ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်၌ ကျင်းပသော မှတ်ပုံတင်ရေး မတင်ရေး ဆွေးနွေးပွဲတွင် နိုင်ငံတ၀န်းရှိ NLD ကိုယ်စားလှယ် ၁၁၃ ဦးတို့က ကန့်ကွက်သူမရှိ မှတ်ပုံမတင်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
NLD ပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင်က “ဗဟို ဦးစီး အဖွဲ့ဝင်များရဲ့ ဆွေးနွေး ချက်များအရ နအဖက ထုတ်ပြန် ထားသော ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ များသည် လုံးဝ မျှတမှု မရှိတော့ပါသဖြင့် NLD ကို ထပ်မံ မှတ်ပုံတင် တော့မည် မဟုတ်ကြောင်း အများ သဘောတူ ကန့်ကွက်သူ မရှိ ဆုံးဖြတ်သည်” ဟု ပြောသည်။ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် ဖမ်းဆီး ထားသော အကျဉ်းသား အားလုံး လွှတ်ပေးရန် တောင်းဆိုသည့် ဆုံးဖြတ်ချက် ကိုလည်း ချမှတ် လိုက်ကြောင်း ၎င်းက ဆက်ပြောသည်။
ဥက္ကဋ္ဌ ဦးအောင်ရွှေကကျန်းမာရေး အရ အစည်းအဝေးသို့ တက်ရောက်ခြင်း မရှိသော်လည်း ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ဆုံးဖြတ်ချက် အတိုင်း လိုက်နာမည်ဖြစ်ကြောင်း စာတစောင် ပေးပို့ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲ မစတင်မီ ဦးအောင်ရွှေ၏စာနှင့် ဒေါ်အောင်ဆန်းစုကြည်က ပေးပို့ခဲ့သော ၎င်း၏ သဘောထား ရေးသားထားသည့် စာကို ဦးဉာဏ်ဝင်းက ဖတ်ပြခဲ့ပြီး မဲခွဲ ဆုံးဖြတ်မှုများ စတင် ကြောင်းသိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ စာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်သည့်အတွက် ရွှေဂုံတိုင် စာတမ်းကို ဆက်လက် ကိုင်ဆွဲထားဆဲ ဖြစ်ကြောင်း၊ မတရားသည့် ရွေးကောက်ပွဲ ဥပဒေဖြစ်သောကြောင့် NLD အနေဖြင့် မှတ်ပုံတင်ရန် လက်မခံ နိုင်ကြောင်း၊ NLDသည် ၎င်း၏ ကိုယ်ပိုင်မဟုတ်သကဲ့သို့ မည်သူ တဦး တယောက် ပိုင်မျှ မဟုတ်ကြာင်း ပါရှိသည်။
ယင်းအပြင် ပါတီအတွင်း အုပ်စုဖွဲ့သည့် လုပ်ရပ်ကို လုံးဝမကြိုက်သကဲ့သို့ လက်မခံနိုင်ကြောင်း၊ ပြည်သူလူထုကိုလည်း ဒီမိုကရေစီ ရရှိရန် ဆက်လက်ကြိုးပမ်းမည်ဖြစ်ကြောင်း၊ ပါတီဖျက်သိမ်းခံရရုံနှင့် ပါတီပျက်စီးသွားခြင်း မဟုတ်ကြောင်း ထည့်သွင်းရေးသား ထားသည်။
