက် ရန်သူလို့ယူဆတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်လ်လယ်ဒီ ပါတီကို ဥပဒေတွေကို သုံးပြီး အပြီးအပိုင် နှိပ်ကွပ်နိုင်ဖို့ကြိုးစားလိုက်ပါပြီ။
အဲဒါကို ဒေါ်အောင်ဆန်းစုကြည် မပါဝင်ရင် ငါတို့ပါတီအနိုင်ရဖို့ အခွင့်အရေးသာပြီထင်ပြီး ဝင်ဖို့ကြိုးစားနေကြရင်တော့
ကိုယ်လဲ တချိန်ကျရင် အဲဒိလိုမျိုး ကြံတွေ့ရမယ်ဆိုတာ သတိပြုမိဖို့ပါ။
ကောက်ကျစ်တဲ့ နအဖရဲ့ အလိုတူအလိုပါ ကြံရာပါပဲဖြစ်သွားပါတော့မယ်။
0
We Must Oppose This Nonsense Election!
written by Ba Zaw, March 10, 2010
We all might have known that the junta was wickedly preparing for this election since they put Daw Aung San Su Kyi underhouse arrest again and not to participate her and her NLD in their wicked election.So now we do not even think to enter the election which is full of wickedness.Hence,if someone or any party is going to accept this election,he or they will be foolish or betrayers of our country and its people who died and fought for the genuine freedom.THEREFORE WE MUST OPPOSE THIS NONSENSE ELECTION! And then we should not forget that NEVER SURRENDER TO FACIST! And NEVER TRUST TO REGIME!
NLD is for the peoples or for whom ?, Low-rated comment [Show]
0
finally, it decribes its true face.
written by Myint, March 10, 2010
this is the real habit of Junta, they are not myanmar, they are only the great grand children of China.
now is the critical period for NLD. whatever it is, it must be very cautious for the future of NLD also for the future of the State, the History will prove the genuine ability of NLD.
0
...
written by Thazin Pyu, March 10, 2010
အခုထွက်လာတဲ့ ဥပဒေဟာ စစ်တပ်ကိုလည်း အာဏာမြဲစေ-- NLD ကိုလည်း ချေမှုန်းစေ ဆိုပြီး ရေးဆွဲထားတာ အထူးထင်ရှားလှပါတယ်။ နိုင်ငံတော်အစိုးရရဲ့ ပြည်သူတွေ အပေါ်ထားတဲ့ စစ်မှန်တဲ့ စေတနာ ဆိုတဲ့ သူတို့ မကြာခဏပြောလေ့ရှိတဲ့ သူတို့ရင်တွင်းက စေတနာစကားကို လက်တွေ့ ပြလိုက်တဲ့ ပြယုဒ်ပါဘဲ။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်