ယမန် နေ့က NLD ဗဟိုဦးစီး အဖွဲ့ အစည်းအဝေး ခေါ်ယူကာ ပါတီ မှတ်ပုံ တင်ရေး၊ မတင်ရေး အတွက် အများဆန္ဒ သဘောထားဖြင့် ဆုံးဖြတ် ခဲ့ခြင်းအပေါ် ဧရာဝတီ မဂ္ဂဇင်းက ရန်ကုန်မြို့နေ ပြည်သူများကို မေးမြန်း ကြည့်ခဲ့ရာ တချို့က NLD ဆုံးဖြတ်ချက်သည် ပြတ်သား ခိုင်မာပြီး လူထုဘက်မှ မားမား မတ်မတ် ရပ်တည် သည်ကို ပြသသည့် လုပ်ရပ် ဖြစ်သည်ဟု ပြန်လည် ဖြေကြား ကြသည်။“အာဏာရှင်က သူ့အာဏာ အတွက် သူဆွဲထားတဲ့ အစီအစဉ် အတိုင်း ဆက်လုပ်ဖို့ ပြင်ဆင်ချိန်မှာ NLD က ပြည်သူ့ဘက်၊ အမှန်တရား ဘက်က ရပ်တည်ပြီး မတရားတဲ့ ဥပဒေကို ဖီဆန်တဲ့ လုပ်ရပ်လို့ပဲ ယူဆတယ်” ဟု ရန်ကုန်မြို့နေ အသက် ၆၀ ကျော်အရွယ် ရှေ့နေတဦးက ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲကို NLD မ၀င်ရန်ဆုံးဖြတ်ခြင်းသည် သင့်လျော်ပြီး လက်ခံနိုင်သော ဆုံးဖြတ်ချက်ဖြစ်သော်လည်း အနာဂတ်
မြန်မာ့နိုင်ငံရေး အခြေအနေမှာမူ အကျပ်အတည်းအတွင်းသို့ ပြန်လည် ရောက်ရှိသွားပြီဟု ယူဆနိုင်ကြောင်း တက္ကသိုလ် ကျောင်းသားတချို့က သုံးသပ်သည်။
“NLD ပါတီက အလုပ်သင့်ဆုံးလုပ်ရပ်ကို လုပ်တယ်လို့ထင်ပါတယ်။ NLD ပါတီကို အစိုးရက မတရားအသင်းအဖြစ် သေချာပေါက် ကြေညာမယ်၊ နိုင်ငံရေးအကျပ်အတည်းတွေ အများကြီး ထပ်ဖြစ်လာဦးမယ်” ဟု အသက် ၂၈ နှစ်အရွယ် နိုင်ငံရေးလေ့လာသူ တက္ကသိုလ်ကျောင်းသား တဦးက ဆိုသည်။
နှစ်ပေါင်း ၂၀ ကျော်ကြာ အခက်အခဲ၊ ပင်ပန်းဆင်းရဲမှုများ တွေ့ကြုံ ဖြတ်သန်းခဲ့ရသော၊ လူထုက ချစ်ခင်လေးစား၍ ထောက်ခံ မဲပေးခဲ့သော ပါတီတရပ် မကြာမီ ပျက်ပြယ်တော့မည် ဆိုသောကြောင့် ပြည်သူများအကြား ၀မ်းနည်းမှုများ ဖြစ်ပေါ်နေသည် ဟုလည်း သိရှိရသည်။
“နှစ်ပေါင်း ၂၀ လုံး ပြည်သူကြားမှာ ရှိခဲ့တဲ့၊ လူထုအားလုံး ချစ်ခင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီ ပျောက်ကွယ်တော့မယ် ဆိုတာ တကယ် ၀မ်းနည်းဖို့ ကောင်းတယ်။ ဒါပေမယ့် လူတွေရဲ့ ရင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဘယ်တော့မှ မပျောက်ပျက်သွားဘူး” ဟု အသက် ၇၀ ကျော် အငြိမ်းစား အထက်တန်းပြ ကျောင်းဆရာမ တဦးက
ရှင်းပြသည်။
လူထု ကိုယ်စားပြု NLD ပါတီရွေးကောက်ပွဲတွင် ပါဝင်လာခြင်းမရှိသည့်အတွက် ပြည်သူများကြား လာမည့် ရွေးကောက်ပွဲတွင် မဲပေးရန် ဝေခွဲမရဖြစ်နေပြီး တချို့က မဲမပေးတော့ဟု ဆိုကြသည်။
