ပါတီမှတ်ပုံတင် ဥပဒေ NLD အကျပ်အတည်းဖြစ်

E-mail Print
စစ်အစိုးရ ရွေးကောက်ပွဲ ဥပဒေသည် ဒီမိုကရေစီရေး ဆောင်ရွက်နေသူ အားလုံးကို အကျပ်အတည်း ဖြစ်စေရန် ရည်ရွယ် ထုတ်ပြန် ထားခြင်း ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။

“နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေက NLD တင် မကပါဘူး၊ ဒီမိုကရေစီ အရေး ဆောင်ရွက်မယ့် ပါတီ ပုဂ္ဂိုလ် အားလုံးကို အကျပ် အတည်း ဖြစ်စေပါတယ်၊ တမင် ရည်ရွယ်ပြီး ထုတ်ထား တာလို့လည်း ယူဆပါတယ်” ဟု ရှေ့နေ ဦးဉာဏ်ဝင်းက ဆိုသည်။

ယခု ထုတ်ပြန်သော ဥပဒေအရ NLD အနေဖြင့် ပါတီမှတ်ပုံ တင်ခြင်း ပြုလုပ်ပါက ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ပါတီမှ ထုတ်ပယ် ရမည်ဖြစ်ပြီး ပါတီ၏ မူဝါဒ ဖြစ်သော ရွှေဂုံတိုင် ကြေညာ စာတမ်း ကိုလည်း ဖျက်သိမ်းရမည် ကဲ့သို့သော အကျပ် အတည်းဖြင့် ရင်ဆိုင်နေရ သည်ဟုလည်း ၎င်းက ပြောဆိုသည်။

ယနေ့အစိုးရပိုင်သတင်းစာ အချပ်ပိုတွင် ဖော်ပြထားသော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ NLD ပါတီ အနေဖြင့် အရေးကြီးသည့် ဆုံးဖြတ်ချက်ကို ချမှတ်ရတော့မည်ဖြစ်ကြောင်း၊ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနှင့်လည်း ထောင်ဒဏ်ကျခံနေရသောကြောင့် အဆိုပါ ဥပဒေနှင့်အကျုံးဝင်လျက်ရှိကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

NLD ဒု ဥက္ကဌ ဦးတင်ဦးကလည်း“မှတ်ပုံတင် ရပ်ဆိုင်းအောင် လုပ်လိမ့်မယ်ဆိုတာက တွက်ကြတာ၊ အဲလို တွက်ထားတဲ့ အတိုင်းပဲ ဖြစ်လာခဲ့သည်ရှိသော် တရားဥပဒေ စည်းကမ်းနဲ့အညီ အေးချမ်းစွာ ဘယ်လို ကျော်လွှားဖြေရှင်းကြမလဲ ဆိုတာကလည်း ဟိုးအရင် ကတည်းက စဉ်းစားထားတာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အလံတော်ဟာ ၀င့်ဝင့်ကြွားကြွားနဲ့ ပြန်ပေါ်ပေါက်လာမယ်လို့ လည်း ယုံကြည်ထားတယ်”ဟု ဆိုသည်။

စစ်အစိုးရ၏ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသည် ရွေးကောက်ပွဲ ၀င်မည့်နိုင်ငံရေးပါတီများအား အကျပ်အတည်းဖြစ်စေ သော ဥပဒေ ဖြစ်ကြောင်း ဥပဒေပညာရှင်များကလည်း သုံးသပ်ပြောဆို နေကြသည်။

အဆိုပါ ဥပဒေ အခန်း (၂) နိုင်ငံရေးပါတီ တည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်း ခေါင်းစဉ်အောက်မှ နံပါတ် ၄ တွင် ပါတီ တည် ထောင်လိုသူများ ကိုက်ညီရမည့် အချက်များဖော်ပြရာ၌ (င) တွင် ထောင်ဒဏ်ကျခံနေရသူ မဟုတ်ခြင်းဟု ထည့်သွင်းထား သော ကြောင့် ထောင်ဒဏ်ကျခံနေရသော ဒီမိုကရေစီခေါင်းဆောင်များအား ရွေးကောက်ပွဲ မ၀င်နိုင်ရန် ရည်ရွယ်ပြီး ထုတ်ခြင်း ဖြစ် ကြောင်း၊ ရွေးကောက်ပွဲ ၀င်မည့် နိုင်ငံရေးပါတီများအပေါ် ကန့်သတ်လိုက်ခြင်းနှင့် အကျပ်အတည်းဖြစ်စေရန် ရည်ရွယ်ထုတ်လုပ် ထားခြင်းဖြစ်ကြောင်း ရန်ကုန်မြို့မှ ရှေ့နေများက ပြောဆိုသည်။

