ပအိုဝ်း ပါတီ မှတ်ပုံတင်ခွင့်လျှောက်

E-mail Print
အပစ်ရပ်အဖွဲ့ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် (PNO) က နိုင်ငံရေး ပါတီ မှတ်ပုံတင်ခွင့်ပြုရန် ရွေးကောက်ပွဲ ကော်မရှင်ထံသို့ ဧပြီ ၂ ရက်နေ့က လျှောက်ထားကြောင်း မြန်မာ့အလင်း သတင်းစာက ဆိုသည်။

PNO သည် စစ်အစိုးရက ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ပါတီဖွဲ့စည်းခွင့်ရရန် လျှောက်လွာတင်ခဲ့သော ၇ ခုမြောက် ပါတီလည်းဖြစ်သည်။

ဧရာဝတီက တောင်ကြီးမြို့ရှိ PNOရုံးကို ယင်းသတင်းအတွက် ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖြေဆိုရန် ငြင်းပယ်ခဲ့သည်။

အသက် ၇၄ နှစ်ရှိပြီ ဖြစ်သော နိုင်ငံရေးသမားတဦးဖြစ်သူ ဦးအောင်ခမ်းထီကPNOကို ခေါင်းဆောင်နိုင်ဖွယ် ရှိပြီး ၎င်းသည် ယခင် ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ရင်းနှီးသူဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။

၂၀၀၉ ခုနှစ် အောက်တိုဘာလက ရန်ကုန်အခြေစိုက် မြန်မာတိုင်းမ် (စ်) အပတ်စဉ် ဂျာနယ်နှင့် အင်တာဗျူးတွင် ဦးအောင်ခမ်းထီက ပါတီ ဖွဲ့စည်းလျှင် တောင်ကြီးနှင့် လွိုင်လင် ခရိုင်တို့၌ အခြေစိုက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကျနော်က အခြေခံ ဥပဒေ အပေါ်မှာ အကောင်းမြင်ပါတယ်။ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲဟာ တိုင်းပြည်အတွက် ထွက်ပေါက် တခုလို့မြင်ပါတယ်။ ဒီရွေးကောက်ပွဲဟာ ကျနော်တို့ ဒေသ တခုတည်း အတွက်သာ မဟုတ်ဘဲ တနိုင်ငံလုံးအတွက် မျှော်လင့်ချက်လို့ မြင်ပါတယ်” ဟု ဦးအောင်ခမ်းထီက ယင်း အင်တာဗျူးတွင် ပြောသည်။

၁၉၉၁ ခုနှစ် ဧပြီလတွင် PNOသည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် ကျင်းပသော အမျိုးသား ညီလာခံသို့လည်း တက်ရောက်ခဲ့သည်။ အပစ်အခတ်ရပ်စဲပြီးနောက် PNOသည် ရှမ်းပြည်တောင်ပိုင်း အထူးဒေသ ၆ ကိုထိန်းချုပ်ထားသည်။

အပစ်အခတ် ရပ်စဲပြီးနောက် စစ်အစိုးရက PNOကို စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ခွင့် ပေးခဲ့သည်။ ယင်းနောက် PNOသည် Jade Dragon ကျောက်မျက်ရတနာ ကုမ္ပဏီကို ထူထောင်ခဲ့ပြီး ဦးနေ၀င်းထွန်းကို စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်ပေး ခဲ့သည်။

ရှမ်းပြည်နယ် မိုင်းရှုး၊ ကချင်ပြည်နယ် ဖားကန့်၊ တောမှော်၊ စစ်ကိုင်းတိုင်း ကော့လင်း၊ မန္တလေးတိုင်း မိုးကုတ်တို့တွင် ကျောက်မြတ် ရတနာနှင့် ရွှေတူးဖော်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။

၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် ၎င်းတို့ ရှာဖွေတွေ့ရှိခဲ့သည့် တန်ချိန် ၃၀၀၀ ရှိ ကျောက်စိမ်းတုံးကြီးကို စစ်အစိုးရအား လှူဒါန်းခဲ့ သည်။

ပအိုဝ်း တိုင်းရင်းသားများသည် ရှမ်းပြည်နယ်တွင် ဒုတိယ အများဆုံးနေထိုင်သည့် တိုင်းရင်းသားများဖြစ်ကြပြီး တိဗက် အနွယ်များဖြစ်ကာ ဘီစီ ၁၀၀၀ ခန့်က သထုံဒေသတွင် နေထိုင်ကြသည်ဟု သည်၊ ယင်းမှတဆင့် ရှမ်းပြည်နယ်သို့ တဖြည်းဖြည်း ပျံ့နှံ့ရောက်ရှိလာခြင်းဖြစ်သည်ဟု သမိုင်းမှတ်တမ်းများအရ သိရသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် ပအိုဝ်း နိုင်ငံရေးသမားများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ထိုစဉ်က ပြည်ထောင်စု ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် အမည်ရှိ ပါတီတခုသည် ဆီဆိုင် အိုပုံးနှင့် ပင်လောင်မြို့နယ် မဲဆန္ဒနယ် ၃ ခုတွင် အနိုင်ရရှိခဲ့သည်။

လက်တလောတွင် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်၊ ၈၈ မျိုး ဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)၊ ဒီမိုကရက်တစ်ပါတီ ( မြန်မာနိုင်ငံ) နှင့် တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေးပါတီ ( တစည)၊ ကရင်ပြည်သူ့ပါတီ (Kayin People's Party – KPP) နှင့် ပြည်ထောင်စု အမျိုးသား နိုင်ငံရေး မဟာမိတ်များအဖွဲ့ (NPA) တို့လည်း ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ မှတ်ပုံတင်ခွင့်ရရန် လျှောက်ထားပြီး ဖြစ်သည်။
Comments (1)Add Comment
0
...
written by ခွန် စော ထီး, April 06, 2010
ကိုယ်ဒေသ ကလူ တွေ SPDC ရဲ့ ပါ ရမီ ဖြည့်  ဖက်တော့ မယ် ဆိုတော့ စိတ် မကောင်းပါ ဘူး နိုင် ငံရေး လုပ် တယ် ဆို တာ ကိုယ့်ဒေသ က လူ ထု အပေါ် ရိုး သားမှူ တော့လို တယ်

နအဖ နဲ့  ချစား မျှစားတွေ ပို များ လာ တော့ မယ်


Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်