“ပထမတော့ NLD ပါရင် မဲပေးမယ်လို့ စဉ်းစားထားတယ်။ NLD မပါတော့ဘူး ဆိုတော့ ဘယ်သူ့ကို မဲပေးရမလဲ ဆိုတာ မဝေခွဲတတ်တော့ဘူး” ဟု ရန်ကုန်အခြေစိုက် သတင်းထောက် တဦးက ဆိုသည်။
NLD ပါတီ မှတ်ပုံမတင်ရန် ဆုံးဖြတ်ခြင်းသည် လွဲချော်သော ဆုံးဖြတ်ချက်အဖြစ် ရှုမြင်ကြ သူများလည်း ရှိသည်။
“NLD ကို ထောက်ခံနေတဲ့ ပြည်သူတွေက ဒုနဲ့ဒေးရှိနေသေးတယ်။ NLD သာ ရွေးကောက်ပွဲ ၀င်ရင် ဒီပြည်သူတွေက NLD ကိုပဲ မဲပေးကြမှာ။ ခု NLD မပါတော့ဘူးဆိုတော့ ပြည်သူတွေဘာ လုပ်သင့်သလဲ၊ ဘာလုပ်ရမလဲ။ NLD ပါတီမှတ်ပုံမတင်ဖို့ ဆုံးဖြတ်တာ မှားတယ်လို့ မပြောပါဘူး။ လွဲချော်မှုတရပ်လို့တော့ ပြောချင်တယ်” ဟု ရန်ကုန်မြို့ခံ တဦးက ဆိုသည်။
တရားဝင် ပါတီမရှိဘဲ နိုင်ငံရေးဆောင်ရွက်ရန်မှာ စိတ်ကူးဖြင့် အဆင်ပြေနိုင်သော်လည်း လက်တွေ့တွင် မလွယ်ကူနိုင်ကြောင်း၊ ပါတီမရှိဘဲ နိုင်ငံရေးဆောင်ရွက်မှုများ ပြုလုပ်လျှင် စစ်အစိုးရက အကြောင်းပြ ဖမ်းဆီး ထောင်ချခြင်းများ ပြုလုပ်နိုင်ကြောင်း၊ ပါတီဝင်များ စုစုစည်းစည်း မရှိနိုင်တော့သည့်အတွက် အင်အားယုတ်လျော့သွားမည်ဖြစ်ကြောင်း တချို့က သုံးသပ်ကြသည်။
“တရားဝင် ပါတီအဖြစ် ရပ်နေတဲ့ အချိန်မှာတောင် ဖမ်းဆီးထောင်ချတာတွေ လုပ်နေသေးတာပဲ။ တရားဝင်ပါတီမရှိဘဲ နိုင်ငံရေးလုပ်ရင် စစ်အစိုးရစိတ်ကြိုက် အရေးယူလို့ ရသွားမယ်။ ပါတီ မရှိတော့ရင် ပါတီဝင်တွေစုဖို့ တကယ့်ကို မလွယ်ပါဘူး” ဟု ရန်ကုန်အခြေစိုက် သတင်းအယ်ဒီတာတဦးက ဆိုသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို ပါဝင်ခွင့်မပေးသော စစ်အစိုးရ၏ လုပ်ရပ်ကြောင့် အမေရိကန်၊ ဥရောပနိုင်ငံများ အပါအ၀င် အနောက်အင်အားကြီးနိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုများ ပိုမို တိုးလာနိုင်ပြီး ပြည်တွင်းစီးပွားရေး အခြေအနေများ ကျပ်တည်း လာနိုင်သည်ဟု ရန်ကုန် စီးပွားရေးအသိုင်းအ၀န်းက သုံးသပ်သည်။
“ပုဂ္ဂလိက ဈေးကွက်စီးပွားရေးစနစ် ပြောင်းမယ်လို့ အစိုးရက ပြောပေမယ့် အမေရိကန်၊ ဥရောပနိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ဆက်ရှိဦးမယ်၊ ထပ်ပြီးလည်း တိုးလာမယ်ဆိုရင် မြန်မာ့စီးပွားရေးက အလားအလာ မကောင်းဘူး” ဟု
စီးပွားရေးတက္ကသိုလ် ပါမောက္ခတဦးက ပြောသည်။
နိုင်ငံရေး အကျပ်အတည်းများကြောင့် မြန်မာ့ စီးပွားရေးအခြေအနေမှာ အခက်အခဲများ သေချာပေါက် တွေ့ကြုံနေရဦးမည်ဟု သုံးသပ်သူ များလည်း ရှိသည်။
