NLD ဆုံးဖြတ်ချက်ကြောင့် ဒေါ်အောင်ဆန်းစုကြည် ၀မ်းမြောက်

E-mail Print
ပါတီ မှတ်ပုံတင်ခြင်း မပြုရန် နှင့် ရွေးကောက်ပွဲ ၀င်ခြင်း မပြုရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဆုံးဖြတ် လိုက်သည့် အတွက် ၀မ်းမြောက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်း စုကြည်ထံသို့ ရှေ့နေများ ဖြစ်သော ဦးဉာဏ်ဝင်းနှင့် ဦးကြည်ဝင်း တို့က ယနေ့ နေ့လယ် ပိုင်းတွင် သွားရောက် တွေ့ဆုံရာတွင် ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

ရှေ့နေဖြစ်သူ ဦးကြည်ဝင်းက “တရားမျှတမှု မရှိတဲ့ ဥပဒေတွေကို ဥပဒေဘောင် အတွင်းက ဆက်လက် လုပ်ဆောင်သွားဖို့လည်း ပြောပါတယ်” ဟု ဆိုသည်။

NLD ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဒု ဥက္ကဋ္ဌ ဦးတင်ဦးတို့က တရားသူကြီးချုပ်ထံ စာရေးသား ပေးပို့နိုင်ဖွယ် ရှိကြောင်း ဦးကြည်ဝင်းက ဆက်လက် ပြောဆိုသည်။

ပြီးခဲ့သည့်လက NLDသည် စစ်အစိုးရ ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ ဥပဒေမှာ တရားမျှတခြင်း မရှိသဖြင့် တရားစွဲဆိုရန်  တရားရုံးသို့ သွားရောက်ခဲ့သော်လည်း တရားရုံးက ယင်းကိစ္စ စီရင်ပိုင်ခွင့် အာဏာ ၎င်းတို့တွင် မရှိကြောင်း ပြောဆိုပြီး အမှုကို လက်ခံခြင်း မရှိခဲ့ပေ။

ဒေါ်အောင်ဆန်းစုကြည်က ပါတီမှတ်ပုံတင်ရေးကို ထည့်သွင်း စဉ်းစားခြင်း မရှိကြောင်း ပြောကြားခဲ့ပြီးနောက် NLD ခေါင်းဆောင်များနှင့် နိုင်ငံတ၀န်းရှိ ဗဟိုဦးစီး အဖွဲ့ဝင် ၁၁၃ဦး တို့သည် ပြီးခဲ့သည့် သတင်းပတ်က စုဝေး ဆွေးနွေးပွဲတွင် ပါတီ ပြန်လည် မှတ်ပုံတင်ခြင်း မပြုရန်နှင့် ရွေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

