ပါတီ၏ အမည်မှာ “ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ” ဖြစ်ပြီး ဦးသိန်းစိန်အပါအ၀င် ၂၇ဦး နှင့် မှတ်ပုံတင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။စစ်အစိုးရ ၀န်ကြီးချုပ်၏ ပါတီသည် ၁၉၉၃ ခုနှစ်တွင် ၎င်းတို့ တည်ထောင်ခဲ့သည့် ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်း (ကြံ့ဖွံ့) မှ ပေါက်ဖွားလာခြင်း ဖြစ်ဖွယ်ရှိသည်ဟု အများက ယုံကြည်နေကြသည်။ လူမှုရေး အမည်ခံထားသော ကြံ့ဖွံ့အသင်းကြီးက အနာဂတ်တွင် မည်သို့ ရပ်တည်မည်ကို မသိရသေးပေ။
ထိုအသင်း၏ နာယက အဖွဲ့ဝင်များက ယခု ဖွဲ့စည်းလိုက်သည့် နိုင်ငံရေး ပါတီ ခေါင်းဆောင်များ ဖြစ်လာသည်ဟု ကြံ့ဖွံ့အသင်းနှင့် နီးစပ်သူတဦးက ပြောသည်။
“မကြာသေးခင်က အရပ်ဝတ် လဲလိုက်တဲ့ ၀န်ကြီးတွေရော၊ ဒုဝန်ကြီးတွေရော အကုန်ပါတယ်၊ အရင်က အရပ်ဝတ်နဲ့ ၀န်ကြီးတွေလည်း ပါတယ်၊ နောက်ထပ်လည်း နာမည် အမျိုးမျိုးနဲ့ ပါတီ ဖွဲ့လိမ့်ဦးမယ်” ဟု သူက ပြောသည်။
ဝန်ကြီးချုပ် အပါအ၀င် ၀န်ကြီး အများအပြားသည် မကြာသေးခင်က စစ်တပ်မှ နှုတ်ထွက်ခဲ့သည်။ ၀န်ကြီးချုပ်၏ အမည်ကို “ဗိုလ်ချုပ်ကြီးသိန်းစိန်” ဟု စစ်အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့ရာမှ ပြီးခဲ့သည့် အင်္ဂါနေ့မှ စတင်ပြီး “ဦးသိန်းစိန်”ဟု ပြောင်းလဲ ဖော်ပြခဲ့သည်။
စစ်အုပ်စုသည် ပေါ်ပေါက်လာမည့် လွှတ်တော်တွင် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း အလိုအလျောက် ရရှိရန် စီစဉ်ထားသည့် အပြင် စစ်ဗိုလ်ချုပ်တချို့ကိုလည်း အရပ်ဝတ်လဲစေပြီး ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခြင်းဖြင့် အာဏာတည်မြဲစေရန် ပြင်ဆင်နေခြင်း ဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် တဦး ဖြစ်သည့် ဦးဝင်းတင်က သုံးသပ်သည်။
“စစ်တပ်က နိုင်ငံရေးကနေ စနစ်တကျ ဆုတ်ခွာနေပြီလို့ တချို့ နိုင်ငံရေးသမားတွေက ထင်ကြတယ်၊ အခုတော့ စနစ်တကျ ဆုတ်ခွာတာ မဟုတ်ဘူး၊ စနစ်တကျကို ဆုပ်ကိုင်တာ ဖြစ်နေတယ်” ဟု ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။
တခြားသော နိုင်ငံရေးပါတီများသည် ငွေအား နှင့် အသင်းဝင် အင်အား ကောင်းသည့် ကြံ့ဖွံ့၏ ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီကို ယှဉ်ပြိုင်နိုင်ရန် မလွယ်ကူကြောင်း ဦးဝင်းတင်က ပြောသည်။
တရားဝင် ထုတ်ပြန်ချက်များအရ ကြံ့ဖွံ့တွင် အသင်းဝင် ၂၄ သန်း ရှိသည်ဟု ဆိုသည်။ စစ်ခေါင်းဆောင်များသည် ကြံ့ဖွံ့ ၏ နာယက အဖွဲ့ဝင်များ ဖြစ်ကြသည်။
ကြံ့ဖွံ့အသင်းနှင့် နီးစပ်သူတဦးကလည်း စစ်အစိုးရသည် ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီကိုသာမက ၎င်းတို့နှင့် နီးစပ်သည့် မြို့မိ မြို့ဖများ၊ စီးပွားရေးသမားကြီးများကိုပါ ၀င်ရောက် ယှဉ်ပြိုင်စေပြီး အာဏာကို ဆက်လက် ချုပ်ကိုင်ထားဖွယ်ရှိသည်ဟု သုံးသပ်သည်။
