ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှု မြန်မာ့စီးပွားရေးကို အထောက်အပံ့ ဖြစ်မည်ဟုဆို

E-mail Print
ဗီယက်နမ် နိုင်ငံအနေနှင့် မြန်မာ့ စီးပွားရေး ကဏ္ဍ ၁၂ ခုတွင် ရင်းနှီးမြှုပ်နှံလျှင် စီးပွားရေး အတွက် အထောက်အပံ့ ပိုဖြစ်မည်ဟု မြန်မာ့ စီးပွားရေး လုပ်ငန်းရှင်များက ပြောဆိုကြသည်။

မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံသည် အာစီယံ အဖွဲ့ဝင်နိုင်ငံများဖြစ်ကြောင်း၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း များတွင်သာမက ပုဂ္ဂလိက စီးပွားရေး ကဏ္ဍတွင်လည်း ဗီယက်နမ် ရင်းနှီးမြှုပ်နှံသူများ အသင်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောသည်။

“ဗီယက်နမ်က စီးပွားရေး လုပ်ငန်းရှင် ၂၀၀ ကျော် ပါလာတယ်။ ရေလုပ်ငန်း၊ ခရီးသွား လုပ်ငန်းတွေမှာ သဘောတူ လက်မှတ် ထိုးတယ်” ဟု ၎င်းက ဆိုသည်။

ဗီယက်နမ် နိုင်ငံနှင့် မြန်မာ နိုင်ငံသည် ထွက်ကုန် ကဏ္ဍတွင် တူညီကြောင်း၊ ထို့ကြောင့် နည်းပညာချင်း ပူးပေါင်း၍ လိုအပ်ချက်များကို ဆောင်ရွက်မည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ကုန်သွယ်ရေး ပမာဏမှာ ကြီးမားခြင်း မရှိသေး သော်လည်း အလားအလာ ကောင်းများ ပေါ်ထွက် လာမည် ဖြစ်ကြောင်း ဦးဝင်းမြင့်က ပြောသည်။

ဧပြီ ၂ ရက်နေ့က ဗီယက်နမ် ၀န်ကြီးချုပ် မစ္စတာ ငုယင်တန်ဇွန်း မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီးနောက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်။

ဗီယက်နမ် ၀န်ကြီးချုပ်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဗိုလ်ချုပ်ကြီး သိန်းစိန်၊ ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး တို့အပြင် တခြားသော ဌာနဆိုင်ရာ ၀န်ကြီး များနှင့်လည်း တွေ့ဆုံခဲ့သည် ဟု ၃ ရက်နေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

မြန်မာ့စီးပွားရေးကဏ္ဍများဖြစ်သည့် စိုက်ပျိုးရေး၊ စက်မှုကုန်ကြမ်းသီးနှံ၊ ငါးလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ လေကြောင်း၊ ဆက်သွယ်ရေး၊ စွမ်းအင်၊ သတ္တု တူးဖော်ခြင်း၊ လျှပ်စစ်ပစ္စည်း ထုတ်လုပ်ခြင်း၊ မော်တော်ယာဉ် ထုတ်လုပ်ခြင်းနှင့် အပိုပစ္စည်း တပ်ဆင်ခြင်း၊ ဆောက်လုပ်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍများတွင် ဗီယက်နမ် ကုမ္ပဏီများ ပါဝင် ရင်းနှီးမြှုပ်နှံရေး သဘော တူညီခဲ့သည်ဟု မြန်မာ့အလင်း သတင်းစာတွင် ရေးသားထားသည်။

ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံဖြိုးတိုးတက်မှုဘဏ် (BIDV) ကိုလည်း ရန်ကုန်မြို့တွင် ပြီးခဲ့သည့် စနေနေ့က ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

မြန်မာ့ဆန်စပါး သုတေသန လုပ်ငန်းလုပ်ကိုင်နေသည့် ပညာရှင် တဦးကလည်း “သူတို့က ဈေးကွက်၊ အရင်းအနှီးနဲ့ နည်းပညာ ရှိတယ်၊ မြန်မာဘက်ကတော့ အရင်းအမြစ်ရှိတယ်” ဟု ဆိုသည်။

ထိုသို့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသည် နှစ်ဦးနှစ်ဘက် အကျိုးရှိမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် သဘာဝ အရင်းအမြစ် များစွာရှိသော်လည်း ထိရောက်စွာ အသုံးမချနိုင်သေးကြောင်း၊ ထိုသို့ သဘောတူညီမှု ရရှိသည့်အတွက် ကူညီမှုများ ရရှိမည်ဟု ထင်မြင်ကြောင်း အဆိုပါ ပညာရှင်က ဆက်ပြောသည်။

