NLD ခေါင်းဆောင်များက နှစ်ပေါင်း ၂၀ ကျော် ဒီမိုကရေစီ ပြောင်းလဲ ရေးကို ဖော်ဆောင်ခဲ့ သော်လည်း မအောင်မြင် ဖြစ်ခဲ့ရသဖြင့် “ပြည်သူလူထုသို့ ပန်ကြားချက်”ဟု အမည် ပေးထားသည့် စာမျက်နှာ ၃ မျက်နှာရှိ ထုတ်ပြန်ချက်မှ ယင်းသို့ တောင်းပန် လိုက်ခြင်း ဖြစ်သည်။NLD စတင် တည်ထောင်ချိန်မှ ပြည်သူ လူထုနှင့်အတူ တသားတည်း ရပ်တည်ခဲ့ သော်လည်း အာဏာပိုင်များက ပါတီဝင်များကို ဖမ်းဆီး အကျဉ်းချခြင်း၊ ဖိနှိပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းဖိနှိပ်မှု များကြောင့် NLD အနေဖြင့် ဒီမိုကရေစီ ပြောင်းလဲရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး တို့ကို ဖော်ဆောင်ရာတွင် မအောင်မမြင် ဖြစ်ခဲ့ရသဖြင့် ပြည်သူလူထုကို အနူးအညွတ် တောင်းပန်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
NLDပြောခွင့်ရ ဦးဉာဏ်ဝင်းက“NLDကပါတီမှတ်ပုံမတင်ဘူးဆိုရင် NLDဆိုတာ နောင်မရှိတော့ဘူး၊ ဘာမှ မလုပ်တော့ဘူးလားလို့ ဒီလို မထင်ရအောင် တကယ်လုပ်မယ့်ဟာ ပြည်သူလူထုနဲ့မကင်းမကွာ နိုင်ငံရေး ဆက်လုပ်မယ်၊ ဒီမိုကရေစီရေး ကြိုးပမ်းမှုကို ဆက်လုပ်မယ်ဆိုတာ အသိပေးတာ၊ မအောင်မြင်ခဲ့တာကိုလည်း တောင်းပန်စကား ဆိုတယ်”ဟု ပြောသည်။
NLD အနေနှင့် ထိုသို့ မဲပေးခဲ့သည့် ပြည်သူကို ၀န်ခံတောင်းပန်ခြင်းသည် ကောင်းမွန်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ယခုကဲ့သို့ နိုင်ငံရေးအရ ၀န်ခံခြင်းမျိုးမှာ ရှားပါးသည့်လုပ်ရပ် ဖြစ်ကြောင်း ပြည်ပအခြေစိုက် မြန်မာ့အရေး လေ့လာသူ ဦးအောင်နိုင်ဦးက ဆိုသည်။
“NLD အနေနဲ့ ကိုယ်မလုပ်နိုင်ဘူး ဆိုတဲ့ ကိစ္စကို မလုပ်နိုင်ဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောတယ်၊ မလုပ်နိုင်တဲ့အတွက် မဲထည့်တဲ့ လူတွေကို တောင်းပန်တာဟာ အင်မတန် ကောင်းတဲ့ကိစ္စလို့ ကျနော်မြင်တယ်၊ အခုလို ခေတ်ကြီးမှာ အနောက်နိုင်ငံတွေမှာ ဆိုလို့ရှိရင်လည်း အစိုးရတရပ်က မှားသွားတယ်ဆိုရင် တောင်းပန်ရတယ်၊ ၀န်ကြီးတွေမှားသွားရင် နုတ်ထွက်ရတယ်၊ မှားတာကို ၀န်ခံရတဲ့ အနေအထားရှိတယ်၊ စစ်အစိုးရ ဆိုရင် သူ့ရဲ့အမှားတွေကို သူဘယ်တော့မှ ၀န်မခံဘူး၊ NLD အနေနဲ့ ဒီလို ပြည်သူတွေ ကို ၀န်ခံတာဟာ အင်မတန်ကောင်းတဲ့၊ အရေးပါတဲ့ ပြောဆိုချက်လို့ ကျနော်မြင်ပါတယ်”ဟု ၎င်းက ပြောဆိုသည်။