စစ်အစိုးရက ရွေးကောက်ပွဲ ဥပဒေများကို နိုင်ငံပိုင်သတင်းစာများတွင် ယမန်နေ့မှစတင်၍ နေ့စဉ် ထုတ်ပြန်ကြေညာလျက်ရှိရာ ယခုအခါ ရွေးကောက်ပွဲ ကော်မရှင် ဖွဲ့စည်းနိုင်မည့် ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေများကို ထုတ်ပြန်ခဲ့ ပြီးဖြစ်သည်။
Comments (18)Add Comment
0
NLD နဲ့ အတူ နားလည်ခြင်း
written by စိုးတင့်, March 11, 2010
နအဖက 1990 ရွေးကောက်ပွဲ ရလဒ်ကို ဒီဥပဒထုပ်ပြီး တရားဝင် ငြင်းလိုက်တာ ဖြစ်သလို NLD ကိုလည်း ဖျက်သိမ်းကြောင်း လှည့်ကွက်နဲ့  ကြေငြာလိုက်တာပါပဲ နအဖ မှာ အရင်ကတည်းက ဒီအကြံအစည်ရှိပြီးသား ဒေါ်အောင်ဆန်းစုကြည်ကို အသေသတ်ဘို့ လည်း ကြိုးစားခဲ့ပြီးပြီ အခု NLD တဖွဲ့ လုံးအလှည့်ပဲ NLD ဟာ ရွေးကောက်ပွဲ မှာ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ နအဖကတော့ အလုံးစုံပျက်သုန်းအောင် ဖျက်ဆီးဘို့ စီစဉ် ထားပြီးသား NLD ကို ရွေးကောက်ပွဲဝင်ဘို့ တိုက်တွန်းမယ်ဆိုရင် 1990 တုံးက မဲပေးလိုက်တဲ့ လူထုကို စော်ကားတာပဲ NLD ဟာ ဖျက်ဆီးခံရမယ့်အတူတူ အမျိုးသားသစ္စာဖောက် ဘ၀ ကို ရောက်အောင် တွန်းမပို့ သင့်ဘူး ဘာဖြစ်လို့ လဲဆိုတော့ NLD ကို ဖျက်ဆီးနေတဲ့သူတွေက အမျိုးသား သစ္စာဖောက်တွေ ဖြစ်နေလို့ ပဲ
0
နိုင်ငံရေး နဲ့ ထောင်
written by ရာဇာ, March 11, 2010
ဘယ်နိုင်ငံ မှာဘဲ ဖြစ်ဖြစ် နိုင်ငံရေး သမား ထောင်ကျ တာမဆန်းရ.. နိုင်ငံရေး အတွက်ထောင်ကျခြင်းသည် ရာဇဝတ်မှု ဖြင့်ထောင်ကျ ခြင်းနှင့် မတူပါ..တောင်အာဖရိ ကတွင် မင်ဒဲလ်လား သည် ထောင်ထဲတွင် အနှစ် ၂၀ နေပြီး နောက် သမ္မတ ဖြစ်လာ ခဲ့သည့် သာဓက များရှိပါသည်...နိုင်ငံရေး လုပ်လျှင် ထောင်နှင့်အိမ် သည် အိမ်ဦး နှင့် ကြမ်းပြင် ကဲ့သို့ ဝင်လိုက် ထွက်လိုက် ရှိနေမည် ဆိုတာလဲ ဆိုရိုးစကား ရှိခဲ့ပါသည်..ဒါတွေ ကို ကြည့်လျှင် နအဖ အနေဖြင့် တမင်သက်သက် အကွက် ဆင်၍ ဥပဒေ ကိုထုတ် လိုက်သည် ဆိုတာကို တော့ ၅ နှစ်သား ခလေးပင် သိနိုင်ပါသည်...နအဖ ကတော့ ဝှက်ဖဲ တွေ ထုတ်သုံး နေပါပြီ ...အဖြူ (သို့) အမဲ တခုခု ကို ဆုံးဖြတ် ပြီး ပြတ်ပြတ် သားသား လုပ်ရမည့် အချိန် ရောက်နေပြီ ဆိုတာ အားလုံး သတိပြူ ကြပါ...ဒါမှ မဟုတ် ရင်တော့ ရုပ်ရှင် ပြီးလို့ The End ဆိုတဲ့ စာလေး ထိုးလိုက် ရင်တော့ အားလုံး ဖုတ်ဖက်ခါ ထပြီး ပြန်ကြ ရုံဘဲ ရှိတော့ ကြောင်း....... ဤသို့မှ မဟုတ်လျှင် ကြိုတင် လက်မှတ်လေး ဝယ်ပြီး နောက်ပြမဲ့ ဇတ်လမ်း( နောက်ရွေးကောက်ပွဲ) ကိုသာ( အနဲဆုံး အနှစ် ၂၀ ) စောင့်ကြပါ တော့လို့............
