၁၉၉၀ ရွေးကောက်ပွဲ ရလဒ် အလိုအလျောက် ပျက်ပြယ်ဟုဆို

E-mail Print
၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို ဖျက်သိမ်းကြောင်း နိုင်ငံပိုင်သတင်းစာများမှတဆင့် ထုတ်ပြန်သည့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေက ဆိုသည်။

ရွေးကောက်ပွဲနှင့် သက်ဆိုင်သော ဥပဒေများကို အင်္ဂါနေ့မှ စတင်၍ နေ့စဉ် ထုတ်ပြန်လျက်ရှိရာ ယနေ့ ထပ်မံ ထုတ်ပြန်သည့် ဥပဒေ အခန်း(၁၆)၊ ၉၁(ခ)တွင် ကျင်းပပြီးခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် လိုက်လျောညီထွေ မရှိတော့သည့်အတွက် ယင်းရွေးကောက်ပွဲရလဒ်များ အလိုအလျောက် ပျက်ပြယ်ကြောင်း ပါရှိသည်။

ElectionDay1990၁၉၉၀ ပြည့်နှစ်တွင် အာဏာပိုင်တို့က ရွေးကောက်ပွဲကျင်းပပေးရာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် (NLD)ကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်အများစုက အနိုင်ရခဲ့သည်။

NLD ပြန်ကြားရေးတာဝန်ခံ ဦးခင်မောင်ဆွေက“ပြည်သူလူထုရဲ့ဆန္ဒနဲ့ ဖြစ်ပေါ်လာတဲ့ ရလဒ်ကို ပြည်သူတွေရဲ့ သဘောတူညီချက် မပါဘဲ ဖျက်သိမ်းလိုက်ပြီလို့ ဆိုနိုင်ပါတယ်”ဟု ပြောသည်။

တချိန်တည်းမှာပင် ရန်ကုန်နှင့် မန္တလေးတိုင်းရှိ ချိတ်ပိတ်ထားခဲ့သော NLD ရုံးခန်းများကို အာဏာပိုင်များက ယမန်နေ့ ညနေမှ စတင်၍ ပြန်လည် ဖွင့်ပေးနေကြောင်း သိရသည်။

“တိုင်းရုံးတွေကို ဖွင့်ခွင့်ပေးတယ်ဆိုတာ အရင်တုန်းက တောင်းဆိုထားတဲ့ဟာကို လျှော့ပေးလိုက်တဲ့ သဘောပေါ့၊ တခြားပါတီ တွေလည်း လှုပ်ရှားခွင့်ရှိနေတော့ NLDကိုလည်း ပေးရလိမ့်မယ်ဆိုပြီး ဖွင့်ပေးတယ်လို့ ယူဆတယ်” ဟု ဦးခင်မောင်ဆွေက ပြောသည်။

၂၀၀၃ ဒီပဲယင်းအရေးအခင်းအပြီး ချိတ်ပိတ်ထားခဲ့သော NLD ရုံးခန်းများကို ပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကို ကြေညာခဲ့ပြီးနောက်   ယင်းသို့လုပ်ဆောင်ခြင်း ဖြစ်သည်။

