ရွက်လွှင့်လာသော ရိုဟင်ဂျာ ၉၃ ဦးကို မလေးရှားက ဖမ်းဆီး

E-mail Print
မြန်မာနိုင်ငံမှ လှေဖြင့် ပင်လယ်ပြင်သို့ ရွက်လွှင့် ထွက်ခွာ လာသော ရိုဟင်ဂျာ ၉၃ ဦးကို မလေးရှား ရေပိုင်နက် အတွင်း ဖမ်းဆီး လိုက်ကြောင်း မလေးရှား ရေတပ် တာဝန်ရှိသူများက ယမန်နေ့က ထုတ်ဖော် ပြောဆို လိုက်သည်။

ဖမ်းဆီး ထိန်းသိမ်းခံရသော ရိုဟင်ဂျာများသည် ပင်လယ်ပြင်အတွင်း ရောက်ရှိနေသည်မှာ ရက်ပေါင်း ၃၀ ခန့် ရှိပြီဖြစ်ကြောင်း အေအက်ဖ်ပီ သတင်း တရပ်တွင် ရေးသားထားသည်။

ရိုဟင်ဂျာများကို မလေးရှားနိုင်ငံ Langkawiကျွန်း အနောက်မြောက်ဘက် ကမ်းရိုးတန်း အနီးတွင် မလေးရှား ရေတပ်က ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

မလေးရှားရေတပ် တာဝန်ရှိသူ Zulkifli Abu Bakerက လှေပေါ်တွင် ပါလာသောသူများသည် မလေးရှားနိုင်ငံသို့ တရားမ၀င် ၀င်ရောက်ရန်  ကြိုးပမ်းခဲ့သည့် အတွက် ယခုအခါ ဖမ်းဆီးထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ကာ မည်သို့ ဆောင်ရွက်ရမည်ကို ဆုံးဖြတ်မည် ဖြစ်ကြောင်း ဆိုသည်။

“ကျနော်တို့ရဲ့ မြောက်ပိုင်း ရေပိုင်နက်အတွင်းမှာ ဒီလိုလူအများအပြားကို ဖမ်းဆီးတာ ဒီအကြိမ်ဟာ ပထမဆုံးပါပဲ၊ ဒီအဖွဲ့ကို  Kedahပြည်နယ် မြောက်ပိုင်း လူဝင်မှုကြီးကြပ်ရေးရုံးကို လွှဲပြောင်းပေးလိုက်ပါပြီ” ဟု Zulkifli Abu Bakerက ပြောသည်။

ယခင်နှစ် ဇူလိုင်လက ရိုဟင်ဂျာ ဒုက္ခသည်များကို မလေးရှားနိုင်ငံအတွင်းသို့ တရားမ၀င် ၀င်ရောက်ရာတွင် ပါဝင်ကူညီခဲ့သည့် လူဝင်မှုကြီးကြပ်ရေးမှ တာဝန်ရှိသူ ၅ ဦးကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

၂၀၀၉ ခုနှစ်ဆန်းပိုင်းတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ ရိုဟင်ဂျာများသည် ပင်လယ်ခရီးဖြင့် ပြည်ပသို့ ထွက်ခွာခဲ့ကြသည်။ အဆိုပါ လှေစီး ရိုဟင်ဂျာများသည် ထိုင်း နှင့် မလေးရှားနိုင်ငံသို့ ရောက်ရှိ သောင်တင်လျက် ရှိသည်။

ရိုဟင်ဂျာ အများအပြားသည် မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံများသို့ သွားရောက်ရန် အတွက် မြန်မာနိုင်ငံမှ အလုံး အရင်းဖြင့် ထွက်ခွာလျက် ရှိသည်။ ၎င်းတို့သည် အစ္စလမ် ဘာသာဝင်များဖြစ်ပြီး နိုင်ငံမဲ့နေသော လူ နည်းစုဖြစ်ကာ ရခိုင်ပြည်နယ်၏ ပြင်ပသို့ သွားလာခွင့်မရစေရန် မြန်မာ အာဏာပိုင်များက ဖိနှိပ်ထားသည်။

