“တော်လှန်ရေးနေ့ အခမ်းအနား မစမီကတည်းက တုပ်ကွေး ဂရက်တွေ ပျံနှံ့နေခဲ့ပြီး တပ်ခွဲ အနည်းဆုံး နှစ်ခွဲလောက် အထိ အင်အား လျော့ခဲ့တယ် ''ဟု ၎င်းက ပြောသည်။ ဆေးရုံတက် ကုသနေရသူ မည်မျှရှိသည်ကို စာရင်း အတိအကျ မသိရဟု စစ်ဘက်ဆိုင်ရာ အရာရှိ တဦးကလည်း ပြောဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ နေပြည်တော်ရှိ တပ်မတော် ဆေးရုံကြီးသို့ ဧရာဝတီ သတင်းဋ္ဌာနမှ ဆက်သွယ် မေးမြန်းခဲ့ရာ ပြန်လည် ဖြေကြားခြင်း မပြုခဲ့ပေ။
ယခုနှစ်တပ်မတော်နေ့တွင် ချီတက်သည့် ရဲဘော်များကို ကြိုဆို ပန်းကုံးစွပ်ရန် အတွက် ယခင်နှစ်များကဲ့သို့ ၀န်ကြီးဌာနတခု ကို လူအင်အား ငါးဆယ်တောင်းယူခြင်းမရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာနမှ အရာရှိတဦးကပြောသည်။
“မနက်အစောကြီးသွားပြီး မကြိုချင်ကြိုချင် ကြိုရတဲ့အဖြစ်က လွတ်ပြီမို့ ၀န်ထမ်းတွေ တော်တော်ကို ပျော်ကြတယ်”ဟု
ယင်းအရာရှိက ဆိုသည်။
နေပြည်တော်ရွာတော်ရပ်ရှိ စစ်ကြောရေးတည်းခိုဆောင်ကို ဆေးဖျန်းခြင်း၊ ကာကွယ်ဆေးတိုက်ကျွေးခြင်းများပြုလုပ်ခဲ့ ကြောင်း နေပြည် တော်ကျန်းမာရေး ၀န်ကြီးဌာနမှ ဆရာဝန်တဦးက ပြောသည်။
ဝက်တုပ်ကွေး(H1N1) ဗိုင်းရပ်စ်ပိုးသည် နေပြည်တော် စစ်ကြောရေး တည်းခိုဆောင်များတွင် ရှိနေခြင်းဖြစ်နိုင်သည်ဟု ထိုဆရာဝန်ကဆိုသည်။
ယခုကဲ့သို့ ပြဿနာမျိုးကို ပြီးခဲ့သည့် ပြည်ထောင်စုနေ့အခမ်းအနားတွင်လည်း ကြုံခဲ့ရသည်ဟု နေပြည်တော်တိုင်းစစ်ဋ္ဌာန ချုပ်က အရာရှိတဦးက ပြောပြသည်။
“ပြည်ထောင်စုနေ့ အခမ်းအနားပြီးသွားလို့ မတ်လဆန်းရောက်တာတောင် တိုင်းရင်းသားကိုယ်စားလှယ် တချို့ကိုပြန်ခွင့် မပေးဘဲ အာဏာပိုင်တွေကုသတဲ့ ကုတင်တထောင်ဆေးရုံမှာ ဆက်ကုသခိုင်းခဲ့တယ်''ဟု ၎င်းက ပြောသည်။
စစ်ကြောရေးစခန်းရှိရာ ရွာတော်ရပ်တွင် ပြီးခဲ့သည့် အမျိုးသားစာပေဆုနှင်းသဘင် ကျင်းပစဉ်က ဧည့်သည်တဦး ဖျားနာ သောကြောင့် ဆေးရုံတက်ခဲ့ရသေးသည်ဟုလည်း ဆိုသည်။
နေပြည်တော်တွင် တပ်မတော်ကုတင် တထောင် ဆေးရုံကြီးတည်ဆောက်ထားပြီး ယင်းဆေးရုံတွင် လက်ရှိ ၀က်တုပ်ကွေး (H1N1) ဖြစ်ပွားနေသည့် တပ်မတော်သားများကို ထားရှိကြောင်းသိရသည်။
Set as favorite
Bookmark
Email this
Hits: 4961
Comments (3)

written by Thazin Pyu, March 29, 2010
နေပြည်တော် မှာတော့ မသိဘူးနော် ကျန်မြန်မာပြည် တနံတလျား လက်တွေ့ အကြီး အကျယ် ဒုက္ခ ပေးနေတာက စစ်တုပ်ကွေး ပါ။ ဒီ စစ်တုပ်ကွေး ဝေနာကို အမြစ် ဖြတ်ပေးကြပါ။
written by လေကြောင်, March 29, 2010
ဒီမောင်တွေက ဝက်တုပ်ကွေးထက် .......နာနတ်သီး( လက်ပစ်ဗုံး)... ပိုကြောက်ပုံရပါတယ် ..... တိုတိုတုတ်တုတ်မိန့်ခွန်း ကို ကြည့်ခြင်း အားဖြင့် ..ဒုတိယ မိန့်ခွန်း ထုတ်ဖတ်သွား ပုံ ရပါတယ်၊ သေနတ်ပြောင်းတွေ က လဲ ... ဦးလှည့် လှည့် လာနိုင်သေး တာမို့. ................ ( ၇၇ ) နှစ် ဆိုတော့လဲ.... နေမယ်ဆို နေနိုင်သေးတယ်. ... မဟုတ်လား....
Write comment
| < Prev | Next > |
|---|







