“ဒီနှစ်မိုးတွင်း အပြီးဆယ်မှာပါ။ မိုးတွင်းဆိုရင် ရေအောက်ကြမ်းပြင်က ပြောင်ချောနေတယ်လေ။ ကျနော် ရေအောက်ကို ဆင်းကြည့်တာ တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် စက်ယန္တရားတချို့ လိုအပ်ပါတယ်။ ဒီတကြိမ်နဲ့ဆို ငါးကြိမ်မြောက် ဆယ်ယူခြင်းပဲ” ဟု ဓမ္မစေတီ ခေါင်းလောင်းကို ငွေကြေးအကုန်အကျခံ ဆယ်ယူမည့် ဦးစံလင်းက ဆိုသည်။
ဓမ္မစေတီ ခေါင်းလောင်းကြီးကို နေအိမ်အကျယ်ချုပ် ကျခံနေရသော ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွှန့် လက်ထက် ကလည်း ဆယ်ယူရန် ကြိုးစားခဲ့ပြီး ၁၉၉၇ ခုနှစ်က တကြိမ်၊ ၁၉၉၈ ခုနှစ်က နှစ်ကြိမ်၊ ၁၉၉၉ ခုနှစ်က တကြိမ် ဆယ်ယူ ခဲ့ဖူးသည်ဟုလည်း သိရသည်။
ယခုတကြိမ်တွင် နိုင်ငံခြား အကူအညီမယူဘဲ ဆယ်ယူမည်ဖြစ်ကြောင်း ဦးစံလင်းက ဆိုသည်။
ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို ကောဇာသက္ကရာဇ် ၈၅၂ ခုနှစ်က ရွှေတိဂုံ ရင်ပြင်တော်ပေါ်သို့ ဓမ္မစေတီမင်းက တင်လှူ ပူဇော်ခဲ့ပြီး သက္ကရာဇ် ၉၇၄ ခုနှစ် တန်ဆောင်မုန်း လပြည့်နေ့၊ မွန်းတည့် ၁၂ နာရီက ပေါ်တူဂီလူမျိုး ဒီဘရစ်တို (ခေါ်) ငဇင်ကာက သင်္ဘော ၂ စီးဖြင့် ပေါ်တူဂီနိုင်ငံသို့ သယ်ဆောင်သွားခဲ့စဉ် ရန်ကုန်နှင့် သန်လျင်ကြား ပဲခူးမြစ်၊ ရန်ကုန်မြစ်နှင့် ပုဇွန်တောင်ချောင်းဝ ဟူသော မြစ် သုံးဆိုင် အရောက် ၎င်းသင်္ဘော နှစ်စီး တိမ်းမှောက်ကာ ခေါင်းလောင်းကြီးလည်း နစ်မြုပ်ခဲ့သည်ဟု သမိုင်း အထောက်အထားများ အရ သိရသည်။
ဓမ္မစေတီခေါင်းလောင်းတော်ကြီးသည် ရေအောက်တွင် နှစ်ပေါင်း ၃၉၇ နှစ်တိုင်တိုင် ရှိနေခဲ့သည်ဟု မှတ်တမ်းများ အရသိရသည်။
“ဒီခေါင်းလောင်းကြီးကို ဆယ်တာကြာနေပြီ မရဘူး။ ဆယ်လို့ရမယ် မထင်ပါဘူး၊ နှစ်တွေပဲကြာနေပြီ။ ဆယ်လို့ရမယ် ဆိုရင်တော့ ကောင်းတာပေါ့။ ဆယ်လို့မရဘဲ ငွေကုန်ရုံသက်သက်ဆို ဘာထူးမှာလဲ။ အစိုးရဘက်ကကော ဘယ်လို ကူညီမှုတွေပေးမလဲ မသိဘူး” ဟု ပုဇွန်တောင်မြို့နယ်နေ ဒေသခံ တဦးကပြောသည်။
ခေါင်းလောင်း ဆယ်ယူရေးတွင် ရေအရင်းအမြစ်နှင့် မြစ်ကြောင်း ဦးစီးဌာနမှ သောင်တူးစက် အမှတ် ၁၅ဝ၁ (သို့မဟုတ်) ၁၅ဝ၂ ရေယာဉ်တစီး အကူအညီရရန် အဓိကလိုအပ်နေကြောင်း ဦးစံလင်းကဆိုသည်။
အဆိုပါ ဓမ္မစေတီခေါင်းလောင်းကြီး ဆယ်ယူပြီးစီးပါက ရွှေတိဂုံစေတီတော်ရှိ မူလနေရာတွင် ပြန်လည်ထားရှိမည်ဟု သိရသည်။