“ချိတ်ပိတ်ထားတဲ့ ရုံးတွေကို ပြန်ဖွင့်ပေးတာ၊ ရန်ကုန်တင်မဟုတ်ဘူး တပြည်လုံးမှာ ပြန်ဖွင့်ခွင့်ပေးတယ်၊ ဘာကြောင့် ဖွင့်လဲ ဆိုတာကတော့ ကျနော်တို့ ခန့်မှန်းဖို့ ခက်ပါတယ်၊ စပိတ်ကတည်းကိုက အကျိုးအကြောင်းလည်း မဆီလျော်ဘူး၊ ဥပဒေနဲ့လည်း မညီဘူး အဲသလို ပိတ်ထားတာ၊ ဘာရည်ရွယ်ချက်လည်း ဆိုတာကိုတော့ သူတို့ပဲသိမှာပဲ”ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ယင်းသို့ ဖွင့်လှစ်ပေးနေသော်လည်း အာဏာပိုင်များက NLDအဖွဲ့ချုပ်ကို အကြောင်းကြားခြင်းမရှိကြောင်း၊ သက်ဆိုင်ရာမြို့နယ်၊ ပြည်နယ်၊ တိုင်းကိုသာ အကြောင်းကြားကြောင်း၊ ယမန်နေ့ကထွက်ရှိသော ရွေးကောက်ပွဲ ဥပဒေသည် NLDကိုပစ်မှတ်ထားခြင်း ဖြစ်သည့်အတွက် ယခုကဲ့သို NLDရုံးများ ပြန်လည်ဖွင့်လှစ်ခွင့်ပေးခြင်းသည် ဆန့်ကျင်ဘက်ဖြစ်နေသောကြောင့်  ချိန်ခွင် လျှာညှိ သည့် သဘောမျိုးဖြစ်နေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

NLDရုံးခန်းများ ပြန်လည်ဖွင့်လှစ်နိုင်ပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်း NLD တာဝန်ခံ ဒေါက်တာသန်းငြိမ်းကို ယမန်နေ့ ညနေ ၅ နာရီ တွင် ရန်ကုန်တိုင်း အထွေထွေ အုပ်ချုပ်ရေးရုံးသို့ ခေါ်ယူ၍ ရုံးများ ပြန်လည် ဖွင့်လှစ်နိုင်ပြီ ဖြစ်ကြောင်း အာဏာပိုင်များက ပြောဆို သည်။

“ရန်ကုန်တိုင်းရုံးရော မြို့နယ်ရုံးတွေရော ပြန်ဖွင့်ပေးမယ်ပေါ့၊ အရင်ကော်မရှင်က မရှိတော့ဘူးပေါ့၊ အထွေထွေ အုပ်ချုပ်ရေးမှူးနဲ့ အာဏာပိုင်တွေက ခေါ်ပြောတယ်ပေါ့၊ ကျနော်ကြားရသလောက်တော့ မြန်မာတပြည်လုံးလို့ ယူဆတာပဲ၊ မြို့နယ်တွေ ကိုလည်း ညတွင်းချင်း ဖွင့်ချင်တယ်ပေါ့ဗျာ၊ ဆိုင်းဘုတ်တွေ ချထားတဲ့ မြို့နယ်တွေကတော့ ဆိုင်းဘုတ်ပြန်တင်ဖို့ နောက် ကော်မရှင်နဲ့ ဆက်လုပ်ဖို့ ပြောတယ်”ဟု ဒေါက်တာ သန်းငြိမ်းက ဆိုသည်။

NLDရုံးခန်းများကို ယခင်ရွေးကောက်ပွဲ ကော်မရှင်က ချိတ်ပိတ်ထားခဲ့ခြင်းဖြစ်ပြီး အဆိုပါကော်မရှင်ကို ယမန်နေ့က ဖျက်သိမ်း ခဲ့ခြင်းကြောင့် ဆောင်ရွက်ရမည့် လုပ်ငန်းများကို အပြီးသတ်လုပ်ဆောင်သွားခြင်း ဖြစ်ကြောင်း၊ NLDအနေဖြင့် တရားဝင် လုပ်ဆောင်ရန် ရက်ပေါင်း ၆၀ သာရှိတော့ကြောင်း၊ ယင်းနောက် အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
Comments (6)Add Comment
0

