NLD ပါတီအနေဖြင့် ရွေးကောက်ပွဲကို မ၀င်ရန် ကြေညာခဲ့ခြင်းသည် ဒီမိုကရေစီ စနစ်သို့ ငြိမ်းချမ်း ညင်သာစွာ ကူးပြောင်းရေးကို ထိခိုက်နိုင်ကြောင်း ယနေ့ ဖြန့်ချိခဲ့သည့် ပြည်တွင်း အပတ်စဉ်ထုတ် သတင်းဂျာနယ် ၂ စောင်တွင် ရေးသားထားသည်ကို တွေ့ရသည်။
အဆိုပါ ဂျာနယ်များမှာ ဧပြီလ ၁ ရက်နေ့ထုတ် Myanmar News Week ဂျာနယ်နှင့် မတ်လ ၃၁ ရက်နေ့ထုတ် The Yangon Times ဂျာနယ်တို့ ဖြစ်သည်။ ထိုဂျာနယ်နှစ်စောင်မှာ ယနေ့ပင် ဖြန့်ချိခဲ့သည်။
Myanmar News Week ဂျာနယ်တွင် “မဲခွဲဆုံးဖြတ်၍ ရွေးကောက်ပွဲ မ၀င်ရန် ကြေညာ ခဲ့ခြင်းကြောင့် ဒီမိုကရေစီ နည်းလမ်းကျ ရွေးကောက်ပွဲ ကျင်းပရန် အစီအစဉ်ကို သွေဖည်၍ နိုင်ငံနှင့် လူမျိုး အတွက် ဒီမိုကရေစီ စနစ်သို့ ငြိမ်းချမ်း ညင်သာစွာ ကူးပြောင်း ရေးအား ထိခိုက်နိုင်ကြောင်း နိုင်ငံရေး ကျွမ်းကျင်သူ တဦးက သုံးသပ်ပြောကြားသည်” ဟု ရေးသားထားပြီး The Yangon Times ဂျာနယ်တွင်လည်း အလားတူ ရေးသားထားသည်။
ပြည်တွင်းရှိ အပတ်စဉ်ထုတ် သတင်းဂျာနယ်များတွင် ဖော်ပြခွင့်ရရန် အတွက် စာပေစိစစ်ရေးသို့ သတင်း မူကြမ်းများတင်ပြီး တပတ်ခန့် စောင့်ဆိုင်း ကြရသည်။ ယခုကဲ့သို့ သတင်းဂျာနယ် ၂ စောင်က ချက်ချင်းဖော်ပြခွင့်ရခြင်းမှာ စာပေစိစစ်ရေးက ထည့်သွင်းလိုသည့် အချက်ကို ရေးသားပေးသောကြောင့် ဖြစ်နိုင်ကြောင်း ရန်ကုန်စာနယ်ဇင်း အသိုင်းအဝန်းတွင် ပြောဆိုနေကြသည်။
၎င်း ဂျာနယ် ၂ စောင်အပြင် NLD ပါတီ ရွေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်သည့် သတင်းကို တခြားသော သတင်းဂျာနယ်များက ဖော်ပြခွင့်ရရန် အတွက် စာပေစိစစ်ရေးသို့ တင်ထားကြောင်းလည်း သိရသည်။
“ကျနော်တို့ကိုလည်း စိစစ်ရေးက သူတို့ ထည့်စေချင်တဲ့စာသားတွေ ဖော်ပြပေးမှ ဒီသတင်းကို ခွင့်ပြုမယ်လို့ ထင်ပါတယ်” ဟု သတင်းဂျာနယ် အယ်ဒီတာတဦးက ပြောသည်။
ယမန်နေ့က နိုင်ငံ တ၀န်းလုံးရှိ NLD ကိုယ်စားလှယ်များမဲခွဲဆုံးဖြတ်ရာ ကိုယ်စားလှယ် ၁၁၃ ဦး၏ ထောက်ခံချက်ဖြင့် ရွေးကောက်ပွဲတွင် မှတ်ပုံမတင်ရန် ဆုံးဖြတ်ခဲ့သည်။
ရန်ကုန်မြို့ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်၌ ကျင်းပသော မှတ်ပုံတင်ရေး မတင်ရေး ဆွေးနွေးပွဲတွင် နိုင်ငံတ၀န်းရှိ NLD အကျဉ်းကျ ခံနေသော NLD ခေါင်းဆောင်များ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် မရှိစေရန် ပါတီများမှတ်ပုံတင်ခြင်း ဥပဒေက တားမြစ် ထားသည့် အပြင် NLD အနေဖြင့် မေလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မတီထံသို့ မှတ်ပုံတင်ခြင်း မပြုပါက တရား ၀င်ပါတီ အဖြစ်မှ ဖျက်သိမ်းခံရမည်ဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း NLD အဖွဲ့ဝင်များအကြား ပါတီမှတ်ပုံတင်ရေး၊ မတင်ရေးနှင့် ပတ်သက်၍ အငြင်းပွားခဲ့ကြသည်။ NLD လူငယ် ခေါင်းဆောင်များက ပါတီမှတ်ပုံမတင်ရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။
