ဆေးရုံထွက် အမှိုက်များ ဖြစ်သော ဂွမ်း၊ ပတ်တီး၊ လက်အိတ်၊ ဆေးပုလင်းခွံ စသည်တို့ကို စည်ပင်သာယာရေး ကော်မတီမှ အမှိုက်ကားများက ပုံမှန် ရှင်းလင်းနိုင်ခြင်း မရှိကြောင်း ရန်ကုန်မှ ပုဂ္ဂလိက ဆေးခန်းများထံမှ သိရသည်။
“စည်ပင်ကား မလာဖြစ်တဲ့ အပတ်ဆို အမှိုက်က ပုံနေပြီ။ ဒီလောက်များတဲ့ အမှိုက်တွေကို ဆေးခန်းက သိမ်းထားဖို့ကလည်း အမှိုက်သိမ်းကန် မရှိဘူး” ဟု ရွှေဂုံတိုင်အထူးကုဆေးခန်း ပြင်ပလူနာဌာနမှ ၀န်ထမ်းတဦးက ပြောသည်။
ရွှေဗဟို အထူးကုဆေးခန်းမှ သန့်ရှင်းရေးဝန်ထမ်းတဦးကလည်း အမှိုက်ကားသည် ၎င်းတို့ထံသို့ တပတ်လျှင် ၂ ကြိမ်သာ ရောက်ရှိလာတတ်သည်ဟု ဆိုသည်။
လူဦးရေ ၆ သန်းရှိသည့် ရန်ကုန်မြို့၏ အမှိုက်ပြဿနာကြောင့် အခက်တွေ့နေရသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (မြို့တော်စည်ပင်) တွင် ဆေးရုံထွက် အမှိုက် များကို လိုက်လံ သိမ်းဆည်းရန် သီးခြား အမှိုက်သယ်ယာဉ်တချို့ ရှိနေသည်။ ထိုအမှိုက်များကို မြို့ပြင်တွင် မီးရှို့ဖျက်ဆီးသည်ဟု သိရသည်။
သို့သော်လည်း ဆေးရုံထွက် အမှိုက်များကို ရှင်းလင်းရန် တာဝန်ရှိသည့် မြို့တော်စည်ပင်၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေးဌာနက အမှိုက်သယ်ယာဉ်များကို ဆေးရုံ ဆေးခန်းများသို့ နေ့စဉ် စေလွှတ်နိုင်ခြင်း မရှိသေးပေ။
ကျန်းမာရေး ၀န်ထမ်း တချို့ကလည်း အန္တရာယ်ရှိသည့် ထိုအမှိုက်များကို အလွယ်တကူ စွန့်ပစ်နေကြသည်ဟုလည်း ရန်ကုန်မြို့ခံတချို့က ပြောသည်။
“ပိုက်က ကျလာတဲ့ လက်အိတ်နဲ့ ဂွမ်းတွေ အပြင် အော်ပရေးရှင်း ဧရိယာကနေ ဆေးချလိုက်တဲ့ သွေးတွေက မြောင်းထဲကို စီးကျလာတယ်။ မိုးရာသီရေလျှံချိန်မှာ ဒီမြောင်းထဲကို ကျလာသမျှ ရပ်ကွက်ထဲကို အကုန်ဝင်လာတယ်” ဟု
ရွှေဂုံတိုင် ဆေးခန်းအနီး နေထိုင်သူတဦးက ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ဒေသခံများက အာဏာပိုင်တို့ထံ တိုင်ကြားထားသော်လည်း တာဝန် ယူဖြေရှင်းပေးမှု မရှိသေးကြောင်း ၎င်းက ပြောသည်။ ရွှေဂုံတိုင် ဆေးခန်းကို ထိုစွပ်စွဲချက်နှင့် ပတ်သက်ပြီး မေးမြန်းရာ ပြန်လည် ဖြေကြားခြင်း မရှိပေ။
၂၀၀၄ ခုနှစ်က ရန်ကုန်မှ ပုဂ္ဂလိက ဆေးခန်းတခုတွင် လူ့အင်္ဂါ အစိတ်အပိုင်း တချို့ စွန့်ပစ်ထားမှုကို စည်ပင်က တွေ့ရှိ ခဲ့သောကြောင့် ဆေးခန်း ယာယီ ပိတ်ခဲ့ရသော်လည်း ထိရောက်သည့် အရေးယူမှုများ မရှိခဲ့ပေ။
ဆေးခန်းငယ်များမှ ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများကိုလည်း အမှိုက်ပုံတချို့တွင် တွေ့နေရသည်ဟု အလုံမြို့နယ်မှ ဒေသန္တရ ကျန်းမာရေး ၀န်ထမ်းတဦးက ပြောသည်။
အမှိုက်များကို ပြန်လည်ပြင်ဆင် မွမ်းမံပြီး အသုံးပြုကြရာတွင် ဆေးရုံမှ စွန့်ပစ်အမှိုက်များ ပါဝင်မည်ကို စိုးရိမ်မိသည်ဟု ရန်ကုန်မှ ဆေးပညာရှင်တဦးက ပြောသည်။
“ဆေးပုလင်းတွေ၊ ဘူးတွေက ပုံစံတမျိုးနဲ့ စားသုံးသူတွေ လက်ထဲကို ရောက်မလာနိုင်ဘူးလို့ ဘယ်သူ အာမခံမှာလဲ၊ ဒီအတွက် အာဏာပိုင်တွေက တိကျတဲ့ စနစ်တခု ဖြစ်လာအောင် အကောင်အထည် ဖော်ပေးသင့်တယ်” ဟု သူက ရှင်းပြသည်။
သတ်မှတ်ထားသည့် အမှိုက်ယာဉ်များ ဆေးရုံ၊ ဆေးခန်းများသို့ အချိန်မှန် သွားရောက်ခြင်း၊ ကျန်းမာရေး ၀န်ထမ်းများ အမှိုက် စွန့်ပစ်ရာတွင် သတ်မှတ်ထားသည့် စည်းကမ်းများကို လိုက်နာမှု ရှိမရှိ စစ်ဆေးခြင်း စသည်ဖြင့် အဘက်ဘက်မှ အားလုံး စနစ်တကျ ပါဝင်လာစေရန် ပြုလုပ်ပေးသင့်ကြောင်း ၎င်းက သုံးသပ်သည်။
Comments (4)

