ဥက္ကဋ္ဌ ၁ ဦး၊ အဖွဲ့ဝင် ၁၆ ဦးတို့ဖြင့် ဖွဲ့စည်းထားသည့် “ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်” တွင် တရားသူကြီးများ၊ ရှေ့နေများနှင့် ပါမောက္ခများ ပါဝင်ပြီး ရှမ်း၊ ကချင်နှင့် ရခိုင်စသည့် တိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားကြောင်း တွေ့ရသည်။
ကော်မရှင်အဖွဲ့ဝင်အများစုမှာ လက်ရှိစစ်အစိုးရတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး မကြာသေးမီကမှ အငြိမ်းစားယူထားကြသည့် အရာရှိများဖြစ်သည်။
ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် မြန်မာ့တပ်မတော်တွင် စစ်ဥပဒေချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ တပ်မတော်မှ အငြိမ်းစား ယူပြီးနောက် စစ်အစိုးရက သူ့ကို ဒုတိယတရားသူကြီးချုပ် အဖြစ် တာဝန်ပေးခဲ့သည်။ ထို့ပြင် ၂၀၀၈ ခုနှစ် အခြေခံဥပဒေ မူကြမ်း ရေးဆွဲရေး ကော်မရှင် တွင်လည်း အဖွဲ့ဝင် အဖြစ် တာဝန်ပေးခဲ့သည်။
အဖွဲ့ဝင် ဦးအင်ဇော်နော်သည် မြစ်ကြီးနားမှ အငြိမ်းစား ခရိုင်ဥပဒေအရာရှိ ဖြစ်သည်။ ကချင် တိုင်းရင်းသား ဦးအင်ဇော်နော်သည် ဦးသိန်းစိုးကဲ့သို့ပင် မူကြမ်းရေးဆွဲရေးကော်မရှင် အဖွဲ့ဝင် ဖြစ်ခဲ့ဖူးသည်။
ဒေါက်တာဘမောင်သည် သမိုင်းသုတေသနဌာန ညွှန်ကြားရေးမှူးချုပ်ဟောင်း ဖြစ်သည်။
ဦးညွန့်တင်သည် နိုင်ငံခြားရေးဝန်ကြီးဌာန၏ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန (MISIS) တွင် အတွင်းရေးမှူး အဖြစ် တာဝန်ယူခဲ့သည်။
ဦးအောင်မြင့်သည် ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ဖူးသည်။
ဦးမြင့်နိုင်မှာ ဒုတိယရှေ့နေချုပ် ဖြစ်သည်။
ဒေါက်တာတင်အောင်အေးသည် အငြိမ်းစား တရားရုံးချုပ် တရားသူကြီး ဖြစ်ပြီး ၂၀၀၈ အခြေခံဥပဒေ မူကြမ်း ရေးဆွဲရေး ကော်မရှင် အဖွဲ့ဝင် ဖြစ်သည်။ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။
ဒေါက်တာဒေါ်မြင့်ကြည်သည် ရန်ကုန်တက္ကသိုလ်၊ နိုင်ငံတကာ ဆက်ဆံရေးဌာန ပါမောက္ခဟောင်း ဖြစ်ပြီး စစ်အစိုးရ၏ အမျိုးသမီးရေးရာ အဖွဲ့ချုပ်တွင် ဥက္ကဋ္ဌ အဖြစ် တာဝန် ယူခဲ့ဖူးသည်။
ဒေါက်တာမောင်ထူးသည် မုံရွာတက္ကသိုလ်မှ အငြိမ်းစား ပါမောက္ခချုပ် ဖြစ်သည်။
ကျန်အဖွဲ့ဝင်များမှာ ဦးခင်မောင်နု၊ ဦးစောဘလှိုင်၊ ဦးမောင်သာလှ၊ ဒေါက်တာစိုင်းခမ်းလှိုင်၊ ဒေါ်ခင်လှမြင့်၊ ဦးသာဦး၊ ဦးသာဌေး၊ ဦးဝင်းကြည်တို့ ဖြစ်ကြသည်။