ယနေ့ ရှေ့နေများနှင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရာတွင်  ဒေါ်အောင်ဆန်းစုကြည် နေအိမ် ပြင်ဆင်ရေး၊ နေအိမ် အကျယ်ချုပ် အတွက် အယူခံဝင်ရောက်ရေးနှင့် ပတ်သက်၍ လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယခင်တွေ့ဆုံမှုများတွင် ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီ အပြင် တိုင်းရင်းသား နိုင်ငံရေးပါတီများ၊ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်များကလည်း ရွေးကောက်ပွဲ ဥပဒေကို ဆန့်ကျင်သွားရန် မှာကြားကြောင်း NLD နှင့် နီးစပ်သူများထံမှ သိရသည်။
Comments (15)Add Comment
0
ဂ၇ုစိုက်ပါ
written by kimmin119, April 10, 2010
အန်တီစု ကျန်းမာေ၇းကို အထူး ဂ၇ုစိုက်ပါ ။ ကျန်းမာနေမှ လို၇ာ ပန်းတိုင်ေ၇ာက်အောင် ကြိုးစားနှိုင်မှာပါ ။
0
ဥပဒေစကားပြောတဲ့ လူတွေကို ဥပဒေ ဘောင်နဲ့ ဖြေရှင်းကြတာပေါ့ .....
written by kosaimaizaw, April 08, 2010
မင်းတို့ရဲ့ တ၇ားဥပဒေ လွမ်းမိုးမှု ရှိမရှိ ဆိုတာ အလုပ်က သက်သေပြမှာပါ. အင်း..... ဒင်းတို့ တရားဝင် ဗြောင်ငြင်းမယ် ဆိုရင်တော့ သောက်ရှက် ကွဲပြီပေါ့ .. ပုဆိုးလောက်ကို စောင်ထင်ပြီး ခေါင်းမြီး ခြုံပြီး အိပ်ရင် ဘယ်လောက်ြ ကာကြာ အိပ်နိုင်ဦးမလဲ ဗိုလ်ရှုပ်ကြီး တို့ရယ်.. ...... မစဉ်းစားနိုင်ဝံ့ပေလော .....
0
ကောင်းပါတယ်
written by baba, April 08, 2010
ကောင်းပါတယ်... မြှောက်ပေးကြပါ...
0
Prepare for the next step.
written by Blue Flower, April 08, 2010
NLD is on their right way to fight back to military.
The military regime will try to demolish NLD.
Please be alart. Unity is strength.
Unite the people to reject 2010 election and 2008 UNFAIR Constitution.

Before 2010 UNFAIR election, we should do " NO TO VOTE " NO UNFAIR ELECTION " Nation -wide movements by the people.
0

written by Tun Shwe Khaing, April 08, 2010
ဂုဏ်ယူပါတယ် အန်တီစု -- ဒီလိုပြ တ်ပြတ်သားသား ဆုံးဖြတ်တတ် လို့လည်း ပြည်သူတွေ က ဒေါ်စု ကို လေးစားကြတာပါ-
0

written by Htin Kyaw, April 08, 2010
စစ်အစိုး၇ေ ခတ်သည် တရားရုံးများနှင့် တရားသူကြီးများ အမှန်တကယ် မလိုအပ်ပါ၊ စစ်အစိုး၇ချ ခိုင်းတဲ့ အမိန့်ကို တ၇ားသူကြီး ဆိုသူက ဖတ်ပြရုံသာ အလုပ် ရှိပါသည်၊ ရှက်တတ်မည် ဆိုလျင် တရားသူကြီးများ အလွန် ရှက်စ၇ာ ကောင်းနေပါပြီ၊ စစ်အစိုး၇နှင့် ပါတ်သက်လျင် တရားရုံးချုပ်က လုပ်ပိုင်ခွင့် မရှိ ဆိုသည်မှာ နိုင်ငံတွင် ဥပဒေ မစိုးမိုး ကြောင်း အတိအလင်း ကြေညာချက် ဖြစ်ပါသည်၊
0
...
written by kyaw tha, April 08, 2010
နိုင်ငံရေးဇာတ်ခုံမှာ ဒီအတိုင်း ဖြစ်လေ့ရှိပါတယ်။ ကျနော် အပါအဝင် ပြည်ထောင်စု မြန်မာ နိုင်ငံသားတွေ ကိုယ့်အား ကိုယ်ကိုးပြီး ဆက်လုပ်ဖို့ပဲ ရှိပါတယ်။
0