written by လက်ခုတ်ထဲက အီး, March 14, 2010
၁၉၉၀ ရွေးကောက်ပွဲ အတည် မဖြစ်ဘူးတဲ့.. ဒါဆို အခု ရွေးကောက်ပွဲ ကရော ဘယ်သူတွေက အတည်လို့ ယူနေကြသလဲ မသိဘူးနော်... စဉ်းစားစရာ အချက်ပါပဲ။ NLD ကို ပါတီရုံးခန်းတွေ ပြန်လည် ဖွင့်ခွင့်ပေးလဲ သူတို့ပြုထားတဲ့ ဥပဒေ အရ ဆိုရင် အလိုလို အကျုံး မဝင်တာ သေချာနေမှတော့ ပါတီ ရုံးခန်းတွေ ဖွင့်ခွင့်ပေးလဲ ဘာထူးမှာလဲ။ လူလည် ကျပုံကတော့ လေးစားလောက်ပါ ပေရဲ့ဗျာ။ ဗြောင်လိမ်၊ ဗြောင်စား ဆိုတာ အခုမှပဲ တွေ့ဖူးတော့တ ယ်ဗျာ။ မွေးတုန်းက လက်သည်က ရှက်ကြောနဲ့ ချက်ကြော မှားဖြတ်မိတာတော့ သေချာနေပြီ။
0
နှောင်းပိန်...နှောင်းပိန်...ဂျိန်း...ဂျိန်း
written by မျိုးချစ်, March 11, 2010
တောင်ပေါ်ရိုးရာ ကကွက်ကမှ နည်းနည်းဆန်းအုံးမယ်။ သူ့ဟာကြီးက ရိုးလွန်းအားကြီးတယ်။ နိုင်ငံရေးကို ကလေးကစားသလိုမျိုး လာညစ်ပတ်ပြနေတာ။ ခက်တာ...သူက.... သူငယ်ပြန်ကြီး ဖြစ်နေတာ။ သူ့နဲ့အပြိုင်ဖြစ်တဲ့သူက အရူးကြီး ဖြစ်မနေဘူးလား။
0
Only a show!
written by shahrukh kyaw, March 11, 2010
Their law would not allow NLD leader of Aung San Suu Kyi .So NLD can not do anything after open all NLD offices . We ,all know what they mean .
0
ထောင်ခြောက်
written by MT, March 11, 2010
ကျွန်တော့်အမြင်ပြောရရင်တော့ တစ်ဖက်မှာ အဖွဲ့ချုပ်ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်ထားပြီး တစ်ဖက်မှာ NLD ရုံးတွေကို ချက်ချင်း အလျင်စလို ပြန်ဖွင့်ခိုင်းနေတာဟာ အဖွဲ့ချုပ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်မပါပဲ ရွေးကောက်ပွဲ မ၀င်ဝင်အောင် လုပ်နေတာလို့ မြင်တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် နအဖ မျှော်လင့်ကောင်း မျှော်လင့်နိုင်တဲ့ရလာဒ်က တစ်-နိုင်ငံရေး ဇာတ်ခုံပေါ် ဒေါ်စုရောက်မလာ နိုင်တော့ဘူး၊ နှစ်- အဖွဲ့ချုပ်လည်း မတရား အလုပ်ခံရတဲ့သဘော မရှိတော့ဘူး၊ သုံး-နိုင်ငံတကာကလည်း အဖွဲ့အစည်းအရေး(အစုများ) ထက် ပုဂ္ဂိုလ်ရေး (တစ်ဦးတစ်ယောက်) ကို ဦးစားပေးပြီး နအဖကို နှိက်ကွပ်လို့မရတော့ဘူး၊ စတဲ့အချက်တွေ ပဲဖြစ်ပါတယ်။ အဲနောက်ဆုံး ဒေါ်စုမှမပါရင် NLD ကရွေးကောက်ပွဲမ၀င်ပါဘုးလို့ ကြေညာလိုက်ရင်တော့ နအဖရဲ့ အကြိုက်ဆုံးအကွက်ထဲ ၀င်သွားပြီပေါ့ဗျာ၊ အခုပေးထားတဲ့ ရက်ပေါင်း (၆၀) အတွင်း NLD ထဲမှာ ဒေါ်စုလို လူထုတစ်ရပ်လုံးကို တက်တက်ကြွကြွ ခေါင်းဆောင် စည်းရုံးနိုင်မည့်လူကိုလည်း နအဖက မမြင်ထားတဲ့အတွက် တကယ်လို့ စည်းရုံးရေးတွေ ဆင်းခွင့်ရရင်တောင်မှ တကယ်ရွေးကောက်ပွဲ လုပ်တဲ့အခါ ၉၀-ပြည့်တုန်းကလို NLD အနိုင်ရဖို့ဆိုတာ မဖြစ်နိုင်တဲ့ အခြေအနေဖြစ်နေပါတယ်။ အဲဒီတော့ နောက်ဆုံးကောက်ချက်က
တစ်- ဒေါ်စုနိုင်ငံရေးလောကထဲ လုံးဝပြန်မ၀င်စေရေး
နှစ်- NLD ပါတီ အနိုင်မရရှိရေး
သုံး- လက်ရှိပုံစံချထားတဲ့အတိုင်း စစ်ဖက်ကချုပ်ကိုင်ထားတဲ့ ရုပ်သေးပါတီအနိုင်ရရှိရေး
လေး- ကျုပ်တို့မြန်မာပြည်ကြီးတစ်ခုလုံး ဆင်းရဲတွင်း နက်သထက်နက်ရေး
ငါး- စစ်ဘက်ဆိုင်ရာတွေနဲ့ သက်ဆိုင်ရာမိသားစုဝင်တွေ ချမ်းသာသထက် ချမ်းသာရေး
ခြောက်- နိုင်ငံတကာကို လိမ်ညာလှည့်စားရေး
အဲဒီအရေးတွေကို ရည်မျှော်၊ ပုံစံချပြီး ရွေးကောက်ပွဲ လုပ်တော့မည် ဖြစ်ပါကြောင်း ကျွန်တော့်အမြင်ကို တင်ပြလိုက်ပါတယ်။
0
စိစစ်ပါရန်
written by kyaw , March 11, 2010
ဒီနေ့ထုတ် သတင်းစာတွင် ရွေးကောက်ပွဲ ဥပဒေက အခန်း(၁၆)(၉၀)အထိဘဲပါတာကို တွေ့ရတယ်။ အဲဒါ ဘယ်လိုကွဲလွဲနေသလဲ မသိဘူး။ နအဖထုတ်တဲ့ဥပဒေက ဗြောင်ဗြောင်ဗြောင်။ သတင်းရေးတဲ့သူက ယောင်တောင်တောင် ။ ဖတ်တဲ့သူက ကြောင်တောင်ဖြစ်နေပီဗျ။
0
ချည်နေပြီ
written by ရာဇာ, March 11, 2010
လာပါပြီ..တမျိုး နဲ့ တမျိုး မရိုးရတဲ့ မျိုးမျိုး ရဲ့ ဝမ်းတွင်း လုံချည် ကြော်ငြာ သလိုဖြစ်နေပြီ....အဓိက ဦးတည် တိုက်နေ တာကတော့ NLD ကိုဘဲ ဆိုတာ ကတော့ ထင်းထင်း ကြီးမြင်နိုင် ပါ၏..လယ်ပြင်မှာ ဆင်သွား ရင်တောင် မှ မြင်ချင်မှ မြင်ဦးမယ် အခုဟာ ကတော့ လူပျက်တွေ ပြောသလို မြင်တာမှ အကွင်းတွေ ရော အကွက်တွေ ရော အကုန်မြင်ပါ၏ ဆိုသလို ဖြစ်နေပြီ.... လာအုံးမယ် တရစ်ပြီး တရစ် ထပ်ပြီးတော့ ရစ်ပတ်ချည် နေအုံးမှာဘဲ...နောက်ဆုံး အရစ် ချည်ပြီး လို့ အထုံးကလေး မထုံးခင် အသာလျှို ပြီး ရုန်းထွက်နိုင် ဘို့ကတော့ NLD ရဲ့ နောက်ဆုံး အခွင့် အရေး ဆိုတာကို တော့ မမေ့ကြ ပါနဲ့ လို့.......

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်