ဤအကြံပြုချက်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ မစ္စတာ ကင်တာနာ တင်သွင်းသော အစီရင်ခံစာ၌ ထည့်သွင်း ဖော်ပြ ထားခြင်း ဖြစ်သည်။
“ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ” သဘောဆောင်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ယင်းတို့ကို တားဆီးရန် ပျက်ကွက် နေမှုများက“အုပ်ချုပ်ရေး၊ စစ်တပ်နှင့် တရားစီရင်ရေးနယ်ပယ်မှ အာဏာပိုင်များကိုယ်တိုင် လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်နေသဖြင့် အစိုးရက မူဝါဒတရပ် ချမှတ်လုပ်ဆောင် နေသကဲ့သို့ ဖြစ်နေသည်”ဟု ၎င်း၏ အကြံပြုချက်တွင် အစချီ ထားသည်။
နိုင်ငံတကာ တရားသူကြီးများနှင့် နိုဗဲလ်ဆုရှင်များပါဝင်သော အဖွဲ့တဖွဲ့သည် ပြီးခဲ့သည့် ရက်သတ္တပတ်က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း အပါအ၀င် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများနှင့် တွေ့ဆုံ၍ စစ်အစိုးရ၏ ကျူးလွန် နေမှုများအတွက် နိုင်ငံတကာမှ စုံစမ်းစစ်ဆေးမှု ပြုလုပ်နိုင်ရန် ဆွေးနွေးခဲ့ကြသည်။
ထိုဆွေးနွေးပွဲနှင့် တဆက်တည်းမှာပင် Nobel Women's Initiative (NWI)နှင့် မြန်မာအမျိုးသမီးအဖွဲ့များက စီစဉ်သော အခမ်း အနားတခု၌ စစ်အစိုးရ၏ ချိုးဖောက်မှုများကို ကိုယ်တိုင် တွေ့ကြုံခံစားခဲ့ကြရသော အမျိုးသမီး ၁၂ ဦးက အတွေ့ အကြုံများကို တင်ပြခဲ့ကြသည်။ အဆိုပါ ထွက်ဆိုချက်များကို ကြားနာပြီးနောက် မြန်မာစစ်အစိုးရသည် အဓမ္မရွှေ့ပြောင်းမှု၊ ဗလက္ကာယပြုကျင့် ခြင်းနှင့် လိင်ကုန်ကူးခြင်းအပါအ၀င် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ နှိပ်စက် ညှဉ်းပန်းမှု၊ ဘာသာရေးနှင့် လူမျိုးရေးအပေါ်အခြေခံ၍ ဖိနှိပ်မှု စသည့် လူမှုဘ၀နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြမ်းဖက်မှုများတွင် အပြစ်ရှိသည်ဟု ယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ သည်။
သို့ရာတွင် စစ်အစိုးရ၏ ကျူးလွန်မှုများကို နိုင်ငံတကာရာဇ၀တ်ခုံရုံး (ICC) တင်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဆိုပါက ကြီးမားသော အခက်အခဲများကို ကျော်လွှားရဖွယ်ရှိကြောင်း မြန်မာ့အရေး လှုပ်ရှားသူများက ဆိုကြသည်။
ရာဇ၀တ်မှုတခုကို ICC သို့ တင်ပြနိုင်သော နည်းလမ်း ၃ သွယ် ရှိကြောင်း အင်ဒီယားနား တက္ကသိုလ်မှ မြန်မာ့အရေး အတွက် နှစ်ပေါင်းများစွာ လှုပ်ရှားဆောင်ရွက်နေသည့် ဥပဒေရေးရာကျွမ်းကျင်သူ ပါမောက္ခ ဒေးဗစ်ဝီလျံက ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံသည် ရောမစာချုပ်အဖွဲ့ဝင်နိုင်ငံ မဟုတ်သည့်အတွက် ယင်း နည်းလမ်း ၃ သွယ်၏ ပထမနှင့် ဒုတိယ နည်းလမ်းများကို အသုံးပြု၍ မြန်မာ စစ်အစိုးရအား ICC ၌ တရားစွဲဆိုရန် မဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။
တတိယနည်းလမ်းနှင့် ပတ်သက်၍ “ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ICC ရဲ့ တရားလိုရှေ့နေဆီကို အမှုလွှဲပေးလို့ရတယ်။ အဲဒီလို လွှဲပေးတယ်ဆိုရင် မြန်မာနိုင်ငံလို ရောမစာချုပ်အဖွဲ့ဝင်နိုင်ငံ မဟုတ်ပေမယ့် အဲဒီနိုင်ငံထဲမှာ ရာဇ၀တ်မှုတွေ ကျူးလွန် နေတာကို ICC က တရားစွဲလို့ရတယ်။ ဒါကြောင့်မို့ ဒီနည်းလမ်းက မြန်မာစစ်အစိုးရကို ICC မှာ တရားစွဲဖို့ အဖြစ်နိုင်ဆုံးပဲ။ ဆုဒန်နိုင်ငံ ဒါဖာက ရာဇ၀တ်မှုတွေကိုလည်း ဒီနည်းနဲ့ပဲ တရားစွဲခဲ့တာ” ဟု ပါမောက္ခ ဒေးဗစ်ဝီလျံ က ပြောသည်။