written by khin, April 08, 2010
အကြမ်း မဖက်ပဲ ဆက် ချီတက်ပါ။
အခု လောလောဆယ် လုပ်နိုင်တာကို လုပ်ထားကြပါ။
0
ပီတိစားပြီး အားရှိသွားတဲ့ မိခင်တယောက်ရဲ့  အသံ
written by htay tint, April 07, 2010
ဒီမိုကရေစီ ဆိုတဲ့ ကျင့်စဉ်တခုကို ဘယ်လိုနားလည်ပြီး ဘယ်လိုလက်ခံ သလဲဆိုတာ အုပ်စုလိုက်ခွဲ ပေးလိုက်တဲ့ အခြေအနေ ကာလပါ ။ အထူးသဖြင့် ကပ်ပါးနိုင်ငံရေး သမားတွေ မိမိကိုယ်မိမိနားလည်သင့်တဲ့ အချိန်ရောက်ပါဘီ။ ၁၉၈၈ ကထဲက စပြီး ဒေါ်အောင်ဆန်းစုကြည်ကို မကောင်းကြောင်းပြောပြီး မိမိနာမည်ကြီးအောင်ပြောတတ်သူတွေ ကောင်းကြောင်းပြောပြီ လုပ်စားသူတွေ မျက်စီလည်နေပါပြီ ။ ပရိုပိုစာ တိုက်ပွဲလမ်းကြောင်း ပျောက်လု နီးနီး ဖြစ်ကုန်လို့  နာမည်ကြီးတွေ နာမည်ပျက်တွေကို ဝိုင်းမြောက်ကြတာ ရရာလက်နက်စွဲကြဖို့  အဖွဲ့ တွေလည်းဖြစ်ကုန်တယ် ။ မြန်မာ အင်ဂျီအို တွေ ခွက်ပျောက်လုနီးနီး ဖြစ်ကုန်ပါပြီ ။
ဖွင့်တိုက်ရင် လည်တဲ့သူ လူဟောင်းတွေ စားမယ် ဆက်ချမ်းသာမယ် ။ ဆက်ရှုံးမယ် ။ ရန်ငါ စည်းကို ပြတ်ပြတ် သားသားခွဲပြီး အတွင်းစည်းစုပိတ် တိုက်ရင်နိုင်မယ်။ အတွင်းရန်ကို ဥပဒေနဲ့ ဆက်ရှင်းကြတာပေါ့ ။
ပြန်နားထောင်ကြည့်ကြပါ
http://www.youtube.com/watch?v=coN5SR4J4AU
0
...
written by titan, April 07, 2010
ဝမ်းမြောက်မှုရဲ့နောက်မှာ အောင်မြင်မှုပါ တပါတည်းပါလာလိမ့်မယ်....... သားတို့ အမေ့ကိုယုံတယ်.... လေးကြိမ်မြောက် မြန်မာနိုင်ငံကိုတည်ထောင်ခဲ့တဲ့ အဘိုးအောင်ဆန်းကို သားတို့မမှီလိုက်ပေမဲ့ ခုငါးကြိမ်မြောက် မြန်မာနိုင်ငံကို တဖန်ပြန်လည်တည်ထောင်ဖို့ ကြိုးပမ်းနေတဲ့အမေဟာလည်း သားတို့အတွက်တော့ SUPER MARTYR ပဲ အမေ..
0
...
written by titan, April 07, 2010
အမေ.. အခြားသူတွေတော့ ဘယ်လိုလဲမသိဘူး..သားကတော့ ရိုးရိုးရှင်းရှင်းလေးပဲ ပြောပါရစေ...
အမေ မပါတဲ့လမ်းကို ဘယ်သူတွေပါပါ အမေရယ် သားမလျှောက်လှမ်းရဲဘူး..သေနတ်တွေကို ကြောက်လို့.......
0
...
written by Thazin Pyu, April 07, 2010
ဥပမာလေးတစ်ခု ပေးခွင့်ပြုပါ---- ညစ်ပတ်တယ်ဆိုလည်း ခွင့်လွှတ်ကြပါ
နတ်သုဒ္ဒါတွေနဲ့ စီမံထားတဲ့ မဟာ ဟင်းလေးအိုးကြီး ဖြစ်ပါစေ မစင် လေး တစ်တုံး ကျသွားတယ်ဆိုရင် ဘယ်သူမှ စားမှာ မဟုတ်တော့ဘူးနော်----ဒီသဘောပါဘဲ
ခု ရွေးကောင်ပွဲ ၀င်ရမယ့် အခြေအနေက မစင်အိုးကြီး ထဲက အမဲသားလေး တစ်တုံးကို မက်မက်မောမော အလုအယက် စားဖို့ ကြိုးစားနေကြ တာနဲ့တူနေတယ်။ ဒါကြောင့် ဒေါ်စု ရွေးကောက်ပွဲ မ၀င်တာ အလွန်မှန်ပါတယ် - ကျွန်တော်တို့ ဒီသာရဲတွင်းထဲကို ဘာလို့ ခေါင်းလျှိုဝင်စရာလိုသလဲ---
လျှော့ပါ..., Low-rated comment [Show]
0
NLD ရွေးကောက်ပွဲမ၀င်တာ ပြည်သူကို အကောင်းဆုံးအလုပ်အျွေးပြုလိုက်တာပါပဲ....
written by ဒုဋ္ဌဂါမဏိ, April 07, 2010
1988 နောက်ပိုင်းမွေးတဲ့ ကလေးတွေ ခုဆို လူကြီးဖြစ်ရုံမဟုတ်ဘူး စစ်တပ်မှာဆို ပြည်သူနဲ့ NLD ကို ညှင်းပန်းနှိပ်စက်နေတဲ့ စစ်ဗိုလ်တွေတောင်ဖြစ်နေကြပြီ ...... ဒီစစ်တပ်ရဲ့ ဒေ၀ဒတ် အတတ်ပညာတွေကို ဘယ်လိုမှ မမြင်မသိနိုင်ကြဘူး ....

