ယခုအချိန်သည် ဒီမိုကရေစီ အင်အားစုများအတွက် အမွန်းကျပ်ဆုံး ကာလဖြစ်ကြောင်း၊ စစ်အာဏာရှင်များက လူထုတရပ်လုံးကို လိမ်လည် လှည့်ဖျား၍ ဖိနှိပ်အုပ်စိုးထားကြောင်း ၎င်းက မွေးနေ့ အမှတ်တရ စကားတွင် ဖော်ပြထားသည်။

ဦးဝင်းတင်က “ကျနော်မသေခင်တော့ စစ်အာဏာရှင် စနစ်ကို ဖြိုဖျက်ရေးအတွက် လုပ်နိုင်တဲ့နေရာကနေ လုပ်သွားမယ်၊ လုပ်လို့ရတဲ့သူနဲ့ ပူးပေါင်းလုပ်မယ်။ ဘယ်ပါတီ၊ ဘယ်အဖွဲ့စည်းရယ်လို့ မဟုတ်ဘူး၊ ကျနော်တတ်နိုင်သမျှ၊ တတ်စွမ်းသမျှ လုပ်မယ်လို့ သံန္နိဌာန်ချထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဦးဝင်းတင်က ထောင်အတွင်းကျင်းပခဲ့ရသည့် သူ၏ မွေးနေ့ပွဲများတွင် တဦးတည်း စကားပြောကာ ဖြတ်သန်းခဲ့ရကြောင်း၊ ပုလင်းကွဲဖြင့် ထောင်နံရံနှင့် ကြမ်းပြင်ပေါ်တွင် ကဗျာများ၊ စာတိုပေစများကို ရေးသား ကုန်ဆုံးစေခဲ့ရကြောင်း ပြောပြသည်။
“ဆရာ့ရဲ့ ၈၀ ပြည့်မွေးနေ့ကတော့ အပြင်မှာ လွတ်လွတ်လပ်လပ် ကျင်းပခွင့်ရတာ ၀မ်းသာပါတယ်။ ဒါပေမယ့် နိုင်ငံရေး အခြေအနေအရ အကြီးမားဆုံး၊ အခက်ခဲဆုံးမှာ သူ ဦးဆောင်နေရတယ်။ လက်ရှိနိုင်ငံရေး အကျပ်အတည်းမှာ ဆရာ့ရဲ့ ဦးဆောင်မှုနဲ့ အကျပ်အတည်းကနေ လွန်မြောက်နိုင်ပါစေလို့ ဆုတောင်းပါတယ်”ဟု မြန်မာ့သတင်း သမဂ္ဂ (BMA) ဒုတိယ ဥက္ကဋ္ဌ ဦးဇင်လင်းက ဆိုသည်။
ဦးဝင်းတင်၌ ပုဂ္ဂိုလ်ရေး ပိုင်ဆိုင်မှု တစုံတခုမျှ မရှိကြောင်း၊ နိုင်ငံအပြောင်းအလဲအတွက် တာဝန်ရှိသည်ဟု ယူဆကာ သတင်းစာ ဆရာ ဘ၀မှ နိုင်ငံရေးသမားဘ၀သို့ ပြောင်းလဲခဲ့ကြောင်း NLD (လွတ်မြောက်နယ်မြေ) နိုင်ငံခြားရေးရာ ဌာနမှ ကိုမိုးဇော်ဦးက ဆိုသည်။
“ဦးဝင်းတင်ရဲ့ အကုန်လုံးကို စွန့်လွှတ် အနစ်နာခံပြီးတော့ ဆက်လုပ်နေတဲ့ စိတ်ဓာတ်ကတော့ တော်တော်ချီးကျူးဖို့ကောင်းတယ်၊ လေးစားဖို့ကောင်းတယ်။ ကျနော်တို့ အားလုံးအတွက် အတုယူဖို့ကောင်းတယ်” ဟု ကိုမိုးဇော်ဦးက ပြောသည်။
ဦးဝင်းတင် မွေးနေ့ အမှတ်တရ စကားတွင် မကြောက်တရား၊ သွေးစည်းညီညွတ်ရေး၊ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေးအတွက် ရည်မှန်းချက် ပန်းတိုင်ထားကာ ရင်ဆိုင် ချီတက်ရေး လက်နက်များကို ကိုင်စွဲ၍ တိုက်ပွဲဝင်သင့်ကြောင်းလည်း ပါရှိသည်။
နိုင်ငံတကာမှ ဦးဝင်းတင်ကို ချစ်ခင်လေးစားကြသူများက သူ၏ မွေးနေ့ အမှတ်တရစကားကို အင်တာနက် အီးမေးလ်များမှ တဆင့် ဖြန့်ဝေခဲ့ကြသည်။
တချိန်တည်းမှာပင် ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) က ဦးဝင်းတင်၏ ထောင်တွင်း အတွေ့အကြုံ များကို ရေးသား တင်ပြ ထားသည့် “ဘာလဲဟဲ့ လူ့ငရဲ” အမည်ရ စာအုပ်ကို ဖြန်ချိသွားမည် ဖြစ်သည်။
AAPP အတွင်းရေးမှူး ကိုတိတ်နိုင်က “ဆရာ ဦးဝင်းတင်ဟာ ထောင်ထဲမှာ ရက်ပေါင်း ၇၀၀၀ ကျော် နေခဲ့ပါတယ်၊ ထောင်ထဲမှာ တရက် တရက်ကို ဖြတ်သန်းဖို့ ခက်ခဲပါတယ်။ ဦးဝင်းတင်ရဲ့ စိတ်ဓာတ်နဲ့ ဖြတ်သန်းမှုကိုတော့ လေးလေး နက်နက်ကို တန်ဖိုးထား ဂုဏ်ယူတယ်၊ လေးစား အသိအမှတ် ပြုပါတယ်” ဟု ပြောသည်။
အဆိုပါစာအုပ်တွင် အခန်း ၁၀ ခန်းနှင့် ဆောင်းပါး ၄၂ ပုဒ်ပါရှိကာ စာအုပ်ဝယ်ယူလိုသူများ အနေနှင့်
This e-mail address is being protected from spambots. You need JavaScript enabled to view it
ကို ဆက်သွယ်နိုင်ကြောင်းသိရသည်။
၁၉၂၉ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် မွေးဖွားခဲ့သည့် သတင်းစာဆရာ တဦးလည်း ဖြစ်သော ဦးဝင်းတင်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် ၁၉၈၉ ခုနှစ် ဇူလိုင်လတွင် အစိုးရ ဆန့်ကျင်သည့် နိုင်ငံရေးပုဒ်မတို့ဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ် ခြင်းခံခဲ့ရပြီး ထောင်တွင်း၌ ၁၉ နှစ် ကျော်နေခဲ့ရသူ ဖြစ်သည်။ ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက် လာခဲ့သည်။
ဦးဝင်းတင်သည် ဂုဏ်သိက္ခာရှိပြီး ရဲရင့်သူ တဦး ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ကလည်း မှတ်ချက်ပေးခဲ့ဖူးသည်။
ဦးဝင်းတင်ကို ၂၀၀၁ ခုနှစ်တွင် ယူနက်စ်ကို ဂွီလာရ်မို ကာနို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဆုနှင့် ကမ္ဘာ့ သတင်းစာများ အသင်းကြီးက လွတ်လပ်မှု ရွှေကလောင်ဆု၊ နယ်စည်းမခြား သတင်းထောက်များဖွဲ့နှင့် ပြင်သစ် ဖောင်ဒေးရှင်းများက ပူးတွဲ၍ လွတ်လပ်မှု ရွှေကလောင်ဆုများ ချီးမြှင့်ခဲ့သည်။