NLDပါတီ စတင် တည်ထောင်ကတည်းက ဒီမိုကရေစီ စနစ် ထူထောင်ရေး ရည်မှန်းချက်အောင်မြင်သည်အထိ ကြိုးပမ်းကြမည်ဟူ သော သံန္နိဌာန်ဖြင့် ဖွဲ့စည်းခဲ့ကြောင်း၊ ၁၉၉၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၃၉၂ နေရာတွင် အနိုင်ရခဲ့ကြောင်း၊ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ဖြစ်သော ပြည်သူ့လွှတ်တော်ကို ၎င်းတို့ ပြဌာန်း ထားသည့် ဥပဒေများနှင့် အညီ ခေါ်ယူဖွဲ့စည်းပေးခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း စစ်အစိုးရခေါင်းဆောင်များနှင့် တွေ့ဆုံကာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရရှိအောင် ဆောင်ရွက်နိုင်ရေး အကြိမ်ကြိမ်ကြိုးပမ်းခဲ့ကြောင်း၊ ဒီပဲယင်း အကြမ်းဖက်မှု၊ အမေရိကန်နိုင်ငံသား ဂျွန်ယက်ထော အမှုတို့တွင် လည်း အာဃာတ မထားဘဲ နိုင်ငံပြဿနာများ ပြေလည်သွားရန် အာရုံစူးစိုက်တောင်းဆိုခဲ့သော်လည်း တုံ့ပြန်မှု မရှိခဲ့ကြောင်း ရေးသားထားသည်။
ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲ ဥပဒေများသည် တရားမျှတမှုမရှိကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အကျပ်ကိုင် လိုက်နာစေခြင်းသည် လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ယင်းအတွက် မတ်လ ၂၉ ရက် NLD ဗဟို ဦးစီးအဖွဲ့က နိုင်ငံရေး ပါတီအဖြစ်မှတ်ပုံတင်တော့မည်မဟုတ်ဟု ဆုံးဖြတ်လိုက်ကြာင်းလည်း ပါရှိသည်။
သို့သော်လည်း NLDအနေဖြင့် ထောက်ခံသူများကို ဘယ်သောအခါမှ ကျောခိုင်းသွားမည် မဟုတ်သကဲ့သို့ ဒီမိုကရေစီ ရည်မှန်း ချက် အောင်မြင်သည်အထိ အကြမ်းမဖက်သော နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းသွားမည်ဟု ပြည်သူလူထုသို့ ပန်ကြားကြောင်း ဖော်ပြထားသည်။
NLD ထုတ်ပြန်ကြေညာချက် အပြည့်အစုံကို ဖတ်ရှုချင်ပါက ဤနေရာကို နှိပ်ပါ။
Comments (21)

written by ပြည့်စုံ, April 08, 2010
အခုလို NLD ရဲ့ စိတ်ထား များကို အမြဲ ဂုဏ်ယူလျက်ပါ။
ပြည်သူသာ အမိ ပြည်သူသာ အဖလို့  သဘော ထားတဲ့ NLD ကို အမြဲ ထောက်ခံနေ အုံးမှာပဲ။
ပြည်သူ ပြည်သားများ အတွက် အမြဲ ရှင်သန်နိုင်ပါစေ။
ပြည်သူသာ အမိ ပြည်သူသာ အဖလို့  သဘော ထားတဲ့ NLD ကို အမြဲ ထောက်ခံနေ အုံးမှာပဲ။
ပြည်သူ ပြည်သားများ အတွက် အမြဲ ရှင်သန်နိုင်ပါစေ။
written by kk, April 07, 2010
If NLD really wants a dialog with SPDC, NLD needs to learn what language SPDC understands.