0
Cheated Law
written by min naing, March 11, 2010
It's clear if NLD with Daw Suu run for election, the junta cannot win or do what they wanted.
the election they want to make is with pointed guns towards the people to vote for them
0
NLD ဒေါ်စု နှင့် မြန်မာ့နိုင်ငံေ၇း
written by မျိုးဟိန်း, March 11, 2010
သန်းရွေ ဟာ ဘယ်လိုပဲ ဒေါ်စုနှင့် NLD ကိုခွဲခွဲ ဒေါ်စုကို မြန်မာ့နိုင်ငံရေး ဇတ်ခုံပေါ်ကနေ ချချ ဒေါ်စုရဲ့ အရေးပါမှု နှင့် စွမ်းဆောင်မှု ဟာ မြန်မာ့ သမိုင်းကြောင်းမှာ ပျောက်ပျက်သွားမှာ မဟုတ်ဖူး သန်းရွေ ဟာ တချိန်မှာ ပြည်ဖျက် အစိုးရအဖြစ် နှင့် မြန်မာ့ သမိုင်းစာ မျက်နှာတွေမှာ နာမည်တင် ကျန်ခဲ့မှာပဲ လူထု ကသက်သေတည်လိမ့်မယ် ကမ္ဘာကြီးက သက်သေတည်လိမ့်မယ်။ သန်းရွေ အနေနဲ့ နာမည်ကောင်း လိုချင်ရင် ကိုယ့်အပြစ် ကိုယ်ဝံ မခံဝန့် တာတောင် နောက်ထပ် အမှားတွေ မလုပ်မိဖို့ လို တယ်။
0
break it up
written by bigcat, March 11, 2010
NLD has to do a make or break decision rather than issuing statements. I favor it with the break-up decision as NLD will be eventually vanished if it keeps the survival option.
0
...
written by Thazin Pyu, March 11, 2010
ဒီဥပဒေတွေကတော့ ရှင်းနေပါတယ်ခင်ဗျား ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် NLD ကို အပြီးသတ်ချေမှုန်းဖို့ တမင်ရည်ရွယ် ချမှတ်လိုက်တာပါ----ဒီအတိုင်း ဆက်သွားရင်တော့ နိုင်ငံတော်ဟာ တည်ငြိမ်အေးချမ်းမှု လုံးဝ ပျက်စီးပြီး ပြင်းထန်တဲ့ ပဋိပက္ခတွေ ပေါ်ပေါက်လာပါလိမ့်မယ်---ဒီနောက်ပိုင်းဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေအားလုံး စစ်အစိုးရမှာသာ တာဝန်ရှိပါလိမ့်မယ်။
0
စစ်အစိုးရ ရွေးကောက်ပွဲ ဥပဒေဆိုတာ
written by zawone, March 10, 2010
O X O O X X X X O X X X
အို.. ရှုတ်ပါတယ်.. X X X X X X X
့ငါ့ခွင့်ပြုတဲ့ပါတီကိုပဲ ရွေးကောက်ပွဲ ၀င်ဖို့ မှတ်ပုံတင်ခွင့်ပေးလိုက်