ဒေါ်အောင်ဆန်းစုကြည်က တရားမျှတမှုမရှိသည့် ရွေးကောက်ပွဲ ဥပဒေအောက်တွင် ပါတီ မှတ်ပုံတင်ရေး အတွက် စဉ်းစားခဲ့ခြင်း လုံးဝမရှိကြောင်း ပြောကြားခဲ့ပြီး ၆ ရက်အကြာ ယခု ဆွေးနွေးပွဲကို ကျင်းပခြင်း ဖြစ်သည်။
အကျဉ်းကျခံနေသော NLD ခေါင်းဆောင်များ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် မရှိစေရန် ပါတီများမှတ်ပုံတင်ခြင်း ဥပဒေက တားမြစ် ထားသည့် အပြင် NLD အနေဖြင့် မေလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မတီထံသို့ မှတ်ပုံတင်ခြင်း မပြုပါက တရားဝင် ပါတီ အဖြစ်မှ ဖျက်သိမ်းခံရမည်ဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း NLD အဖွဲ့ဝင်များအကြား ပါတီမှတ်ပုံတင်ရေး မတင်ရေးနှင့် ပတ်သက်၍ အငြင်းပွားခဲ့ကြသည်။ NLD လူငယ် ခေါင်းဆောင်များက ပါတီမှတ်ပုံမတင်ရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။
အဖွဲ့ချုပ်ဝင်လူငယ် ၅၀ ကျော်ခန့်ကNLDအဖွဲ့ချုပ်ရုံးရှေ့တွင် နိုးအမှတ်တံဆိပ်ပါ တီရှပ်အဖြူရောင် ဆင်တူဝတ်ဆင်ထားကြပြီး
ပြည်နယ်နှင့်တိုင်းအသီးသီးမှ တက်ရောက်လာကြသော ကိုယ်စားလှယ်များကို စံပယ် ပန်းကုံးများနှင့် အောင်သပြေပန်းများ ကမ်း၍ ကြိုဆိုခဲ့ကြသည်။
“အခြေခံဥပဒေဟာ လုံးဝ လက်ခံနိုင်စရာမရှိတဲ့အတွက် မှတ်ပုံမတင်ပါဘူး” ဟု တနင်္သာရီတိုင်း ရေဖြူ မြို့နယ် ကိုယ်စားလှယ် ဦးတိုးပိုး က ဆိုသည်။
ဦးတိုးပိုးကဲ့သို့ပင် ကချင်ပြည်နယ်မှ ဦးမြသိန်း၊ ကရင်ပြည်နယ်မှ ဒေါ်နန်းခင်ထွေးမြင့်၊ ချင်းပြည်နယ်မှ ဦးအောင်သာ၊ ပဲခူးတိုင်း မှ ဦးအောင်စိုးမြင့်၊ ရှမ်းပြည်နယ်မှ ဒေါ်ခင်မိုးမိုးတို့က ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လက်သင့်မခံကြောင်း၊ ရွှေဂုံတိုင် ကြေညာစာတမ်း ကိုသာ ကိုင်ဆွဲထား၍ မှတ်ပုံမတင်ကြောင်း ပြောဆိုသည်။ သို့သော်လည်း ကချင်ပြည်နယ်မှ ဦးတင်ဝယ်က မှတ်ပုံတင်သင့်ကြောင်း ပြောဆိုသည်။
NLDရုံး အနီးရှိ လက်ဖက်ရည်ဆိုင်တွင် အရပ်ဝတ်ရဲများနှင့် ထောက်လှမ်းရေး ၅၀ ကျော်ခန့်က ဗီဒီယိုကင်မရာများဖြင့် မှတ်တမ်း တင်လျက်ရှိသကဲသို့ စွမ်းအားရှင် (၂၀၀) ကျော်ခန့် ပါဝင်သော ဒိုင်နာကား ၆ စီး ကလည်း နံနက် ၈ နာရီ မထိုးမီကတည်းက ရောက်ရှိနေကြောင်း သိရှိရသည်။
NLD ပါတီသည် ၁၉၈၈ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် လူထုထောက်ခံမဲ အများဆုံးဖြင့် အနိုင် ရရှိခဲ့သည်။