တိုးမြင့် လာနိုင်ဖွယ်ရှိသည့် စီးပွားရေး ပိတ်ဆို့မှုများကြောင့် မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်လာရန် ခက်ခဲ နိုင်သကဲ့သို့ မြန်မာ့ပို့ကုန် မြှင့်တင်ရန်လည်း မဖြစ်နိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ဆိုသည်။
“စားဝတ်နေရေး ကျပ်တည်းလာရင် ၁၉၈၈ တုန်းကလို လူထုအုံကြွမှု အလိုလို ပေါ်လာနိုင်တယ်” ဟု ရန်ကုန် အကောက်ခွန် ရှင်းလင်းရေး ဝန်ဆောင်မှု ကုမ္ပဏီပိုင်ရှင် တဦးက ပြောသည်။
စစ်တပ် ချုပ်ကိုင်သော စီးပွားရေးစနစ်မှ ပုဂ္ဂလိက စီးပွားရေးစနစ်သို့ ကူးပြောင်းခြင်း ဖြစ်သည့်အတွက် မူဝါဒပိုင်းတွင်မူ
တင်းကျပ်မှု လျော့လာနိုင်သောကြောင့် ပုဂ္ဂလိက လုပ်ငန်းရှင်များအတွက် စီးပွားရေးလုပ်ကွက် အခွင့်အလမ်းများ ပေါ်ပေါက်လာပြီး ပြည်တွင်းစီးပွားရေး တိုးတက်လာနိုင်သည်ဟု သုံးသပ်သည့် စီးပွားရေး လုပ်ငန်းရှင် တချို့လည်းရှိနေသည်။
“အမေရိကနဲ့ ဥရောပက တချိန်လုံး စီးပွားရေးပိတ်ဆို့ခဲ့တာတောင် အခု ပြည်တွင်း စီးပွားရေး လုပ်ငန်းတွေ လည်ပတ် နေသေးတာပဲ။ ၂၀၁၀ ရွေးကောက်ပွဲပြီးရင် မြန်မာ့စီးပွားရေး အတက်ပဲ ရှိမယ်။ အကျမရှိဘူး” ဟု ဆန်စပါး လုပ်ငန်းရှင်တဦးက ဆိုသည်။
၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ အပစ်ရပ် တိုင်းရင်းသားအဖွဲ့များကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက်
စစ်အစိုးရက ဖိအားပေးနိုင်သောကြောင့် နယ်စပ်အရေး မတည်ငြိမ်နိုင်ဟုလည်း ရန်ကုန်အခြေစိုက် သတင်း အယ်ဒီတာတဦးက သုံးသပ်သည်။
“နယ်ခြားစောင့်တပ် လုပ်ဖို့ သဘောမတူတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေလည်း ရှိနေသေးတော့ ဒီ ၂၀၁၀ အတွင်းမှာကို
သွေးမြေကျမယ့် တိုက်ပွဲတွေ၊ နိုင်ငံရေး အကျပ်အတည်းကြီးတွေ ဖြစ်လာနိုင်တယ်” ဟု ထိုအယ်ဒီတာက ဆိုသည်။
စစ်အစိုးရက ရွေးကောက်ပွဲဆိုင်ရာ ဥပေဒများကို ထုတ်ပြန်ပြီးသော်လည်း ရွေးကောက်ပွဲကျင်းပမည့် ရက်ကို အတိအကျ ထုတ်ပြန်ခြင်းမပြုသေးပေ။
Comments (12)

written by မျိုးဟန်, March 31, 2010
အစကတည်းက လွတ်လပ်တဲ့ တရား မျှတမှုတွေနဲ့ စခဲ့တာမှ မဟုတ်တာ NLD ရပ်တည်ချက်ကို မပြောင်းလဲပဲ ဆုံးဖြတ်ခဲ့တာဟာ သိက္ခာရှိတဲ့ လျော်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်..