ကော်မရှင်အဖွဲ့ဝင်များသည် လစာ၊ စရိတ် ကြေးငွေရသော အခြား မည်သည့် ရာထူးကိုမျှ လက်ခံခြင်း မပြုသူ၊ ထင်ပေါ် ကျော်ကြားသူ အဖြစ် စစ်အစိုးရက ယူဆသူ၊ အသက် ၅၀ ပြည့်ပြီးသူ ဖြစ်ရမည်ဟု မတ်လ ၈ ရက်နေ့ထုတ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေတွင် ပြဌာန်းထားသည်။
ထိုဥပဒေ ထွက်လာပြီး ၃ ရက်အကြာတွင် ၁၇ ဦးပါ ရွေးကောက်ပွဲ ကော်မရှင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
နှစ် ၂၀ ကျော် သက်တမ်းရှိသည့် ကော်မရှင်ဟောင်းကိုလည်း ပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်မှတ်ရေးထိုး ထုတ်ပြန်သည့် ထိုဥပဒေတွင် ဖော်ပြထားသည်။
ကော်မရှင်သစ်၏ တာဝန်များတွင် ရွေးကောက်ပွဲ ကျင်းပရေးအပြင် နိုင်ငံရေးပါတီများကို ကြီးကြပ်ရေးလည်း ပါဝင်သည်။
Set as favorite
Bookmark
Email this
Hits: 4926
Comments (4)

written by မောင်မိုးညို, March 14, 2010
ဗိုလိချုပ်သိန်စိုးက ခုချိန်ထိ ဒုတရားသူကြီးချုပ် လုပ်နေဆဲပါ။ ပြီးခဲ့တဲ့ (၁၉၇၄)ရွေးချယ် တင်မြှောက်ပွဲ ကော်မရှင်မှာ ဥက္ကဌ လုပ်ခဲ့တဲ့ ဦးဒိန်ရတန် (နောင်အခါ နိုင်ငံေ တာ်ေ ကာင်စီဝင်ပ င်ဖြစ်ခဲ့သူ) ရဲ့ ၈၈ အရေးအခ င်းကာလ မှတ်ချက်ကိုကြည့်ပါ။ "၁၉၇၄ ပြည်ထောင်စုဆိုရှ ယ်လစ်သ မ္မတမြန်မာန င်ငံတော်ဖွဲံစည်းပုံအေ ခြခံဥပဒေ နှင့် ရွေးချယ် တင်မြှောက်ပွဲအဆင့်ဆ င့်တို့တွင် ပြည်သူတို့၏ ဆန္ဒရယူမှုအလွန်န ည်းကြောင်း" ၀န်ခံသွားတာ ကိုကြည့်ပါ။
written by Thazin Pyu, March 12, 2010
ကိုယ့်ဆင်ဖဲ - ကိုယ်ချိုးတာလေ--- ဒါမှ ရာနှုန်းပြည့် ဒိုင်စားမှာပေါ့---မိုက်တယ်နော
written by သိနေတယ်လေ, March 12, 2010
မြန်မာပြည် တခုလုံး စစ်ဗိုလ်ကို ဘုရား ထူးနေရတဲ့ ခောတ်မှာ စစ်ဗိုလ်ဟောင်း မတရား သူကြီးလည်း လုပ်ခဲ့ဘူးတဲ့ သူက ကော်မရှင် ဥက္ကဋ္ဌ ဆိုတော့ ကျန်တဲ့အော က်ကလူတွေက ပုတ်သင်ညိုပဲ့ လုပ်ရမှာပဲ့၊ လုပ်ဇာတ် ရွေးကောက်ပွဲ အကြောင်းကတော့ ကြားရလေ ဒေါသ ထွက်လေပဲ့ နောက်ဆုံး လက်နက်ကိုင် တော်လှန်ရေးက အကောင်းဆုံးပဲ့ ထင်ပါတယ်။
written by သိလိုသူ, March 12, 2010
(ဦးညွန့်တင်သည် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ မဟာ ဗျူဟာနှင့် နိုင်ငံတကာ လေ့လာေ ရးဌာန (MISIS) တွင် အတွင်းရေးမှူး အဖြစ် တာဝန် ယူခဲ့သည်။)
တစ်ချိန်က ကနေဒါ သံအမတ် ပြင်သစ် နိုင်ငံဆိုင်ရာ သံအမတ် လုပ်ခဲ့ဖူးသူ လေတပ် ဗိုလ်မှူးကြီးဟောင်း ဦးညွန့်တင် ဟုတ်မဟုတ် သိလိုပါသည်။
တစ်ချိန်က ကနေဒါ သံအမတ် ပြင်သစ် နိုင်ငံဆိုင်ရာ သံအမတ် လုပ်ခဲ့ဖူးသူ လေတပ် ဗိုလ်မှူးကြီးဟောင်း ဦးညွန့်တင် ဟုတ်မဟုတ် သိလိုပါသည်။
Write comment
| < Prev | Next > |
|---|







