တရုတ်နယ်စပ် မြန်မာနိုင်ငံ ဘက်ခြမ်းရှိ ရွှေလီမြစ်ပေါ်တွင် ယူနန်ဖက်စပ် လျှပ်စစ်ထုတ်လုပ်ရေး ကုမ္ပဏီ (YUPD) က တည်ဆောက်ထားသည့် လျှပ်စစ်စက်ရုံမှ ထုတ်လုပ်သည့် ဓာတ်အားကို တနေ့ မဂ္ဂါဝပ် ၂၀၀ ၀ယ်ယူ ဖြန့် ဖြူးပေးနေကြောင်း ရေအားလျှပ်စစ် ထုတ်လုပ်ရေး လုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးခင်မောင်ဦးက ဧရာဝတီသို့ ပြောသည်။
“မီးအလုံအလောက် ရဖို့ဆိုပြီး နိုင်ငံတော်က ပိုက်ဆံပေးဝယ်တယ်။ ပြီးတော့ မဟာဓာတ်အားလိုင်းပေါ် တင်ပြီး ဖြန့်နေတယ်” ဟု ၎င်းက ဆိုသည်။
ယင်းကုမ္ပဏီက စစ်အစိုးရနှင့် လုပ်ပိုင်ခွင့် နှစ် ၃၀ စာချုပ်ချုပ်ဆိုထားခြင်း ဖြစ်ပြီး တနေ့လျှင် မဂ္ဂါဝပ် ၆၀၀ ထုတ်လုပ်ကြောင်း၊ တရုတ်နိုင်ငံသို့ မဂ္ဂါဝပ် ၃၀၀ ရောင်းချရပြီး မြန်မာနိုင်ငံကို ၂၀၀ မဂ္ဂါဝပ် ရောင်းချရကြောင်း၊ ကျန်သည့် ၉၀ မဂ္ဂါဝပ်ကို ကုမ္ပဏီက စစ်အစိုးရအား စာချုပ်အရ အခမဲ့ ပေးရကြောင်း သိရသည်။
စက်ရုံကို ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နှင့် ၇ မိုင်အကွာတွင် တည်ဆောက်ထားခြင်းဖြစ်ပြီး တာဘိုင်စက် ၆ လုံး တပ်ဆင်ထားကာ စက်တလုံးမှနေ၍ တနေ့ မဂ္ဂါဝပ် ၁၀၀ ထုတ်လုပ်နိုင်သည်။ အဆိုပါ စီမံကိန်းသည် စစ်အစိုးရက ပုဂ္ဂလိက ကုမ္ပဏီတခုကို တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်း (B.O.T) စနစ်ဖြင့် ပထမဆုံး လုပ်ကိုင်ခွင့် ပြုသည့် စီမံကိန်းတခု ဖြစ်သည်။
ယင်း ဓာတ်အားများအတွက် ရှမ်းပြည်မြောက်ပိုင်းနမ့်ခမ်း၊ မန်ဆန် နှင့် မန္တလေးတိုင်း ရွှေစာရံ မြို့နယ်များတွင် ဓာတ်အားခွဲရုံများ တည်ဆောက်၍ ဖြန့်ဖြူးပေးနေကြောင်း သိရသည်။
မကြာသေးမီကလည်း တရုတ်ကုမ္ပဏီများဖြစ်သည့် Hanergy Holding Group Ltd. နှင့် Goldwater Resources Ltd. တို့ကို သံလွင်မြစ်တွင် ရေအားလျှပ်စစ်စီမံကိန်း ဆောက်လုပ်ရန်အတွက် ခွင့်ပြုခဲ့သည်။
ပြီးခဲ့သည့်နှစ်က မန္တလေးမြို့တွင် ပြုလုပ်သည့် အာဆီယံနိုင်ငံများ၏ စွမ်းအင်ဆိုင်ရာဆွေးနွေးပွဲ ပြုလုပ်နေစဉ် အတွင်း ယင်းရွှေလီ လျှပ်စစ်စက်ရုံမှ ပေးသည့် မီးကို အချိန်မှန်မှန်၊ အပြည့်အ၀ရရှိခဲ့ကြောင်း၊ နောက်ပိုင်းတွင် မရရှိတော့ကြောင်း မန္တလေးမြို့ခံတဦးက ဧရာဝတီသို့ပြောသည်။
“ နောက်ပိုင်း ပေးတဲ့စနစ်က တရုတ်စနစ်တဲ့၊ လက်ခံယူတဲ့ စက်တွေ၊ ထရန်စဖော်မာတွေက ဟိုတုန်းကပစ္စည်းတွေဆိုတော့ မကိုက်လို့ ထရန်စဖော်မာ ပေါက်တယ်ပြောတယ်။ အဲဒီကတည်းက မရတော့တာ” ဟု ၎င်းက ဆိုသည်။
မန္တလေးတွင် တရက်ခြား မီးပေးသည့် စနစ်ဖြင့် လျှပ်စစ်မီး ဖြန့်ဝေနေသည်ဟု ဆိုသော်လည်း သတ်မှတ်ထားသည့် အချိန်အတိုင်း လျှပ်စစ်မီး မရကြောင်း၊ မီးရသည့်အချိန်တွင်လည်း မီးအား လွန်စွာ နည်းပါးကြောင်း အဆိုပါမြို့ခံက ပြောသည်။
လျှပ်စစ် မီတာခအနေနှင့် ၁ ယူနစ် ၂၅ ကျပ် ဖြစ်ပြီး စက်မှုလုပ်ငန်းများကို တယူနစ် ကျပ် ၅၀ ကောက်ခံ၍ မီတာထိန်းသိမ်းခ ၅၀၀ ကျပ် ကောက်ခံကြောင်း သိရသည်။
မခိုင်လုံသော သတင်းရပ်ကွက်၏ အဆိုအရ လျှပ်စစ်မီးကို ပုဂ္ဂလိကက တာဝန်ယူ၍ မီတာခများ တိုးမြှင့်ကောက်ခံတော့မည်ဟု ကြားသိရသည်။