ဗီယက်နမ်နိုင်ငံသည် မြန်မာပြည်၏ ရွေးကောက်ပွဲ အပြီးတွင် စီးပွားရေး ကဏ္ဍ တိုးတက်လာမည်ဟု ခန့်မှန်း သောကြောင့် တခြားသောနိုင်ငံများထက် ရင်းနှီးမြှုပ်နှံမှုများ စောစီးစွာ အဆောတလျင် ၀င်ရောက်လာခြင်း ဖြစ်သည်ဟု မြင်ကြောင်း၊ စစ်အစိုးရကလည်း အမေရိကန်နှင့် ဥရောပနိုင်ငံများထက် ဗီယက်နမ်နှင့် အာရှနိုင်ငံများကို ဦးစားပေးခြင်း ဖြစ်နိုင်ကြောင်း ပြည်တွင်း အခြေစိုက် စီးပွားရေးပညာရှင်တဦးက သုံးသပ်သည်။

မြန်မာ့ စီးပွားရေးကဏ္ဍတွင် ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၂၃. ၆ သန်း ရှိသည်ဟု သိရသည်။

လာမည့် ဧပြီ ၈ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ပြုလုပ်မည့် အာဆီယံနိုင်ငံများ ထိပ်သီး အစည်းအဝေးကို ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် တက်ရောက်မည်ဟု သိရသည်။
Comments (3)Add Comment
0
Vietnam Way
written by PureEvil, May 24, 2010
Vietnam is warmly welcomed to the foreign investors for US dollars, and nowadays Vietnam local peoples can have a good job in everywhere of their country. According to my living in Vietnam from 2007~2009, a citizen can earn money about min amount USD100 for general labor status at foreigners' factory.
Due to continuously increasing of foreign investments, Vietnamese people are enjoying in higher living status, good transportation, good telecommunication, good environment at present, we are the one which should envy them about it. No matter VN is more poor than MMR in the past, but who cares about it now. VN is already in its running tunnel, VN young people have the ability of purchasing motorcycle, cell phone, computer based on their salary. Their life is better than MMR people now, this is the truth.
In early days from 2005~2008, most of the foreign companies/ factories in VN needed to hire foreign supervisors with high pay due to VN people is lacked of management, knowledge about responsibility, language gap n stubborn concepts. In these days, comparing the same position of supervisor of Vietnamese and foreigner, when a foreigner who can speak chinese, english n a degree holder can earn about USD2000~3000~above, a Vietnamese supervisor just only can earn about USD300~400. But Vietnamese young people is keep in tried hard to improve their these lacking skills (esp. for language gap), most of companies considered to hire those Vietnamese people which they only need to high super tiny amount to USD500~1000 to substitute the places of foreign supervisors who has to pay higher salary.
This is what Myanmar people should learn about how to LEARN & TRAIN their abilities to improve their life when Myanmar country also going to have that kinda foreign investments in the future.
0
ကပ်ဖားကောင်များ
written by sai, April 06, 2010
ဗီယက်နမ်က အာစီယံ အလှည့်ကျ ဆရာကြီး ဆိုတော့ ဖားရပြန်ပြီ ပေါ့လေ. ...........
0
လာထား............
written by လေကြောင်, April 05, 2010
ကိုသံဇွန်း.....တို့ကတော့ မြင်တတ်ပါ့........နောက်တက်မဲ့ ဒုန်းဝေးအစိုးရ ရဲ့  စီးပွါးရေး ပေါ်လစီ ကို ကြိုသိနေ သလိုပါကလား.. .ကြားလိုက် ပါသေးတယ်... .ဗမာပြည်မှာ. ..ရေ သယံဇာတ ၊ သဘာဝ တွင်းထွက် သယံဇာတ ၊ ...မျှတ ကောင်းမွန်တဲ့ ရာသီဥတု တွေ ရှိနေလေတော့ ... ....ပြော မသွားတာက ခေါင်းမရှိ တဲ့ တိုင်းပြည် လို့... .အားနာလို့ ထင်ပါ့... ..ဒါတွေကို... ..အသုံးချရမယ်. .. ..ရင်းနှီး မြုတ်နှံရမယ်....ဆိုဘဲ..... ..ဟုတ်ပါရဲ့ .. .ကိုသံဇွန်းရယ်... ..ခင်ဗျားလို. .ခေါင်း ကောင်းကောင်း ရှိတဲ့....ခေါင်းဆောင် ဆိုတာကလဲ........ ...အရှားသား..

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်