ရွေးကောက်ပွဲ ဥပဒေ အာဆီယံနှင့် နိုင်ငံတကာ ဝေဖန်

E-mail Print
စစ်အစိုးရ ပြုလုပ်ပေးမည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အနေနှင့် အရေးပေါ် အစည်းအဝေး တရပ်ပြုလုပ် ဆွေးနွေးရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ထံသို့ ဗြိတိန်ဝန်ကြီးချုပ်က ယမန်နေ့တွင် စာရေး တောင်းဆို လိုက်ကြောင်း သိရသည်။

“စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရွေးကောက်ပွဲမှာ မပါဝင်နိုင်အောင်လုပ်ထားတာဟာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာတောင်းဆိုချက်တွေကို လျစ်လျူရှုထားခြင်းဖြစ်တယ်”ဟု မစ္စတာဂေါ်ဒွန်ဘရောင်းကဆိုသည်။

ကနေဒါနိုင်ငံမှ လွှတ်တော်အမတ်များကလည်းစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို လာမည့်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားမှုအပေါ်  ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း ထံသို့ ယမန်နေ့က စာရေးတောင်းဆိုခဲ့သည်။

မြန်မာ့အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ ပါဝင်နိုင်ခြင်း မရှိသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို လက်မခံနိုင်ကြောင်းလည်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး အယ်လ်ဘာတို ရိုမူလိုက ပြီးခဲ့သည့်  အင်္ဂါနေ့ကပြောဆို လိုက်သည်။

“ဒီရွေးကောက်ပွဲ ဥပဒေက အာဆီယံနဲ့ နိုင်ငံတကာကို ဗိုလ်ချုပ်ကြီးတွေကိုယ်တိုင် ကတိပေးထားတဲ့ ဒီမိုကရေစီလမ်းပြမြေပုံနဲ့ ဆန်ကျင်ဘက် ဖြစ်နေတယ်”ဟု ၎င်းက ပြောသည်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ပြုလုပ်နေသည့် ဘက်မလိုက်နိုင်ငံများအစည်းအဝေးတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း လည်း တက်ရောက်သည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Teuku Faizasyahကလည်း“အားလုံးမပါဝင်နိုင်အောင် ကန့်သတ်ထားတဲ့ ရွေးကောက်ပွဲဟာ ရလဒ်ကောင်းကို မရရှိနိုင်ပါဘူး”ဟု စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများကို ဝေဖန်ခဲ့သည်။

အင်ဒိုနီးရှား နိုင်ငံသည် ယခင်က စစ်အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သည့်နိုင်ငံဖြစ်ပြီး ယခုအခါ ကမ္ဘာပေါ်တွင် တတိယ အကြီးဆုံး ဒီမိုကရေစီနိုင်ငံ အဖြစ် ရပ်တည်နေကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအပြောင်းလဲတွင် နမူနာကောင်းတရပ်ဖြစ်ကြောင်း The Econimist စာစောင်မှ မကြာခဏဝေဖန်ရေးသားခဲ့သည်။

အာဆီယံနိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှား၊ စင်္ကာပူ ၊ဗီယက်နမ် နှင့် တခြားသော အာဆီယံနိုင်ငံများကမူ စစ်အစိုးရ၏ ရွေး ကောက်ပွဲ ဥပဒေနှင့် ပတ်သက်၍ မည်သို့မျှ ပြောဆိုခြင်း မရှိပေ။

လက်ရှိ အာဆီယံ ဥက္ကဋ္ဌ မှာ တပါတီစနစ်ကို ကျင့်သုံးနေသည့် ဗီယက်နမ်နိုင်ငံဖြစ်သည်။

စင်ပြိုင် အာဆီယံ အဖွဲ့၏ ညှိနှိုင်း ဆောင်ရွက်ရေးမှူး ဒက်ဘီစတူးဟပ်က“မြန်မာပြည်ရဲ့ရွေးကောက်ပွဲ ဥပဒေကြောင့် အာဆီယံ နိုင်ငံတွေ အတော်တုန်လှုပ်သွားတယ်၊ ရွေးကောက်ပွဲမှာ အာလုံးပါဝင်ဖို့ အာဆီယံနိုင်ငံတွေရဲ့ တိုက်တွန်းချက်ကို ဒီ ဥပဒေက ပယ်ချလိုက်တာပဲ၊ သူတို့ ဘာပြန်ပြောရမှန်းတောင် မသိဘူး ဖြစ်နေကြတယ်”ဟုပြောသည်။