မကြာသေးမီက နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် စစ်အစိုးရ၏ အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေး အစည်းအဝေးတွင် အမှတ် ၁ လျှပ်စစ်စွမ်းအား ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်းက ရှမ်းပြည်မြောက်ပိုင်းရှိ နောင်ဖ/ မန်တောင်၊ ကယားပြည်နယ်ရှိ ရွာသစ်၊ နမ့်တဘက်၊ နမ့်ပွန်၊ ကချင်ပြည်ရှိ နော်ချမ်းခ၊ ရှမ်းပြည် အရှေ့ပိုင်း နမ့်လွေ၊ နမ့်ခ ချောင်းများတွင် ပြည်ပ ကုမ္ပဏီများအား ရေအား လျှပ်စစ်စီမံကိန်း ၇ ခုကို ပြုလုပ်ခွင့် ပြုမည်ဖြစ်ကြောင်း၊ နောက်ထပ်လည်း ပြည်ပ ကုမ္ပဏီများနှင့် ရေအားလျှပ်စစ်စီမံကိန်း ၂၅ ခုကို လုပ်ကိုင်ရန်ရှိကြောင်း ပြောဆိုသွားသည်ဟု အစိုးရထုတ် သတင်းစာများတွင် ဖော်ပြထားသည်။
စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇကိုလည်း ရန်ကုန်တိုင်း ၀ါးတရာကျေးရွာတွင် ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံ၊ အထက်ဆည်တော်ကြီးနှင့် ထာခ ရေအားလျှပ်စစ်စီမံကိန်းတို့အား လုပ်ကိုင်ခွင့်ပြုခဲ့သည်။
စစ်အစိုးရက သဘာဝဓာတ်ငွေ့နှင့် မြစ်များ၊ ချောင်းများမှ ရေအားလျှပ်စစ် ထုတ်ယူရေးလုပ်ငန်းများကို စီမံကိန်းများ ချပြီး ပြည်ပ တိုင်းပြည်များနှင့် ကုမ္ပဏီကြီးများကို ရောင်းချနေကြောင်း၊ ထွက်ရှိသည့် စွမ်းအင်များကို ယင်းကုမ္ပဏီကြီးမှ ပြန်လည်ဝယ်ယူ သုံးစွဲ နေရခြင်းမှာ မဖြစ်သင့်ကြောင်း ပြည်တွင်းအခြေစိုက် စီးပွားရေးပညာရှင် တဦးက သုံးသပ်ဝေဖန်သည်။
Set as favorite
Bookmark
Email this
Hits: 4333
Comments (6)

written by Kim Woon, March 14, 2010
မူဆယ် နမ့်ခမ်းမှာ တရုတ်တွေ ရောင်းပေးတဲ့ လျှပ်စစ်ပဲ သုံးနေရတာပါ။ တစ်ယူနစ်ကို တရုတ်ငွေ1.2ယွမ် နဲ့ မြန်မာငွေ 17ကျပ်စီ အပြင် တစ်လကို မီတာ ထိန်းသိမ်းခ 500 ကျပ်၊ လမ်းမီးခွန် 100ကျပ် ပေးဆောင်ရ ပါတယ်။ ရွှေလီ လျှပ်စစ် သုံးရရင်လည်း မီတာဖိုး လျှော့ ကောက်ဖို့ မမြင်ပါဘူး
written by မျိုးချစ်, March 12, 2010
We should at least try to understand them.
. They are learning to make a business without any basic knowledge of economics. That's it. We see how well can they do!!! But we are not sure how much they learn from this process. However,for the sake of their learnings, we have to sacrify our livelihood, our resources and even our people's lives.
. They are learning to make a business without any basic knowledge of economics. That's it. We see how well can they do!!! But we are not sure how much they learn from this process. However,for the sake of their learnings, we have to sacrify our livelihood, our resources and even our people's lives.
written by မျိုးလွင်, March 11, 2010
မြန်မာ့အလင်းတို့ ကြေးမုံတို့ မှာတော့ ကြီးကြီးကျယ်ကျယ် ပုံတွေနဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေ ဘယ်လောက်ထုတ်လုပ်နိုင်တယ် ဘယ်လိုတိုးတက်နေပြီ ဆိုပြီး လက်တွေ့ကျတော့ ကိုယ့်တိုင်းပြည်က ထွက်တဲ့ သဘာဝဓာတ်ငွေ့တွေကို တရုတ်ကို ဈေးပေါပေါနဲ့ရောင်း တရုတ်ဆီကလျှပ်စစ်ဓာတ်အားကို ဈေးကြီးပေးပြန်ဝယ် ဒီလိုဦးနှောက်တွေနဲ့ စစ်ဗိုလ်တွေက တိုင်းပြည်ကိုအုပ်ချုပ်နေတာ ပြည်သူတွေရဲ့ ဘဝကတော့ ------။
written by shahrukh kyaw, March 11, 2010
Our country have a lot of natural sources but they don't know how they arrange because of . . . . ?????
Write comment
| < Prev | Next > |
|---|


!+@_#)$(%*^&