ပြည်သူတွေလည်း ဘယ်သူ့ကို မဲပေးရမှန်း မသိရင် ဘယ်သူ့ကိုမှ မပေးတာ အကောင်းဆုံး ပါပဲ
ပြည်သူတွေလည်း ဘယ်သူ့ကို မဲပေးရမှန်း မသိရင် ဘယ်သူ့ကိုမှ မပေးတာ အကောင်းဆုံး ပါပဲ
written by Ougkar, March 31, 2010
ဒေါ်အောင်ဆန်းစုကြည် ပြောသလိုပဲ စစ်အစိုးရက အန်အယ်ဒီကို မတရား အသင်း ကြေငြာမယ်၊ ကြောငြာရင် "အန်အယ်ဒီက ပျက်တယ်လို့ မယူဆ" ဦးဝင်းတင်ကတော့ "ပါတီမရှိပါစေ နိုင်ငံရေး ရှိနေဖို့လိုတယ်" "နိုင်ငံရေးရှိရင် ပါတီ မရှိလည်း လုပ်လို့ရတယ်" ရှင်းရှင်းလေးပဲ၊ တွေဝေ စရာ မလိုဘူြး ပည်သူတို့ ရေဆိုတာ အတက် ရှိရင် အကျ ရှိရမယ်၊ အားငယ်စရာ မလို လုပ်စရာ ရှိတာ ဆက်လုပ်၊
ဦးဝင်းတင်၊ ဒေါ်အောင်ဆန်းစုကြည် တို့လို နိုင်ငံရေး အမြော် အမြင် ကြီးရှိတဲ့ ပုဂ္ဂိုလ်တွေ မြန်မာ နိုင်ငံမှာ လိုအပ် နေပါတယ်၊
ဦးဝင်းတင်၊ ဒေါ်အောင်ဆန်းစုကြည် တို့လို နိုင်ငံရေး အမြော် အမြင် ကြီးရှိတဲ့ ပုဂ္ဂိုလ်တွေ မြန်မာ နိုင်ငံမှာ လိုအပ် နေပါတယ်၊
written by rookie, March 31, 2010
မြန် မာ နိုင်ငံ ၇ဲ့ေ၇ှ့ေ၇း ဟာNLD ပါတိ တစ် ခု ထဲ ပေါ်မှာ မူတည် မနေ ပါ ဘူး
NLD ဆို တာ လဲ ဆေးမြီးတို လောက် ပါဘဲ
သူဟာ သူတောင် ဝေ့  ဝေ့ ၀ါး ၀ါးနဲ့ 
တခြား ပါတိ တွေ လဲ ရှိ ပါ သေးတယ်
NLD ဆို တာ လဲ ဆေးမြီးတို လောက် ပါဘဲ
သူဟာ သူတောင် ဝေ့  ဝေ့ ၀ါး ၀ါးနဲ့ 
တခြား ပါတိ တွေ လဲ ရှိ ပါ သေးတယ်
written by Love Burma, March 30, 2010
NLD ရဲ့လုပ်ရပ်က အကြွင်းမဲ့ မှန်ပါတယ်။ ပြည်သူတွေ mandate ပေးထားတဲ့ အတိုင်း ဆက်လျှောက်တာပဲ။
န၀တဟာ အာဏာကို လက်နက်ပြပြီး NLD ဆီကလုယူထားတာမို့ “ဓါးပြကို တရားဟော“ လို့တော့ အလကားပဲ။
လောကကြီးမှာ ဘာမှ အလကား ရတာ မရှိပါဘူး။ လေတောင်မှ oxygen ရဖို့ carbondioxide ပြန်ထု တ်ပေးရ သေးတာပဲ။
ကိုယ့်ရဲ့ next generation ကောင်းစားဖို့ ဆိုရင် ကျွန်တော်တို့ တတွေ အသက်၊ သွေး၊ချွေး ပေးဆပ် ရလိမ့်မယ်
န၀တဟာ အာဏာကို လက်နက်ပြပြီး NLD ဆီကလုယူထားတာမို့ “ဓါးပြကို တရားဟော“ လို့တော့ အလကားပဲ။