written by htay tint, March 13, 2010
ဂုဏ်ပြု နာမည် ပေးချင်ပါတယ် ။
မြန်မာပြည်က ဒီမိုကရေစီဖိုးဖိုး လို့ 
ကိုဌေးတင့် နယ်သာလန်က အသဲထဲမှာ မှတ်တမ်းတင်ပါတယ် ။
written by REALITY, March 13, 2010
ဆုံးဖြတ်လိုက် ရဲရဲ
(တေဇသူရ)
လက်အားတိုင်း မရေးနဲ့
ပါးစပ်အားတိုင်း မဟနဲ့
စစ်သားကတော့ စစ်သားပီပီ
ဆုံးဖြတ်ထားတဲ့ တိုက်ပွဲကို
ပြတ်ပြတ်သားသား တိုက်တယ်
ကဲ…. အတိုက်အခံနဲ့ နိုင်ငံရေးပါတီတွေ
တိုက်ရဲသလား ခံရဲသလား
ခံမယ်ဆိုရင်တော့ ......
ဆွေစဉ်မျိုးဆက် ဆက်ခံပေါ့
ဒါပေမဲ့…. တခုတော့မှတ်ထားလိုက
written by titan, March 13, 2010
written by မျိုးချစ် B.S.C. (Geology), March 13, 2010
ကျွန်တော် တို့ပြည်သူ တရပ်လုံးကို.. လွတ်လပ်တဲ့ နိုင်ငံသားတွေ မှာသာ ရရှိနိုင်တဲ့ လူ့အခွင့် အရေး၊
လူ့တန်ဘိုးနဲ့ အတူ ဒီမိုကရေစီရဲ့ တန်ဘိုး.. တာဝန်နဲ့ ၀တ္တရား တွေကို ဆရာကြီး နဲ့ အတူ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်.. ဦးတင်ဦး.. တို့က လမ်းညွှန် ပြသတာကို ခံယူနိုင်ဘို့ အတွက် ဆရာကြီးတို့ ကို အသက်ရှည် ကျန်းမာစေဘို့ မြန်မာ ပြည်သူ တရပ်လုံး အများစုက ဆုတောင်း မေတ္တာ ပို့သနေပါတယ်။ ဆရာကြီးလည်း မိမိ ကျန်းမာရေးကို အလေး ဂရှုပြုပေးရန် အထူး တောင်းပန်ပါတယ်။
မျိုးချစ်။ B.S.C. (Geology)
written by Lydia, March 13, 2010
Long Life Uncle U Win Tin!!!!!!!!
with much respect,
written by Ko J J, March 12, 2010
ရှိနေငြားလည်း သံမဏိလို
တင်းမာရဲရင့် စိတ်ဓါတ်ပြင်းကို
တို့များ ဦးညွှတ် လေးစားသည်.....
| < Prev | Next > |
|---|








I wish everything goes very well with Aba U Win Tin.