ဤသတင်းကို ရန်ကုန် အခြေစိုက် ဧရာဝတီ သတင်းထောက် ခိုင်သွယ်က ပူးပေါင်းရေးသားသည်။
Set as favorite
Bookmark
Email this
Hits: 7641
Comments (41)

written by ye , March 30, 2010
အခုလို ပြတ်ပြတ် သားသား ဆုံးဖြတ်လိုက်တာ ကောင်းပါတယ် အခုလို လုပ်ရပ်ဟာ ပြည်သူ တရပ်လုံးရဲ့ လေးစားမှုကို ခံရမှာပါ
written by richard htun, March 30, 2010
ဘာပဲ ပြောပြော စစ်အစိုးရ တော့  တော်တော် ဖြုံသွားမယ်။ ဒီအတိုင်း ဆိုရင် ရွေးကောက် ပွဲ ကို အမြ န် ဆုံး လုပ် တော့မှာ....အဲ ဒါ မှ စစ်အစိုးရ အနေနဲ. ရှောင်ထွက့်ပြီး ဒီမိုကရေစီ အစိုးရ အနေနဲ. ရင်ဆိုင် နှိပ်ကွပ် လိမ့် မယ်၊
written by မြန်ပြည်သား, March 30, 2010
အန်အယ်ဒီ ရွေးကောက်ပွဲ ၀င်ဝင် မ၀င်ဝင် စစ်အစိုးရ ကတော့ သူ့ အာဏာ တည်မြဲရေး အတွက် ရှိတဲ့ ကလိမ် ကကျစ် နည်းလမ်းနဲ့ အစွမ်းကု န်ကြိုးစား သွားမည့်သူပါ။ ပါတီနာမည်၊ အလံ၊ အဖွဲ့ အစည်း မတရား သဖြင့် ဖျက်ဆီးခံရ တာဟာ အဖွဲ့ ချုပ်အတွင်း မညီ မညွှတ် ပြိုကွဲပြီး အန်လယ်ဒီ အခက် နအဖ အချက် ဖြစ်တာထက် စာရင်အများကြီး ကောင်းပါတယ်။ ရုပ်ဝတ္ထု အရသာ စစ်အစိုးရက အန်အယ်ဒီကို ဖျက်လို ဖျက်ဆီး လုပ်နိုင်တာပါ။ ပြည်သူ အများစုနဲ့ အဖွဲ့ ဝင်တွေရဲ့ စိတ်ထဲက အန်အယ်ဒီ ခေါင်းဆောင်များနဲ့  ပါတီကိုတော့ နအဖ ဒီတစ်သက် ဖျောက်ဖျက်လို့  မရပါဘူး။ စိတ်ဓာတ် ရေးရာ အရ ကြည့်ရင် ဒီတိုက်ပွဲမှာ အန်အယ်ဒီ နိုင်ပြီး နအဖ ရှုံးပါတယ်။ အန်တီစု ပြောသလို တရားသ ဖြင့် ဆောင်ရွက်နေတဲ့ သူများဟာ နိုင်ရင်လည်းနိုင်၊ ရှုံး ရင်လည်း နိုင်မှာပါပဲ။ မတရား လုပ်နေသူတွေ အတွက်ကတော့ နိုင်ရင်လည်း ရှုံး၊ ရှုံးရင်လည်းရှုံးနေမှာပါပဲ။အမှန်တရား နှင့် တရား မျှတခြင်းဟာ အမြဲတမ်း တိမ်မြုပ် မနေပါဘူး။ တစ်နေ့နေ့ တစ်ချိန် ချိန်မှာတော့ အမိ နိုင်ငံတော်ဟာ အမှောင်ခွင်းပြီး အလင်း ဆောင်နိုင်မှာပါ။ ဆက်လက်ပြီး စည်းစည်း လုံးလုံးနဲ့ ပါတီ မရှိတော့ ရင်တောင် ပြည်သူ့  ရှေ့ က လမ်းညွန် ဦးဆောင်ပေးနိုင်တဲ့ အဖွဲ့  အစည်း တစ်ရပ် အမြဲ ဖြစ်ပါစေ လို့ ဆုတောင်းလျက်...
written by wine, March 30, 2010
It reminds me of Bayint Naung and the Naung Yoe Battle.