During 20 years, what I learned is SPDC does not understand NLD's language.
During 20 years, what I learned is SPDC does not understand NLD's language.
written by စပါယ်, April 07, 2010
NLD ရဲ့ဆုံးဖြတ်ချက်လက်ခံတယ်.. .ဘယ်လိုဘဲဖြစ်ဖြစ် အားပေးလျက်ပါ... ဘာကြောင့် ဒီမိုကရေစီလမ်းကြောင်း မဖော်ဆောင်နိုင်တာလည်း ဆိုတာလည်း နားလည်ပြီးသားပါ...စစ်အစိုးရရဲ့ ယုတ်မာမှု့ တွေကြောင့် တကယ့် သူရဲကောင်းတွေက ထောင်ထဲရောက်နေတာကိုး....
ဆုတောင်းပေးလျက်ပါ.. .လုပ်သမျှလုပ်ငန်းများအောင်မြင်ပါစေ...
စစ်အစိုးရ ကျရုံးပါစေ..
ဆုတောင်းပေးလျက်ပါ.. .လုပ်သမျှလုပ်ငန်းများအောင်မြင်ပါစေ...
စစ်အစိုးရ ကျရုံးပါစေ..
written by Ko Ko Oo, April 07, 2010
လူထုကို အမှန်အတိုင်း ၀န်ခံတာအလွန်ကောင်းတဲ့ အလုပ်ပါဘဲ၊ ဒါပေမဲ့ သိပ်နောက်ကျခဲ့တယ် ဆိုတာကိုတော့ ပြောဖို့လိုမယ်ထင်ပါတယ်၊ တကယ်ဆိုရင် NLDယာ ရန်သူ၏ မာယာထောက်ချောက်ထဲကို စကတည်းက၀င်မိခဲ့တာပါ၊ ၁၉၈၈ မှာ ၁၉၉၀ ခုနှစ်အထိ၂ နှစ်တာမျှအချိန် ဆွဲပြီးမှ လုပ်ပေးမယ်ဆိုတဲ့ ရွေးကောက်ပွဲကို စတင်ယုံကြည်ခဲ့သူတွေရဲ့မယာအမှားကြီးဘဲ၊ ပျော်ပျော်ကြီး မှတ်ပုံတင်ခဲ့ကြတယ်၊ သိပ်ကိုမိုက်ရိုင်း သိပ်ကိုဆိုးဝါးလှတဲ့ အာဏာရှင်ကို အနုနည်းနဲ့မရနိုင်ဘူး လက်နက်ကိုင်တိုက်မှရမယ်ဆိုသူတွေ တောခိုခဲ့ကြတယ်၊ ဒီမိုကရေစီအင်အားစုတွေ လမ်းစဉ်နှစ်သွယ် ကွဲခဲ့ပြီးအားလျှော့သွားတယ်၊ ရွေးကောက်ပွဲကိုစောင့်မျှော်ရင်း လူတွေသွေးအေး လာခဲ့ကြတယ်၊ အာဏာလွဲ မပေးတော့မှ ရန်သူထောက်ချောက်ထဲ ရောက်နေမှန်းသိခဲ့ကြတယ်၊ ၈၈ တုန်းကလုံးဝပျက်စီး သွားခဲ့တဲ့ လမ်းစဉ်ပါတီနေရာမှာ ကြံ့ဖွတ်တွေနဲ့ အစားထိုးတည်ဆောက်ဖို့အချိန် ၂ နှစ်ပေးလိုက်သလိုပါဘဲ၊ အဲဒီဒေါက်တိုင်တွေကဘဲ လူထု ကိုပြန်ပြီးနှိပ်စက်လာပြန်တယ်၊ မိမိတို့ပြည်သူကို ဖိနှိပ်အုပ်ချုပ်ဘို့ယန္တယားကို မိမိတို့ဖါသာ အချိန်ပေးပြီး တည်ဆောက်ပေးလိုက်သလိုဘဲ၊ တကယ်လို့သာ မဆလပျက်အပြီး၊ မရပ်မနား ဆက်လက်တိုက်ပွဲဝင်ခဲ့ရင် အခြေအနေတွေက ပြောင်းပြန်ဖြစ်သွားနိုင်တယ်၊ ပြည်သူတွေကိုမျှော်လင့်ချက် အမှားတွေမပေးမိစေဖို့ NDL ရန်ငါစည်းပြတ်ဖို့လိုတယ်။ စစ်တပ်အတွင်း စိမ့်ဝင်နိုင်အောင်ကြိုးစားပြီး ဒီမိုကရေစီလိုလားတဲ့ စစ်ခေါင်းတွေကိုရှာဖွေစည်းရုံးပြီး အပြောင်းအလည်းလုပ်ရန်မှအပ မြေပေါ်မှာ ဆက်လက်ကျန်ရှိ နေဦးမည့်NLDအတွက် လုပ်စရာကျန်ပါတော့တယ်။
written by တိုးတက်အောင်, April 07, 2010
Army always must be above the Nation.
