ပါတီပိုင် ပစ္စည်းများ စီမံခန့်ခွဲရေး ကော်မတီ NLD ဖွဲ့စည်း

E-mail Print
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က တရားဝင် ပါတီအဖြစ်မှ ဖျက်သိမ်းခြင်း ခံရပါက ပါတီပိုင် ပစ္စည်းများနှင့် ပတ်သက်၍ လိုအပ်သည်များ ဆောင်ရွက် နိုင်ရန်အတွက်  စီမံခန့်ခွဲရေး ကော်မတီကို ယနေ့ ဖွဲ့စည်းလိုက်သည်။

NLDသည် မေလ ၇ ရက်နေ့ မတိုင်မီ ရွေးကောက်ပွဲ ကော်မရှင် ထံတွင် မှတ်ပုံတင်ခြင်း မပြုဟု ဆုံးဖြတ်ထားသဖြင့် တရားဝင်ပါတီ အဖြစ်မှ ဖျက်သိမ်းခံရပါက ပါတီပိုင်ပစ္စည်းများကို စီမံခန့်ခွဲနိုင်ရန် ယင်းအဖွဲ့ကို ဖွဲ့စည်းရခြင်း ဖြစ်သည်ဟု ဆိုသည်။

ယင်းအဖွဲ့ကို ဒုဥက္ကဋ္ဌ ဦးတင်ဦးက ဦးဆောင်၍ အဖွဲ့ဝင် ၁၇ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က“ ပါတီက မှတ်ပုံ မတင်ဘူးဆိုတဲ့ အနေအထားရောက်တယ်ဆိုရင် ပါတီက တရားဝင် ရပ်တည်နိုင်တဲ့ အနေအထားတော့ ရှိမှာ မဟုတ်တော့ဘူး၊ အဲသလို မရှိဘူး ဆိုရင် ရုံးတို့ ဘာတို့ အနေအထားက ပိတ်ရင် လည်း ပိတ်မယ်ပေါ့။ အဲဒါက သူတို့ အပေါ်မှာတည်မှာပဲ၊ မတော်တဆ ပိတ်လိုက်ရင် ပါတီမှာ စာရင်းတွေ ရှိတယ်၊ အဲဒါတွေ အကုန်လုံး အတွက် အဆင်သင့် ဖြစ်အောင် လုပ်တာပါ” ဟု ပြောသည်။

NLDက ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်မဟုတ်ဟု ဆုံးဖြတ်ထားသော်လည်း  ရွှေဂုံတိုင် ကြေညာစာတမ်းတွင် ဖော်ပြထားသည့် အတိုင်း ပြည်သူလူထု၊ ဒီမိုကရေစီအရေးတောပုံကို ကျောခိုင်းသွားမည် မဟုတ်ကြောင်း၊ ပြည်သူလူထုနှင့် တသားတည်းရှိနေပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မဏ္ဍိုင်ပြု၍ ဒီမိုကရေစီရည်ရွယ်ချက်များ အောင်မြင်သည် အထိ စနစ်တကျ ငြိမ်းချမ်းစွာ ကြိုးပမ်းသွားမည်ဟု ယနေ့ အစည်းအဝေးတွင် ဆုံးဖြတ်ကြကြောင်း သိရသည်။

NLD ခေါင်းဆောင်များနှင့် နိုင်ငံတ၀န်းရှိ ဗဟိုဦးစီး အဖွဲ့ဝင် ၁၁၃ဦးတို့သည် ပြီးခဲ့သည့် သတင်းပတ်က ကျင်းပသည့် ဆွေးနွေးပွဲတွင် ပါတီ ပြန်လည် မှတ်ပုံတင်ခြင်း မပြုရန်နှင့် ရွေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်ခဲ့ကြသည်။
Comments (3)Add Comment
0
ဖြစ်မှဖြစ်ရလေ NLD ရယ်
written by Tay Za Thura, April 07, 2010
စစ်အစိုးရ ကတောင် တရားဝင် မကြေငြာ ရသေးပါလျက်နဲ့ ဘာလို့များ ဒီလောက်တောင် သွေးပျက် နေရတာလဲ။ ၀ိုင်းရံခဲ့မိတာ မှားလေစွ။
0
Cheer!
written by Trinitron, April 06, 2010
Cheer! NLD.
Now, We have known that who are they and who are us.
I surely believe that we will go through with new blood and better intelligent.
We people and you will be more liner.
We might prepair more dansely and more bond for next battle.
Let's do it.
0
အိမ်နီးချင်း နိုင်ငံတွေကို အသိပေးအုံးလေဗျာ
written by sam matu, April 05, 2010
အိမ်နီးချင်း နိုင်ငံတွေကို လည်း အသိ ပေးအုံးလေဗျာ၊ China, India, Bangladesh, Thailand, တို့ အကြောင်ြး ကားကြလေဗျာ၊ ပတ်ဝန်းကျင်ကို ဂရုစိုက်တာ အရေးကြီးတယ်။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်