NWI နှင့် မြန်မာ့အရေးဆောင်ရွက်နေကြသော အခြားအဖွဲ့များသည် ယင်းတတိယနည်းလမ်းကို အသုံးပြု၍ စစ်အစိုးရအား ICC ၌ တရားစွဲဆိုရန် စဉ်းစားနေကြခြင်းဖြစ်ကြောင်း သိရသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ စစ်အစိုးရအပေါ် ပြစ်တင်ရှုတ်ချမှုများ၊ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် တရုတ်နှင့် ရုရှနိုင်ငံတို့က ကြားနေခြင်း သို့မဟုတ် ဗီတိုအာဏာသုံး၍ ပယ်ချ ခြင်းများ ရှိနေလင့်ကစား ထိုအဖွဲ့များအနေနှင့် မြန်မာအစိုးရအား ICC ၌ အရေးယူဆောင်ရွက်နိုင်ရေးအတွက် လုံခြုံရေးကောင်စီမှတဆင့် အမှုလွှဲပြောင်းပေးနိုင်ရန် ဆက်လက်ကြိုးစားသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
“အစီရင်ခံစာများတွင်ပါရှိသည့် တူညီသောအချက်အလက်များအရ မြန်မာနိုင်ငံတွင် ကျူးလွန်နေသော တချို့လူ့အခွင့်အရေး ချိုးဖောက်မှုများသည် နိုင်ငံတကာ ရာဇ၀တ်ခုံရုံးစာချုပ်ပါ ပြဌာန်းချက်များဖြစ်သည့် လူသားမျိုးနွယ်ပေါ်ကျူးလွန်သည့် ရာဇ၀တ်မှု များ သို့မဟုတ် စစ်ရာဇ၀တ်မှုများ အမျိုးအစား၌ ပါဝင်နိုင်ခြေရှိသည်”ဟု ကင်တာနာ၏ အစီရင်ခံစာတွင် ထောက်ပြထားသည်။
မစ္စတာ ကင်တာနာက ဆက်လက်ပြီး“နိုင်ငံတကာရာဇ၀တ်မှုမြောက်သော ကိစ္စများနှင့် ပတ်သက်၍ လိုအပ်သလို စီစဉ်ဆောင် ရွက်နိုင်ရန် အချက်အလက်ရှာဖွေရေး တာဝန်နှင့် လုပ်ပိုင်ခွင့်အပြည့်ရှိသော စုံစမ်းစစ်ဆေးရေး ကော်မရှင်တခု ဖွဲ့စည်းနိုင်ရေး အတွက် ကုလသမဂ္ဂ အဖွဲ့အစည်းများ အနေနှင့် စဉ်းစားသင့်သည်”ဟုလည်း ဆိုသည်။
Set as favorite
Bookmark
Email this
Hits: 2206
Comments (2)

written by မျိုးချစ်, March 12, 2010
ဒီကိစ္စကို တော်တော် စိတ်ဝင်စားပါသည်။ ဒါပေမယ့် နိုင်ငံတကာ စစ်ခုံရုံးရဲ့ စဉ်းမျဉ်းဥပဒေ၊ လုပ်ထုံး လုပ်နည်းတွေနဲ့ ပတ်သက်လို့ နားမလည်ပါ။ နားလည်တာ တစ်ခုပဲ ရှိပါသည်။ မြန်မာ စစ်အာဏာရှင် တွေဟာ အင်မတန်မှ ရက်စက် ယုတ်မာ ကောက်ကျစ် လှကြောင်းပါ။ သူတို့ကိုစစ်ခုံရုံး တင်နိုင်ဖို့ဆိုတာ ဘယ်လို အချက်အလက်၊ သက်သေေ တွနဲ့ကိုက်ညီမှ တင်လို့ရမှာလဲ သိချင်တယ်။ ဒီလော က်ရက်စက်တဲ့ အာဏာရှင်မျိုးမှ စစ်ခုံရုံးနဲ့ မထိုက် တန်သေးရင် တိုင်း သူပြည်သား အသက်ပေါင်း ဘယ်လောက်ထပ်ရင်းနှီးမှ အမှုေ မြာက်မလဲ ဧရာဝတီက ရှာဖွေ ဖော်ပြပေးစေလိုပါသည်။ တကယ်လုပ်ရင် အဟုတ်ဖြစ်ပါသည်။ မစ္စတာ ကင် တာနာကြီးရဲ့ အြ ကံပြုရေးသားမှု ဘယ်လောက် လက်တွေ့အ ကောင်အထည် ဖော်လုပ်ဆောင် နိုင်မလဲဆိုတာ စောင့်ကြည့်ေ နပါမည်။ အောင်မြင်ဖို့ လည်း မျှော်လင့်နေပါမည်။
written by ဗိုက်ကလေး, March 12, 2010
ဒီစစ်အုပ်စုဟာ. .မြန်မာနိုင်ငံကို သူတို့ ဘိုးဘွား အမွေ ပေးထားတဲ့ အတိုင်း လုပ်ချင်သလို လုပ်နေလိုက်တာ ပြည်သူတွေလဲ သူတို့ ရဲ့ မတရားတဲ့  ဥပဒေအောက်မှာ ကျောကော့ အောင် ခံနေရပြီလေ သေချာကို အစီအစဉ် ဆွဲပြီး ကျူးလွန် နေတာ မြန်မြန်လေးသာ အရေး ယူပါတော့ ဗျို့ .. ....................................
Write comment
| < Prev | Next > |
|---|







