ကရင်ပြည်နယ်တွင် အရာရှိဟောင်းများ စည်းရုံးရေးဆင်း

E-mail Print
ကရင် ပြည်နယ်တွင် အစိုးရ အရာရှိ ဟောင်းများက ရွေးကောက်ပွဲ အတွက် စည်းရုံးရေး ဆင်းနေကြောင်း ဒေသခံများက ပြောသည်။

လှိုင်းဘွဲ့ မြို့နယ်တွင် ဗိုလ်မှူးကြီးဟောင်း စောခင်စိုး၊ ဘားအံ မြို့တွင် ဗိုလ်မှူးကြီးဟောင်း ဦးခင်ကြူး စသည့် ပုဂ္ဂိုလ်များက ဒေသခံများနှင့် လိုက်လံ တွေ့ဆုံလျက်ရှိသည်ဟု သိရသည်။ ၎င်းတို့ ၂ ဦးသည် ယခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပသည့်အခါ ထိုဒေသများတွင် ၀င်ရောက် အရွေးခံဖွယ်ရှိသည်ဟု ဆိုသည်။

ထို့ပြင် ၎င်းတို့ ၂ ဦးသည် ကော့ကရိတ်၊ ကြာအင်း ဆိပ်ကြီး၊ သံတောင်၊ ဖာပွန် စသည့် မြို့နယ်များ သို့လည်း သွားရောက်ပြီး စည်းရုံးရေး ဆင်းနေသည်ဟု ဒေသခံများက ဧရာဝတီသို့ ပြောသည်။

ထို ၂ ဦးသည် ကရင် ပြည်နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (ပအဖ) တွင် ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင် ခဲ့ဖူးသူများ ဖြစ်ကြသည်။

ကရင် တိုင်းရင်းသား စောခင်စိုးသည် ဂျပန်နိုင်ငံတွင် စစ်သံမှူးအဖြစ် တာဝန် ထမ်းဆောင် ခဲ့ဖူးသည်ဟု ဘားအံ မြို့သား တဦးက ရှင်းပြသည်။ ဒေသခံ ကရင် တိုင်းရင်း သားများက သူ့အား ချစ်ခင် လေးစား ကြသည်ဟု ဆိုသည်။

အာဏာရှင်ဟောင်း ဦးနေ၀င်း၏ ပါတီကို အမည်ပြောင်းထားသော တစည ခေါ် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီကလည်း ကရင်ပြည်နယ်တွင် စည်းရုံးရေး ဆင်းလျက်ရှိသည်ဟု သိရသည်။

ထိုသို့ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသူများ ရှိနေသော်လည်း ၁၉၉၀ ရွေးကောက်ပွဲအတွင်း ကရင်ပြည်နယ်တွင် ၇၁ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှာ ပါတီ ဆက်လက် ရပ်တည်ရေး၊ ၂၀၁၀ ရွေးကောက်ပွဲ တို့နှင့် ပတ်သက်ပြီး အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။

စစ်အစိုးရက ပြီးခဲ့သည့် အပတ်အတွင်း ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတချို့ကို ထုတ်ပြန်ခဲ့ရာ ထိုဥပဒေအရ NLDသည် ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးပါတီအဖြစ် ထပ်မံ၍ မှတ်ပုံတင်ရမည် ဖြစ်သည်။

အကျဉ်းကျနေသူများကို ပါတီတွင် ထည့်သွင်းခြင်း မပြုရန် ဥပဒေတွင် ပြဌာန်းထားသဖြင့် ထိုသို့ မှတ်ပုံတင်ပါက NLD သည် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အကျဉ်းကျနေသည့် အဖွဲ့ဝင် အများအပြားကို ပါတီမှ ထုတ်ပယ်ရမည် ဖြစ်သည်။

မှတ်ပုံတင်ခြင်း မပြုလျှင် အစိုးရက NLD ပါတီကို ဖျက်သိမ်းမည် ဖြစ်သည်။

ရင်ဆိုင်နေရသည့် အကျပ်အတည်းနှင့် ပတ်သက်ပြီး  NLDက ယခုလ ၂၉ ရက်နေ့တွင် ဆုံးဖြတ်ချက် ချမည်ဟု သိရသည်။
Comments (3)Add Comment
0
...
written by eh htee khang, March 18, 2010
အရွယ်လွန်ခြင်းရဲ့ အသုံး မ၀င်မှုများထက် လောဘ ကြီးသော လုပ်ရပ်များသည်
အာဏာရူး သံသရာ မဆုံးနိုင်ရာ။
ဥပဒေသည် စိတ်ကြိုက် စားသုံးနိုင်သော အစာ မဟုတ်ဘူး။ ဆွေစဉ် မျိုးဆက် အရိုး ဆူတတ်သည်။
0
...
written by reicco, March 16, 2010
အော်ဆင်သေကို ဆိတ်သရေနဲ့ ဖုံးမလို့ လား.........အမှန်ကို အတုလုပ်လွန်း အားကြီးတော့ နအဖ ကိုယ်တိုင်လဲ ဘယ်ဟာ အမှန် ဆိုတာ ရှာတွေ့ ဘို့  မလွယ်တော့ဘာလား
0
ကြိုတင် ကြံစည်မှု
written by zayaroo, March 16, 2010
တော်တော် ယုတ်မာတဲ့ စစ်အစိုးရ..အခုမှပဲ အမေရိကန်က ရက်တော ဒေါ်အောင်ဆန်းစုကြည် အိမ်ထဲခိုးဝင် ရတာ သရုပ်အမှန်ပေါ်တော့တယ်..မဟုတ်ရင် ဒေါ်စုကို လွှတ်ပေးရပြီး ရွေကောက်ပွဲထဲ ပါလာ မှာကို ကြောက်တာကိုး.. အခုတော့ အကျဉ်းသား အနေနဲ့ တခါထဲ ရွေးလို ခက်အောင် လုပ်လိုက်ပြီး..

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်