နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေကို ဧရာဝတီ သတင်းဌာနက လက်ခံရရှိ ထားသည်။ ယင်းဥပဒေကို မနက်ဖြန်တွင် အသေးစိတ် ထုတ်ပြန်မည်ဖြစ်ကြောင်း စစ်အစိုးရ မီဒီယာများက ယနေ့ ညနေပိုင်းတွင် ကြေညာထားသည်။
ယင်း ဥပဒေ၏ ပုဒ်မ ၇ တွင် “မှတ်ပုံတင်ကြေး ငွေကျပ် သုံးသိန်း ကို ကော်မရှင်က သတ်မှတ်သည့် နည်းလမ်းများ အတိုင်း ပေး သွင်းရမည် ဖြစ်သည်။ ရွေးကောက်ပွဲ ကော်မရှင်မှ ပါတီ တည်ထောင်ရန် ခွင့်ပြုချက်ရသည့်နေ့မှ စ၍ ရက်ပေါင်း ၃၀ အတွင်း မိမိတို့ ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးရန် ကော်မရှင်သို့ လျှောက်ထားရမည်”ဟု ပါရှိသည်။
ထို့အပြင် ပုဒ်မ ၂၁ တွင် “ပါတီ တခုသည် လွှတ်တော် သက်တမ်း တရပ်စီ အတွက်၊ ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ တရပ်စီ အတွက်၊ မိမိပါတီကို ကိုယ်စားပြု၍ ရွေးကောက်ခံသော ကိုယ်စားလှယ်လောင်း တဦးအတွက် ရွေးကောက်ပွဲ အသုံး စရိတ် ငွေကျပ် သိန်းတရာ အထိသုံး စွဲနိုင်သည်”ဟု ဆက်လက် ဖော်ပြထားသည်။
အဆိုပါ ရွေးကောက်ပွဲ အသုံးစရိတ်ငွေကို ရွေးကောက်ခံမည့် ကိုယ်စားလှယ်လောင်း၏ တရားဝင်ရရှိသော ငွေမှ လည်းကောင်း၊ တရားဝင် ရရှိထားသည့် ပါတီရန်ပုံငွေမှ လည်းကောင်း ကျခံသုံးစွဲနိုင်သည်ဟု ဆိုသည်။
၁၉၉၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းများကို သုံးခွင့်ပြုခဲ့သော မဲဆွယ် စည်းရုံးရေး အသုံးစရိတ်သည် ကျပ်ငွေ ၇၀၀၀၀ ထက် ပိုပြီးသုံးခွင့် မပေးကြောင်း သိရသည်။
စစ်အစိုးရက ပြီးခဲ့သည့် အပတ်အတွင်း ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတချို့ကို ထုတ်ပြန်ခဲ့ရာ ထို ဥပဒေအရ ၁၉၉၀ ပြည့် ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)သည် ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးပါတီအဖြစ် ထပ်မံ၍ မှတ်ပုံ တင်ရမည် ဖြစ်သည်။
မှတ်ပုံတင်ခြင်း မပြုလျှင် NLD ပါတီသည် ဖျက်သိမ်းခြင်းခံရမည် ဖြစ်သည်။ NLDသည် ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေးကို ယခု လ ၂၉ ရက်နေ့တွင် ဆုံးဖြတ်ချက် ချမည်ဟု သိရသည်။
Set as favorite
Bookmark
Email this
Hits: 4230
Comments (3)

written by CJH, March 18, 2010
To register, going to take out Aunt Su's name for getting approval?
written by CJH, March 18, 2010
Sure, NLD will win but who can make sure voting result and announcement?
written by ဇော်မင်းအောင်, March 18, 2010
NLD ပါတီအနေဖြင့် ရွေးကောက်ပွဲဝင်သင့်ပါတယ်။ ရွေးကောက်ပွဲဝင် လျှင်လည်း အနိုင်ရမည်မှာ သေချာပါသည်။ သို့သော် ယခုတစ်ခါ နိုင်ငံရေး ကျားကွက် အား စစ်အစိုးရ အနေဖြင့် မည်သို့ ရွှေ့မည်နည်း။ လျော်မည်လား ၊ စားမည်လား။ NLD ပါတီအနေဖြင့် ရွေးကောက်ပွဲ ၀င်မှသာ ပြည်သူအတွက် အလုပ်များစွာ လုပ်နိုင်မည်။ ပြည်သူတို့ အားကိုးရာ ပါတီ တစ်ခု တော့ အခိုင်မာ ရှိသင့်ပါသည်။ ပြည်သူ့အရေး စာနာမည့် NLD ပါတီ လိုအပ်ပါသည်။ ပါတီ ဖျက်သိမ်း ခံရရေး မပြုလုပ် ပါရန်။
Write comment
| < Prev | Next > |
|---|







