လက်ရှိထုတ်ပြန်ထားသော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် ပတ်သက်ပြီး ဧရာဝတီက စစ်တမ်းငယ်တခု ကောက်ယူ ခဲ့ရာ အသက် ၂၀ မှ အသက် ၆၀ အရွယ်ရှိ အမျိုးသား အမျိုးသမီး ၃၀၀ ကျော်က ဖြေဆိုပေးခဲ့ကြသည်။
ယခုစစ်တမ်းတွင် ၂၃၂ ဦးမှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအပေါ် ကျေနပ်မှု မရှိဟု ဖြေဆိုခဲ့ကြပြီး ၈ ဦးမှာ ကျေနပ်မှု ရှိကြောင်းဖြေဆိုခဲ့သည်။ ကျန် ၆၀ မှာ မဖြေဆိုရဲပါဟု ပြန်လည် ပြောဆိုခဲ့သည်။
စစ်တမ်း၌ အသက် ၆၀နှင့်အထက် အမျိုးသား ၃၀ နှင့် အမျိုးသမီး ၅ ဦး၊ အသက် ၅၀-၆၀ အရွယ် အမျိုးသား ၃၀၊ အသက် ၅၀-၆၀ ၀န်းကျင်အရွယ် အမျိုးသမီး ၃၀၊ အသက် ၃၀-၄၀ ၀န်းကျင်အရွယ်အမျိုးသား ၅၀၊ အသက် ၃၀-၄၀ ၀န်းကျင်အရွယ်အမျိုးသမီး ၇၀ ၊ အသက် ၂၀ ၀န်းကျင်အရွယ်အမျိုးသား ၆၅၊ အသက် ၂၀ ၀န်းကျင်အရွယ် အမျိုးသမီး ၄၀ ဦး တို့ ဖြေဆိုခဲ့ကြခြင်းဖြစ်သည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေအပေါ်တွင် ကျေနပ်မှု မရှိဟု ဖြေဆိုခဲ့သော အသက် ၅၆ နှစ်အရွယ် ဆက်သွယ် ရေးဝန်ကြီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး တဦးက“သူတို့လုပ်ချင်တဲ့အတိုင်း လုပ်လိုက်တဲ့ ဥပဒေပါ၊ တရားမျှတမှုမရှိဘူး ဒေါ်အောင် ဆန်း စုကြည်တို့၊ မင်းကိုနိုင်တို့လို လူထုသဘောကျတဲ့ ခေါင်းဆောင်မျိုးတွေကို ဖယ်ထုတ်ပြီး သူတို့ချုပ်ကိုင်လို့ရမယ့် တပ်မတော် ကိုယ်စားလှယ်တွေအတွက် သီးသန့်လုပ်ထားတဲ့ ဥပဒေလို့ပဲ မြင်ပါတယ်”ဟု ဆိုသည်။
အသက် ၄၅နှစ် အရွယ် မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနမှ မွေးကုဆရာဝန်တဦးကလည်း“ကန့်ကွက်ချင်တာကတော့ နိုင်ငံရေး ပါတီများ တည်ထောင်ခြင်းနဲပ မှတ်ပုံတင်ခြင်းမှာ ပါတဲ့ အချက်တော်တော်များများကို ကန်ပကွက်ချင်တယ်၊ ဘာဖြစ်လို့လည်းဆို တော့ ၁၉၉၀ တုန်းက လူထုက အများဆုံးမဲပေးခဲ့တဲ့ NLD ကို အခု ရွေးကောက်ပွဲ မ၀င်နိုင်အောင် လုပ်ထားတာ မတရားဘူးလို့ မြင်တယ်၊ နောက်တချက်က အဲဒီတုန်းက လူတွေရဲ့သဘောထားကို အလေးမထားတာဆိုတာ သိသာတယ်”ဟု ပြောသည်။
“မကျေနပ်ဘူး၊ ဒီမိုကရေစီရဖို့အတွက် ထောင်ကျခံနေရတဲ့ သူတွေကိုပဲ ကျမတို့က မဲထည့်ချင်တာ၊ သူတို့ မပါဘူးဆိုတော့ ဘယ်လို မဲပေးရမလဲ”ဟု အသက် ၃၀ အရွယ် အိမ်ရှင်မ တဦးကလည်း ပြောသည်။
မှော်ဘီ ဂျီတီစီမှ ကျောင်းသားတဦးက“လူ အများစု သဘောကျထောက်ခံနေတဲ့ NLD ပါတီ မပါဝင်အောင် လုပ်ထားတဲ့အတွက် ကျနော်တို့ ဂျီတီစီ ကျောင်းသားတွေလည်း မကျေနပ်ပါဘူး၊ ကန့်ကွက်ပါတယ်”ဟု ဆိုသည်။