ဒီစစ်တပ်က နေ၀င်းလက်ထပ်က လမ်းဟောင်းကြီးအတိုင်း ကြံ့ဖွံ့ပါတီထောင်ပြီး ဘောင်းဘီချွတ်လို့ သမ္မတလုပ်ကြမယ်၊ ဒီကြံ့ဖွံ့ပဲ ဘယ်တော့မှ ပါတီနိုင်ငံရေးမလုပ်ဘူးလို့ လက်မောင်းလက်ရုံးတန်း လိပ်ခေါင်းထွက်အောင် အော်ခဲ့ကြတာ၊ တကယ် နေ၀င်းစစ်တပ် အာဏာသိမ်းတုန်းကနဲ့ တစ်ထပ်တည်း ... အဲဒီမှာ သူတို့အရမ်းလုပ်ပြချင်နေတာက NLD ခွက်ခွက်လန်အောင် ရှုံးတယ်ဆိုပြီး အောက်တန်းစား ဥာဏ်နီဥာဏ်နက်တွေ အစွမ်းကုန်ညှစ်ထုတ်၊ ၂၀၀၈ စစ်အုပ်ချုပ်ရေး အခြေခံဥပဒေတုန်းက ဆန္ဒမဲကိုလုပ်သလို ကန့်ကွက်မဲ နဲ့ မထည့်တဲ့မဲတွေကို ထောက်ခံမဲလုပ်ပြ၊ ကမ္ဘာကို( ဂန်ကြီးနဲ့ ဘန်ကြီးလို ခပ်ညံ့ညံ့) ကမ္ဘာ့ကုလသမဂ္ဂခေါင်းဆောင်တွေကို သိသိကြီး ဗြောင်လိမ်ချင်တဲ့အကြံ ပင်လယ်ထဲ ရေသန့်ဘူးသွန်သလို(သဲထဲရေသွန်တာက ကွက်ကွက်လေး မြင်ရနိုင်သေးတယ်) ဖြစ်သွားလို့ လူယုတ်မာ စစ်ခေါင်းဆောင်တစ်စု ခြေမကိုင်မိလက်မကိုင်မိ ကိုင်စရာ ကြိုင်ကြိုင်ကလည်း အိုမင်းကုန်းကွ သုံးမရလို့ ဘာလုပ်ရမှန်းမသိဖြစ်သွားစေတဲ့လုပ်ရပ်မို့ အတော့်ကို ကျေနပ်နှစ်ခြိုက်မိပါတယ်။
0
....
written by Burmese, April 07, 2010
အန်တီစု ပျော်ရင် ကျွန်တော်တို့ လည်း ပျော်တယ်ဗျာ။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်