မြန်မာအာဏာပိုင်များ ထုတ်ပြန်ထားသည့် မြန်မာ နိုင်ငံရှိ တိုင်းရင်းသား လူမျိုးစု ၁၃၅ စု စာရင်းတွင်လည်း ရိုဟင်ဂျာများ ပါဝင်ခြင်း မရှိပေ။ ယခင် ၂၀၀၈ စက်တင်ဘာလက ရိုဟင်ဂျာ ၁ဝဝ ကျော်သည် အလုပ်အကိုင် ရရှိရေးအတွက် ရန်ကုန်သို့ သွား ရောက်ရန် ကြိုးပမ်းစဉ် ဖမ်းဆီးခံရသည်။ အာဏာပိုင်များက ထောင်ဒဏ် ၆ လ အသီးသီး ချမှတ်ခံခဲ့ ရသည်။

မြန်မာနိုင်ငံတွင် ၎င်းတို့အပေါ် ထားရှိသည့် တင်းကျပ်သော စည်းကမ်းချက်များကြောင့် စားဝတ်နေရေး ပိုမို ကျပ် တည်းလာသည်။ ထို့ကြောင့် ရိုဟင်ဂျာ အများအပြားသည် ပွဲစားများ၏ အကူအညီဖြင့် ရခိုင်ပြည်နယ် ပြင်ပသို့ အရဲစွန့် ထွက်ခွာကြရကြောင်းလည်း သိရှိရသည်။

ထို့အပြင် အခြား နိုင်ငံများသို့ ရေလမ်းခရီးဖြင့် တရားမဝင် သွားရောက်ကြရာ အများစုမှာ ထိုင်းနိုင်ငံ ကမ်းရိုးတန်း ဒေသများ သို့မဟုတ် မုန်တိုင်းထန်သည့် ကပ္ပလီ ပင်လယ်ဘက်သို့ ရောက်ရှိသွားကြသည်ဟု သတင်းများအရ သိရ သည်။

ထိုင်းအစိုးရက ထုတ်ပြန်သည့် စာရင်းဇယားများအရ ထိုင်းနိုင်ငံသို့ တရားမဝင် ရောက်ရှိလာသည့် ရိုဟင်ဂျာ အ ရေအတွက်မှာ တနှစ်ထက်တနှစ် ပိုမိုများပြားလာကြောင်း သိရသည်။ ၂ဝဝ၅-၂ဝဝ၆ ခုနှစ်တွင် ၁၂၂၅ ဦးရှိပြီး ၂ဝဝ၇-၂ဝဝ၈ ခုနှစ်တွင် ၄၈၈၆ ဦးရှိသည်ဟု ဆိုသည်။
Comments (3)Add Comment
0
right
written by johnjasmene, March 18, 2010
any way they were born in myanmar of arakan state
so who are they?so they are once of myanmar
0
...
written by Maung Maung, March 16, 2010

- Sittagonelian လိုခေါ်တဲ ဒီ လူမျိုး တွေဟာ..... ကမ္ဘာမှာ.... ၁၃ သန်း ရှိပါတယ်...... ဘင်္ဂလာဒေရှ်. စစ်တကောင်း တိုင်းမှာ ၁၂ သန်းကျော်နေပြီး...ဘူးသီးတောင်... မောင်တော.. .နယ်မှာ.... ကျန်တဲ လူတွေနေတယ်... စကား.... ယဉ်ကျေးမူ.. စာပေ.. အနုပညာ.... သမိုင်း...... ဘာသာ..... ၀တ်စားဆင်ယဉ်မူ.....အားလုံး အတူတူပါဘဲ....
0
The real Story
written by Myo Chit, March 15, 2010
Actually , they are not our National people. They are Bengali.

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်