မလျော်ကန်သည့် မဲဆွယ်မှုကိုရှောင်ရှားရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပြော

E-mail Print
ရွေးကောက်ပွဲတွင် ပါတီများ အနေဖြင့် မလျော်ကန်သည့် မဲဆွယ်မှုမျိုးကို ရှောင်ရှားရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောဆိုသည်။

နေပြည်တော်တွင် ယနေ့ ကျင်းပသည့် ၆၅ ကြိမ်မြောက် တပ်မတော်နေ့ အခမ်းအနား မိန့်ခွန်းတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ယင်းသို့ ပြောကြားချက်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ထုတ်လွှင့်သွားသည်။

armed_forces_day“ပါတီအနိုင်ရရင် ပြီးစတမ်းသဘောမျိုးနဲ့ ပုဂ္ဂိုလ် အချင်းချင်း၊ ပါတီအချင်းချင်း ပုတ်ခတ်မှုများ၊ လူမျိုးရေးနဲ့ ဘာသာရေး သွေးကွဲစေ မည့် အပြုအမူများ စတဲ့ မပြုသင့်မပြုထိုက်တဲ့ မလျော်မကန် မဲဆွယ်မှုမျိုးတွေကို ရှောင်ရှားကြရမှာ ဖြစ်တယ်” ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောသည်။

တပ်မတော်အနေဖြင့်  နိုင်ငံတော်အတွက် လိုအပ်သည့် အချိန်တိုင်း  နိုင်ငံရေးတွင် ပါဝင် ထမ်းဆောင်ကြရမည် ဖြစ်ကြောင်း၊ စနစ် တခုမှ စနစ်တခုသို့ စနစ်တကျ ကူးပြောင်းနိုင်မှုမရှိပါက နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဘေးအန္တရာယ် ကျရောက်နိုင် ကြောင်း၊ ကျင့်သားမရသေးသော စနစ်တခုသို့ ကူးပြောင်းစဉ် အတွေ့အကြုံရင့်ကျက်ပြီးသော နိုင်ငံများက ၎င်းတို့ အကျိုးစီးပွား အတွက် ၀င်ရောက် စွက်ဖက်မြဲဖြစ်သည့် အတွက် ပြည်ပအားကိုးခြင်း မပြုမိရန်လိုကြောင်းလည်း ၎င်းက ဆိုသည်။

“ယခုနှစ်ကျင်းပမည့် ရွေးကောက်ပွဲတွေဟာ ဒီမိုကရေစီ ပျိုးထောင်မှုရဲ့ အစကနဦး ဖြစ်စဉ်သာဖြစ်တယ်”ဟုလည်း ဗိုလ်ချုပ်မှူးကြီး က ပြောသည်။

၈ မိနစ်ကြာပြောကြားခဲ့သည့် သူ၏ မိန့်ခွန်းတွင် ရွေးကောက်ပွဲနှင့် တပ်မတော် အခန်းကဏ္ဍများကို အဓိက ဦးတည် ပြောကြားပြီး  ရွေးကောက်ပွဲကျင်းပမည့် နေရက်ကို အတည်ပြုပြောကြားခဲ့ခြင်းမရှိပေ။

အသက် ၇၇ နှစ်ခန့် ရှိပြီဖြစ်သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် နှစ်စဉ် ကျင်းပပြုလုပ်သည့် တပ်မတော်နေ့ အခမ်းအနားမှလွဲ၍ လူထု ရှေ့မှောက်တွင် မိန့်ခွန်းပြောဆိုခြင်းများ ပြုလုပ်လေ့လည်း မရှိပေ။

တပ်မတော်နေ့ အခမ်းအနားသို့ စစ်ဗိုလ်ချုပ်များ အပါအ၀င် နိုင်ငံခြား စစ်သံမှူးများလည်း တက်ရောက်ကြသည်။

တော်လှန်ရေးနေ့သည် ဒုတိယကမ္ဘာစစ်အတွင်း ဖက်ဆစ်ဂျပန်တို့အား မြန်မာနိုင်ငံမှ တော်လှန်တိုက်ထုတ်ခဲ့ရာမှ ပေါ်ပေါက် လာခြင်းဖြစ်သည်။ တော်လှန်ရေးနေ့ကို စစ်အစိုးရ အဆက်ဆက်က တပ်မတော်နေ့ဟု ခေါ်ဝေါ် သုံးစွဲခဲ့သည်။

စစ်အစိုးရက ရွေးကောက်ပွဲဥပဒေများကို ပြီးခဲ့သည့် သီတင်းပတ်များက အစိုးရပိုင် သတင်းစာများမှ ထုတ်ပြန်ကြေညာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံတကာက ယင်းဥပဒေသည် တရားမျှတမှုမရှိကြောင်း ဝေဖန်ပြောကြားခဲ့သည်။

တချိန်တည်းတွင် ရန်ကုန်မြို့ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရုံးချုပ်၌ ကျင်းပသည့် တော်လှန်ရေးနေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ကို တွေ့ဆုံဆွေးနွေးရန် ကြေညာချက်ထုတ်ပြန်၍ တောင်းဆိုလိုက်ကြောင်း NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက ဆိုသည်။