Isn't it true. For my point of view, it is basic fundamental of their ideology.
Isn't it true. For my point of view, it is basic fundamental of their ideology.
written by Hla Phone, April 07, 2010
ဦးဉာဏ်ဝင်း အခုလိုပွင့်ပွင့်လင်းလင်း ပြောဆိုသွားတာဟာ တကယ့်ကိုကောင်းတဲ့ ကောင်းတဲ့ပြောဆိုချက်ပါ.. ပြည်သူတွေအနေနဲ့လည်း အခုလိုကြားရတော့ အနည်းနဲ့အများတော့ ပီတိဖြစ်မိမှာပါ..NLD ကိုလည်း ပြည်သူတွေ မေ့မသွားနိုင်တဲ့ပြောဆိုချက်မျိုးပါ... ဦးဉာဏ်ဝင်း ရဲ့  ပြည်သူတွေအပေါ် တိုက်ရိုက်တောင်းပန်မှုက လေးစားဘို့ကောင်းပါတယ်..
ဒီသတင်းမှာ Code လုပ်ထားတဲ့ ကိုအောင်နိုင်ဦးရဲ့  ပြတ်ပြတ်သားသား ဝေဖန်ချက်ကိုလည်း ကြိုက်ပါတယ်...
ဒီသတင်းမှာ Code လုပ်ထားတဲ့ ကိုအောင်နိုင်ဦးရဲ့  ပြတ်ပြတ်သားသား ဝေဖန်ချက်ကိုလည်း ကြိုက်ပါတယ်...
written by တိုးတက်အောင်, April 07, 2010
ဒီချုပ်အနေနဲ့ ဒီမိုကရေစီရအောင် မစွမ်းဆောင် နိုင်ခဲ့သလို ဘယ် အဖွဲ့ အစည်း ဘယ်ပုဂ္ဂိုလ် မှလည်း မလုပ်ပေး နိုင်ခဲ့ပါဘူး။
ဒါဟာ အခြေခံအားဖြင့် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အားကိုး တစ်ကြီး နဲ့ လွှဲပေးနိုးနိုး စောင့်မျှော် မိခဲ့ကြလို့ပဲ။
၁၉၉၀ ရွေးကောက်ပွဲ စလုပ်မယ် ဆိုပြီး ကြေ ငြာကတည်းက ကျောင်းသား လူငယ် အများစုက မယုံကြည်ခြဲ့ ကဘူး။ ဒီတုန်းက ပါတီထောင်ပြီး နောက်ပိုင်း တောခိုသွားတဲ့ မိုးသီးဇွန်
ပြောတဲ့ စကား တစ်ခွန်းက န၀တဟာ ဘယ်နည်းနဲ့မှ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲကို ကျင်းပပေးမှာ မဟုတ်ဘူး။ ဘာလို့လဲ ဆိုတော့ အာဏာ လွှဲပေးချင်တဲ့ ဆန္ဒ္ဒ္ဒ္ဒ လုံးဝ မရှိလို့ပဲ။
