“ဖွင့်ပြီးသား ရုံးတွေ ခန့်မှန်းခြေ ၃၀၀ လောက်ရှိတယ်၊ တိုင်းနဲ့ ပြည်နယ် အားလုံးပဲ၊ ကယား မပါဘူး”ဟု ၎င်းက ဆိုသည်။ဦးဉာဏ်ဝင်းက ဆက်လက်ပြီး“ဖွင့်လှစ်ထားတဲ့ ရုံးတွေ ဆက်တိုက်လုပ်ဖို့ လမ်းညွန်ချက် တွေလည်း ဒေါ်စု မှာကြားလိုက်တာ ရှိပါတယ်၊ လောလောဆယ် လုပ်သင့်တာလေးတွေ အကြံဉာဏ်ပေးလိုက်တာ ရှိပါတယ်”ဟု ပြောသည်။
အာဏာပိုင်များက ယခုလ ၁၀ ရက်နေ့က NLD ရုံးခန်းများ ပြန်လည်ဖွင့်ရန် ရန်ကုန်တိုင်း NLDတာဝန်ခံ ဒေါက်တာ သန်းငြိမ်းကို ခေါ်ယူ ပြောဆိုပြီးတဲ့နောက်ပိုင်း တနိုင်ငံလုံးရှိ NLD ရုံးများကို ဖွင့်ရန် သက်ဆိုင်ရာ မြို့နယ် တာဝန်ရှိသူများက စီစဉ်ခဲ့ခြင်းဖြစ် သည်။
“ဒီရုံးတွေဟာ အစကတည်းက ပိတ်ဖို့ အကြောင်းလည်းမရှိဘူး၊ ဥပဒေနဲ့လည်း မညီဘူး၊ မပိတ်သင့်တဲ့ဟာကို အခု ပြန်ဖွင့်ပေးတယ် လို့ မြင်တယ်”ဟု ဦးဉာဏ်ဝင်းက ပြောသည်။
အာဏာပိုင်များက NLD ရုံးများကို ဖွင့်လှစ်ပေးလိုက်သည့်အတွက် ရှေ့ဆက်ဘာဖြစ်မည်လဲဆိုသည့် အပေါ် မှုတည်ကြောင်း၊ အကောင်းမြင်၍လည်း မရ၊ အဆိုးမြင်လို့လည်း မရကြောင်း ၎င်းက ဆိုသည်။
၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်းနောက်ပိုင်း အာဏာပိုင်များက NLDရုံးခန်းအားလုံးကို ၇ နှစ်ခန့် ချိတ်ပိတ်ခဲ့သည်။ သို့သော် ယခုအခါ NLD ရုံးခန်းဖွင့်လှစ်ရန်အတွက် ဧရာဝတီတိုင်း လပွတ္တာ၊ ရခိုင်ပြည်နယ် စစ်တွေမြို့များတွင် နေရာ အခက်အခဲ ကြုံတွေ့ နေရကြောင်း သိရသည်။
မြစ်ကြီးနားမြို့ရှိ NLD ရုံးကို ယမန်နေ့မှ စတင်ဖွင့်လိုက်သော်လည်း ဆိုင်းဘုတ် အသစ်ပြန်လုပ်ရန်နှင့် ရုံးသန့်ရှင်းရေးများ လုပ်ရန် လိုအပ်နေသေးကြောင်း NLD နှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။
စစ်အစိုးရက မတ်လ ၉ ရက်နေ့မှစတင်၍ အစိုးရပိုင် နေ့စဉ်ထုတ် သတင်းစာများတွင် ရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေနှင့် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေများကို ယနေ့အထိ ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ဥပဒေတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ တည်ရှိနေသာ ပါတီများသည် ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထားရန်ပျက်ကွက်ပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်သွားမည်ဟု ပါရှိသည်။
နိုင်င်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို စစ်အစိုးရက ထုတ်ပြန် ကြေညာခဲ့ပြီးနောက် နိုင်ငံရေး ပါတီတချို့ မှတ်ပုံတင်ရန် အတွက် ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။
စစ်အစိုးရက ထုတ်ပြန်ထားသော ဥပဒေအရ NLD အနေဖြင့် ပါတီမှတ်ပုံ တင်ခြင်း ပြုလုပ်ပါက ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ပါတီမှ ထုတ်ပယ်ရမည်ဖြစ်ပြီး ပါတီ၏ မူဝါဒ ဖြစ်သော ရွှေဂုံတိုင် ကြေညာစာတမ်းကိုလည်း ဖျက်သိမ်းရမည့် အတွက် အကျပ် အတည်းဖြင့် ရင်ဆိုင်နေရသည်ဟု NLDမှ တာဝန်ရှိသူများ ပြောကြားချက်အရ သိရသည်။
Comments (3)

written by Moe Z Thit, March 12, 2010
All people would be afraid to accept the new laws for election. But is there anything what we can do now? It's too interesting to make a decision. It's sure NLD cannot accept these laws. On the other hand, what will NLD do unless they will not involve in 2010 election? One certain thing is that people might loose their hopefully party in 2010 election. The regime will go on their election whether NLD decide to involve or not. For NLD, how they stand as a Main Democratic Party unless they will not involve in 2010 election? To me, as an ordinary people, I just wish NLD and regime should choose their way in medium wave to be the best for Myanmar People. I had worked in oversea for just few years and I am sure our country, Myanmar should be developed more than these countries in SEA region. Wish for the best, Hope for the best.
Write comment
| < Prev | Next > |
|---|








I can't understand the word " naing gan daw" either. SPDC uses that word a lot as if they were representative of the whole country.
SPDC is not the nation. They are junta. They are not even a dejury government.