နိုင်ငံရေးပါတီ အသစ်များ မှတ်ပုံတင်ရမည့် နေ့ရက်နှင့် ပတ်သက်ပြီး ယင်း ဥပဒေ က ဖော်ပြထားခြင်း မရှိသေးသော်လည်း အသစ် ဖွဲ့စည်းမည့် နိုင်ငံရေး ပါတီများ အနေဖြင့် ယခုလကုန်ပိုင်းနှင့် ဧပြီလအတွင်း မှတ်ပုံတင်ရန် စီစဉ်ထားသည်ဟု အမျိုးသား နိုင်ငံရေး မဟာမိတ်အဖွဲ့ချုပ်မှ သဘာပတိ အဖွဲ့ဝင် ဦးကြည်ဝင်းက ဧရာဝတီသို့ ပြောသည်။
အမျိုးသား နိုင်ငံရေး မဟာမိတ်အဖွဲ့ချုပ် အပါအ၀င် ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်၊ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း( ကြံဖွံ့)၊ ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ် အဖွဲ့ စသည့် နိုင်ငံရေး ပါတီ ၇ဖွဲ့ခန့်က မှတ်ပုံတင်ရန် အစီအစဉ်ရှိကြောင်း ၎င်း ဆိုသည်။ရန်ကုန်မြို့ရှိ အစိုးရနှင့် နီးစပ်သူတဦးကလည်း ၂၀၁၀ ရွေးကောက်ပွဲ၌ ပါဝင်ရန်အတွက် ကြံ့ဖွံ့ အဖွဲ့က ပါတီ ၃ ခုဖွဲ့စည်းရန် သတင်းများ ထွက်ပေါ်နေသည်ဟု ပြောသည်။
“ကြံ့ဖွံ့က ၃ပါတီ ဖွဲ့မယ်လို့ ကျနော်တို့ကြားတယ်၊ ဒါပေမယ့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)ကတော့ သူတို့ လှုပ်ရှားမှုတွေကို မတွေ့ရသေးဘူး၊ လွန်ခဲ့တလက လှည်းကူးမြို့နယ်ဘက်မှာ စည်းရုံးရေး ဆင်းနေတာကိုတော့တွေ့ရတယ်”ဟု ၎င်းက ဆိုသည်။
တစည ပါတီသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ နဝတ စစ်အစိုးရက လွှတ်တော်တွင် အမတ်နေရာ ရရှိရေးအတွက် မဆလ ပါတီ လူဟောင်းများကို အသုံးပြုကာ ရွေးကောက်ပွဲ ဝင်ခဲ့ဖူးသည်။
ဒီမိုကရက်တစ်ပါတီမှ ဒေါ်သန်းသန်းနုက ပါတီမှတ်ပုံတင် ဖြစ်ပါက ယခုလအတွင်း တင်ဖြစ်မည် ဖြစ်ကြောင်း၊ ယခုလက်ရှိ ရွေး ကောက်ပွဲ ဥပဒေများကို လေ့လာနေကြောင်း ပြောသည်။
ယင်း ဒီမိုကရက်တစ် ပါတီကို ၀ါရင့် နိုင်ငံရေးသမားကြီး ဦးသုဝေက ပြီးခဲ့သည့်နှစ် စက်တင်ဘာလ အတွင်း၌ ယခင် ပါလီမန် ဒီမို ကရေစီခေတ် ၀န်ကြီးချုပ်များ ဖြစ်ခဲ့သည့် ဦးနု ၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့၏ သားသမီးများဖြစ်သော ဒေါ်သန်းသန်းနု၊ ဒေါ်ချိုချို ကျော်ငြိမ်းနှင့် ဒေါ်နေရီဗဆွေ တို့ ဖြင့် ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌ အဖြစ်တာဝန်ယူ ဆောင်ရွက်သည်။
ပါတီ မှတ်ပုံတင်ရန် အတွက် ဗဟိုဦးစီး အဖွဲ့ဝင်များနှင့် ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်များ မကြာခင်ရက်ပိုင်းက အစည်းအဝေး ပြုလုပ်၍ ၈၈ မျိုးဆက်ကျောင်းသား လူငယ်များ ပြည်ထောင်စု မြန်မာနိုင်ငံနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ် ပါတီ နာမည်များဖြင့် တင်ရန် စီစဉ်ထားသည်ဟု ၎င်း အဖွဲ့များ၏ ခေါင်းဆောင် ကိုအေးလွင်က ဆိုသည်။