Rafts are destroyed now and only the victory is ahead of them.
Rafts are destroyed now and only the victory is ahead of them.
written by MC, March 30, 2010
Good job NLD! Would like to know how will be the future of NLD. No NLD at all? But NLD will always be in the heart of most Myanmar people.
written by Thazin Pyu, March 30, 2010
စစ်အာဏာရှင်စံနစ် ကို တိုက်ဖျက်ချ င်ပါတယ် ဆိုမှ စစ်အစိုးရ အလိုကျ လိုက်လုပ်နေမ ယ်ဆိုရင် -စစ်အစိုးရ အနိုင် ကျင့်သမျှ ခေါင်းငုံ့ ခံနေမယ်ဆိုရင်- ကျွန်တော်တို့ အတွက် NLD ကို ဘာလုပ် တော့မှာ လည်းဗျာ---- --ဗိုလ်ချုပ်မှူးကြီးကို ဘဲ အဖေ ခေါ်တော့မှာပေါ့-- -ပါတီတ စ်ခုဟာ ဘယ်လို အခက်ခဲမျီုးနဲ့ဘဲ ရင်ဆိုင် ရပါစေ မိမိရဲ့ ပါတီမူဝါဒ တွေကို မဆုတ် မနစ် ဆုပ်ကိုင်ထားမှ ပြောတဲ့ အတိုင်း လုပ်မှ အလုပ်နဲ့ အပြော ညီမှ ပြည်သူ့ေ ထာက်ခံမှု ရတော့မှာပေါ့---
ခုဆိုရင် NLD ဟာ ပြည်သူ့ပါတီ ဖြစ်တယ် ဆိုတာ ရဲရဲတောက် ဖေါ်ပြလိုက်ပြီမို့ အထူး ၀မ်းသာ ဂုဏ်ယူပါတယ်။
ဒေါ်စု- ဦးဝင်းတင်- ဦးတင်ဦး- ဦးညာဏ်ဝင်း ကျန်းမာပါစေ
ခုဆိုရင် NLD ဟာ ပြည်သူ့ပါတီ ဖြစ်တယ် ဆိုတာ ရဲရဲတောက် ဖေါ်ပြလိုက်ပြီမို့ အထူး ၀မ်းသာ ဂုဏ်ယူပါတယ်။
ဒေါ်စု- ဦးဝင်းတင်- ဦးတင်ဦး- ဦးညာဏ်ဝင်း ကျန်းမာပါစေ
written by Ko Thet, March 30, 2010
မတရား ထုတ်ပြန်ထားတဲ့ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြတ်ပြတ် သားသား ဆန့် ကျင်ကာ မှတ်ပုံ မ တင်ရန် ဆုံးဖြတ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချူပ်အား လေးစား ဂုဏ်ယူပါတယ်။
written by Yan Naing, March 30, 2010
We support NLD's decision.
Now, it is time to think what's next.
NLD leadership has to come up with a strategy and a set of tactics which can respond to every eventualities the SPDC will try to impose.
Instead of trying to react to SPDC's moves, NLD leadership has to be pro-active, improvise some measures to engage people on the streets more in the political process, and cooperate with all the opposition forces (Wa, KNU, ABSDF, and all other ethnic groups) to counter all possible moves by SPDC.
I hope not only NLD but the whole country can grit our teeth, go all the way and eliminate the military dictatorship from Burma.