အဆိုပါ ဥပဒေအား မကျေနပ်ကြသူအများစုမှာ နိုင်ငံရေးပါတီ တည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်းမှ ထောင်ဒဏ်ကျခံနေရသူ မဟုတ်ခြင်းဆိုသည့်အပေါ်တွင် မကျေနပ်ကြခြင်းဖြစ်ပြီး တချို့ကလည်း လက်ရှိတည်ရှိနေသော ပါတီများ ဆက်လက် တည် ထောင်လိုပါက ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်သို့လျှောက်ထားရမည်ဆိုသည့်အချက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အပေါ်တွင် အကျပ်အတည်းဖြစ်စေရန် ဖိအားပေးသော အချက်ဖြစ်နေသောကြောင့် တရားမျှတမှုမရှိဟုထင်မြင်၍ မကျေနပ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဖြေဆိုသူ ၃၀၀ ကျော်ထဲမှ ကျေနပ်မှုရှိကြောင်း ဖြေဆိုသူ ၈ ဦးရှိမှာ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၃ ဦးဖြစ်သည်။
ကျေနပ်ကြောင်း ဖြေဆိုသူများထဲမှ အသက် ၄၅ နှစ်အရွယ် လိုင်းပေါင်းစုံ မော်တော်ယာဉ် ထိန်းသိမ်းရေးကော်မတီမှ အမျိုးသား တဦးက“ကျေနပ်ပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထုတ်ပြန်ပြီး လူတွေ မဲပေးပြီးမှ ရေးဆွဲခဲ့တာဆိုတော့ ကျေနပ်ရမှာပေါ့၊ ငြင်း စရာလည်း မရှိပါဘူး”ဟု ဆိုသည်။
မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ အသက် ၅၀ အရွယ် စာစစ်မှူးတဦးကလည်း“မကျေနပ်စရာလည်း မရှိပါဘူး၊ ဖြစ်သင့် ဖြစ်ထိုက်တာကိုပဲ လုပ်နေကြတာပဲ၊ ကန့်ကွက်စရာလည်း မရှိဘူး”ဟု ဖြေဆိုသည်။
မဖြေဆိုရဲကြသူများကမူ သက်ဆိုင်ရာအာဏာပိုင်များ သိရှိသွားပါက စီးပွားရေးနှင့် လူမှုရေးပိုင်းတွင် တစုံတရာထိခိုက်မည်ကို ကြောက်ရွံ့သောကြောင့်ဖြစ်ကြောင်း ပြောဆိုကြသည်။
စစ်အစိုးရက မတ်လ ၉ ရက်နေ့မှစတင်၍ အစိုးရပိုင် နေ့စဉ်ထုတ် သတင်းစာများတွင် ရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေနှင့် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ များကို ယနေ့အထိ ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ဤသတင်းအား ရန်ကုန်အခြေစိုက် ဧရာဝတီ သတင်းထောက်များ ပူးပေါင်း ရေးသားသည်။
Comments (10)

written by Soe Wai Htoon, March 13, 2010
written by လှမြင့် (SB), March 12, 2010
ခင်ဗျားတို့ ကလည်း ရန်ကုန်သားရယ် ဘာသားရယ် ခွဲ ပြနေသေးတယ်။ တစ်တိုင်း ပြည်လုံး၊ မြန်မာ တစ်ပြည်လုံး တွေးတတ် စဉ်းစားတတ်သူ အားလုံး မကျေနပ်တာ။
written by Chit Thein Than, March 12, 2010
It's not just the Rangooners that do not like the Elction Law that is just released, it's the whole country. Do you support it? I'm sure you don't! I don't.