Set as favorite
Bookmark
Email this
Hits: 7487
Comments (28)

written by ..., May 03, 2010
အချိန် အရမ်းကို နှောင်းသွားပါပြီ။ ဒေါ်အောင်ဆန်းစုကြည်လည်း ဘာမှ မတတ်နိုင်တော့ပါဘူး။ ဘယ်သူမှလဲ မကူနိုင်ပါဘူး။ ဒါဟာ မြန်မာတွေရဲ့ အိမ်မက်ဘဲမက်၊ အကောင် အထည် မဖော်၊ နောက်ရောင် လိုက်တတ်တဲ့ အကျင့်ကြောင့်ပါ။ ကိုယ့်ကိုကိုသာ အပြစ် တင်ကြပါ။ အသုံး မကျတဲ့သူ ကျရှုံးတယ် လို့ဘဲ ၀န်ခံကြရမှာပါ။ ၀မ်းနည်းပါတယ်...
written by Thazin Pyu, May 03, 2010
ခင်ဗျားတို့တွေ အသက် ကလည်း(70)ကျော် (80)ကျော်တွေ နိုင်ငံတကာ ကိုလည်း ရောက်ဖူးကြတာ များပါတယ် - -ဒါပေမယ့် လုပ်ကိုင်နေပုံတွေက ဘာမှ ပညာသား မပါဘူး ဗြောင်လိမ် ဗြောင်စား- အရှက်မရှိတဲ့ လူဗာလတွေ- -ခင်ဗျားတို့ ရှက်တတ်ရင် ကိုယ့်ကိုကိုယ် သတ်သေဖို့တောင် ကောင်းတယ်-
written by KoKoMg, May 02, 2010
လျှပ်စစ်မီး ပုံမှန် လာမယ် ဆိုရင် ဒီလူကြီးကို ထောက်ခံပါမယ် ။ တကယ် ပြောတာ
written by Burmese, May 01, 2010
အရှက်ဆိုတဲ့ စကားလုံးက နအဖ အဘိဓာန်မှာ မပါဘူးဗျ။ မျက်နှာပြော င်တိုက်ပါ ဆိုတဲ့ စကားလုံးပဲပါတယ်။
written by traveller, May 01, 2010
နိုင်ငံ့ ၀န်ထမ်းတွေဟာ နိုင်ငံရေး မလုပ်ရဘူးလို့  ဘယ်သူတွေက ပြောခဲ့ တာပါလိမ့်
မေ့တေ့တေ့ ဖြစ်နေတယ် ။မှတ်ဥာဏ်တွေကလဲ သိပ်မကောင်းဘူး ။
ခွင့်လွှတ်ကြပါ ။
မေ့တေ့တေ့ ဖြစ်နေတယ် ။မှတ်ဥာဏ်တွေကလဲ သိပ်မကောင်းဘူး ။
ခွင့်လွှတ်ကြပါ ။
written by ဇွဲကပင်သား, May 01, 2010
တော်တော့်ကို အရှက်ကင်းကင်းနဲ့  မျက်နှာပြောင်တိုက်ဝံ့တာ မအံ့သြချင် တော့ပေမယ့်လည်း အံ့သြရတာပဲနော်။ “စစ်တပ်က နိုင်ငံရေးကနေ စနစ်တကျ ဆုတ်ခွာနေပြီလို့ တချို့ နိုင်ငံရေးသမားတွေက ထင်ကြတယ်၊ အခုတော့ စနစ်တကျ ဆုတ်ခွာတာ မဟုတ်ဘူး၊ စနစ်တကျကို ဆုပ်ကိုင်တာ ဖြစ်နေတယ်” လို့  ဦးဝင်းတင် ပြောတဲ့စကားကို ဒီတခါ သိပ် သဘောကျတယ်၊ နိုင်ငံရေးစကား သိပ်ပီသတယ်။ စစ်ဗိုလ် တမတ်သား ရှိနေတဲ့ ညီလာခံထဲကို စစ်ဗိုလ်ပြုတ် ငါးမူးသားလောက် ထပ် ရောက်လာရင် ကျန်တဲ့ အရပ်သား တမတ်သားက (ဒါတောင် သိပ် မသေချာဘူး) ဘယ်လို လူပ်လို့ ရပါ့တော့မလဲ။ အကြံ ပိုင်လိုက်လေ... ငခွေးရယ် လို့ ပဲ ပြောရတော့မယ်။
written by ရန်ကင်း, May 01, 2010
ဘိုသန်းရွှေ တပည့် ကြီး ပုတ်သင်ညို ကြီး ပါတီပါ။ စစ်တပ်ပါတီ လို့ ခေါ်ရင်လဲ ရပါတယ်။
မဲပေးမဲ့ ပြည်သူများ စဉ်းစား တတ်ဘို့ပါ။
မဲပေးမဲ့ ပြည်သူများ စဉ်းစား တတ်ဘို့ပါ။
written by Htay Tint, April 30, 2010