သူ့စကား မှားတယ်လို့ ဆိုနိုင်ပေမယ့် ယေဘူယျ တွေးခေါ်မှုဖြစ်တဲ့ အာဏာ လွှဲပေးချင်တဲ့ဆန္ဒ္ဒ္ဒ္ဒ လုံးဝ မရှိဘူး ဆိုတာတော့ မှန်ကန်ပါတယ်။ ဒေါ်စုနဲ့ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ လမ်းကြောင်းလည်း
အောင်ပွဲ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ နိုင်ပြီး စစ်အစိုးရရဲ့ ဗျူဟာလည်း ပြောင်းခဲ့ပါတယ်။ စစ်တန်းလျား ပြန်မယ်လို့ ကတိပေးခဲ့တဲ့ ဗိုလ်ချုပ်စောမောင် ဖယ်ရှားခံရပြီး
ဒီချုပ်ရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေကို ထိမ်းသိမ်း ခဲ့သလို လက်ကျန် ခေါင်းဆောင်ပိုင်းကို သူတို့ အလိုကျ အခြေခံ ဥပဒေ ပေါ်ပေါက်ရေးအတွက် ညီလာခံ တက်ခိုင်းခဲ့ပါတယ်။
ဒါပေမယ့် ဦးအောင်ရွှေတို့က ရုန်းထွက်နိုင်ခဲ့လို့ စစ်ကျွန် ရှည်စေမယ့် အခြေခံဥပဒေ ရေးဆွဲရာမှာ အဖွဲ့ချုပ်ဟာ သမိုင်း တရားခံ အဖြစ် မပါဝင်ပဲ လွတ်မြောက် ခဲ့ပါတယ်။
ဒီနေ့ဒီချိန်ခါမှာ ပညာတတ် လူလတ်ပိုင်း အတော်များများဟာ စစ်အစိုးရ နောက် လိုက်မှသာ တိုင်းပြည် ပြောင်းနိုင်မယ်လို့ ထင်လာကြတယ်။
သူတို့ရဲ့ တိုင်းပြည် အပေါ်ထားတဲ့ စေတနာကို လေးစားပေမယ့် ဒီနည်းနဲ့ မဖြစ်နိုင်ဘူးလို့ အပြတ် ပြောချင်ပါတယ်။

written by Shahrukh Kyaw, April 07, 2010
That is essential for N L D . N L D should watch ,what is better way for millions of supporters . Because of all public are no chance to vote coming election . That is globalization though for democracy movement .We hope that all N L D leaders are still unite without hopeless .We will follow under the N L D 's leading .
written by khin, April 07, 2010
သူရဲကောင်းတွေရဲ့ လုပ်ရပ်မို့ ၀မ်းနည်း၊ ၀မ်းသာ ထောက်ခံ အားပေးလျက်ပါ။
written by မောင်ကြီး, April 07, 2010
အင်မတန် လှပတဲ့ လုပ်၇ပ် ပါပဲ။
