ဥပဒေ မပြင်လျှင် ပါတီမှတ်ပုံမတင်ဟု တိုင်းရင်းသား ခေါင်းဆောင်များပြောကြား

E-mail Print
စစ်အစိုးရက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မပြင်ပါက ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPP) အဖွဲ့ဝင်များ အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရေးနှင့် ပါတီ မှတ်ပုံတင်ရန် မဖြစ်နိုင်ကြောင်း ယနေ့ ပြောကြားလိုက်သည်။

နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို စစ်အစိုးရက ယခုလ ၈ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့ပြီးနောက် CRPP အဖွဲ့ဝင် များက ယခုကဲ့သို့ ပြောကြားလိုက် ခြင်းဖြစ်သည်။

စစ်အစိုးရက ရေးဆွဲထားသော ၂၀၀၈  ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေ၌  ပြည်နယ်နှင့် တိုင်းရင်းသားများ၏ အခွင့်အရေးများ မပါဝင် သည့်အတွက် CRPP အဖွဲ့ဝင်များအနေနှင့် ပါတီ မှတ်ပုံတင်ရန် လုံးဝ မဖြစ်နိုင်ကြောင်း ရခိုင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(ALD) အတွင်းရေးမှူး ဦးအေးသာအောင်က ဧရာဝတီသို့ ပြောသည်။

“CRPP အဖွဲ့ ရှမ်းတိုင်ရင်းသားများ၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဇိုမီး၊ မွန်စတဲ့ ပါတီတွေ အနေနဲ့ကတော့ ဒီဖွဲ့စည်းပုံကို မပြင်ရင် ရွေးကောက်ပွဲကို ၀င်ဖို့ ပါတီ မှတ်ပုံတင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”ဟု ၎င်းက ပြောသည်။ 

ALDကို ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ရှစ်လေးလုံးအရေးတော် ပုံ ကာလက ဦး ဆောင်လှုပ်ရှားခဲ့ကြသော ထင်ရှားသည့် ရခိုင်ခေါင်းဆောင်များဖြင့် ဖွဲ့ စည်းတည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ALD သည် ၁၉၉၀ ပြည့်နှစ်က ကျင်းပသော အထွေထွေရွေးကောက်ပွဲတွင် တနိုင်ငံလုံး အတိုင်းအတာအရ အမတ် နေရာ ၁၁ နေရာဖြင့် တတိယ အများဆုံး အနိုင်ရရှိခဲ့သည့် ပါတီဖြစ်ပြီး ရခိုင်ပြည်နယ်တွင်လည်း အမတ် ဦးရေ အများဆုံး အနိုင်ရခဲ့သော ပါတီဖြစ်သည်။

ALD အနေဖြင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့(န၀တ)၏ ၁/၉၀ ကြေညာချက်ကို ဆန့်ကျင်ကန့် ကွက်သော ကြောင့် ၁၉၉၃ ခုနှစ်တွင် တရားဝင်ပါတီအဖြစ်မှ ဖျက်သိမ်းခြင်း ခံခဲ့ရသည်။

အလားတူပင် ဇိုမီး အမျိုးသား ကွန်ဂရက်ပါတီနှင့် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့ကလည်း ရွေးကောက်ပွဲကို မ၀င်ရန် ဆုံးဖြတ်ထားကြသည်။ 

SNLDမှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က“ ကျနော်တို့ ဥက္ကဌ ဦးခွန်ထွန်းဦးနဲ့ အတွင်းရေးမှူး စိုင်းညွန့်လွင်ကို လွှတ်မပေးဘူး၊ တခြားနိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့လူတွေ လွှတ်မပေးဘူး၊ တွေ့ဆုံဆွေးနွေးရေး မလုပ်ဘူးဆိုလို့ရှိရင်၊ တိုင်း ရင်းသားတွေကို အာမခံချက်ပေးနိုင်တဲ့ ရွေးကောက်ပွဲ မဖြစ်ဘူးလို့ ကျနော် ယုံကြည်တယ်၊ ဒါကြောင့်မို့လို့ ကျနော့် ဥက္ကဌ၊
အတွင်းရေးမှူး မပါဘဲနဲ့ ပါတီလည်းမဖွဲ့ဘူး၊ ၀င်လည်းမ၀င်ဘူးဆိုတာ ဥပဒေမထွက်ခင်ကတည်းက ကြေညာပြီးသားပါ”ဟု ပြောသည်။  