ဓါတ်ပုံထဲက မျက်နှာကို သေသေချာချာ စိတ်ပညာနည်းနှင့် ဆန်းစစ်ြ ကည့်သောအခါ အတွင်းက မကျေနပ် နပ်မှုများ ပေါ်ထွက်နေပါသည် ။
တူညီ ဝတ်စုံများသည် ကြည့်သူများသာမက ဝတ်ဆင်သူများ၏ စိတ်ဓါတ်ကိုလည်း တက်ကြွ စေသောကြောင့် နိုင်ငံတော်တော်များတွင် တူညီဝ တ်စုံကို အသုံးပြုကြသည် ။
မြန်မာပြည်တွင် တူညီစ စ်ဝတ်စုံသည် တက်ကြွမှုကို လွန်ကဲပြီး အာဏာရှင် စိတ်ဓါတ်ကို အထွဠ်အထိပ်သို့  ရောက်အောင် တွန်းပို့ ပေးခဲ့သည်။
အရပ်ဖက် အပြောင်းခံရသော အာဏာရူး စစ်ဗိုလ်များ စိတ္တစ ရောဂါ စဖြစ်တော့ရန် အခြေအနေသို့ ရောက်ပါပြီ ။ ဝတ်နေကြ ယူနီဖေါင်းကြီးလဲ မဝတ်ရ သောအခါ ။
သွားနေကြ အစည်းအ ဝေးများတွင် အရပ်ဝတ်များကို စစ်ဝတ်စုံ ဝတ်ပြီး သေနပ်ခါး ကြားထိုးကာ ဟိန်းဟောက်မှု ကာလပြီး ဆုံးေ သာအခါ ။
နောက်ကိုပြန်လှည့်ကြည့်သောအခါ နေပြည်တော်က စစ်ကောင်စီနှင့် တပ်မတော်သည် ခပ်လှန်းလှန်းမှာ ကျန်ခဲ့သောအခါ ။
ပြောင်းလဲ သွားသော အခြေအနေမှ စိတ်ဝေဒနာကို စစ်ဗိုလ်ပြုတ်များ အစားထိုး ကုသကြပါတော့မယ် ။

written by lin linn, April 30, 2010
think seriously about credibility of this coming election
All should boycott this election - all political parties, all the people
All should unite to alert to boycott this coming election
Boycott the election

written by Aung Kyi Sein, April 30, 2010
ဦးနေ၀င်းပြီးတော့ မြေခွေး ဦးသန်းရွှေ ပေါ်လာတယ်။ ဒါကြောင့် ဘီးလူးကြီး မပေါ်လာနိုင်အောင် မြေခွေးကြီးကို ကျန်းမာပါစေလို့ ဆုတောင်း ပေးရမလို ဖြစ်နေပြီ။
written by Shwe Myanmar, April 30, 2010
Guys, Enough criticizing and complaining.We all know they are bad.So,instead of saying bad things about the situation of our country,please try to help our people in whatever way we can.I came across a lot of foreigners and Burmese and they all say how bad the government and army is but when I asked them if they have any plan to solves these problems , 80% of them do not have the answer.Now that is the problem.How many of us really put ourselves on the line for our country?How many of us willing to sacrifice ourselves for our country?I believe if we can not go this way,we have to find another way to reach to our goal.it may takes longer but we have waited long time already for changes.It might not be in 5 years or 10 years but at least if we can leave a safer future for our next generation, I am content with it.