တချက်လွှတ်ရင်ကိုက် အဲ
တချက်လွှတ်အမိန့်
အာဏာရူးကြီး သန်းရွှေ (၂၀၁၀ ကွယ်လွန်မည်)
0
...
written by Lawin, March 10, 2010
ဒီမိုကေ၇စီအေ၇း လှုပ်ရှားသူမှန်၇င်ခေါင်းဆောင်ေ၇ာ မဆောင်ေ၇ာ အားလုံးဖမ်း နှစ်ရှည်ထောင်ချပြီးမှ။ ပါတီထောင်၇င် ထောင်ကျခံနေသူမဟုတ်၇လို့ ထုတ်ပြန်စရာမလိုပါ၊ အစိုး၇ကို တိုက်ရိုက်ဆန့်ကျင် နေသူတွေကိုမပြောနဲ့. ဘုန်းကြီးဆွမ်းကပ်လို့။ စိန်စီသောည ဗွီစီဒီအခွေ လက်ဝယ်တွေ့လို့ ထောင်နှစ်ရှည် ကျခံ၇သူတွေတောင် ရှိပါတယ်၊
ဒေါ်စုလို နေအိမ်အကျယ်ချုပ် ကျခံနေ၇သူဆီပြည်ပက(ပြည်တွင်းက လူတောင်မဟုတ်ဘူး) လူတယောက်ခိုးဝင်လို့။
ခိုးဝင်သူက အေးအေးဆေးဆေး ပြည်ပကိုပြန်။ ကျူးကျော်ဝင်ေ၇ာက်တာ ခံ၇သူက နောက်ထပ် ထောင်ထပ်ကျ။ ဒေါ်စု၇ဲ့ ဒီမိုကေ၇စီ ကျိုးပမ်းချက်တွေကို လိုက်ဖျက်နေမှန်း အားလုံးအသိ။ စစ်အစိုးက လူကြားကောင်းအောင်သာ ရွေးကောက်
ပွဲကို အဖြစ်လုပ်ပြမှာပါ ၊ဒီအတိုင်း သွာနေလို့ကတော့ တိုင်းပြည်တိုးတက်ဖို့က ဝေးပါသေးတယ်၊ နောက်ဆို လားအို့စ်ကတောင် မြန်မာပြည်မှာလာပြီး ၇င်းနှီးမြုပ်နှံမဲ့ အခြေအနေေ၇ာက်ဖို့ရှိနေပါပြီ၊




