မန္တလေးတိုင်း NLD ရုံး ဖိအားပေး အပိတ်ခံရ

E-mail Print
မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးကို အာဏာပိုင်များ၏ ဖိအားပေးမှုကြောင့် ပြီးခဲ့သည့် စနေ့နေ့က ပိတ်လိုက် ရကြောင်း မန္တလေး NLD အဖွဲ့ဝင်များက ပြောသည်။

ရုံးကို ဒေသခံ အာဏာပိုင်များက အမြန်ဆုံး ပိတ်ခိုင်းသည်ဟု အိမ်ပိုင်ရှင်က NLD တာဝန်ရှိသူများကို လာရောက် အကြောင်းကြား ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

ထို့ကြောင့် မတ်လ ၃ ရက်နေ့တွင် ရုံးကို ပြန်အပ်လိုက်ရကြောင်း မန္တလေး NLD စည်းရုံးရေး အဖွဲ့ဝင် ဦးမျိုးနိုင်က ဧရာဝတီသို့ ပြော သည်။  

လွန်ခဲ့သည့် မတ်လ၂၉ ရက်နေ့တွင် NLD က ရွေးကောက်ပွဲ မ၀င်ရေးကို ဆုံးဖြတ်ချက်ချခဲ့ပြီး နောက်ပိုင်း အာဏာပိုင်များက အိမ် ပိုင်ရှင်ကို ဖိအားပေးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မန္တလေးတိုင်း NLD ရုံးကို လူ စည်ကားသည့် လမ်း ၃၈၊ ၇၉ နှင့် ၈၀ လမ်း ကြားတွင် ဖွင့်လှစ်ထားသည်။ သို့သော်လည်း ရွေး ကောက်ပွဲ ဥပဒေ ကြေညာခဲ့ပြီးနောက် မတ်လ ၁၀ ရက်နေ့တွင် ဒေသခံ အာဏာပိုင်များက မန္တလေးတိုင်း NLD ဥက္ကဌ ဦးသိန်း တန်နှင့် တွဲဖက် အတွင်းရေးမှူး ဦးမောင်မောင်သန်းတို့ကို ခေါ်ယူ၍ NLD ရုံးများကို ဖွင့်ရန် စီစဉ်ခဲ့ပြီးနောက် ရက်ပေါင်း ၂၀ခန့် အကြာ ယခုကဲ့သို့ ထပ်မံ အပိတ် ခံရခြင်းဖြစ်သည်။

၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်းနောက်ပိုင်း အာဏာပိုင်များက NLDရုံးခန်း တချို့ကို ၇ နှစ်ခန့် အပိတ်ခံခဲ့ရသည်။ ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့သို့ စည်းရုံးရေးဆင်းသည့် ကာလ၌ ယာဉ်တန်းကို စစ် အစိုးရ၏ ကျောထောက် နောက်ခံပြုထားသည့် အဖွဲ့ အစည်းများ၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။ 

ယခုကဲ့သို့ NLD ရုံးကို ပိတ်လိုက်ရသည့် အတွက် ရုံးပစ္စည်းများကို ပုသိမ်ကြီးမြို့နယ်သို့ ယာယီပြောင်းရွှေ့ထားရာ ယင်း မြို့နယ် စည်း တာဝန်ခံအား အာဏာပိုင်များက ရုံး ထပ်မံ ဖွင့် မဖွင့် လာရောက်မေးမြန်းခဲ့ကြောင်း ဦးမျိုးနိုင်က ပြောသည်။

NLDသည် ရွေးကောက်ပွဲ ကော်မရှင်ထံ မှတ်ပုံ မတင်ရန် ဆုံးဖြတ်ထားသဖြင့် တရားဝင်ပါတီ အဖြစ်မှ ဖျက်သိမ်းခံရပါက ပါတီပိုင် ပစ္စည်းများကို စီမံခန့်ခွဲနိုင်ရန်အတွက် စီမံခန့်ခွဲရေး ကော်မတီတရပ်ကို ပြီးခဲ့သည့် တနင်္လာနေ့က ဖွဲ့စည်းခဲ့သည်။ ယင်း အဖွဲ့ကို ဒု ဥက္ကဋ္ဌ ဦးတင်ဦးက ဦးဆောင်၍ အဖွဲ့ဝင် ၁၇ ဦးဖြင့် ဖွဲ့စည်းထားသည်။ 

ထို့အပြင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြောင်းလဲရေးကို ဖော်ဆောင်ရန် ကြိုးပမ်းခဲ့ သော်လည်း မအောင်မြင်ခဲ့သဖြင့် NLD အနေဖြင့်   နိုင်ငံ တ၀န်းလုံးရှိ ထောက်ခံသူများကို ယမန်နေ့က ထုတ်ပြန်သောခဲ့သော ကြေညာချက်တွင် တောင်းပန်ခဲ့သည်။

NLD စတင် တည်ထောင်ချိန်မှ ပြည်သူ လူထုနှင့် အတူ တသားတည်း ရပ်တည်ခဲ့သော်လည်း အာဏာပိုင်များက ပါတီဝင်များကို ဖမ်းဆီး အကျဉ်းချခြင်း၊ ဖိနှိပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းဖိနှိပ်မှုများကြောင့် NLD အနေဖြင့် ဒီမိုကရေစီ ပြောင်းလဲရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး တို့ကို ဖော်ဆောင်ရာတွင် မအောင်မမြင် ဖြစ်ခဲ့ရသဖြင့် ပြည်သူ လူထုကို အနူးအညွတ် တောင်း ပန်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

သို့သော်လည်း NLDအနေဖြင့် ထောက်ခံသူများကို ဘယ်သောအခါမှ ကျောခိုင်းသွားမည် မဟုတ်သကဲ့သို့ ဒီမိုကရေစီ ရည်မှန်း ချက် အောင်မြင်သည်အထိ အကြမ်းမဖက်သော နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းသွားမည်ဟု ပြည်သူလူထုကို ပန်ကြားထားသည်။
Comments (1)Add Comment
0
Prepare for the worst.
written by Blue Flower, April 07, 2010
We already hoped what will military do.
We must be in ready to face that problems.
Please DARE TO FACE NLD and our Myanmar people who love TRUTH.
If you run away from battle, you will die twice.
Because your next generation also has to suffer under military Boots.
Take care and prepare for the last battle.
UNITY IS STRENGTH.
DEMOCRACY IS FOR THE PEOPLE BY THE PEOPLE, NOT BY THE MILITARY.

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်