ပြစ်မှုအတွက် ပြစ်ဒဏ်ကျခံပြီးမှ ပါတီဝင်ခွင့်မပေးခြင်းသည် လူ့အခွင့်အရေးကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း၊ ပြစ်ဒဏ်ကို ၂မျိုး ပေးသကဲ့သို့ ဖြစ်နေသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ရှေ့နေများ ဖြစ်သော ဦးကြည်ဝင်းနှင့် ဦးဉာဏ်ဝင်းတို့သည် နေ့လယ် ၂ နာရီမှ ၄ နာရီခန့်အထိ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် တွေ့ဆုံရာတွင် ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
ဦးဉာဏ်ဝင်းက“ဒီဥပဒေကို ဖတ်လိုက်တာနဲ့ တစုံတယောက်ကို ရည်ညွှန်းပြီးတော့ ရေးဆွဲထားတယ်လို့ ယူဆနိုင်တဲ့ ပြဌာန်း ချက်တွေ ဖြစ်နေတယ်၊ ဥပဒေဆိုတာ လူတိုင်းအတွက် ဖြစ်ရမယ်၊ တဦးတယောက်အတွက် ကောင်းသည် ဆိုးသည် ရေးဆွဲလို့ ရှိရင် ရှက်စရာကောင်းတဲ့ ဥပဒေတဲ့၊ ဥပဒေရဲ့ဂုဏ်သိက္ခာလည်းမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်”ဟု ပြောပြသည်။ဦးကြည်ဝင်းကလည်း ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် အထူးအယူခံတင်ရန် ဆွေးနွေးခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ အမေဖြစ်သူ ဒေါ်ခင်ကြည်က လက်ရှိနေထိုင်လျက်ရှိသော ခြံဝင်းအတွင်းမှ ပေ ၄၀ အစိတ်အပိုင်းတခုကို ဦးခင်မောင်အေး ဆိုသူ အား ပေးအပ်ထားသည်ဟုဆိုကာ ၂၀၀၉ ခုနှစ်က ရောင်းချရန် ဦးခင်မောင်အေးက သတင်းစာတွင် ထည့်သွင်း ကြေညာသည့် နေအိမ်ကိစ္စကိုလည်း ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
တချိန်တည်းတွင်ပင် စစ်အစိုးရက ရွေးကောက်ပွဲ ကော်မရှင်ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း မြန်မာ့ရုပ်မြင်သံကြားသတင်းတွင် ယနေ့ ညနေပိုင်း၌ ထုတ်ပြန် ကြေညာခဲ့သည်။
ဥက္ကဋ္ဌ အပါအ၀င် အနည်းဆုံး အဖွဲ့ဝင် ၅ ဦးပါရှိမည့် ရွေးကောက်ပွဲ ကော်မရှင် ဖွဲ့စည်းနိုင်မည့် ဥပဒေကို မတ်လ ၉ ရက်နေ့တွင် သတင်းစာများမှတဆင့် စတင်ထည့်သွင်း ဖော်ပြပြီးနောက် ယင်းသို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ယခုဖွဲ့စည်းသည့် ကော်မရှင်တွင် အဖွဲ့ဝင် ၁၇ ဦးပါရှိပြီး ဥက္ကဋ္ဌအဖြစ် ဒုတိယ တရားသူကြီးချုပ် ဦးသိန်းစိုးကို ခန့်အပ်လိုက်သည်။
ဦးသိန်းစိုးသည် ယခင်က စစ်ဥပဒေချုပ်အဖြစ် တာဝန်ယူဖူးသည်။
ယင်းကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအတွက် ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ အခန်း(၂) နံပါတ် ၄ တွင် အချက် ၆ ချက်ဖြင့် သတ်မှတ်ထားသည်။
ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အသက် ၅၀ ပြည့်ပြီးသူ၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေး ကောင်စီက ထင်ပေါ်ကျော်ကြား ဂုဏ်သတင်းရှိသည်ဟု ယူဆထားသူ၊ သိက္ခာ သမာဓိနှင့် ပြည့်စုံ၍ အတွေ့အကြုံရင်ကျက်သူ၊ နိုင်ငံတော်နှင့် နိုင်ငံသားများ အပေါ်တွင် သစ္စာရှိသူ၊ နိုင်ငံရေး ပါတီဝင်မဟုတ်သူ၊ လစာ၊ စရိတ်၊ ငွေကြေးရသော အခြားမည်သည့် ရာထူးကိုမျှ လက်ခံခြင်း မပြုသူများအဖြစ် ယင်းဥပဒေက သတ်မှတ် ထားသည်။
Comments (9)

written by Ma Ni (Norway), March 12, 2010
နဂိုထဲကမှ အရှက် ဆိုတာမှ မရှိဘဲ အမေရယ်။ သူတို. မှာသာ အရှက်ရှိရင် ဥပဒေတောင် ထုတ်စရာတောင် ထုတ်စရာ မလိုပါဘူး။
written by Chit Thein Than, March 11, 2010
I agree with Daw Aung San Suu Kyi. The Election Law just enacted is unfair and is targeted against her the democratic parties like the NLD and SNLD. But there will be ways and means to overcome the injustices. During the independence struggle in India Mahatma Gandhi, Jawahalal Nehru and other leaders of the Congress Part were imprisoned by the British Government, but the momentum of the Independence Struggle was not diminished. I'm sure Daw ASSK, the NLD and Burmese people can find a solution to overcome the barriers and unfairness of the SPDC.
written by ရန်ကင်း, March 11, 2010
အရှက်မရှိတဲ့ စစ်အုပ်စု က ဒီလို အရှက်မဲ့ တဲ့ ကိစ္စတွေ လုပ်နေတာ အံသြ စရာတော့ မရှိဘူး။ အရှက်မဲ့ တာတင် မက သိက္ခာ လဲ မရှိ အဆင့် အတန်းလဲ မရှိ လေတော့ ဖိနှိတ်ခံနေရတဲ့ ပြည်သူ တွေနဲ့ တိုင်းပြည် အတွက် ရင်လေး ရတယ်ဗျာ။
written by ဘိုပြောင်, March 11, 2010
”နိုင်ငံတော်နှင့် နိုင်ငံသားများ အပေါ်တွင် သစ္စာရှိသူ၊” အဲဒီအချက်က မှားနေတယ်
တစ်ကယ်တမ်းက ”စစ်တပ် (အထူးသဖြင့် တပ်ချုပ်ကြီး) အပေါ်တွင် သစ္စာရှိသူ” ဖြစ်ရမှာ ဒါမှ ဆန့်ကျင်ဘက် ပါတီ အနိုင်ရရင် အာဏာ လွှဲမပေးအောင်... ၁၉၉၀ တုန်းကလိုပေါ့ .... ၀င်ပြိုင်မည့် သူများ သတိ ထားကြပါ....
တစ်ကယ်တမ်းက ”စစ်တပ် (အထူးသဖြင့် တပ်ချုပ်ကြီး) အပေါ်တွင် သစ္စာရှိသူ” ဖြစ်ရမှာ ဒါမှ ဆန့်ကျင်ဘက် ပါတီ အနိုင်ရရင် အာဏာ လွှဲမပေးအောင်... ၁၉၉၀ တုန်းကလိုပေါ့ .... ၀င်ပြိုင်မည့် သူများ သတိ ထားကြပါ....
written by Burmese, March 11, 2010
ဗိုလ်သန်းရွှေဟာ အောက်တန်းကျ စုတ်ပဲ့သလောက် စိတ်ဓါတ် အဆင့်အတန်း မရှိ တာကို တွေ့ ရပါတယ်။
Write comment
| < Prev | Next > |
|---|








ပြည်သူတွေ သဘောပေါက် တွန်းလှန်တတ်အောင်
လမ်းပြေ ပးကြပါ။ ။
ရင်းမှ ရတော့မယ်ဟေ့