သင်္ကြန်ကာလ နေပြည်တော်ဝန်ထမ်းများ ခွင့်ယူနိုင်

E-mail Print
သင်္ကြန်တွင်း တာဝန်ကျမဟုတ်သည့် ၀န်ထမ်းများအား သင်္ကြန်ပိတ်ရက်၌ ခွင့်ယူနိုင်ကြောင်း  သောကြာနေ့တွင်  အမိန့်တရပ် ထွက်ရှိလာသည်ဟု နေပြည်တော်အာဏာပိုင်များထံမှ သိရသည်။

နေပြည်တော် သင်္ကြန် ကျင်းပရန် ၀န်ထမ်းများအား  ရန်ကုန်ပြန်ခွင့်မပေးသည့် သတင်းကို မတ်လ ၂၄ ရက်နေ့ ဧရာဝတီ သတင်းစာမျက်နှာတွင် ဖော်ပြခဲ့ပြီးနောက် ယခုကဲ့သို့ အမိန့်ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

နေပြည်တော်တွင် ၂၀၁၀ ပြည့်နှစ် မဟာသင်္ကြန်ပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပသွားရန်ရှိသည့်အတွက် နေပြည်တော်ရှိ ၀န်ထမ်းအားလုံး အိမ်ပြန်ခွင့် မရှိဘဲ မိသားစုဝင်များအား ခေါ်ယူလိုက နှစ်ဦးအထိ ခေါ်ယူခွင့်ပြုကြောင်း ဌာနတွင်း ကြေညာချက်တရပ်ကို မတ်လ ဆန်းပိုင်းက ထုတ်ပြန်ထားခဲ့ကြောင်းသိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ သင်္ကြန်ရုံးပိတ်ရက် ခွင့်ပြန်လိုသည့် ၀န်ထမ်းများမကျေမလည်ဖြစ်နေချိန်တွင် ယခုကဲ့သို့ အမိန့်ပြန် လည်ထွက်ရှိလာခြင်းဖြစ်သည် ဟု နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာနမှ ၀န်ထမ်းတဦးကပြောသည်။ 

“အရင်နှစ် သင်္ကြန်ပိတ်ရက်မှာ   လူပျိုအပျိုဆောင်လုံခြုံရေးအတွက် တဆောင်ကို  အနည်းဆုံး ၅ ယောက်လောက် တော့ မဲနှိုက် ဂျူတီချလေ့ရှိတယ်။ သင်္ကြန်ဆယ်ရက်ဆိုတော့ ရှေ့ငါးရက် တသုတ်နေ နောက်ငါးရက်ကျရင် နောက်တ သုတ်ပေါ့။ 

ရှေ့အသုတ်ကလူတွေလည်းတာဝန်ပြီးတာနဲ့ပြန်နိုင်အောင်  တိုင်းစစ်ဌာနချုပ်နဲ့ ညှိပြီး စီစဉ်ပေးတာမျိုးရှိတယ် '' ဟု ယင်းအရာရှိကပြောသည်။

ယခုနှစ် နေပြည်တော် မြို့တော်ဝန် မဏ္ဍပ်တွင် ပြိုင်ပွဲဝင်မည့် ယိမ်းအဖွဲ့များ၊ ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ်များအတွက် ၀န်ထမ်းများကို ရွေးချယ် တာဝန်ပေးသကဲ့သို့ ကျန်ဝန်ထမ်းများကိုလည်း အားပေးရန် မပြန်ရဟု အမိန့်ထုတ်ထားခြင်းဖြစ် ကြောင်း သိရသည်။

“အခု ပြန်ခွင့်ရတယ်ဆိုတော့ တော်တော်ကို ပျော်ကြတာပေါ့။ ယိမ်းအဖွဲ့ ရေကစားမဏ္ဍပ်နဲ့ ဖျော်ဖြေရေးစင်မြင့်အတွက်တော့ ၀န်ကြီးဌာနတခုကို လူ ၅၀ နဲ့ ၇၀ ကြားတော့ နေခဲ့ရဦးမှာ'' ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ အရာရှိ တဦးက ဆိုသည်။

တာဝန်ပေးထားသည့်အများစုမှာ နေပြည်တော်တွင်  အခြေချနေသည့် အိမ်ထောင် သည်ဝန်ထမ်းများဖြစ်သည် ဟု ယင်းအရာ ရှိကဆိုသည်။

အစိုးရ၀န်ထမ်းများနေပြည်တော်ရွှေ့ပြောင်းချိန်မှစ၍ တရားဝင်သတ်မှတ်ထားသည့် ရုံးပိတ်ရက်များတွင် တာဝန်ချထားခံ ရခြင်းများရှိခဲ့ပြီး ယခုနှစ်တွင်လည်း ပိတ်ရက်ကို ခွင့်ယူကာပြန်ကြရသည်။

နေပြည်တော် မြို့မဧရိယာဖြစ်သည့် သပြေကုန်းဈေး၊ မြို့တော်ခန်းမအနီး၊ ဟိုတယ်ဇုန်တို့တွင် စည်ကားမည်ဖြစ်ကြောင်းသိရ သည်။
Comments (1)Add Comment
0
Leave
written by ၀န်ထမ်းအိုကြီး, March 27, 2010
ပိတ်ရက်မှာ ခွင့်ယူရဦးမှာလား. .နေပြည်တော် အာဏာပိုင်ကြီး များရဲ့

ဝန်ထမ်း အိုကြီး တစ်ယောက်

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်