written by တိုးတက်အောင်, March 30, 2010
ဒီချုပ်က အခုလို တင်းခံထားမယ် ဆိုရင် ရွေးကောက်ပွဲ ရက်ရွေ့ သွားရလိမ့်မယ်။ ခေါင်းမာမာနဲ့ ဇွတ်လုပ်ပြီး သူ့အစိုးရ သူဖွဲ့၊ သူ့လွှတ်တော် သူခေါ်တော့ ဘာဖြစ်လဲ လို့တော့ မေးစရာ ရှိတာပေါ့။
ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးက ဆွဲထုတ်လို့ မရပါဘူး။ ပြည်သူ့ အင်အားက သူ့နောက်မှာ အမြဲ ရှိပါတယ်။
ဒီအချက်က မြန်မာ့နိုင်ငံရေးရဲ့ သော့ချက်ပဲ။ ဒီဟာကို စစ်အစိုးရ နဲ့ တစ်ချို့ နိုင်ငံရေးသမားတွေ သိသိကြီးနဲ့ နားမလည်ြ ဖစ်နေရတယ်။ ကျုပ်တို့ တိုင်းပြည် မျက်နှာပဲ ကြည့်ကြပါစို့ဗျာ။ စည်းလုံး ညီညွှတ်မှုဟာ ဒေါ်စုစကား တစ်ခွန်းနြဲ့ ပီးပါတယ်။ သမိုင်းကို သင်ပုန်းခြေဖို့ ဒေါ်စုတစ်ယောက်ပဲ တတ်နိုင်ပါတယ်။ အဖြေ ထွက်ပြီးသား ပု စ္ဆာ ကို ထပ် အဖြေရှာရင် တိုင်းပြည်လဲ နာလှပါပြီ။ ပြည်သူတွေလဲ ငတ်လှပါပြီ။

written by Myo, March 30, 2010
What will happen to the future of Myanmar? How is tomorrow? I am feeling confuse?
written by Red Dragon, March 30, 2010
တိုင်းပြည် အကျိုး မစွမ်းဆောင်ပေးနိုင်ခဲ့သေးရင်တောင်
တိုင်းပြည် ပျက်မဲ့ အခြေ အနေမှာ ပူးပေါင်း ကြံစည်သူ
အဖြစ် မခံတဲ့ အင်န်အယ်လ်ဒီကို လေးစားပါတယ်။
သန်းခေါင်ထက် ပို ညဥ့်မနက်ပါဘူး။
ခေါင်းဆောင်ကောင်းတွေ ဖြစ်ခွင့် မရခဲ့ရင်တောင်
သူရဲကောင်းတွေ၊ အာဇာနည်တွေ အဖြစ် သမိုင်း တွင်ရစ်မှာပါ။
အင်န်အယ်လ်ဒီ အဓွန့်ရှည်ပါစေ။
အရေးတော်ပုံ အောင်ပါစေ။
သစ္စာ ထင်ရှား ရှိပါစေ။

written by kayin, March 30, 2010
ဖက်ဆစ် ဆန့်ကျင်ရေးနဲ့ ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့ကလည်း ဘယ်နေရာ မှာမှ ပါတီ မှတ်ပုံ မတင်ခဲ့ပါဘူး။ ခေါင်းဆောင်တွေရဲ့ ညီညွတ်မှု၊ ခေါင်းဆောင်တွေရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ ခေါင်းဆောင်တွေရဲ့ စည်းရုံးမှု၊ တိုက်ပွဲပုံစံ ဖော်မှုတွေကြောင့် နိုင်ခဲ့တာပဲ။
written by ပြည်သူ, March 29, 2010
လှည်းနေ လှေအောင်း မြင်းစောင်း မကျန်
စစ်အစိုးရကို ဆန့်ကျင်ရမည်၊၊
စစ်အစိုးရကို ဆန့်ကျင်ရမည်၊၊
written by Thét Tün Oõ, March 29, 2010
ကဲကဲ ဘိုဂျုပ်တွေ။ ကြားတဲ့ အတိုင်းပဲ။ ဒီ/ချုပ်ကတော့ ခင်ဗျားတို့ ဆင်တဲ့ ထောင်ခြောက်က နိုင်ငံရေး အသိဥာဏ် ရှိရှိနဲ့ ရှောင်ထွက်သွားပြီ။ ဒီ/ချုပ် က ခင်ဗျားတို့ လုပ်မယ့် so called ရွေးဂေါက်ပွဲမှာ မပါတော့ဖူး ဆိုတော့ ခင်ဗျားတို့ ဘိုဂျုပ် အချင်းချင်းသာ အာဏာ အတွက် ခွက်စောင်း ခုတ်ကြတော့ဗျာ။ ဒီ/ချုပ် ကတော့ ပါတီ အနေနဲ့ ရပ်တည်ဖို့ အခက်အခဲ ရှိကောင်း ရှိနိုင်ပေမယ့် ပြည်သူလူထု ကျောထောက် နောက်ခံနဲ့ ဘိုဂျုပ်တွေ ပြောတဲ့ သန့်စင် မွန်မြတ်တဲ့ အမျိုးသား နိုင်ငံရေးကို ဆက်လက် လုပ်ဆောင် ပါလိမ့်မယ်။
written by Blue Flower, March 29, 2010
Dear NLD,
Bravo and Go ahead.
