ကိုညီညီအောင် ပြန်လွတ်ပြီ

E-mail Print
အင်းစိန် အကျဉ်း ထောင်တွင် ထောင်ဒဏ် ၃ နှစ် ချမှတ် ခံထားရသော ဒီမိုကရေစီ အရေး လှုပ်ရှားသူ ကိုညီညီအောင်ကို စစ်အစိုးရ အာဏာပိုင်များက ယနေ့ ပြန်လွှတ်ပေး လိုက်ကြောင်း အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေက ဧရာဝတီသို့ ပြောသည်။

“နေ့လယ် ၁၂ နာရီမှာ အဒေါ်တို့ တွေ့ရတယ်၊ ၁ နာရီမှာ သူလက်မှတ် ထိုးတယ်၊ တခါတည်း လေဆိပ်ကို တန်းဆင်းတယ်၊ အခု လေဆိပ် ထဲဝင်သွားပြီး ၂ နာရီ ၄၀ မှာ လေယာဉ် ထွက်မယ် ဘန်ကောက် ကနေတဆင့် အမေရိကန်ကို သွားမယ်”ဟု ၎င်းက ပြော သည်။

ယင်း လွတ်မြောက်ရေး အတွက် အမေရိကန် သံရုံးမှ တာဝန် ရှိသူများက ဆောင်ရွက် ပေးခဲ့သည် ဟုလည်း ဒေါ်ခင်ခင်ဆွေက ဆို သည်။

ကိုညီညီအောင်သည် လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် ဘန်ကောက်မှ ရန်ကုန်မြို့သို့ သွားရောက်စဉ် မင်္ဂလာဒုံ လေဆိပ်၌ ဖမ်းဆီးခံခဲ့ရခြင်း သည်။

သူ အဖမ်းခံရပြီး ၃ ပတ်အကြာ ရန်ကုန်မြို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်ချိန်နှင့် တိုက်ဆိုင်နေရာ ထိုပေါက်ကွဲမှုများအတွက် တာ ၀န်ရှိသည်ဟုလည်း အစိုးရ သတင်းစာတွင် စွပ်စွဲခဲ့သည်။

ထို့နောက်ပိုင်းတွင် စစ်အစိုးရက ကိုညီညီညီအောင်ကို နိုင်ငံသား စိစစ်ရေး ကတ်ပြားအတု ကိုင်ဆောင်မှု ပုဒ်မ (၄၆၈)၊ နိုင်ငံခြားငွေ တရားမဝင် လက်ဝယ် ထားရှိသည့် ပုဒ်မ (၂၄/၁)၊ မြန်မာနိုင်ငံ အတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ ၆ (၃) တို့ဖြင့် တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

ကိုညီညီအောင်သည် ၁၉၈၈ ခုနှစ် လူထု လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး ၂ လခန့် အထိန်းသိမ်းခံရသည်။ နောက်ပိုင်းတွင် ထိုင်း နယ်စပ် သို့ရှောင်တိမ်းလာခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)တွင် ခေတ္တပါဝင်ခဲ့သည်။

ထို့နောက် အမေရိကန် ပြည်ထောင်စုတွင် သွားရောက် ခိုလှုံခွင့်ယူခဲ့သည်ဟု သိရသည်။ ကိုညီညီအောင်၏ မိခင် အပါအဝင် မိသားစုဝင် ၅ ဦးသည်လည်း နိုင်ငံရေးလှုပ်ရှားမှုဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသည်။