ပုဇွန်တောင် ချောင်းအတွင်း ရေအောက်ကြမ်းပြင် ၅၂ ပေအနက်တွင်နစ်မြုပ်လျက် ရှိနေပြီး ပေါ်တူဂီခေတ် သင်္ဘောပျက် ၂ စီး၊ တခြားခေါင်းလောင်း ၁ လုံး၊ ဉာဏ်တော် ၇ တောင်စီရှိသော ရွှေသားအစစ် ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော် နှစ်ဆူနှင့် ကျောက်သံ ပတ္တမြားများ ပါသည့် သေတ္တာ ၁၁ လုံး တို့လည်း ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးနှင့် အတူ ယနေ့ထက်တိုင် ရှိနေဆဲဖြစ်သည်ဟု ဦးစံလင်းက ဆိုသည်။
အဆိုပါ ခေါင်းလောင်တော်ကြီးသည် ယခင်နှစ်များက တပေါင်းလပြည့်နေ့ရောက်တိုင်း ရေပေါ်တွင်ပေါ်လာကာ ရွှေတိဂုံ စေတီတော်မြတ်ကြီးကို ဖူးမြော်သည်ဟုလည်း ဒေသခံများက ပါးစပ်ရာဇ၀င် တခုအနေနှင့် ပြောဆိုနေကြသည်။
Set as favorite
Bookmark
Email this
Hits: 6563
Comments (11)

written by အောင်မင်း......, April 17, 2010
ခေါင်းလောင်းကြီး ဆယ်ယူရာတွင် ကုန်ကျမည့် ငွေကြေး ပမာနထက် ခေါင်းလောင်းကြီးတွင် ပါရှိသော ရတနာများမှာ တန်ဘိုး အမြောက်များ ရှိသည်မှာ ဧကန်မုချဖြစ်ပါက ဦးစံလင်းရေ. .ဦးစံလင်းဆယ်ယူခွင့် တောင်ရလိုက်မှာ မဟုတ်ပဲ အစောကြီး ကတည်းက ဆယ်ပြီးဖြစ်ကြောင်း ..... .ဘာပဲဖြစ်ဖြစ်မြန်မာ့ သမိုင်း မြန်မာ့ ယဉ်ကျေးမှု့  ကိုမြတ်နှိုးတဲ့ ဦစံလင်းတို့ လို စိတ်ဓါတ်မျိုးမြန်မာ့ လူမျိုး တိုင်းရှိကြပါစေ...ခေါာင်းေ လာင်းကြီး ဆယ်ယူမှု့ လဲ အော င်မြင်ပါစေလို့  ဆုတောင်း ပေးလိုက်ပါတယ်..။
written by Tun Shwe Khaing, April 02, 2010
မွန်လူငယ် တစ်ဦး ရဲ့မှတ်ချက်က အလွန်ဘဲ သဘာဝကျပါတယ်-------ဘာကြောင့်လဲ ဆိုတော့ ဒီနေ့ ကျွန်ုပ်တို့ သင်ယူနေကြရတဲ့ (ပိတ်ပင်ခံထားရတဲ့ တိုင်းရင်းသား တွေရဲ့ သမိုင်းတွေ အများကြီးပါ) မြန်မာသမိုင်း ဆိုတာ မြန်မာ တစ်နိုင်ငံ လုံး မှာ ရှိတဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံ တို့ရဲ့ သမိုင်း ဖြစ်သင့် ပါတယ်- ---ဒါပေမယ့် လက်တွေ့မှာ ဗမာ သမိုင်းသာ ဖြစ်ပါတယ်-- --ဗမာ ဘုရင်တွေ ဗမာ ခေါင်းဆောင်ေ တွရဲ့ ဘုန်းတော်ဘွဲ့ များသာ ဖြစ်ကြပါတယ်။ အထူးသဖြင့် မွန်သမိုင်းတို့ ရခိုင်သမိုင်းတို့ ကို ရည်ရွယ်ချက် ရှိရှိ ဖျောက်ဖျက်ဖို့ ကြိုးစားနေ ကြတယ် ဆိုတာ လူတိုင်း သိကြပါတယ်--ဒီတော့ ဓမ္မစေတီမ င်းဟာ ဗမာလိုလို ထင်စရာ ဖြစ်နေေ တာ့တာပေါ့------စစ်အစိုးရ လက်ထက်မှာ ဆိုတော့ ပိုဆိုးေ တာ့တာပေါ့ဗျာ--
