ကြာသပတေးနှင့် သောကြာနေ့များက အမေရိကန် အထက်လွှတ်တော်၊ အောက်လွှတ်တော်တို့၏ လက်နက်ကိုင် တပ်ဖွဲ့များ ဆိုင်ရာ ကော်မတီ အစည်းအဝေးပွဲများ တက်ရောက်စဉ် အမေရိကန်ပစိဖိတ်ဒေသ ရေတပ် ဗိုလ်ချုပ် Robert Willard က နှစ်နိုင်ငံ စစ်ဘက်ဆက်နွယ်မှုများ မရှိကြောင်း၊ သို့သော်လည်း အမေရိကန်အစိုးရက မြန်မာပြည်ဆိုင်ရာ မူဝါဒကို ပြောင်းလဲပါက စစ်ဘက်ဆက်နွယ်မှုသည်လည်း ပြောင်းလဲနိုင်ကြောင်း ပြောကြားသွားသည်။
“စစ်ဘက်ရေးရာပုဂ္ဂိုလ်ချင်း တွေ့ဆုံဆွေးနွေးမှုပြုလုပ်ဖို့ အမေရိကန်ပစိဖိတ်ဒေသ စစ်ဌာနချုပ်က ပြင်ဆင်နေပါတယ်” ဟု ဗိုလ်ချုပ် Willard က ပြောလိုက်သည်။ မြန်မာစစ်အစိုးရနှင့် မည်သို့သော ဆက်ဆံမှု ပြုလုပ်လိုကြောင်း အတိအကျ ပြောဆိုခြင်း မရှိသော်လည်း ဗိုလ်ချုပ် Willard က နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေသည့် အကြောင်းအချက်တချို့ကို ထုတ်ဖော် ပြောကြားခဲ့သည်။
“လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပြင် မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်တို့ရဲ့ ရေပိုင်နက် အငြင်းပွားမှု၊ မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှု၊ လူကုန်ကူးမှု၊ ကူးစက်ရောဂါ ပျံ့ပွားမှု စသဖြင့် မြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေက ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်နေပါတယ်” ဟု သူက ရှင်းပြသည်။
အမေရိကန်နှင့် မြန်မာတို့ နောက်ဆုံးအကြိမ် စစ်ဘက်ရေးရာ ဆက်ဆံမှုကို နာဂစ်မုန်တိုင်း တိုက်ခတ်အပြီး တွေ့ခဲ့ရသည်။ မုန်တိုင်းသင့်ဒေသသို့ အမေရိကန် လေယာဉ်တင် သင်္ဘောများ စေလွှတ်ပြီး ဒေါ်လာ ၁ သန်းကျော်တန် အကူအညီများ ပေးအပ်ရေး ကမ်းလှမ်းချက်ကို မြန်မာအစိုးရက ပယ်ချခဲ့သည်။
ဤအတောအတွင်း မြန်မာပြည်၏ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း အမေရိကန်အစိုးရက သောကြာနေ့တွင် ပြောကြားလိုက်သည်။
“ဒီဥပဒေတွေကြောင့် ကျနော်တို့ စိတ်ပျက်မိပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်သူ့ရေးရာဌာန အကြီးအကဲ မစ္စတာ P J Crowley က ပြောသည်။
“မြန်မာပြည်နိုင်ငံရေးဖြစ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် တိုင်းရင်းသား အင်အားစုတွေနဲ့ အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာသင့်ပါပြီ။ ဒါပေမယ့် ဒီဥပဒေတွေက ဆွေးနွေးပွဲလမ်းတွေကို ပိတ်ဆို့နေပါတယ်” ဟု မစ္စတာCrowleyက ပြောလိုက်သည်။
Set as favorite
Bookmark
Email this
Hits: 10227
Comments (4)

written by titan, March 29, 2010
hello,america,what r u waiting for?u should fire right now on myanmar army.if i declare frankly,i dont want myanmar army anymore in our country.
written by Protector, March 28, 2010
Gun သာ ဝေပေးလိုက်ရင် ပြီးရော ... ဘာမှ စကား ရှည်နေစရာ မလိုဘူး။
Write comment
| < Prev | Next > |
|---|