CRPP သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည်ဖော်ဆောင်ရေး၊ လွှတ်တော် ခေါ်ယူရေးစသည့် အချက် များဖြင့် ရပ်တည်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) အပါအ၀င် တိုင်းရင်းသား ပါတီများ ၁၂ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော အဖွဲ့တခုဖြစ်သည်။   

သို့သော်လည်း စစ်အစိုးရ ဥပဒေတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အရ တည်ရှိနေသာ ပါတီများသည် ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထားရန် ပျက်ကွက်ပါက နိုင်ငံရေးပါတီ အဖြစ်မှ အလိုအလျောက် ပျက်ပြယ် သွားမည်ဟု ပါရှိသည်။

ဦးအေးသာအောင်ကမူ“ရွေးကောက်ပွဲဝင်ခွင့်မရတဲ့တိုင် ဒီ ပုဂ္ဂိုလ်တွေဟာ နိုင်ငံရေးကို ဆက်လက်လုပ် ဆောင်သွားမှာပါ၊ တိုင်းပြည်အတွက်၊ ဒီမိုကရေစီအတွက်၊ လူ့အခွင့်အရေးအတွက်၊ တိုင်းရင်းသားများ အခွင့်အရေးအတွက်၊ နည်းမျိုးစုံနဲ့ ဆက် လက်ရပ်တည်ပြီးတော့ နိုင်ငံရေးကို လုပ်ဆောင်သွားမှာပါ”ဟု ဆိုသည်။
Comments (5)Add Comment
0
...
written by ???????????, March 12, 2010
အရေးကြီးတာ ပြောပါရစေ။။
တိုင်းရင်သား ရခိုင် ညီအကိုတွေ အတွက်ပါ။
အခု ဥပစေ က ဧည့်နိုင်ငံသား၊ ယာရီ နိုင်ငံသားတွေ ကို ပါ ပါတီထောင်ခွင့် နဲ့ ပါတီဝင် ဖြစ်ခွင့် တွေ ပေးလိုက်ပါတယ်။
ဘင်္ဂလား ကလည်း တစ်ဘက်မှာ ရခိုင် အမျိုးသားတွေ ကိုလက်ခံ ပြီး သွေးခွဲ သပ်လျှိုနေတယ်။
ရခိုင်အမျိုးသားတွေ ကို အစိုးရဆန့်ကျင်ရေး၊ သွေးကွဲရေးတွေ ကို အားပေး အားမြောက်ပြု ကာ ယခု ကျင်းပမည့် ရွေးကောက် ပွဲ ကို မပါဝင်ချင်အောင် အခြေအနေတွေ နဲ့ လှုံ့ဆော်မှုတွေ လုပ်ပေးနေတယ်။
တဘက်မှာလည်း ရိုဟင်ဂျာ လို့ အမည် တပ်ထားတဲ့ သူတို့ ဘင်္ဂလားတွေ ရွေးကောက်ပွဲမှာ များများ ဝင်ပါနိုင်အောင် ကြိုးစားနေပါတယ်။
ရခိုင် အမျိုးသားတွေ က ရွေးကောက်ပွဲ ကို သပိတ်မှေက်လေ ရိုဟင်ဂျာတွေ က ကြိုက်လေ ဖြစ်လိမ့်မယ်။
0
တနိုင်ငံလုံး အတိုင်းတာနဲ့ ကန့်ကွက်ဖို့ အချိန်တန်ပြီ
written by မင်းမျိုး, March 12, 2010