0
No matter who are in Jail
written by Ko, March 10, 2010
Junta put people in Jail and issues this law for election to exclude those politician. No matter who are in jail, public understand the strong political party that can lead the country. Go ahead under the current rules to participate in the election. Public will decide their future unless there is no cheating in counthing the votes.
0
သိပြီးသားပါ့ (နအဖ)ရယ်
written by ဗိုလ်, March 10, 2010
ထင်တော့ ထင်ပါတယ်...စစ်အစိုးရက သူ့အာဏာကိုထိပါးလာနိုင်မယ့် အရာတွေအားလုံးကို ပညာသားပါပါနဲ့ ဖယ်ထုတ်လိုက်တာပဲ....ဒီတော့ ဆန့်ကျင်ဖက်အဖွဲ့တွေက ဒီအတိုင်းနေလို့တော့ မရတော့ဘူး ။နအဖ ကတော့စိန်ခေါ် နေပြီ... ဒီထုတ်ပြန်လိုက်တဲ့ ဥပဒေ ဟာ မြန်မာတစ်နိုင်လုံးရဲ့ တိုက်ပွဲခေါ်သံပဲ။ နေ၀င်း ကစစ်တပ်ဆိုတာမိုးပေါ်မပစ် ဘူးဆိုပြီး ဒဲ့စိန်ခေါ်တယ်... နအဖ ကတော့ ကန့်သတ်ချက်တွေနဲ့ လူထုတစ်ရပ်လုံးရဲ့ ဆန္ဒ၊တော်လှန်ရေးသမားတွေ ရဲ့ရပ်တည်ချက်တွေကို အသက်မ၀င်ဘူးလို့ ဒဲ့မပြောရုံဥပဒေနဲ့ စိန်ခေါ်တယ်....ဒီတော့ အားလုံးအားလုံးသော အာဏာရှင်တိုက်ဖျက်ရေး သမားတွေ ဒီအချိန်မှာ စည်းလုံးဖို့လိုလာပြီပေါ့ဗျာ.....
0
မြန်မာ့ဟန်စစ်စစ် ဒီမိုကရေစီဆိုတာ ဒါကိုပြောတာ
written by ရွှေမြန်မာ, March 10, 2010
အင်းလေ ဒါမှလဲ ပြည်သူချစ်တဲ့ ဗိုလ်ချုပ်ကြီးတွေက ဖွဲ့စည်းပုံ အခြေခံ ဥပဒေက အာမမခံပေးသေးတဲ့ ကျန် အမတ်နေရာ လေးပုံသုံးပုံကို အသာလေး သိမ်းကြုံးယူနိုင်မှာပေါ့။ အတိတ်က အဖြစ်ကို သင်ခန်းစာယူရမယ်လေဗျာ။ ၁၉၉၀ ကလို ထပ်အဖြစ်ခံလို့ ဘယ်ရမလဲဗျာ။ မဟုတ်ရင် မြန်မာမှုမြန်မာ့ဟန်နဲ့ ဒီမိုကရေစီလမ်းစဉ်ကို ဘယ်မြန်မြန် လျှောက်နိုင်ပါ့မလဲ။ နောက် အနှစ် ၂၀ ထပ်စောင့်ရဦးတော့မပေါ့။
0
ပြတ်သားပါတော့ဗျာ
written by ပေါက်ပေါက်, March 10, 2010
အစကထဲက ချောင်ပိတ်ရိုက်မယ် ဆိုတာ သိကြပြီးသားဘဲ။
NLD သာ ပြတ်သားပါစေ လွတ်တော်ကိုယ်စားပြု ကော်မတီ ပြတ်သားပါစေ။
ထောက်ခံပြီးသားဘဲ။
0
နိုင်ငံရေးအကျဉ်းသာ များအရေး လူထုအရေး။
written by NM, March 10, 2010
ဒေါ်အောင်ဆန်းစုကြည်သည် လူထု၊ လူထုသည် ဒေါ်အောင်ဆန်စုကြည်။
စစ်အာဏာရှင် နှင့် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ရိုက်ချိုးမြေမြုတ်ကြ။
မတရားအမိန့်ဟူသမျှ ဝိုင်းဝန်းဆန့် ကျင်ကြ။
0
တွေးမိတာလေး
written by စောဒက, March 10, 2010
ဒေါ်အောင်ဆန်းစုကြည်က ထောင် ကျနေတာမှ မဟုတ်တာ။သူ့ကို နေအိမ်မှာ အကျယ်ချုပ်လို့ အားလုံးသိကြပါတယ်။
0
pyan lae pyin sin pay say lo par the goverment
written by zarniaung, March 10, 2010
Htaoung tan kya khan nay ya thaw DAW AUNG SAN SU KYI ko pyan lwalt pay pyi , NLD register loat naing aung ,, DAW AUNG SAN SU KYI leader a phyut nay pay pyi , ta ya win ywayi kaut pwal pyan lae kyin pa pay ssay lo par thesmilies/shocked.gifsmilies/shocked.gifsmilies/shocked.gifsmilies/shocked.gifsmilies/shocked.gifsmilies/shocked.gifsmilies/shocked.gifsmilies/shocked.gifsmilies/shocked.gifsmilies/shocked.gifsmilies/shocked.gif
မျောက်ပြပြီး ဆန်တောင်းနေတာ ပေါ်လွှင်သွားတာပေါ့ , Low-rated comment [Show]
0
pardon to all myanmar
written by THEIN, March 10, 2010
the situation has been long time ago, why NLD and all party waiting for this answer. Just wasting the time only.
0
စစ်အစိုးရဲ့ကောက်က်ျစဉ်းလဲမှု ကမ်းကုန်ပါရဲ့....
written by Ko J J, March 10, 2010
စစ်အစိုးရရဲ့ ယုတ်မာမှုဟာ ဖေါ်ပြလို့ မရလောက်အောင်ပါဘဲ...ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတာ
သူတို့အတွက် ပေါ်လာတဲ့ စကားဘဲဖြစ်တယ်....

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်