လောကကြီးမှာ ဘာမှ အလကား ရတာ မရှိပါဘူး။ လေတောင်မှ oxygen ရဖို့ carbondioxide ပြန်ထု တ်ပေးရ သေးတာပဲ။
ကိုယ့်ရဲ့ next generation ကောင်းစားဖို့ ဆိုရင် ကျွန်တော်တို့ တတွေ အသက်၊ သွေး၊ချွေး ပေးဆပ် ရလိမ့်မယ်
written by မောင်ကြီး, March 30, 2010
ဒီဆုးံဖြတ်ချက် မှားတယ်လို. ထင် သူတွေ -
ဒီမိုကေ၇စီ ၇င့်ကျက်နေပြီ ဖြစ်တဲ.နိုင်ငံနဲ.လူမျိုး တွေ၇ဲ. သမိုင်းကြောင်း တွေကို တချက်လောက် လေ့လာကြည့်ပါ။
သူတို.နိုင်ငံ ထူထောင်၇ာမှာ သူတို. လူမျိုး အများစုဟာ သမိုင်းမှာ တာဝန်သိသိ ဥာဏ်၇ှိ၇ှိ အနစ် နာ ခံ ပါဝင်ခဲ.ကြလို. သူတို.တွေ၇ဲ. မျိုးဆက်သစ် တွေ အခု ချိန်ခါမှာ ဒီမိုကေ၇စီ၇ဲ. အသီး အပွင့်ကို ခံစားကြ ၇တာပါ။
ကိုယ့်လူတို. ကိုယ့်ကိုကိုယ် တချက်လောက် မေးကြည့်ပါအုးံ။ အေ၇းတော်ပုံ ကြုံတိုင်း ငါ အုတ်တချပ် သဲတပွင့် ဖြစ်ခဲ.သလား ။ မေးကြည့်စမ်းပါ။
ဒီမိုကေ၇စီ ၇င့်ကျက်နေပြီ ဖြစ်တဲ.နိုင်ငံနဲ.လူမျိုး တွေ၇ဲ. သမိုင်းကြောင်း တွေကို တချက်လောက် လေ့လာကြည့်ပါ။
သူတို.နိုင်ငံ ထူထောင်၇ာမှာ သူတို. လူမျိုး အများစုဟာ သမိုင်းမှာ တာဝန်သိသိ ဥာဏ်၇ှိ၇ှိ အနစ် နာ ခံ ပါဝင်ခဲ.ကြလို. သူတို.တွေ၇ဲ. မျိုးဆက်သစ် တွေ အခု ချိန်ခါမှာ ဒီမိုကေ၇စီ၇ဲ. အသီး အပွင့်ကို ခံစားကြ ၇တာပါ။
ကိုယ့်လူတို. ကိုယ့်ကိုကိုယ် တချက်လောက် မေးကြည့်ပါအုးံ။ အေ၇းတော်ပုံ ကြုံတိုင်း ငါ အုတ်တချပ် သဲတပွင့် ဖြစ်ခဲ.သလား ။ မေးကြည့်စမ်းပါ။
written by Blue Flower, March 30, 2010
If you think to vote in 2010 UNFAIR Election, it meant you accept 2008 constitution .
We cannot accept it.
So, we have to support NLD's trying to REJECT 2010 election which by 2008 Constitution.
NLD's fight back is FAIR.
This is the voices of the people.
NLD is in the heart of the people.
Go ahead NLD, till to the end of military regime.
Take care, Prepare for the worst.
We cannot accept it.
So, we have to support NLD's trying to REJECT 2010 election which by 2008 Constitution.