“ပါတီ အလံကျတော့ ကျနော်တို့က ဒီ ၈၈ မျိုးဆက်ကျောင်းသား လူငယ်များ ပြည်ထောင်စု မြန်မာနိုင်ငံ အတွက် ခွပ်ဒေါင်း အလံ ကို သုံးတယ်၊ နောက်ခံ အနီရောင်၊ ပါတီ တံဆိပ် အနေနဲ့ကတော့ ခွပ်ဒေါင်း တခုအနေနဲ့ပဲ သုံးတယ်၊ နောက်တခါ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ် အလံကတော့ အပေါ်က အ၀ါ၊ အလည်က အစိမ်း၊ အောက်က အနီလေ သုံးရောင်ချယ်၊ ပါတီ တံဆိပ်အနေနဲ့ကတော့ အစိမ်းရောင်နဲ့ အဲဒီ ကဒေါင်းလေးကိုပဲ သုံးလိုက်တယ်”ဟု ၎င်းက ရှင်းပြသည်။
ထိုသို့ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသူများရှိနေသော်လည်း အဓိက နိုင်ငံရေး ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှာအကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော တိုင်းရင်းသားပါတီတချို့က ရွေး ကောက်ပွဲဝင်ရန် ဆန္ဒမရှိဖြစ်နေကြောင်းလည်း သိရသည်။
ဥပဒေတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အရ တည်ရှိနေသော ပါတီများသည် ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထားရန်ပျက်ကွက်ပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်သွားမည်ဟု ပါရှိသည်။
Set as favorite
Bookmark
Email this
Hits: 6560
Comments (10)

written by Myo, March 16, 2010
It is too late attack SPDC. It is a time to defense Myanmar people. ကြံ့ဖွံ့ will become a big party in terms of the number of party members. ကြံ့ဖွံ့ will protect 1.the stability of the army 2.their own interest 3. people interest. So we need parties which has pure intention in protecting Myanmar peoples' interest and development only. We are playing in a football field with 11 people vs 22 people on the other sides. The main striker was out of the filed. Other strikers are margined. What we can do is to defense our goal with all our might.
written by Mai , March 15, 2010
ရွေးကောက်ပွဲ ၀င်ဖို့ ပြင်ဆင်နေတဲ့ လူကြီး တစ်ယောက်ကို မေးကြည့်တယ်၂၀၀၈ ဖွဲ့စည်းပုံ အကြောင်း မရှင်းတာ မေးတော့ သူလည်း ကောင်းကောင်း နားမလည်ဘူး တဲ့ ... ဒါများ ၂၀၁၀ ရွေးကောက်ပွဲ ၀င်ပြိုင်ကြ အုံးမယ် ... ကိုယ့်လူမျိုး ကိုယ့်တိုင်ပြည်ကို ငရဲပို့မယ့် ဒီလူနဲ့ အပေါင်း အပါများကို ၀ိုင်းဝန်း ဆန့်ကျင့်ကြပါ
written byုkyawha77, March 15, 2010
သူခိုးများ၊ လူသတ်သမားများ၊ အချောင်သမားများ အတွတ် ရွေးကောက်ပွဲ ဥပဒေ ဖြစ်ပါသည်။