NLD ပါတီသည် ၁၉၈၈ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် လူထုထောက်ခံမဲ အများဆုံးဖြင့် အနိုင်ရရှိခဲ့သည်။
Comments (11)

written by ??????????, March 31, 2010
NLD ကို မတရား သဖြင့် လုပ်နေတာ ဘယ်လိုလူက ခံနိုင်သလဲ။ြ NLD သာ မပါလို. ကတော့ ဘာမဲမှ သွားထဲ့ မနေကြနဲ. ။ ပြည်သူ လူထု အားကို ပြကြ၊ ရွေးကောက်ပွဲကို သပိတ် မှောက်ကြလော့။
written by nay, March 31, 2010
တကယ်ပါပဲ ၊သူတို့ လုပ်မယ့်ရွေးကောက်ပွဲ ဘယ်သူမှ စိတ် မ၀င်စားချင် ပါဘူး။ ဘယ်စာမျက်နှာ ဘယ်ရုပ်သံကပဲ မျက်နှာပြောင် တိုက်နေပါစေ ဘယ်သူတွေ က လူထုကို စိတ်အနှောင့် အယှက်ဖြစ်စေသလဲ အကုန် သိနေ ကြပါတယ် နအဖ ရယ်။
written by bravokyaw, March 31, 2010
ပြည်တွင်းထုတ် သတင်း ဂျာနယ်တွေကလည်း သူတို့ စိစစ်ရေးမူနဲ့ ကိုက်ညီတဲ့ သတင်းတွေဘဲ ဖေါ်ပြေ နရတာတွေ
သူတို့ထည့်ခိုင်းတဲ့ စာသားတွေဘဲ ထည့်နေရတော့
ဖတ်ယင်း ဖတ်ယင်း ကြာလာတဲ့အခါ ဆားမပါတဲ့ဟင်း စားနေရသလို ပါဘဲဗျာ။
သူတို့ထည့်ခိုင်းတဲ့ စာသားတွေဘဲ ထည့်နေရတော့
ဖတ်ယင်း ဖတ်ယင်း ကြာလာတဲ့အခါ ဆားမပါတဲ့ဟင်း စားနေရသလို ပါဘဲဗျာ။
written by Blue Flower, March 31, 2010
Now Military regime has to face bigger problem.
But they already known it and they will try to demolish NLD.
NLD must stand strongly by unity of people's power.
There will be last battle for both side. DO or DIE.
When NLD get strong and brave supporting of people, can success.
If people does not support NLD, all will be the SLAVES of military regime forever.
Please be prepared to unitedly support.
Prepare for the worst .
But they already known it and they will try to demolish NLD.
NLD must stand strongly by unity of people's power.
There will be last battle for both side. DO or DIE.
When NLD get strong and brave supporting of people, can success.
If people does not support NLD, all will be the SLAVES of military regime forever.
Please be prepared to unitedly support.
Prepare for the worst .