“အခုအချိန်မှာနိုင်ငံရေး အခြေအနေတည်ငြိမ်ရေးအတွက် ဗိုလ်ချုပ်မှူးကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ၂ ယောက်တွေ့ဆုံဖို့ ကျနော်တို့တောင်းဆိုပါတယ်”ဟု ၎င်းက ပြောသည်။

ယင်းအခမ်းအနားသို့ သံတမန်များ၊ ၀ါရင့်နိုင်ငံရေးသမားများ၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် ပြည်နယ်နှင့်တိုင်းမှ NLD ကိုယ်စားလှယ် အဖွဲ့ဝင်များ စုစုပေါင်း ၃၀၀ နှင့် ၄၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ NLD ဒု ဥက္ကဋ္ဌ ဦးတင်ဦး သဘာပတိ အ ဖြစ်ဆောင်ရွက်၍ မိန့်ခွန်းပြောကြားခဲ့သည်။

NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က“ဦးတင်ဦးက တရုတ်နိုင်ငံကို သွားတဲ့ အကြောင်းတွေပြောတယ်၊ အဲဒီတုန်းက တရုတ်က ပြောတယ် သူတို့က မတ်တပ်ထနေပြီ ကျန်တဲ့ ဆင်းရဲတဲ့နိုင်ငံတွေလည်း ကိုယ့်ဟာကိုယ်ထူထောင်ကြလို့ပြောတယ်၊ အဲဒါသူက အခုတရုတ်ခေါင်းဆောင်များကို ပြောချင်တာက ခင်ဗျားတို့ အရင်တုန်းက သဘောထား အတိုင်းပဲရှိပါ၊ နိုင်ငံရေးအားဖြင့် NLDတို့ ဘာတို့က အဖိနှိပ်ခံနေရပါတယ်၊ အဲဒီလူတွေဘက်က ၀င်ရပ်ပါဦး၊ စာနာပါဦးလို့ ပြောတယ်” ဟုဆိုသည်။

ဒီမိုကရေစီ ထူထောင်ရေးအတွက် အဟန့်အတား အကန့်အသတ်များ ပါဝင်နေသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် တကွ ရွေးကောက်ပွဲ ဥပဒေများကို ပြန်လည်သုံးသပ် ပြင်ဆင်ပေးရန်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန် ရန်ကုန်မြို့ရှိ ၀ါရင့်နိုင်ငံရေးသမားများကလည်း ယနေ့ တောင်းဆိုလိုက်သည်။