Your decision is the same with the our Myanmar Peoples'.
Go ahead NLD.
We all agree what you do.
Please show our Myanmar People's brave power to military regime.
But Please beware of Divide and Rule policy .
The Authorities are still in the hand of military, not yet arrive back into people.
Prepare for next step.
If they release DASSK, will you register??
If they demolish NLD, what will you do? How to fight back?
Please prepare for the worst.
Please believe one thing, our Myanmar people are together with you, NLD.
Let's DARE TO FACE UNITEDLY.

written by komyo, March 29, 2010
we all welcome that decision....without NLD, election will not be succeed. I think the gov will change their policy...We believe Aung San Su Kyi....Without her, NLD is like a snake without venom!!!The gov will not afraid!!! I think because of this decision, the General is under stressful..."Ha Ha! His time will end soon...So Poor that Guy!!!"
written by Ko Thet, March 29, 2010
Who will stand as strong opposition party at least. My point of view, after jailed term we can appoint D ASSK as any position in party. Even if she would be in prison in life, we can get her suggestion and guidance whenever needed as long as she loves the people and nation. It looks like that NLD might make his grave by himself. We should consider that our independence came after Bo Gyoke was sacrificed as martyr. We got the independence so that we just follow the path he made. What I means is that anything cant be missed if there is strong of will and firm of heart not regarding with someone or something is included or excluded.
written by ko aye, March 29, 2010
Dear All....It was the excellent decision...we agreed with What NLD decided..
written by soe tint, March 29, 2010
ကျေးဇူး တင်ပါတယ် ပြည်တွင်း NLD ခင်ဗျား