အလားတူပင် ၂၀၀၉ ခုနှစ်အတွင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက် မှုဖြင့်ထောင် ၇ နှစ် ပြစ်ဒဏ်ချ မှတ်ခံထားရသော အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထောကို အမေရိကန် အထက် လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ် ၏ တောင်းဆိုမှုအရ ပြန်လည် လွှတ်ပေးခဲ့သည်။
Comments (11)Add Comment
0
ဝမ်းသာ၊ ဝမ်းနည်း၊
written by မန်းကိုကို, March 19, 2010
မိသားစုနဲ့ချီပြီး လှုပ်ရှားဒု က္ခခံနေကြရာက ကိုညီညီအောင်တစ်ယောက် ပြန်လွတ်လာလို့
ဝမ်းသာရပါတယ်။ အမေရိက န်နိုင်ငံသားဖြစ်မှု၊ ဝိုင်းဝန်းထောက်မမှု ဆိုတဲ့အကြောင်း ရင်းတွေကြောင့်
အကျိုး ဆက်အနေနဲ့ ကံကောင်းစွာ လွတ်လာရတ ယ်ဆိုပေမယ့် ဒုက္ခရောက်နိုင်တာသိရက်နဲ့
စွန့်စားခဲ့သူမို့ လွတ်လာတာ ဝမ်းလည်းသာ၊ ဂုဏ်လ ည်းယူပါတယ်။
ဆက်ပြီးေ တာ့လည်း ကျရာနေရာကနေ တိုင်းပြည်ကောင်းကျိုးရှေးရှုတဲ့ လုပ်ရပ်တွေကို ဆက်လုပ်
သွားလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်၊ အားလည်းပေးပါတယ်။

ဝမ်းနည်းတဲ့အ ပိုင်းကတော့ ယုံကြည်ချက်နဲ့လုပ်ကိုင်ခဲ့ကြသူတွေ၊ တိုင်းပြည်နဲ့အနာဂါတ်မျိုးဆက်
တွေအတွက် ကိုယ်ကျိုးစွန့်ပြီး (သဘောထားချင်းမတူရုံနဲ့ ရန်သူတွေလို့ တစ်ဖက်သတ်သတ်မှတ်တဲ့)
စစ်အစိုးရ ကိုရင်ဆိုင်ကာ ကိုယ့်ဘဝကိုေ ထာင်ထဲမှာ ပေးဆပ်နေကြရ သူတွေအတွက်ပါ။
တိုင်းတ စ်ပါးသားတွေ အုပ်စိုး စဉ်ကတောင် အစိုးရဆ န့်ကျင်သူတွေကို နိုင်ငံရေး အကျဉ်းသားတွေ
အဖြစ် သတ်မှတ်ခဲ့ပြီး ရာဇဝတ်ပြစ်မှုကျူး လွန်သူတွေနဲ့စာရင် လူလိုသူလိုဆက် ဆံခဲ့ပေမယ့်
ကိုယ့်အမျိုး သားချင်း အုပ်ချုပ်မှပဲ အမြင်မတူရုံနဲ့ ကမ္ဘာမကြေတဲ့ရန်သူတွေလိုသဘောထားခံရပြီး
အာဃာ တအပြည့်နဲ့ ရာဇဝ တ်သားေ တွအဖြစ် အချုပ်အနှောင် ခံနေကြရတာ တစ်ကယ်တော့
ဝမ်းနည်းတာထ က်တောင် ပိုခံစားရပါတယ်။

အပိုတစ်ခုအနေနဲ့ဝမ်းန ည်းစရာကတော့ ကိုယ့်နိုင်ငံက လူတွေ ဘာတွေဖြ စ်လို့ ဘယ်ေ တွရောက်ပြီး၊
ဘယ်လိုရပ်တည် ဘာ တွေလု ပ်နေကြ ရသလဲဆိုတာကို ဂဃနဏ မသိသူတွေ၊ မသိချ င်သူတွေ၊
သိဖို့လည်းမကြိုးစား ချင်သူတွေက ထင်ရာမြင်ရာ စွတ်ပြော၊ ရေးနေကြတာတွေကိုပါပဲ။
0
နိုင်ငံရေးတဲ့လား မပြီးသေးဘူးနော်
written by soe tint, March 19, 2010
ကိုညီ ညီအောင်က နိုင်ငံရေးအတွက်နဲ့  ဗမာပြည်ပြန်သွားတယ်ဆိုရင် ခု ကိုယ်တိုင်ခံစားခဲ့ရတာတွေကို ဒီအတိုင်း ညိမ်မနေပဲ ဥပဒေ အရ ပြန်လည်တုံ့ပြန် သင့်ပါတယ် အဲဒိအလုပ်ကို ဆက်မလုပ်ပဲ နေမယ် ဆိုရင်တော့ နာမည်ကြီးတေ ယာက်ဖြစ်ချင်လို့  ပြန်သွားတာပဲ ဖြစ်လိမ့်မယ် တရားစွဲလို့ ရတဲ့ သက်သေတွေက ကိုယ်တိုင်ခံစားခဲ့ရပြီးပြီလေ အဲဒါကို ဆက်လုပ်ပေါ့ လုပ်နိုင်လေ ကိုယ်လိုပဲ မတရား ဖမ်းဆီး နှိပ်စက် ခံနေရ သူတွေ အတွက် ပြန်အကျိုးပြုပေးတာပဲ အဲဒါ လည်း နိုင်ငံ ရေးတခုပဲလေ နိုင်ငံရေးဆိုပြီး လူတွေ နားမလည်တဲ့ စကားလုံးတွေ ဝေေ၀ ဆာဆာ ပြောနေတာ လက်တွေ့ မကျဘူး
0
TO selfish
written by MAY, March 18, 2010
some burmese in usa and europe
get asylum permit and want to go back burma for fun...
this is some kind of lesson for them.