written by ko myanmar, March 15, 2010
နအဖ နှင့် ပေါင်းပြီး တိုင်းပြည်ကို ဖျက်ဆီးဖို့ ရွေးကောက်ပွဲ ဝင်ဘို့ ပြင်တယ် လို့ဘဲ ပြောခြင်းတယ်။
written by nyi nge , March 15, 2010
မဖြစ်မနေ မဲထည့် ရတော့မယ် ဆိုရင် စစ်အစိုးရ ပါတီကို ဆန့်ကျင်တဲ့ မဲ့ပဲ ထည့်မှာပါ။
အဲဒီ အတွက် NLDလို ပါတီမျိုး ဘယ်နှစ်ပါတီ ရှိသလဲ ဆိုတာ မေးချင်တယ်ဗျာ။
ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့သူတွေကော မဆန့်ကျင်တဲ့ သူတွေကော ဖြေပေးကြပါ။
အဲဒီ အတွက် NLDလို ပါတီမျိုး ဘယ်နှစ်ပါတီ ရှိသလဲ ဆိုတာ မေးချင်တယ်ဗျာ။
ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့သူတွေကော မဆန့်ကျင်တဲ့ သူတွေကော ဖြေပေးကြပါ။
written by ဇင်ယော်, March 14, 2010
ကိုအေးလွင်ကတော့ လုပ်ချ လိုက်ပြန်ပြီ ဒီတစ်ခါ စကားအလုံး အသုံး အနှုန်းတွေ တယ်ပြီး လှပ ယဉ်ကျေးနေပါလား။ ဒေါင်း အလံကိုတောင် သုံးဦးမယ် ဟုတ်စ "ခင်ဗျား နဲ့ တန်လို့လား"။
written by ဆရာကြီး, March 14, 2010
ရွေးကောက်ပွဲ ဝင်မည့်ပါတီ အားလုံး အထူး သတိရှိဘို့ တင်ပြခြင်းပါသည်။ နအဖ နှင့် ပေါင်းပြီး တိုင်းပြည်ကို ဖျက်ဆီးဖို့ ရွေးကောက်ပွဲ ဝင်ဘို့ ပြင်တယ်လို့ဘဲ ပြောခြင်းတယ်။ ဘာလို့လဲ ဆိုတော့ ၂၀၀၈ ဖွဲ့စီးပုံက ထင်ရှား ပြနေပြီးဘဲ။ စဉ်စားကြည့်လေ။ ယခုပါတီ ဝင်ပြိုင်တဲ့ လူတွေဟာ။ ပွဲလန့် ဖျာခင်းတွေပါ။ ဒီလိုဘဲ ပြောခြင်းတယ်။ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး ကမ္ဘာအလယ် လက်ရှိထက် ပို အောက်ကျအောင် မလုပ်မိဘို့ ပြောတာပါ။
စိတ်ကူး မယဉ်ကြပါနှင့်။ လမ်းကြောင်း အမှန် ရောက်အောင် တိုက်ဖို့ အချိန်ပါ။
စိတ်ကူး မယဉ်ကြပါနှင့်။ လမ်းကြောင်း အမှန် ရောက်အောင် တိုက်ဖို့ အချိန်ပါ။
written by Thazin Pyu, March 13, 2010
ဘယ်လို မတရားမှု တွေနဲ့ ပြဌါန်းထားတဲ့ ဥပဒေ ဖြစ်ပါစေ--ဘယ်လောက် ဂုဏ်သိက္ခာမဲ့တဲ့ ပါလီမာန် ဖြစ်ပါစေ-- ဘာဘဲဖြစ်ဖြစ် နေရာတစ်နေရာ ရရင်ပြီးရော လွတ်နေတဲ့ နေရာတွေကလည်း အမျာကြီးဘဲ ငါတို့ ကံကောင်း တာဘဲ ဆိုပြီး ခပ်ပေါ့ပေါ့ ခပ်လွယ်လွယ် ၀င်ပါတာမျိုးတော့ မလုပ်ကြပါနဲ့------ သေသေ ချာချာ အဘက်ဘက်က စဉ်းစားပြီးမှ နိုင်ငံတော်နဲ့ ပြည်သူတွေ အတွက် အမှန်တကယ် စစ်မှန်တဲ့ စေတနာနဲ့ လုပ်ကြဖို့ မေတ္တာ ရပ်ခံပါတယ် -- မဟုတ်ရင် လူကြီးမင်းတို့ သမိုင်း တရားခံ ဖြစ်လာကြလိမ့်မယ်---မိမိတို့ရဲ့ ဂုဏ်သိက္ခာကို တန်ဖိုး ထားကြပါ---- ရှေးမှာ သင်ခန်းစာတွေ အများကြီး ရခဲ့ကြပြီဘဲ --------------။
Write comment
| < Prev | Next > |
|---|







