ရွေးကောက်ပွဲ ၀င်ကြမည့် ၀န်ကြီး အရေအတွက်မှာ အနည်းဆုံး ၁၂ ဦး ရှိပြီး ထိုဝန်ကြီးများထဲတွင် အမှတ် ၁ စက်မှု ၀န်ကြီး ဦးအောင်သောင်းလည်း ပါဝင်သည်ဟု ဆိုသည်။
“ ရွေးကောက်ပွဲမ၀င်တဲ့ ဒု- ၀န်ကြီးတွေက လစ်လပ်သွားတဲ့ ၀န်ကြီးနေရာတွေကို တွဲကိုင်သွားမှာဖြစ်တယ်” ဟု ရန်ကုန်တိုင်း စစ်ဌာနချုပ်နှင့် နီးစပ်သူတဦးက ပြောသည်။
ယခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပသည့်အခါ ထိုဝန်ကြီးများသည် ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည် နယ်၊ ကချင်ပြည်နယ်တို့တွင် ၀င်ရောက် အရွေးခံကြမည်ဟု ဆိုသည်။
သို့သော် အဆိုပါ ၀န်ကြီးများသည် တသီးပုဂ္ဂလပြိုင်မည် သို့မဟုတ် ပါတီတခုကို ကိုယ်စားပြုပြိုင်မည် ဆိုသည်ကို အတိအကျ မသိရသေးပေ။
“အရပ်သား လွှတ်တော် ကိုယ်စားလှယ် အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မယ့် ၀န်ကြီးတွေဆိုရင်တော့ သူတို့နောက်မှာ ကျော ထောက်နောက်ခံ ပါတီတော့ ရှိလိမ့်မယ်။ ဒါပေမယ့် အဲဒီအကြောင်း အသေးစိတ် မသိရသေးဘူး” ဟု စစ်တပ်နှင့်
နီးစပ်သူ တဦးက ဧရာဝတီကို ပြောသည်။
ဝန်ကြီးအချို့ကမူ စစ်အစိုးရ၏ ကျောထောက်နောက်ခံ အဖွဲ့အစည်းဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်းကို မကြာမီ အသွင်ပြောင်းမည့် နိုင်ငံရေးပါတီ ၃ ခုကို ဦးဆောင်မည်ဟုလည်း သိရသည်။ သို့သော် ကြံ့ခိုင်ရေး အသင်းကမူ ထိုသတင်းနှင့် ပတ်သက်ပြီး တရားဝင် ပြောကြားခြင်း မရှိသေးပေ။
၂၀၀၈ အခြေခံဥပဒေအရ တပ်မတော်အရာရှိ အများအပြားသည် ရွေးကောက်ပွဲ ၀င်ရောက်ရန် မလိုအပ်ဘဲ လွှတ်တော်တွင် နေရာ ရကြမည် ဖြစ်သည်။ လွှတ်တော်များအတွက် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို တပ်မတော်က ပေးပို့မည် ဖြစ်သည်။
Set as favorite
Bookmark
Email this
Hits: 5193
Comments (6)

written by soe tint, March 18, 2010
ရွေးကောက်ပွဲ တဲ့ ဟုတ်လို့ လား စစ်တပ် ထဲမှာ ဗိုလ်ချုပ်တွေ ဖောင;်ပွနေလို့ ခေါင်းပေါင်းနဲ့ ပုဆိုး ကို အပေါ်ကနေ ဖုံးဝတ်ထားပြီး အထဲမှာတော့ စစ်ဝတ်စုံ နဲ့ ပွဲထွက် ဘို့ လုပ်တဲ့ အစီအစဉ် မဟုတ်ဘူးလား
written by Blue Flower, March 17, 2010
Now Military junta is make a challenge to our Myanmar people.
What should we do?
We have only one thing to do- to Show our unity strength of Peoples power.
We should support to NLD.
When NLD call for general strike to against unfair Laws, we must take part in.
It is our DUTY for our next generation.
Prepare for the worst.
DARE TO FACE.
What should we do?
We have only one thing to do- to Show our unity strength of Peoples power.
We should support to NLD.
When NLD call for general strike to against unfair Laws, we must take part in.
It is our DUTY for our next generation.
Prepare for the worst.
DARE TO FACE.
written by Blue Flower, March 17, 2010
Now Military Genta is calling a challenges to all of us.
How can we fight back?
My idea is simple- just to support to NLD.
For NLD, they have only one way to go- strongly to hold the Shwe Gone Taing Declaration.
NLD should to call general demonstration to against the unfair laws.
Yes, correct, we have to sacrify our bloods again.
But there is no way to demolish military government NOW except by force of our Myanmar people.
I remember a speech of a Wa leader. It was like that-
"I prefer to be a dead general who died in action.
I don't want to be a slave with alive.".
Please DARE TO FACE.

written by titan, March 17, 2010
ငါ တို့မှာ မျက်စိတွေ ရှိတယ်. နားတွေ ရှိတယ်.ပြီးတော့ အကောင်းနဲ့ အဆိုးကို ခွဲခြာြး မင်နိုင်တဲ့ ပညာဥာဏ်တွေ ရှိတယ်. ဒါပေမဲ့ မင်းတို့မှာ ဘာမှ မရှိဘူး. အဲဒီတော့ ငါတို့အတွက် မင်းတို့ဟာ အမှိုက်တွေပဲ.မြေလေးတာပဲ အဖတ် တင်တယ်.
written by george, March 17, 2010
ကြာလှပေါ့။ ၀န်ကြီးတွေ နေပြည်ေ တ်ာကနေ ခဏ ခဏ နယ်ထွက် ရန်ကုန်ဆင်း မန္တလေး တက်နဲ့ စည်းရုံးရေး ဆင်းနေတာလေ။ အားလုံး သိပါတယ်။ တကယ်ပါ။ လွှတ်တော်မှာ နေရာရ။ ကျိန်းသေပေါက် မဲရပြီး လွှတ်တော် အမတ် ဖြစ်မယ်။ ပြီးရင် အဲဒီ ၀န်ကြီးနေရာ ကို ပြန်ပေးမယ်။ ဒီအတိုင်းပဲ။ ဘောင်းဘီ ချွတ်ပြီး ပုဆိုး ပြောင်းဝတ်တာပါ။
ဒီမိုကရေစီ ပုံစံအသစ်ပေါ့။
ဒီမိုကရေစီ ပုံစံအသစ်ပေါ့။
Write comment
| < Prev | Next > |
|---|