အမေရိကန်နိုင်ငံအနေနှင့် စစ်အစိုးရနှင့် အတိုက်အခံများကြား ဆွေးနွေးပွဲများ ဖြစ်ပေါ်လာစေရန် စစ်အစိုးရကို အပြုသဘော ဆောင် ချဉ်းကပ်ဆွေးနွေးခဲ့ကြောင်း၊ မကြာခင်က ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲ ဥပဒေကိုကြည့်လျှင် တွေ့ဆုံဆွေးနွေးရေး လမ်းစမမြင်ကြောင်း အာဆီယံနိုင်ငံများသို့ သွားရောက်လည်ပတ်ခဲ့သည့် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် က ပြီးခဲ့သည့် သောကြာနေ့တွင် ပြောဆိုခဲ့သည်။

“ကျနော်တို့ အလွန်ပဲ စိတ်ပျက် စိုးရိမ် မိပါတယ်၊ ဒါဟာ မျှော်လင့်စရာမရှိလောက်အောင် ၀မ်းနည်းဖွယ်လည်း ဖြစ်ပါတယ်”ဟု မစ္စတာ ကမ်းဘဲလ် က ပြောကြားသည်။

အိန္ဒိယလွှတ်တော်အမတ်များကလည်း မြန်မာစစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများကို ယမန်နေ့က ပြစ်တင်ရှုတ်ချခဲ့သည်။
Comments (6)Add Comment
0
...
written by titan, March 19, 2010
how can our neighbor countries give the answers about this election's law?because is why they support this stupid government who is called military.however they support,we ll have to act against this idiot,government.we must object this idiot.and then i want to tell u all one more thing to beware. what that is u all dont request any aid from this asian association for our civil politic.they wont support what we request,too.because is why they r alike.
0
UN Role
written by Myo Chit, March 19, 2010
It is a good thing that all the other countries condemn on the Myanmar ridiculous Election Law.
I wander what UN will do again. I hope not that UN is following the same pace again... Condemn and urge again and again !!! We need to take action here, Not condemnation
0
ရှက်တယ်ကွာ....
written by Ko J J, March 19, 2010
ကမ္ဘာပေါ်မှာ မြန်မာဟေ့ ဆိုတာ ဒါမျိုးကို ပြောတာ...သူများ တိုင်းပြည်တွေ ကဲ့ရဲ့ရှုတ်ချတာ ခံနေရတဲ့ဘဝလေ...
သောက်သုံး မကျ လုပ်ချင်ရာ လုပ် နေတော့ တံတွေးခွက်ထဲ မျောနေရတာ စစ်အစိုးရကြောင့်ပါဘဲ...မွေးထဲက..
သောက်ရှက်မပါတဲ့ သူတွေ တိုင်းပြည်ကို အုပ်ချုပ် မင်းလုပ် နေတာ မြန်မြန် ချုပ်ငြိမ်း ပါစေလို့ ဗုဒ္ဓ.. ယေရှု... အလာရှင်မြတ်.... ရှိရှိသမျှ ကိုးကွယ်ရာတွေကို ဆုတောင်း လိုက်ပါရဲ့....
0
nice place
written by mtn, March 18, 2010
this place is very nice to sit ,,, warm chair,,,, give to who ???? no way ...... smilies/angry.gif
0
Unbelievable Election Law .........
written by Pho Ke, March 18, 2010
I will not waste my time and effort for this election. I will not vote in this election. Because I feel it like a ""Kids' Game"" . (I mean it is not genuine one, it is like a game for fun that we played in younger days).
It is very simple idea, I am adult one, I can't take part to play ""Kid's Game"'

.......I WILL VOTE ONLY WHEN GENUINE DEMOCRACY AND REAL ELECTION COME.........

BUT IT WILL NOT COME SOON, I THINK......I HAVE TO BE PATIENT......
0
Burma's Election Laws and The British PM Gordon Brown
written by Chit Thein Than, March 18, 2010
Bravo, Mr Gordon Brown! The Labour Government gave Burma and India independence and now a new Labour PM is spearheading for the attainment of Democracy and Human Rights in Burma. Bravo, Bravo!

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်