written by Myint, March 19, 2010
စည်ပင်ကလဲ ဖိဖိ စီးစီး မလုပ်၊ ဆေးရုံကလဲ ဆေးရုံ တစ်ရုံနဲ့ ပတ်သက်တဲ့ အခြေခံ အဆောက် အဦတွေ ပြည့်စုံအောင် မလုပ်၊ ကျန်းမာရေး ဦးစီးကလဲ သေချာ မစိစစ်၊ လုပ်မယ် ဆိုတော့လဲ ဟိုလူ့ ဒီလူ့ မျက်နှာတွေနဲ့ ဟိုဟာ ဒီဟာတွေနဲ့ နောက်ဆုံး ကျတော့ ဘေးပတ်ဝန်းကျင်က ပြည်သူတွေပဲ အများဆုံး ခံကြရတာပဲ။
စွန့်ပစ် ပစ္စည်း ဘယ်လို ပစ်ရမယ်ဆိုတာ လမ်းညွှန်ချက် အသေအချာ ရှိပြီးသားပါ။
စည်ပင် ကရော ဆေးရုံ(ဆေးခန်း) ဘက်ကပါ အသေအချာ မလိုက်နာတာကိုး။
ကိုယ် ပိုက်ဆံရဖို့ပဲ ကြည့်ပြီး ကုန်ရမ ယ်ဆိုရင် မျက်နှာလွှဲ နေတတ်တဲ့ အကျင့်ကောင်းတွေက စည်ပင်မှာ ရှိနေတာကိုး။
ဆေးခန်းတွေ၊ ပုဂ္ဂလိက ဆေးရုံတွေ ကို သေသေ ချာချာ စိစစ် အကဲဖြတ် လမ်းညွှန်မှုတွေ လုပ်သင့်ပါပြီ။
စည်ပင်ကိုတော့ မပြော ပါနဲ့တော့ဗျာ။ ပိုက်ဆံနဲ့ အာဏာပဲ မြင်တဲ့ လူတွေ။

written by Chit Thein Than, March 18, 2010
It's an important issue. There are several things that could be looked into:
(1) Regular disposal of dressing materials like gauze, cotton, used POP bandages etc.: They should be burned.
(2) Disposal of used drugs, body fluids, discharge and blood etc.: They should be collected as soon as it is produced and kept in a sealed place, out of reach of people and then burned.
(3) Disposal of human materials like amputated limbs, excised tissues and dead body: Immediate removal from the hospital and proper disposal as to the cemetery etc.
(4) Other special objects like radiation materials, isotopes etc: Well protected and disposed according to its danger and instructions.
(5) Infective materials: In case of epidemic due precautions to betaken in the concerned products and excreta like in cholera, dysentery or flu epidemics.
(6) Reuse of hospital materials should be prohibited as there is inherent danger and infection.

Write comment
| < Prev | Next > |
|---|

Bio Hazard / waste, ကူးစက်ရောဂါရှိတဲ .လူနာဆီမှ သွေး၊အညစ်ကြေး၊ ဆေးထိုးအပ်၊ ခွဲစိတ်ဓား၊ေ ဆးပုလင်းခွံ (poison) အဆိပ်အ တောက်၊ ရောဂါပိုးတွေ၊ အစရှိတာေ တွကိုသေ ချာမကြ ပ်မှတ်ဖဲ၊ ဆေးရုံေ ဆးခန်းေ တွကလည်း ငါ.လက်ကလွတ်ပြီးရော မလုပ်သင်.ဘူး။ စည်ပင် သာယာတာဝ န်ရှိတဲ.သူေ တြကေ သခ်ာ စီစင္က် က်မှတ်ဆောင်ရွက်သင်.တယ်။ ဒါေ တွကိုအ မှိုက်ပုံသွား ပြစ်လို.ကတော. (ပြစ်လဲပြ စ်တာဘဲ) ကူးစက်မဲ.ရောဂါတွေ ရောဂါ တွေ ရောဂါတွေ။ စဉ်းစားကြ ပါ သင်.မိသားစု၊သ င်.ဆွေမျိုး၊ သင်.ပတ်ဝန်းကျင်၊သင်.၇ပ်ကွ က်၊ သ င်.မြို.တော်၊သင်.နိုင်ငံ၊ အားလုံးမသာ ပ်ါမယ်.အရေး။