ဆိုင်ခန်းများသို့ မီးလောင်မှု ကူးစက်ခြင်း မရှိသည့် အပြင် ထိခိုက် ဒဏ်ရာရသူ မရှိကြောင်း သိရသည်။မီးလောင်သည့် အဆောက် အဦး အတွင်းပိုင်း နေရာသို့ မီးသတ် ပိုက်များ ရောက်ရှိရန် ခက်ခဲသဖြင့် တနာရီခန့် အချိန်ပေးပြီးမှ မီးငြှိမ်း သတ်နိုင် ခဲ့သည်ဟု မျက်မြင် သက်သေ တချို့က ပြောသည်။
နောက်ဆက်တွဲ ပျက်စီးမှုနှင့် ပတ်သက်ပြီး မန္တလေးတိုင်း မီးသတ်ဌာန တာဝန် ရှိသူများကို ဧရာဝတီက ဆက်သွယ် မေးမြန်း သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။
မီးလောင်ပြီးချိန်တွင် 78 ရှော့ပင်းစင်တာ မြေအောက်ထပ်နှင့် လမ်းမပေါ်တွင် ရပ်ထားသည့် ဆိုင်ကယ်တချို့ ပျောက်ဆုံးသွားသည်ဟု ဒေသခံတို့က ပြောသည်။
Set as favorite
Bookmark
Email this
Hits: 2899
Comments (0)

Write comment
| < Prev | Next > |
|---|














