ဦးအောင်ဆန်းဦး လျှောက်ထားချက် ရန်ကုန်တိုင်း တရားရုံးပယ်ချ

E-mail Print
ဒေါ်အောင်ဆန်းစုကြည် နေအိမ် ပြင်ဆင်နေမှု အတွက် တားဝရမ်း ထုတ်ပေးရန် အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ဦးတိုက် လျှောက်ထား ခြင်းကို ရန်ကုန်တိုင်း တရားရုံးက ငြင်းပယ် လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် လုံခြုံရေးအတွက် ပြင်ဆင်နေမှုကို ဦးအောင်ဆန်းဦးက ဇန်န၀ါရီလက တရားဝင် ကန့်ကွက် လိုက်ပြီးနောက် ယနေ့ နေ့လယ် ၁ နာရီတွင် အမိန့်ချမှတ်ကြောင်း ရှေ့နေ ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။


“ဦးအောင်ဆန်းဦး တင်တဲ့ ယာယီတားဝရမ်း ထုတ်ပေးပါဆိုတဲ့ လျှောက်လွှာကို ပယ်တယ်”ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

အိမ်ပြင်ဆင်ရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့က တားမြစ်ချက်မှာ ကျန်ရှိနေသေးသည့်အတွက် ဆက်လက် လုပ်ဆောင်၍ မရသေးကြောင်း၊ တရားရုံး စီရင်ချက်နှင့်တွဲ၍ ဆက်လက်ပြုပြင်ခွင့်ကို လျှောက်ထားမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ အမေရိကန်နိုင်ငံသားတဦး တိတ်တဆိတ် ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း နေအိမ် လုံခြုံရေး အတွက် ပြုပြင်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အပေါ်ထပ်ရှိ ဝရန်တာကို ဒီဇင်ဘာလ ၃ ရက်နေ့တွင် စတင် ပြင်ဆင်ခဲ့ရာမှ ဦးအောင်ဆန်းဦး၏ ကန့်ကွက်မှုကြောင့် အိမ်ပြင်ရန် ခေတ္တ ရပ်ဆိုင်းထားရကြောင်းလည်း သိရသည်။

စက်တင်ဘာလက ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်တွင်း အမှု ရင်ဆိုင်နေရစဉ် ကတည်းက ၎င်း၏ နေအိမ်ကို လုံခြုံရေး အတွက် ပြန်လည် ပြုပြင်ရန် ပြောဆိုသဖြင့် ဆောက်လုပ်ရေး အင်ဂျင်နီယာနှင့် တိုင်ပင်ခဲ့သည်။ အိမ် အပေါ်ထပ်တွင် ရှိသော ၀ရန်တာ နှစ်ခုကို အဓိကထားပြီး ပြုပြင်မည် ဖြစ်ကြောင်း၊ အိမ်ပြင်ရန်အတွက် အာဏာပိုင်များကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အကြောင်း ကြားခဲ့ကြောင်း သိရသည်။

၂၀၀၁ ခုနှစ်က ဦးအောင်ဆန်းဦးသည် ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ်ချထားသည့် နေအိမ်ကို သူလည်း ပိုင်ဆိုင်သည်ဟု ဆိုကာ အမွေပစ္စည်း စီမံခန့်ခွဲပေးစေလိုမှုနှင့် တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့သည်။

၂၀၀၇ ခုနှစ်တွင် အိမ်ကိစ္စနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်သည် သူ တင်ပြထားသည့် သက်သေများနှင့် တွေ့ခွင့် မရခဲ့သောကြောင့် ထိုအချိန်မှစပြီး အမှုကို ရပ်ဆိုင်းထားခဲ့သည်။

၁၉၆၀ ပြည့်နှစ်တွင် အိန္ဒိယနိုင်ငံ၌ ဒေါ်အောင်ဆန်းစုကြည်၏ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်က မြန်မာ သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေစဉ် ဝန်ကြီးချုပ် ဦးနုက အင်လျားကန်စောင်းရှိ နေအိမ်ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သို့ ပြန်ရောက်လာချိန် ၁၉၈၈ ခုနှစ်ကတည်းက ထိုအိမ်၌ပင် နေထိုင်လာခဲ့ခြင်း ဖြစ်သည်။
Comments (8)Add Comment
0
မိဘမျက်နှာ အိုးမဲသုတ်သူ
written by DNOW88, April 10, 2010
ဦးအောင်ဆန်းဦးခင်ဗျား ကျေးဇူးပြုပြီး အဖ ဗိုလ်ချုပ်၇ဲ့ မျက်နှာကို ထပ် မဖျက်ပါနဲ့ ။ မကူညီချင်နေပါ မနှောက်ယှက်ပါနဲ့ ။
0
He is lucky.
written by kohtet, April 07, 2010
I think he is very lucky to deal with burmese people. People from Burma are very soft and gentle, (excluding junta), generally speaking. It is time for him to back off from this mess, moreover, he is an american citizen, can he legally own by burmese law? What a trash!!!...
0
Disgraced son of Our Eternal Father
written by Anti.FascistNaziBurmeseMilitary, April 07, 2010
U Aung Sun Oo, Shame on you! You disgraced your father!
0
....
written by Burmese, April 07, 2010
ရှက်တတ်ရင် လဲသေဖို့  ကောင်းတယ်။
0
Repair of ASSK's HouseGood
written by Maung Maung, April 07, 2010
Good news!These pinpricks are also psychological attacks against Daw ASSK by the authorities due to Aung San Oo's naivety.
0
ဥပဒေဘောင်အတွင်းက
written by Tay Za Thura, April 06, 2010
NLD ပါတီကလည်း ဥပဒေဘောင် အတွင်းကနဲ့ဘဲ လုံးလည် ချာလဘက် ရိုက်နေတာ ၂၂ နှစ် ရှိနေပါပြီ။ ဘယ်အမှု မှလည်း အနိုင် မရခဲ့ပါဘူး။
Presented by U Nu?, Low-rated comment [Show]
0
Get lost
written by komaung, April 06, 2010
I personally don't want him to stay in Burma. His weight make Burma's land heavy.

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်