0
...
written by cool, March 18, 2010
yahoo!!!
0
ဝမ်းသာပါတယ် ကိုညီညီအောင်
written by WAr, March 18, 2010
ဝမ်းသာပါတယ်ရှင်၊၊ ခရီးလမ်း ဖြေင့်ဖြူးပါစေ၊၊ ဒီ လူမဆန်တဲ့ စစ်အစိုးရ အမြန်ဆုံး ကျဆုံးပါစေသား၊၊ သူတို့ ရဲ့ မြေး၊မြစ်၊ စတဲ့ ဆွေစဉ်မျိုးဆက် ပြည်သူတွေရဲ့ အပူတွေကို ခံစားကြရပါစေ၊၊

ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပြည်သူ့ အတွက် စစ်မှန်စွာ အနစ်နာခံ၊ ပေးဆပ်ေ နကြသော အကျဉ်းထောင်ထဲရှိ နိုင်ငံရေး အကျဉ်းသားများ အားလုံး အမြန် လွတ်မြောက်ကြပါစေ၊၊ ချမ်းသာကိုယ်စိတ်ြ မဲပါစေ၊၊

ဒီမိုကရေစီ အောင်ပွဲကြီး အောင်မြင်ပါစေသား
0
Be careful
written by oo, March 18, 2010
SPDC tries to relax USA pressure on their cheating election by releasing Ko Nyi Nyi Aung.
0
Nyi Nyi Aung and Prison Term
written by Chit Thein Than, March 18, 2010
The SPDC is giving favor to the US citizens by releasing them because of the US citizenship whereas it' holding the Burmese citizens on trivial and trump-up charges. It's unfair by any means and the SPDC should be ashamed of itself.
နားမလည်နိုင်ပါ။, Low-rated comment [Show]
0
တရား ပြန်စွဲသင့်တယ်..
written by Someone, March 18, 2010
အကောင်းဆုံးသော အရာတွေ ကိုညီညီအောင် အနာဂတ်မှာ ရရှိနိုင်ပါစေ။
မတရား ရိုက်နှက် နှိပ်စက်ခဲ့တာတွေအတွက်တော့ နအဖကို တရား ပြန်စွဲသင့်တယ်..
0
...
written by phyu phyu, March 18, 2010
သူလွတ်မြောက်သွားတာ ၀မ်းသာတယ်၊။
0
သြော် ...လူ့သဘော . .လူ့သဘာဝနော်...
written by လူသား..., March 18, 2010
လူတွေများ အဖမ်းခံရ တုန်းကတော့ ၀ိုင်းပီး ဟိုက ဟိုလို ဒီက ဒီလိုနဲ့ ...ပြန်လွတ် လာတော့လည်း ဘာသံမှမကြားရပါလား ...။ ခါတိုင်း သတင်းထူးပီ ဆိုတာနဲ့ သတင်းကို မဖတ်ဖြစ်ပဲ အောက်က ကွန့်မန့်ပဲ ဦးစွာဖတ်ချင်မိတယ် .. .ခုတော့လည်း ...၂၀၁၀ နဲ့ နပန်း လုံးနေလို့ ထင်ပါ...။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်