၇ှင်းလင်းတယ်။ ပြတ်သားတယ်။ မအောင်မြင်တဲ. ၇လဒ် အတွက် ကိုယ်တိုင် တာဝန်ယူ တာဝန်ခံ တယ်။
တာဝန် ယူ၇ဲတယ်။
ေ၇ှ.ဆက်ေ လျာက်မယ့် တိုက်ပွဲ အတွက် လူထု၇ဲ. ယုံကြည်မှု ကို ပြန်လည် ဆောက်တည် တယ်လို. မြင်ပါတယ်။
NLD ၇ဲ. ဒုတိယ ကြိမ်မြောက် ၇ဲ၇င့် ပြတ်သားတဲ. စံ နမူနာပြ လုပ်၇ပ် တခုပါပဲ။
စစ်ဗိုလ်ချုပ်တွေ နည်းနည်းလောက် ဖြစ်ဖြစ် အတု ယူတတ်၇င် တိုင်းပြည် အတွက် သိပ် ကောင်းမယ်။

written by ကြံတိုင်းအောင်, April 06, 2010
အန်အယ်ဒီ၏ ၀န်ခံ တောင်းပန်စကား ကို ၁၀၀% နှုံး လက်ခံပါတယ်။ နမူနာ ယူကောင်းသော ကိစ္စလည်း ဖြစ်ပါတယ်။ လုပ်နိုင်သည် မလုပ်နိုင်သည်ကို ၀န်ခံတာဟာ ရှက်စရာ မဟုတ်တာကိုလည်း ပြသရာေ၇ာက်ပါတယ်။ အန်အယ်ဒီ ဘယ်တော့မှ အလျော့ မပေးပါနဲ.လို.လဲ ဒီကနေ ပြောပြချင်ပါတယ်။
written by titan, April 06, 2010
နားလည်ပါတယ်..ဒါဟာ NLD အမှားအယွင်း တစ်ခု ပြုလုပ်ခဲ့တ ယ်လို့လည်း မထင်မြင်ခဲ့မိပါ..ဘယ်တော့မှ ပြည်သူတွေ ကိုချန် ထားခဲ့ပြီး ကျောခိုင်းနှုတ်ဆက်သွားမှာ မဟုတ်ဘူး ဆိုတာကိုလည်း ယုံကြည်ပြီးသားပါ... .နောက်ပြီး NLD ဟာ ပြည် သူတွေနဲ့ တသား တည်းရှိနေ ပါမယ်လို့ ပြောခဲ့သလို ပြည် သူတွေဟာလည်း NLD ဘက်မှာပဲ မားမား မတ်မတ် ရပ်တည် နေမှာပါ...
written by Ko J J, April 06, 2010
NLD ကအခုလို တောင်းပန်စကား ဆိုတာကို မြန်မာ ပြည်သူ တယောက် အနေနဲ့ ဂုဏ်ယူတယ်ဗျာ... ဖိနှိပ်မှု အမျိုးမျိုး
ဒဏ်ကြောင့် အင်မတန် အခက် အခဲကြုံ ခဲ့ရတာကို နားလည်မှု ပေးနိုင်ပါတယ်.. .NLD ရဲ့ ကိုင်စွဲထားတဲ့ သဘောထား
ရပ်တည်ချက် တွေဟာ အင်မတန် လူကြီး လူကောင်း ဆန်တယ်... မလုပ်နိုင်ခဲ့တာ ဝန်ခံရဲတယ်... စစ်အစိုးရလို(သူခိုး
သူဝှက်..လူလိမ်..အဓမ္မသမား)တွေ ကတော့ မဟုတ်တာ တရားမမျှတ တာတွေ အကုန် လုပ်ပြီး ပြည်သူတွေကို အပေါ်စီးက အုပ်ချုပ်နေအုံးမှာ မြင်ယောင်ေ သးတယ်....