written by Anawa, March 31, 2010
လူထုတစ်ရပ်လုံးက ရပ်တည်ပေးနေတာကို NLD သိပြီးသားပါ၊ ဆုံးဖြတ်ချက်က မှားတယ်လို့ မဆိုလိုပေမယ့် လွဲချောမှု တော့ရှိနေပါတယ်၊ လူထုကို ဆက်လက် ယုံကြည်မယ် ဆိုရင် ပြည်သူနဲ့ တိုင်းပြည် အနာဂတ် အတွက် အကောင်းဆုံးကို လုပ်ဆောင်နိုင်မယ် ထင်ပါတယ်၊ ဒီနေရာမှာ လူထု ဆိုတာ ၀န်ထမ်းတွေ အားလုံးလည်း ပါဝင်မယ် ဆိုတာ တစ်ကယ်မသိ တာလား၊ မယုံကြည် နိုင်တာလား မဝေခွဲတတ်တော့ပါ။ ပြည်သူ အပါအ၀င် ပြည်သူ့ထဲက မွေးလာတဲ့ ပြည်ချစ် သားကောင်းတွေပါ NLD ဘက်မှာ ရပ်တည်နေမယ် ဆိုတာ ယုံကြည်နေပါတယ်။
written by ဒီလိုပဲ ဖြစ်ရမယ်လေ, March 30, 2010
ဒါပေါ့ ... ကိုယ်ထုတ်တဲ့ ဥပဒေလဲ ကိုယ်ြ ပန်ကြည့်ပါဦး၊ တကယ့်ကို နိုင်ငံနဲ့လူမျိုး အတွက် ကိုယ် ကျိုးစွန့် အနစ်နာခံခဲ့တာ NLD ပဲ။ အဲဒီပါတီထဲမှာကလဲ ၉၉ရာခိုင်နှုန်းလော က်က စကားခပ်ရိုင်းရိုင်းနဲ့ ပြောရရင် ထောင်ထွ က်တွေ၊ နာမည်ပျ က်ရှိတဲ့သူတွေ (စစ်အစိုးရ အလို အရ ပြောတာပါ) ကခပ်များများပဲလေ...။ ဒီတော့ ရွေးကော က်ပွဲထဲဝင်ရင် စစ်အစိုးရ ရေးဆွဲ ထားတဲ့ ဥပဒေကို အတည်ပြုပေး သလိုဖြ စ်သွားပြီး၊ နိုင်ငံတကာမှာလဲ လွ တ်လပ်ပြီး တရားမျှတပါ တယ်ဆိုတာ စစ်အစိုးရ အနေနဲ့ ချပြခွင့် ရသွားမှာ သေချာတယ်။ အခုလိုဖြ စ်နေတာတောင် တော်တော် လေးကို နဲနေသေးတယ် ပြောရမယ်ဗျ။
written by Thazin Pyu, March 30, 2010
ငါးဖယ်က ပြောင်းပြန် ဆိုတာ ဒါမျိုးပေါ့ ----- ဂျာနယ် (၂)စောင် မကလို့ ဂျာနယ်အားလုံး သတင်စာ အားလုံး ရေဒီယို ရုပ်မြင် သံကြားတွေက ခင်ဗျားတို့ ဘယ်လောက်ဘဲ လိမ်လိမ် ရွေးကောက် ပွဲကို သိက္ခာမဲ့ တဲ့ လံကြုတ်ဇာ တ်ဖြစ်အောင် လုပ်တဲ့ တရားခံဟာ နအဖ ဘဲဆိုတာ ပြည်သူတိုင်း သိကြပါတယ်--- နအဖ ကို တစ်ခု ပြောချင်တာက ပြည်သူတွေဟာ နွားတွေ မဟုတ်ဘူး နော် စဉ်းစားတွေးခေါ် တတ်တဲ့ အမှား အမှန် ဝေဖန်နိုင်တဲ့ လူသားတွေ ဆိုတာဘဲ ------- လောကမှာ စစ်သားတွေမှ အရာရာကို သိတယ် တတ်တယ် ထင်လို့ ခုလို နိုင်ငံကြီး ဖွတ်ကျော ပြာစု--ခရု အဆံကျွတ် ဖွတ်များရဲ့ ထိပ်ခေါင် ဖွတ်မင်းနောင် ဘ၀ ရောက်ခဲ့ရတယ် ဆိုတာ---အရှင်းကြီး ပါဗျာ။
written by Nyein Moe, March 30, 2010
မတရားတဲ့ ရွေးကောက်ပွဲ ဥပဒေ ကသာ တိုင်ပြည်နှင့် လူမျိုး အတွက် အနှောက် အယှက် ဖြစ်တာပါ။
written by မျိုးလွင်, March 30, 2010
ဒီမိုကရေစီ စံနစ်ကို ငြိမ်းချမ်း ညင်သာစွာ ကူပြောင်း စေချင်ရင် စစ်အစိုးရ အနေနဲ့ ငါတကော မကောပါနဲ့လား၊ အတ္တ စိတ်လေး လျှော့ပြီး ငါထုတ်ထားတဲ့ ဥပဒေ၊ စည်းမျဉ်းဟာ တရားလား မတရားဘူလား ဆိုတာ ၊ဦးသန်းရွှေက NLD ဥက္ကဋ္ဌ နေရာမှာ ခဏလေး ဝင်နေပြီး ခံစား နားလည်ပေးေ စချင်တယ်။
Write comment
| < Prev | Next > |
|---|








WE BELIEVE AUNG SAN SU KYI