စစ်ဖိနပ် အောက်မှာ နေရပေမဲ့ 1990 တုံးက ဆန္ဒတွေ ပေးခဲ့ကြတဲ့ စစ်သားတွေ အပါဝင် လူထုကြီး တခုလုံး အပေါ်မှာ သစ္စာ ရှိပြလိုက်တာ ကတော့ တိုင်းပြည် အတွက် အင်မတန်မှ ဂုဏ်ရှိလှပါတယ်
ပြည်တွင်း NLD ဟာ ပါတီဖွဲ့ ပြီး နိုင်ငံရေး လုပ်တာ အမျိုးသားရေးကို ဘယ်တော့မှ သစ္စာ မဖောက် ဆိုတာ လက်ရှိ ဗိုလ်ချုပ်တွေထက် သစ္စာ ရှိတယ် အပြောနဲ့ အလုပ် ညီအောင် လုပ်တတ်တယ်
ဒါပေမဲ့ ဂုဏ်ယူ မစောပါနဲ့  နအဖ က ဒီအတိုင်း ကြည့်မနေဘူး ပါတီဝင် တွေနဲ့  မိသားစုဝင်တွေ အားလုံး နအဖ က မျက်ခြေမပြတ် စောင့်ကြည့်မယ် လက်သည် မပေါ်တဲ့ နှောက်ယှက်မှုတွေ ပို လုပ်လာတော့မယ်
အခု ဆုံးဖြတ်ချက်ကို အညွန်း သက်သေပြု ပြီး အမြဲ ပုတ်ခတ် နေပါတော့မယ် အဲဒါတွေလုပ်ဘို့  စစ်ထောက် လှန်းရေး ရဲထောက်လှမ်းရေး ကြံ့ဖွတ် စွမ်းအားရှင် စတာတွေနဲ့ နအဖ တို့ စီမံချက် ဆက်ပါေ တာ့မယ် သေချာတာ တခုက သူတို့ ဥပဒေ ကို လုံးဝ(လုံးဝ) ပြန် မပြင်ပါဘူး။

written by tkt, March 29, 2010
ဘယ်သူတွေ ဘာပဲ ပြောပြော NLD မကွဲပါ.. အမြဲစည်း လုံးနေပါသည်၊၊
written by Mg Mg (Malaysia), March 29, 2010
အခုလို ပြတ်ပြတ်သား ဆုံးဖြတ်နိုင်ခဲ့တဲ့ အတွက် NLD ကို ၁၉၉၀ တုန်းက ထောက်ခံမဲ ပေးမိတာကို ဂုဏ်ယူ ကျေနပ်မိပါတယ်။ ဒီမိုကရေစီနှင့် လူ့အခွင့် အရေးတွေ ရရှိဖို့ အတွက် NLD ပါတီဝင်များနှင့် အတူ ကျွန်တော်တို့ လူထုတွေ ပူးပေါင်းပြီး ရဲရဲ ရင့်ရင့် ဆက်လက် အရှိန်မြှင့် လှုပ်၇ှား နေကြအုန်းမယ် လို့ ယုံကြည်တယ်ဗျာ။
မတရားမှုကို တရားမှုက မုချ နိုင်မှာပါ။
မတရားမှုကို တရားမှုက မုချ နိုင်မှာပါ။
written by မျိုးလွင်, March 29, 2010
မတရားတဲ့ ဥပဒေကို ဆန့်ကျင်ပြီး ဘာအခွင့်ရေးမျှ မမျှော်ကိုးပဲ ပြတ်ပြတ် သားသား ဆုံးဖြတ်လိုက်တာ အရမ်း လေးစားသွားတယ်။ စစ်အစိုးရလည်း တော်တော် ဖြုံသွားမယ်။ သူ လုပ်နေကျ သွေးခွဲမယ် တဖက်ကို နှိပ်ကွပ်မယ်၊ တဖက်ကို မစို့မပို့ အခွင့်ရေးလေး ပေးပြီး နောက်လိုက် မွေးထားမယ်၊အခု NLD နဲ့ကျမှ မဟာ ဗျူဟာဟောင်းကြီး သုံးမရ ဖြစ်သွားပြီ။ အထူးသဖြင့် ဒေါ်စုကို အရမ်း လေးစားသွားတယ် ခိုင်မာ ပြတ်သားတဲ့ စိတ်ဓာတ်နဲ့ မတရားမှုကို နှစ်ပေါင်း များစွာ ဇွဲ၊သတ္တိ၊ အနစ်နာ တွေခံပြီး ပြည်သူတွေ ဘက်က ရပ်တည်ခဲ့တာ။
written by nyan thit htin, March 29, 2010
It's the right decision and that can make a histrorical moment in NLD. Also that decision can lead to our very close up of bright democracy.