written by ဘိုပြောင်, March 11, 2010
သတိ မထားပဲနဲ့ ပြောလိုက်တာလား ဒါမှမဟုတ် သတိ ထားဖို့တောင် ဥာဏ် မမှီတာလားး
ကိုယ်ကြိုက်တဲ့ သူကို မဲပေးပါတယ် ဆိုကာမှ သူပုန်၊ ဘိန်းသမား ကို ဘယ်သူက မဲပေးပါ့မလဲ ဒါ့ကြောင့် ထောင်ကျသူများ ပါတီဝင် ဖြစ်ခွင့်မရှိ ဆိုတဲ့ ဥပဒေ လိုကို မလို ဘူး ခင်ဗျ
ကိုယ်ကြိုက်တဲ့ သူကို မဲပေးပါတယ် ဆိုကာမှ သူပုန်၊ ဘိန်းသမား ကို ဘယ်သူက မဲပေးပါ့မလဲ ဒါ့ကြောင့် ထောင်ကျသူများ ပါတီဝင် ဖြစ်ခွင့်မရှိ ဆိုတဲ့ ဥပဒေ လိုကို မလို ဘူး ခင်ဗျ
written by Zero, March 11, 2010
ဒေါ်စု ကို အချိန်မှီ ထောင်ဒဏ် ပေး..
နိုင်ငံရေး လှုပ်ရှား သူ တွေ ကို ခင်ဗျား ပြော တဲ့ ဘိန်းသမား တွေထက် ပိုကြီး တဲ့ ထောင်ဒဏ်ေ ပးထားတယ် ဆို သိသင့်တာပေါ့.. အဲလောက်ဆို သဘောေ ပါက်တော့..
နိုင်ငံရေး လှုပ်ရှား သူ တွေ ကို ခင်ဗျား ပြော တဲ့ ဘိန်းသမား တွေထက် ပိုကြီး တဲ့ ထောင်ဒဏ်ေ ပးထားတယ် ဆို သိသင့်တာပေါ့.. အဲလောက်ဆို သဘောေ ပါက်တော့..
written by titan, March 11, 2010
let him do whatever he wants.this is his last time.because he has being watched by the world.
written by shahrukh kyaw, March 11, 2010
if you want to know you go and ask everybody like or not their laws . I am sure 99.9 % public should not like their own election laws, one way laws.
written by မျိုးလွင်, March 11, 2010
မကျေနပ်တာက တပြည်လုံးအနှံ့ ရှိမှာပဲ့ တရားမျှတတဲ့ ဥပဒေမှမဟုတ်တာ၊ စစ်အစိုးရကို ခြေသလုံးဖက်ပြီး စီးပွားအဆင်ပြေနေတဲ့သူ တွေကတော့ ကြိုက်မှာပေါ့။ဒေါ်စုကို ရွေးကောက်ပွဲ မဝင်စေချင် တာကပဲ့ တဖက်သတ်ဆန်ပြီး စစ်အာဏာရှင်တွေနဲ့ သူတို့ အလိုကျတဲ့သူ တွေလောက်သာ ဝင်ရောက်ခွင့် ရှိမယ်ဆိုတာ ထင်ရှားနေတာပဲ့၊ ဒီမိုကရေစီ ရရင်ရ မရင်ချ ဆိုတဲ့အချိန် တကယ်ရောက်လာတော့မယ်။နိုင်ငံတကာက လည်းစောင့်ကြည့်နေပြီ ပွဲကြီးပွဲကောင်းပဲ့။
Write comment
| < Prev | Next > |
|---|








နား မျက်စိ ပါးစပ် တွေပိတ်ခဲ့တာကို ဖွင့်ဘို့ အတွက် အချိန်ရောက်ြ့ပီ