၂၀၁၀ ရွေးကောက်ပွဲကို တနိုင်ငံလုံး၊ ပြည်သူတရပ်လုံး ကန့်ကွက်ကြရမည် မဟုတ်ရင် အနာဂတ် မျိုးဆက်သစ် တွေကို နွားနေရာမှာ အစားထိုး လယ်ထွန် ပါလိမ့်မည်
0
မိကျောင်းမှန် ရင် ဆန်လိမ့်မှန်--- သစ်တုံးဆို စုန်လိမ့်မယ်
written by Thazin Pyu, March 11, 2010
ဒီမိုကရေစီ အနှစ်သာရ ရယ်လို့ ဘာတစ်ခုမှ မပါတဲ့ ဖွဲစည်းပုံ အခြေခံ ဥပဒေ-- ဒီဥပဒေကို အခြေခံတဲ့ ဒီမိုကရေစီ ရွေးကောက်ပွဲ --- စစ်တပ်က အနိုင်ရဖို့ ရာနှုန်းပြည့် သေချာအောင် ညစ်ပတ်ထားတဲ့ ဒီရွေးကေက်ပွဲ- - ဒီရွေးကောက်ပွဲကို ဘယ်ပါတီတွေ ဘယ်လောက် ပြိုင်ပြိုင် စစ်တပ်ကသာ နိုင်မယ့် ရွေးကောက်ပွဲ တစ်ခုဘဲ ဖြစ်ပါတယ်----စစ်တပ်က သနားလို့ ရွေးကောက် ခံရသူေ တွဟာလည်း လက်ညှိုးထောင် ခေါင်းညိတ် ဘသနဲ့  လွှတ်တော်မှာ သမိုင်း တရားခံ အဖြစ်နဲ့ သာ အသုံးတော် ခံရမယ်ဆိုတာကို ကြိုတင် စဉ်းစား သင့်ကြပါတယ်။ ဒီတော့ လူကြီးမင်း ရွေးကောက်ပွဲ ၀င်မလား မ၀င်ဘူးလား-----
(၁) ရွေးကောက်ပွဲဝင်ရင် ရွေးကောက်ပွဲမှာ အရွေး ခံရသည်ဖြစ်စေ မခံရသည် ဖြစ်စေ စစ်အစိုးရ အလိုကျ အသုံးတော်ခံ သမိုင်း တရားခံ ဘ၀ ရောက်ကြမယ်---
(၂) ရွေးကောက်ပွဲကို တာဝန် သိသိ ကန့်ကွက် သပိတ်မှောက်နေ သူတွေကတော့ ပြည်သူ့ ကိုယ်စားလှယ် အစစ် အမှန်တွေ အဖြစ် သမိုင်း တင်ကြပါ လိမ့်မယ်။
ဒီတော့ မိကျောင်းမှန်ရင် ဆန်ကြပါလိမ့်မယ် ---- သစ်ဆွေးတုံး တွေ ဆိုရင်တော့ စုန်ကြပေတော့------
0
ဒီလိုဘဲ့ဖြစ်သင့်တယ
written by sm, March 11, 2010
စစ်အစိုးရရဲ့  အလိမ်အညာ ရွှေးကောက်ပွဲကို ပါတီမထောင်ဘဲ့ မှတ်ပုံမတင်ဘဲ့ နေလျင် ပိုကောင်းမည်
အချို့ သော အမတ်ရှုးတွေအတွက် တော့အကွက်ဆိုက်လိမ့်မယ် ဒါပေမဲ့ ဒီနည်းက အကောင်းဆုံးနည်းဘဲ့
0
I think no need !
written by shahrukh kyaw, March 11, 2010
They mean other parties difficult to participate so they will take back all their power . They never take care public for their own power .So the other parties no need to register .

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်