ရန်ကုန်မြို့ ပါရမီလမ်းနှင့် ဦးဘဟန်လမ်းထောင့်ရှိ သခင်သိန်းဖေ နေအိမ်တွင် ကျင်းပသည့် တော်လှန်ရေးနေ့ အခမ်းအနားမှ နေ၍ ၀ါရင်နိုင်ငံရေးသမားများက တောင်းဆိုခြင်းဖြစ်ပြီး ယင်းတောင်းဆိုချက်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ပေးပို့ မည်ဖြစ်ကြောင်း သိရသည်။
Comments (9)Add Comment
0
အဆင်ပြေသလိုသာ ဆက်လုပ်ပါ ခင်ဗျာ
written by ဘင်ဘူး, March 29, 2010
ကျနော်တို့ လူမျိုးတွေ စားစရာ နဲနဲကျန်ပါသေးတယ် နှစ်ပေါင်း ၃၀၀ လောက် စောင့် ကြပါဦး ဖြည်းဖြည်းပေါ့ 
0
ဟုတ်ပါ့မလား
written by ဟုတ်ပါ့မလား, March 29, 2010
သူက ဒီလို ပြောသလား .............. ဒါဆိုရင် မြို့တော်ဝန် ဦးအောင်သိန်းလင်းကို အရင်ဆုံး အရေး ယူပေးပါ။ ဘာကြောင့်လဲ ဆိုတော့ မြို့တော်ဝန်က နေပြီး NLD ပါတီ အာဏာ ရရင် အမေရိန်ကန် စိုးမိုး လိမ့်မယ် အဲဒါကြောင့် ခြင်္သေ့ကိုပဲ မဲပေးကြပါဆိုပြီး ပြောထားလို့ပါ။ ဗိုလ်သန်းရွှေကြီးရေ ကိုယ့်စကားနဲ့ ကိုယ်နော် ....... နောက်မှ အဲဒီနေ့က သား ကျောင်း မတက်ပါဘူး လို့ မပြောနဲ့ .....။
0
အဓိပ္ပာယ် ဖွင့်ဆိုချက်
written by Protector, March 28, 2010
နိုင်ငံတော်၊ နိုင်ငံသား နှင့် ပြည်သူ ဆိုတဲ့ စကားလုံးတွေရဲ့ အဓိပ္ပာယ်ကို ကျွန်တော်တို့ ကောင်းကောင်း သိပါတယ်။
ဘာ ဆိုတာကိုတော့ မပြောတော့ဘူး။ အဲဒီ စကားလုံး သုံးလုံးက တူတော့ မတူတာ ကြိမ်းသေတယ်ဗျ။ smilies/grin.gif
0
ဗျို့
written by THINK, March 28, 2010
အန်အယ်ဒီ အနေဖြင့် ရွေးကောက်ပွဲ မ၀င်၍ ပါတီ အဖျက်ခံရမည် ဆိုလျင် အမြန်ဆုံး ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းသင့်ပါတယ်.. မိတ်ဆွေနိုင်ငံများ၏ ထောက်ခံမှုကို ရယူနိုင်ရန် ကြိုးစားနိုင်ပါသည်
0
မလျှော်ကန်သည့်  ဥပဒေ
written by ဗိုက်ကလေး, March 28, 2010
သူတို့ ထုတ်ထားတဲ့  မလျှော်ကန်သည့်  ရွှေးကောက်ပွဲ ဥပဒေကိုတော့ ...ဘယ်သူတွေ ဘယ်လောက်ပဲ ပြန်လည် သုံးသပ်ပါလို့  ပြောတာတောင် ရူးချင်ရောင် ဆောင်နေကြတယ်ဗျ....
ပြန်လည် သုံးသပ်စေချင်သည် မလျှော်ကန်သည့် ရွှေးကောက်ပွဲ ဥပဒေ
0
အာဏာဆိုတဲ့ အရသာကို တော်တော် စွဲမက်နေတာပဲ့
written by မျိုးလွင်, March 28, 2010
ဗိုလ်သန်းရွှေရဲ့ စကားအရ ဆိုရင် အာဏာကို လွယ်လွယ်နဲ့ လွှဲပေးမယ့် အနေထားမှာ မရှိဘူး။ ပြည်သူ လူထုကိုလည်း အထင် သေးတဲ့ စကားလုံးတွေ ပါတယ်၊ ဒီမိုကရေစီ စံနစ်ကို အကျင့်သား မရတာတို့ စံနစ်တခုက တခုကို လွှဲပြောင်းတာ စံနစ် မကျရင် တိုင်းပြည် အန္တရာယ် ဖြစ်မှာတို့ ဆိုတာ သူတို့ပဲ ကယ်တင်ရှင် ကျနေတာပဲ့ တိုင်းပြည်ကြီး သူတို့ကြောင့် အဘက်ဘက်က နောက်ကျ ကျန်ခဲ့တာ ပြည်သူလူထု အများစုဟာ ဆင်းရဲတွင်း နက်နေတာတွေဟာ စစ်ဗိုလ်တွေ အာဏာမက်လို့ ဆိုတာ နိုင်ငံရေးကို စစ်ယူနီဖောင်းနဲ့ ဝင်စွက်ဖက်တာ သူ့ အလုပ်လား မေးချင်လိုက်တာ အခြေခံ ဥပဒေကို ရေးဆွဲထားတာ စစ်တပ်က နိုင်ငံရေးကို အပေါ်စီးက ချယ်လှယ်ခွင့် ရအောင် လုပ်ထားတာ၊ ရွေးကောက်ပွဲ ဥပဒေမှာ သူတို့ မပါဝင်စေချင်တဲ့ လူထု ခေါင်းဆောင်တွေကို ကန့်သန့်ချက်ေ တွနဲ့ ပါဝင်ခွင့် မရအောင် ဥပဒေ ထုတ်တာတို့ဟာ စံနစ်ကျတဲ့ ကူပြောင်းမှု လို့ ခေါ်တာပေါ့၊ မြင်ယောင်သေးတယ် ကြံ့ဖွံ့ဟာ ရွေးကောက်ပွဲမှာ မနိုင်ခဲ့ရင် နိုင်ငံတော် အုပ်ချုပ်မှု အာဏာကို သူတို့ပဲ့ ဆက်ပြီး ချုပ်ကိုင်ထားလိမ့်မယ်၊ လွှတ်တော်ခေါ်ပြီး အာဏာကို အလွယ်တကူ လွှဲပြောင်းပေးမှာ မဟုတ်ဘူး။ လွှတ်တော် အဆောက်အုံ ဆောက် မပြီးသေးလို့ ဘာညာ အကြောင်း ပြလိမ့်မယ်။
0
...
written by booboy, March 27, 2010
All we know that they have no desire to negotiate, so let's go to war against military regime.
0
When he's going to use ambulance !!!
written by Ko Lynn, March 27, 2010
I wonder when he is going to use ambulance to inspect the parade as he couldn’t get retire with his age or medical pension. Now he is using a vehicle, I’d like to suggest him to use a donkey as a new style.
0
နောင်တခါ လာပြန်ပြီဟေ့-- ---ဗြဲ ဟဲဟဲ
written by Thazin Pyu, March 27, 2010
ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိစေရ ဆိုတာလည်း ခင်ဗျားတို့ဘဲ ဗျာ---ဥပဒေ ဟူသမျှ ချိုးဖေါက် နေတာလည်း ခင်ဗျာတို့ဘဲ -- အခု လာပြန်ပြီ အရှက်မရှိ မလျှော်ကန်သည့် မဲဆွယ်မှု မလုပ်ရတဲ့ ------ ရီရတယ် တော့ ဗြဲ - ---- ဟဲ----ဟဲ

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်