၂၀၀၈ ဖွဲ့စည်းပုံကို ဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြား

E-mail Print
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးခွဲများ ပြန်လည်ဖွင့်ခွင့် ရပြီးနောက် လတ်တလောတွင် အချက် ၂ ချက်ကို အဓိကထား လုပ်ဆောင်ကြရန် ဒေါ်အောင်ဆန်း စုကြည်က ညွှန်ကြားကြောင်း သိရသည်။

ရွှေဂုံတိုင်ကြေညာစာတမ်းကို ဟောပြောဆွေးနွေးကြရန်နှင့်၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အဘယ့်ကြောင့် လက် မခံ သင့်ကြောင်း ဆွေးနွေးကြရန်ဟူသော အချက်များဖြစ်သည်။

ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဉာဏ်ဝင်းတို့ ၂ နာရီကြာတွေ့ဆုံရာတွင် ထိုသို့ ပြောဆိုခြင်းဖြစ်သည်။

“ရွှေဂုံတိုင်ကြေညာစာတမ်းကို ဟောပြောဆွေးနွေးမှုတွေ လုပ်ရမယ်ဆိုတာက လူထုရော၊ NLD အဖွဲ့ဝင်တွေပါ များများ သိမြင် နားလည်စေဖို့ ရည်ရွယ်ချက်နဲ့လုပ်ဖို့ အကြံပြုတာပါ”ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဥပဒေကို လူတိုင်းနားလည်စေရန်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘာကြောင့် လက်မခံသင့်ကြောင်းဆွေးနွေးစေလိုခြင်း ဖြစ်သည်ဟု သိရသည်။

ပြဌာန်းလိုက်သည့် ရွေးကောက်ပွဲ ဥပဒေများက လူ့အခွင့်အရေး ချိုးဖောက်နေမှု၊ ပြဌာန်းချက်များက ဥပဒေနှင့် တိုင်းပြည်၏ ဂုဏ်သိက္ခာထိခိုက်နေမှုကို NLD အပါအဝင်၊ အခြားအင်အားစုများနှင့် တိုင်းရင်းသားများကပါ အရေးထားဆောင်ရွက်ကြရန် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အရေးယူဆောင်ရွက်ရမည်ဟု ဆိုရာတွင် ပြည်သူလူထုကိုယ်တိုင်က ကိုယ်ရသင့်သည့် အခွင့်အရေးကို နားလည်ပြီး တောင်းဆိုတာမျိုး ဖြစ်သင့်သည်ဟုလည်း ပြောကြားသည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က စတင်၍ ၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်းအပြီး ချိတ်ပိတ်ထားသော တနိုင်ငံလုံးရှိ NLD ရုံးများကို အာဏာပိုင်များက ပြန်လည်ဖွင့်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။ 

စစ်အစိုးရက မတ်လ ၉ ရက်နေ့မှစတင်၍ အစိုးရပိုင် နေ့စဉ်ထုတ် သတင်းစာများတွင် ရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေနှင့် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေများ ကို ယနေ့အထိ ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
Comments (4)Add Comment
0
...
written by titan, March 13, 2010
good.do it immediately if u can.i know that u r doing for us without expecting anything for u.so let the public know what u r doing.thank u all who r trying for our public.
0
...
written by Tun, March 13, 2010
NLD အတွက် အခွင့် အရေး မရှိတဲ့ ဥပဒေ ကို တိုက်ဖျက်ကြဟေ့
0
လက်နက်နဲ့ငြိမ်းချမးရေး
written by မျိုးချစ်, March 12, 2010
ပြည်သူ လူထုတွေရ သင့်တဲ့အခွင့် အရေး ကိုယ် တိုင်သိမြင်တောင်းဆိုဖို့ ဆိုတာ ဒီစစ်ဘိုေ တွရဲ့နား ကို အရင်ဆ န်းစစ်ကြ ည့်လိုက်ပါ။ အခွင့်အေ ရးအကြောင်းသူတို့နားထဲအ၀င်မခံနိုင်ဘူးလေ။ နားတကယ်ပင်းတဲ့လူက အမူအယာ ကိုကြည့်ပြီး အခြေအနေကို သဘောပေါက်နားလ ည်နိုင်ပေမယ့် နားပင်းချင်ယောင်ဆောင်နေတဲ့လူက ဘာကိုမှ မကြားမြ မင်နိုင်ဘူးလေ။ ဆိုတော့ ဒီစစ်အာဏာရှင်တွေဆီမှာ “တောင်းဆိုမှု” လုပ်တာ ... ဘာကြီးနဲ့တူနေမလဲ။ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်း ဆိုမှုထက် ဗိုလ်ချုပ်ေ အာင်ဆန်းရဲ့ လက်နက်ကိုင်တိုက်ပွဲဝင်တဲ့ဗျူဟာကို ပိုနှစ်သ က်ပါတယ်။ ပိုထိရော က်မယ်လို့လည်း ယုံကြည်တယ်။ ဒီလိုမှ မဟုတ်ရင် မျိုးဆက်ဘယ်နှစ်ဆက်လောက် ဆက်ပြီး အဖိနှိပ်ခံေ နရမလဲဆိုတာ တွေးသာကြ ည့်ကြပါတော့။
လက်နက်ကို သင့်တင့်လျောက်ပတ်စွာ အသုံးပြုရင် ငြိမ်းချမ်းရေးကို အမှန်တကယ် ဆောင်ကျဉ်းေ ပးနိုင်ပါတယ်။
0
ပြောကြားပေးပါ
written by ပေါက်ပေါက်, March 12, 2010
များများ ထုပ်လွင့် ပြောကြား ရှင်းလင်းပေး စေချင်ပါတယ်
မှားကွက် ဟာကွက် ချုပ်ကွက် နှိပ်ကွပ်မဲ့ အချက်တွေ ထင်ထင်ရှားရှား ပြောကြား ပေး စေချင်ပါတယ်
မှန်ကန်ေ အာင်ဆုံးဖြတ်ချင်ကြပါတယ်

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်