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ်ဝန်ေ ဆာင်တွေ မွေးကင်းစ ကလေးတွေ--လေးဘက်တွား အရွယ်တွေ- -သံဂွေလှိမ့် အရွယ်တွေ -နွားကျောင်းသား အရွယ် တွေ စတဲ့ လူပေါင်း ထောင်ပေါင်း များစွာကို အာဏာလုလာ မှာစိုးလို့ ရက်ရက် စက်စက် သတ်ဖြတ်ခဲ့တဲ့ အနော်ရထာ ဘုရင် ကျတော့ သူရဲကောင်းတဲ့ - ဒီတော့ သမိုင်း ဆိုတာ စစ် အစိုးရရဲ့ ဗမာ လူမျိုးကြီး ၀ါဒ အောက်မှာ ရုပ်ပျက် ဆင်းပျက် ပေါ့ခင်ဗျား--

written by နဲာတေဇာ, April 01, 2010
မွန်ဘုရင် တစ်ပါးရဲ့ ကောင်းမှု ကုသိုလ် တော် ပါ ... မွန်လူမျိုး တို့ရဲ့ ဂုဏ်ရောင် တောက်ပ ခဲ့ သမိုင်း ကို မေ့ထားကြ တာ စိတ်မကောင်း စရာပါ ... ရွှေတိဂုံစေတီ ဟာ မွန်ဘုရင် ရဲ့ ကောင်းမှု ... မွန် ဗိသုကာ ပညာ လက်ရာပါ ...
written by ပိုးစုန်းကြူး, April 01, 2010
သမိုင်း အတွက် အရေးကြီး တဲ့ အထောက် အထား တစ်ခု ဖြစ်တဲ့ အတွက် ဘယ်သူ ဆယ်ဆယ် .. ကောင်းပါ၏ ။ အရင်က ဆရာချစ်စံဝင်း ရေးတဲ့ ဓမ္မစေတီ ခေါင်းလောင်း နဲ့ ပါတ်သက်တဲ့ စာအုပ် ဖတ်ဖူးပါတယ် .. ။ ဆရာ ချစ်စံဝင်းလည်း ခေါင်းလောင်းကြီး ဆယ်ဖို့ ကြိုးစားခဲ့ပါတယ်။ သူ့ သားကြီး အာရ်အိုင်တီ ကျောင်းသားက ခေါင်း လောင်း ဆယ်ဖို့  ပြင်ဆင် နေဆဲ ကာလ ရုတ်တရက် ဆုံးပါတယ်။ ဆရာလည်း စိတ်ဓါတ်ကျ ပြီး ရပ်လိုက်ပါတယ်။ စာအုပ်က E book လား Hard copy လား မမှတ်မိတော့ ပါဘူး ။ Ebook ရှိသူ များ ရှယ်ကြပါ .. ကျေးဇူးတင်ပါတယ် ။
written by မွန်လူငယ်တစ်ဦး, March 31, 2010
ဓမ္မစေတီ ခေါင်းလောင်းကို ရွှေတိဂုံ ရင်ပြင်တော်ပေါ်မှာ ပြန်ထားမည်ဆိုသည့်အတွက် အတိုင်းထက် အလွန် ၀မ်းသာပီတိ ဖြစ်ရပါသည်။ သို့ပေမယ့် အဓိက အရေးပါတဲ့ အချက် တစ်ချက်ဖြစ်တဲ့ ဓမ္မစေတီမင်း အကြောင်းပါ။ သူဟာ မွန်ဘုရင်တပါး ဖြစ်တယ် ဆိုတာကို စာရေးသူ အနေနှင့် တင်ပြ ရေးသားဖို့ မေ့လျှော့ခဲ့ဟန် တူပါတယ်။