written by ဗိုက်ကလေး, March 29, 2010
့ရွေးကောက်ပွဲ မဝင်ဘူးဆိုတာ ထောက်ခံပါတယ် ဒါမှ သူတို့ ရွှေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်မပြုမှာ
နအဖ ဘယ်လို ဆက်လုပ်မယ် ဆိုတာ စောင့် မျှော်ကြည့် ပါ....တို့ ပြည်သူတွေက ဝက်ဖြစ်နေမှ ချီးမကြောက်တော့ ပါ။
နအဖ ဘယ်လို ဆက်လုပ်မယ် ဆိုတာ စောင့် မျှော်ကြည့် ပါ....တို့ ပြည်သူတွေက ဝက်ဖြစ်နေမှ ချီးမကြောက်တော့ ပါ။
written by လင်းလက်ကြယ်, March 29, 2010
တရားမ၀င် စစ်အစိုးရရဲ့ တမင် ကလိမ်စေ့ ငြမ်းဆင်ပြီး မတရား ထွင်ထားတဲ့ ဒီ အခြေခံ ဥပဒေ မူတွေအောက်မှာ မနိုင်မည့် အတူ ရွေးကောက်ပွဲ မ၀င်တာ လုံးဝ ရာနှုန်းပြည့် ထောက်ခံပါတယ် ။
NLD ပါတီကို မှတ်ပုံ ထပ် မတင်သော်လည်း ပါတီဝင် လူထုရဲ့ စိတ်ဓါတ်နှင့် စည်းလုံး ညီညွတ်မှု ကို စစ်အစိုးရက ဘယ်တော့မှ ဖြိုခွဲနိုင်မည် မဟုတ်ပါ ။
ဒေါ်အောင်ဆန်းစုကြည် နဲ့ သူ့လုပ်ရပ် ၊ ရပ်တည်ချက်တွေကို လုံးဝ ထောက်ခံပါတယ် ။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရဲ့ စစ်အစိုးရ နှင့် အပေါင်း အပါ အားလုံး နိုင်ငံတကာ စစ်ခုံရုံး ရှေ့မှောက် အမြန်ဆုံး ရောက်ပါစေ ။

written by Thazin Pyu, March 29, 2010
သာဓု-သာဓု-သာဓု
သိက္ခာမဲ့ အမတ်မင်း ဖြစ်ဖို့ထက် သိက္ခာရှိတဲ့ နိုင်ငံရေး သမား ဘ၀ကို ရွှေးချယ်ခဲ့ပြီး အရှက်တရား နဲ့ ဂုဏ်သိက္ခာ အပြည့်နဲ့ အသက်ရှင်လို တဲ့ NLD ကို ကြိုဆို လိုက်ပါတယ်-----
----- ငါ၏ ဦးခေါင်းတို့သည် သွေးသံတို့ဖြင့် ရဲရဲနီ၏ သို့သော် ညွတ်ကား မညွတ်(ဗိုလ်ချုပ်အောင်ဆန်း)

written by ရွှေဗမာ, March 29, 2010
အဖွဲ့ချုပ်အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက် လို့ ထင်ပါတယ်။ ဒီလိုမှလဲ စစ်အစိုးရက စစ်မှန်တဲ့ စေတနာနဲ့ မဟုတ်ပဲ ကျင်းပ ပေးတဲ့ ရွေးကောက်ပွဲဟာ တရား မျှတခြင်း မရှိဘူး ဆိုတာကို မီးမောင်း ထိုးပြနိုင်မှာပါ။
written by Nyein Moe, March 29, 2010
လူထုဆန္ဒ အတိုင်း ပြည်သူ့ အဖွဲချူပ် ရဲရင့်စွာ ဆုံးဖြတ်ချက် ချနိုင်ခဲ့ပါပြီး။ NLD ဆန္ဒသည် လူထုဆန္ဒ ဖြစ်သည်။
written by Tyk, March 29, 2010
what is next for NLD ?Next 20 years again ?We want to know.
written by 1, March 29, 2010
အလိမ်မခံတော့ ဘူးလား ကွယ်
ပါ၇မီ ဖြည့်ဖက် မလုပ်တော့ ဘူုးလားကွယ်
NLD ရယ်
ပါ၇မီ ဖြည့်ဖက် မလုပ်တော့ ဘူုးလားကွယ်
NLD ရယ်
Write comment
| < Prev | Next > |
|---|