ထိုင်းမင်းသမီး သီရိဒုံ မြန်မာပြည် လည်ပတ်

E-mail Print

ထိုင်းဘုရင့် သမီးတော် မဟာချက်ကရီ သီရိဒုံ မင်းသမီးသည် မြန်မာနိုင်ငံသို့ ယမန်နေ့က ချစ်ကြည်ရေး ခရီး အလည်အပတ် ရောက်ရှိ လာကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာ များတွင် ဖော်ပြ ထားသည်။

မဟာ ချက်ကရီ သီရိဒုံ မင်းသမီးသည် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ် မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ် မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး တို့နှင့် တွေ့ဆုံ ခဲ့ကြောင်း မြန်မာ့ အလင်း သတင်းစာတွင် ပါရှိသည်။

အဆိုပါ ထိုင်းဘုရင့် သမီးတော်သည် မြန်မာနိုင်ငံ၌ ၂ ရက်ကြာ နေထိုင်မည် ဖြစ်ပြီး ဆိုင်ကလုန်း နာဂစ် မုန်တိုင်းဒဏ် ခံခဲ့ရသည့် ဧရာဝတီ တိုင်းနှင့် ရန်ကုန်တိုင်းသို့ သွားရောက်၍ ထိုင်းတော်ဝင် မိသားစုမှ အကူအညီများ ထပ်မံပေး အပ်နိုင်ရန် လေ့လာမည် ဖြစ်ကြောင်း ထိုင်းတော်ဝင် မိသားစု သတင်းများကို ဖော်ပြပေး နေသည့် ထိုင်းနိုင်ငံ အခြေစိုက် Sanook အင်တာနက် သတင်း စာမျက်နှာ တွင်လည်း ဖော်ပြထားသည်။

ထို့အပြင် ထိုင်းဘုရင်မိသားစုမှ ဆောက်လုပ်လှူဒါန်းထားသည့် ဧရာဝတီတိုင်းရှိ ကဒုံကနိကျေးရွာ စာသင်ကျောင်း၊ ဒေါ်ငြိမ်း ကျေးရွာ ရှိ ဆေးရုံ နှင့် ရန်ကုန်မြို့တွင် တည်ဆောက်လှူဒါန်းထားသည့် သွေးလှူဘဏ်ကိုလည်း သွားရောက်မည်ဖြစ်ပြီး ရွှေတိဂုံ စေတီတော်နှင့် မွန်ပြည်နယ်ရှိ ကျိုက်ထီးရိုး စေတီတို့ကိုလည်း သွားရောက်ဖူးမြော်မည်ဟု သိရသည်။

မင်းသမီး သီရိဒုံ၏ ယခုမြန်မာနိုင်ငံခရီးစဉ်သည် ၄ ကြိမ်မြောက်ဖြစ်သည်။

၎င်းသည် ၁၉၈၆ ခုနှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ အုပ်ချုပ် နေစဉ်က ဥက္ကဌကြီး ဦးနေ၀င်း၏ ဖိတ်ကြားချက်ဖြင့် ပထမဆုံး အကြိမ် မြန်မာနိုင်ငံသို့လာရောက်ခဲ့သည်။

ဒုတိယ အကြိမ်အဖြစ် ၁၉၉၄ခုနှစ်က ထိုင်းမြန်မာနယ်စပ်ကို ဖြတ်ကျော်၍ ကျိုင်းတုံ တာချီလိတ်ဒေသရှိ ဒေသခံပြည်သူများ၏ လူမှုရေး ယဉ်ကျေးမှုများကို ၂ ရက်ကြာလေ့လာရေးခရီးအနေနှင့် လာရောက်ဖူးသည်။

မင်းသမီး သီရိဒုံသည် တတိယအကြိမ် မြန်မာနိုင်ငံခရီးစဉ်ကို၂၀၀၃ ခုနှစ်က ၅ ရက်ကြာလာရောက်ခဲ့ပြီး ပဲခူး၊ မန္တလေး၊ မူဆယ်၊ ကချင်ပြည်နယ် ပူတာအိုမြို့နှင့် ရခိုင်ပြည်နယ် မြောက်ဦးမြို့များသို့လည်း သွားရောက်ခဲ့သည်။

အဆိုပါ မဟာ ချက်ကရီ သီရိဒုံကို ၁၉၅၅ ခုနှစ် ဧပြီ ၂ ရက်တွင် မွေးဖွားခဲ့ပြီး မွေးချင်းများတွင် တတိယမြောက် သမီးဖြစ်သည်။

၎င်းသည် ၁၉၇၆ ခုနှစ်၌ ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်မှ သမိုင်းအထူးပြု ဘာသာဖြင့် ၀ိဇ္ဇာဘွဲ့ရရှိခဲ့ပြီး ၁၉၇၈ ခုနှစ်တွင် ဆီလ်ပါကွန် တက္ကသိုလ်မှ အရှေ့တိုင်း ဘာသာဖြင့် မဟာဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် သရီနာခါရင် ၀ီရော့တ် တက္ကသိုလ်မှ ပညာရေးဖွံဖြိုးမှုဖြင့် ဒေါက်တာဘွဲ့ ရရှိခဲ့ကြောင်း သိရသည်။

Comments (0)Add Comment

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်