အခုလိုမှတ်ချက်ပေးနေတာဟာလည်း ခံစားချက် အတွေ့အကြုံရှိခဲ့လို့ ထောက်ပြရခြင်းဖြစ်ပါတယ်။ အခု မှတ်ချက်ေ ပးနေသူဟာ ငယ်စဉ်က (၅) တန်း သမိုင်းမှာ ပါတဲ့ ရှင်စောပု အကြောင်းကို သင်ယူခဲ့စဉ်က သူမဟာ မွန်ဘုရင် တစ်ပါးဖြ စ်နေမှန်း လုံးဝမသိခဲ့ရပါ။ ဘာဖြစ်လို့လည်း ဆိုတော့ အဲဒီဖတ်စာမှာ ရှင်စောပု အကြောင်းကို မြန်မာနိုင်ငံတွင် တစ်ဦးတည်းသော ဘုရင်မ ဟုသာ ရေးသားထားပါတယ်။ ဒီရေးသားချက်ဟာ မှန်နေပေမယ့် မွန်ဘုရင်မ လို့ မရေးထားတဲ့အတွက် သမိုင်း အမှန်ကို မသိသေးတဲ့ ကလေးငယ်ေ တွအတွက် ရှင်စောပု ဟာ မြန်မာဘုရင်မ အဖြစ်နှင့်သာ သတ်မှတ်ထာြး ကတော့မှာပေါ့။ ဒီရေးသားချက်ဟာ အမှတ်မထင် ကြည့်လိုက်ရင် ဘာမှ မဟုတ်သလိုနဲ့ တကယ် တွေးကြည့်ရင် မြန်မာ လူမျိုြး ကီးဝါဒကို အကွက်ကျကျ ကျင့်သုံးေ နသလိုပါပဲ။
အဲဒါကြောင့် မှတ်ချက် ပေးသူအနေနဲ့ တင်တောင်း ဆိုချင်တာ တစ်ခုက စာရေးသူ အနေနှင့် ဘက် မလိုက်ပဲ တကယ် စိတ်ရင်းမှန် နှင့်သာ ရေးသား တင်ပြသူ တစ်ယောက် ဖြစ်ခဲ့ရင် စာပိုဒ်ပါ ရွှေတိဂုံ ရင်ပြင်တော် ပေါ်သို့ ဓမ္မစေတီမင်း လို့ ရေးမည့်အစား ရွှေတိဂုံ ရင်ပြင်တော်ပေါ်သို့ မွန်ဘုရင် ဓမ္မစေတီမင်း ဟုပြောင်းလဲ ရေးသားခဲ့လျှင် အတိုင်း မသိ ၀မ်းသာ ဂုဏ်ယူမိမှာ ဖြစ်ကြောင်း။

written by firefly, March 31, 2010
Hopefully, they will be able to bring it back to its original place
written by Anawa, March 31, 2010
တူးဖို့ ဆောင်ရွက်နေတာ ကြာပါပြီ လွယ်တော့ မလွယ်ပါ ဒါပေမယ့် မဖြစ်နိုင်တာမရှိ ဆိုသလိုပါပဲ အားလုံး မျှော်လင့်နေတာ ကို ဖြစ်အောင် လုပ်နိုင်ရင် ၀မ်းမြောက်စရာပါ၊ အစိုးရ ဘက်ကလည်း အားပေးသင့်ပါတယ်၊ ဖြစ်နိုင်ရင် ကိုယ့် ယဉ်ကျေးမှု တင်မကပဲ တိုင်းတပါးရဲ့ အဲဒီခေတ်က သင်္ဘောကိုပါ ဆယ်ယူ နိုင်ရင် ပိုကောင်းမယ် ထင်ပါတယ်၊ ဦးစံလင်း ကြံစည် သမျှ အောင်မြင်ပါစေလို့ ဆုမွန်ကောင်း တောင်းပါတယ်။
written by Aeikoh, March 30, 2010
ခေါင်းလောင်းကြီး သွန်းလောင်းထားသည့် နေ့ရက်သည် နတ္ခတ္တ ဟောကိန်းအရ မိကျောင်း နာမ်ဂြိုလ် ဖြစ်၍ ရေမှာ နေတာဖြစ်သည်။
written by Thazin Pyu, March 30, 2010
ခေါင်းလောင်ကြီး က ပြောနေတယ် - ရွှံ့ထဲ ရေထဲ နေရတဲ့ ဒုက္ခက တော်တော်လေး ဆိုးပါတယ်တဲ့--- ဒါပေမယ့် လက်ရှိ စစ်အစိုးရ လက်ထက်မှာ ရွှေတိဂုံ ဘုရား ရင်ပြင် မကလို့ ငှက်မြတ်နားမှာ နေရမယ် ဆိုရင်တောင်မှ ငါ ပျော်မှာ မဟုတ်ဘူး- ---ဒီ တရားမျှတမှု ကင်းမဲ့တဲ့ ဘုရားရ င်ပြင်မှာထက် ရွှံ့ထဲ ရေထဲ နေရတာက စိတ်ချမ်းသာ အုံးမယ် ဆိုဘဲ-- - ခေါင်းလောင်းကြီးကို သနားပါတယ် ---
Write comment
| < Prev | Next > |
|---|