NLD's fight back is FAIR.
This is the voices of the people.
NLD is in the heart of the people.
Go ahead NLD, till to the end of military regime.
Take care, Prepare for the worst.
written by မွန်လေး, March 30, 2010
တိုင်းရင်းသား တယောက် အနေနဲ့ အပြည့် အဝ ထောက်ခံပါတယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါ။
written by htay tint, March 30, 2010
အနှစ် ၂၀ လုံးလုံး သကြားမင်းနဲ့  နတ်ဒေဝါများက ပို့ လိုက်သော အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်ဒီနဲ့  စစ်အာဏာရှင်တို့  တိုက်ပွဲ ခဏ နားတာပါ ။ ၂၀၁၀ ရွေးကောက်ပွဲ မှတ်ပုံ မတင် ဟု ပြောတာ ရက်ပိုင်းဘဲ ရှိပါ သေး တယ်။ ခံစားချက် ရှိတဲ့ နတ်သမီးနဲ့ စစ်ဘီလူးတို့  စစ်ခင်းနေတာပါ။
မြန်မာပြည်ထဲက လူသား စစ်စစ်တွေ့ကို အရုပ်တွေလို တွက်ချက်ပြီး နိုင်ငံရေး ဗေဒင် တယ် ဟောကြသကိုး။ စစ်ဘီလူးတွေ အာဏာ လုပြိး နေရာ အပြောင်းအလဲ မြန်တဲ့ တိုင်းပြည်ကို ဘဏ်တိုးနဲ့ ငွေချေးင်္ပြီး အရင်းချရင် ဘယ်သူက အာမခံမှာလဲ ။ ဘီယာချက် စက်ရုံကြီး အသိမ်း ခံရတာ မေ့ပြီလား ။ လာပ် ထိုးတာ လူမှားလို့  နယ်စပ်မှာ ပစ္စည်း ပုံရတာ မကြာ ခဏဘဲ မမြင်ဘူး ကြဘူးလား ။
မြန်မာပြည်ထဲက လူသား စစ်စစ်တွေ့ကို အရုပ်တွေလို တွက်ချက်ပြီး နိုင်ငံရေး ဗေဒင် တယ် ဟောကြသကိုး။ စစ်ဘီလူးတွေ အာဏာ လုပြိး နေရာ အပြောင်းအလဲ မြန်တဲ့ တိုင်းပြည်ကို ဘဏ်တိုးနဲ့ ငွေချေးင်္ပြီး အရင်းချရင် ဘယ်သူက အာမခံမှာလဲ ။ ဘီယာချက် စက်ရုံကြီး အသိမ်း ခံရတာ မေ့ပြီလား ။ လာပ် ထိုးတာ လူမှားလို့  နယ်စပ်မှာ ပစ္စည်း ပုံရတာ မကြာ ခဏဘဲ မမြင်ဘူး ကြဘူးလား ။
written by titan, March 30, 2010
this is not to feel upset.she,daw aung san su kyi did right.the party is not important in this condition.if she,daw aung san su kyi doesnt have the political spirit,that ll be to feel u perturbed.but now she did right.what she did is the right way.dont feel upset about that.what u should know is she is cleverer than everybody.and then she wont make any mistake for us.do u know why?she loves us more than her life,family and world.try to understand on what she is doing.
Write comment
| < Prev | Next > |
|---|








Your decision is undoubtedly right. You may have to incorporate and integrate with Myanmar people that everyone is a leader and the participation of everyone to do something what they can is indispensable for freedom.
To persuade the soldiers in one way or another is very important to throw away the cruel and wicked regime. Peaceful way is good but not certain at present situation. There should be a plan and strategies within the bound of the capable power, like telling media to persuade soldiers, posting the message even in a umcommon place. These are small things I am saying. You may come up with much better idea. I am just suggesting posiitve facts which may be or may not be applicable. Try to develop and provide an idea that help develop democratic movement. Most remarkable and successful things come from a discussion and an imagination. Time is flying away so fast, Try to have good and plausable strategies to go ahead step by step. If not, no progress is possible even several decades pass.