written by htay tint, April 06, 2010
အန်အယ်ဒီဟာ နောက်ဆုံး အချိန်အထိ တိုင်းပြည်ကို ကောင်းတဲ့ အမွေ နမူနာ ပြပေး ခဲ့တာပါ ။
written by KNMSPACE, April 06, 2010
စစ်အစိုးရက နည်းမျိုးစုံ ဖမ်းဆီး နှိပ်စက် သတ်ဖြတ် အကွက်ဆင် ထောင်ချ မထင်ရင် မထင်သလို သံလက်သီးနဲ့ထိုး၊ ခြုံခို တိုက်ခိုက် အရှင်လတ်လတ် ရိုက်သတ် ဖမ်းဆီးခံပြီး လုပ်ခဲ့ရတဲ့ ပြည်သူ့ ပါတီပါ။ အမျိုးသား ဒီမိုကရေစီ အဖွဲ ချုပ်ရဲ့ ပြည်သူ့ အတွက် သေွးချွေးဘဝ ပေးဆပ်ပြီး ရပ်တည်ခဲ့ရတဲ့ နိုင်ငံရေးပါတီ/ တာဝန် ကျေပါတယ် လို့  ပြောချင်ပါတယ်။ ပြည်သူ့ ရင်ခွင်ထဲ က ပါတီ အဖြစ် ရှိနေမှာပါ။
written by ဇော်ဂျီ, April 06, 2010
သိပ်ကောင်းတဲ့ ဒီစာသားလေးတွေ “....စစ်အစိုးရ ဆိုရင် သူ့ရဲ့ အမှားတွေကို သူဘယ်တော့မှ ၀န်မခံဘူး၊ NLD အနေနဲ့ ဒီလို ပြည်သူတွေ ကို ၀န်ခံတာဟာ အင်မတန် ကောင်းတဲ့၊ အရေးပါတဲ့ ပြောဆိုချက် လို့ ကျနော် မြင်ပါတယ်”
မနိုင်သေးရင်တောင် အနည်းဆုံးတော့ နောင်လာ နောက်သားတွေ အတွက် ထားခဲ့ရမယ့် ရာဇ၀င်မရိုင်းပါဘူး။
မနိုင်သေးရင်တောင် အနည်းဆုံးတော့ နောင်လာ နောက်သားတွေ အတွက် ထားခဲ့ရမယ့် ရာဇ၀င်မရိုင်းပါဘူး။
written by Blue Flower, April 06, 2010
Dear NLD and her supporters,
We can fight back as much as we can.
NLD never surrender, for the people, correct?
We can show our desire as much as we can.
For example-
1) to show your desire " NO TO VOTE "- we can do " NO TO GOVERNMENT LOTTERY ".
We cannot accept military regime's UNJUST Law, we have a chance freely to let them know. Why we have to support government by participating their funds, their lottery?
This is one way to unite people to show their desire. Same same as White shirt camping.
2)To repel Bad evils of military government, we can RECITE MITTA ( same as 2007 monks' revolution ). But Now we can do at the same time at every where.
For example, every 8 :00 Pm You can recite or you can operate VCD or MP3 every where you are.
This is one way to unite people to take part in our movement ( Freedom from Fear ).
Dear NLD, If we surrender without fighting back, our next generation also suffer under military boots.
Please Bravely lead the people to the victory. Don't waste the time. We must show our desire as much as we can, to reject 2010 Election and UNJUST Laws.

Write comment
| < Prev | Next > |
|---|

ဘေးကနေ ဝေဖန်ရေးနဲ့ လေကန်ရေး လုပ်တာတော့ ခုနှစ် နှစ်သားတောင် လုပ်တတ်တယ်။
လူတိုင်း လုပ်တတ်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ ခေါင်းဆောင်တွေ ပြောသမျှ၊ လုပ်သမျှ လိုက် ဝေဖန်ရတာ လွယ်လိုက်သမျှ ပျင်းတောင် ပျင်းသေး၊ ငှက်ပျောသီး အခွံ ခွာရတာက ခက်သေး။
ရှင့်မှာ အကြံဥာဏ်ကောင်း ရှိရင် ၁၉၉ဝတွင်းက မဟုတ်ဘူး။ ပြီးခဲ့တဲ့ နှစ် အထိတောင် ဘာလို့ ထုတ် မပြောသလဲ။
ထိုင်ဝေဖန်သူ အတွက်က ထမင်းစား ရေသောက် လွယ်လွယ်လေး။ တကယ် လုပ်နေရသူတွေ အတွက်ကသာ ခက်တာ။
မှားသွားရင် ပေးဆပ်ရမှာက ကံကောင်းရင် ကိုယ်နဲ့ ကိုယ့်မိသားစုရဲ့ ဘဝ၊ ကံဆိုးရင် ကိုယ်နဲ့ ကိုယ့် မိသားစုရဲ့ အသက်။
တွေးကြည့်မြိ ကရဲ့လား။