written by k, April 30, 2010
Where are so called 3rd forces who ever say SPDC's road map is for democracy?
SPDC's road map is to HELL.
Irrawaddy should interview about it with 3rd forces. Let's see, how they will lie again.
SPDC's road map is to HELL.
Irrawaddy should interview about it with 3rd forces. Let's see, how they will lie again.
written by mmpt, April 30, 2010
စစ်တပ်က ၂၅ %
ဦးသိန်းစိန်တို့ အဖွဲ့က ၂၅%
နောက်လာမဲ့ ဘောင်းဘီချွတ် အဖွဲ့တွေက ၅၀%
ကာကွယ်ရေး ဦးစီးချုပ်က အချိန်မရွေး အာဏာ သိမ်းလို့ရတယ်
အင်း.... ကောင်းပါဒယ်... ကောင်းပါဒယ်
ဦးသိန်းစိန်တို့ အဖွဲ့က ၂၅%
နောက်လာမဲ့ ဘောင်းဘီချွတ် အဖွဲ့တွေက ၅၀%
ကာကွယ်ရေး ဦးစီးချုပ်က အချိန်မရွေး အာဏာ သိမ်းလို့ရတယ်
အင်း.... ကောင်းပါဒယ်... ကောင်းပါဒယ်
written by Soe Tint, April 30, 2010
တွေ့ ပြီလား ဘောင်းဘီဝတ် စစ်ဘို တမတ်သား အပြင် ဘောင်းဘီချွတ် စစ်ဘိုတွေနဲ့ ကျန်တဲ့ နေရာတွေကို ပြင်ဆင် ထားပြီးသား ဆိုတာ အစကတည်းက မပြောလား ဘောင်ဘီ မ၀တ်ဘူးတဲ့သူတွေ ရွေးကောက်ပွဲ ၀င်အုံးမတဲ့ ခန်းမကြီးထဲမှာ အ အ တွေ သွားလုပ်ဘို့ ပဲ ရမယ်
written by မြန်မာပြည်သူ, April 30, 2010
မြန်မာပြ ည်ကြီး ဆင်းရဲပါတယ် ဆိုနေမှ ဖွတ်က တက်လာ အုံးမယ်။ မြန်မာပြည်ရဲ့ ကံကြမာကတော့ နူရာဝဲစွဲ လဲရာ သူခိုးထောင်း ဖြစ်တော့မယ်။
written by သိန်းစိန်ကို ထိုးချင်သူ, April 30, 2010
ဒီလို လုပ်ချင်လို့ ဒီလို အကွက်တွေ ထွင်ခဲ့ ရတာ အနှစ် ၂၀ တောင်...မြန်မာ ပြည်သူတွေတော့  မွဲပြီ...
written by Tun Shwe Khaing, April 30, 2010
ကိုသိန်းစိန်ရယ်-- အရေခွံ ဘယ်လို ပြောင်းပြောင်း သိန်းစိန်က သိန်းစိန်ပါဘဲနော--- ကျွန်တော် ကျွန်မတို့ သဘော ပေါက်ပါတယ်-----
written by ရွှေမန်းသူ, April 30, 2010
တနေ့မှာစစ်အစိုးရ ဟာ ပြောင်းကို ပြောင်းရမှာပါ။ ပြည်သူတွေ ထောက်ခံတဲ့ အစိုးရတော့ မဟုတ်ဘူး ဆိုတာ သိပါတယ်။်ကြိုမြင်ပြီးသားပါ ဒီလိုပဲ ယူနီဖောင်းလဲတဲ့ အစိုးရပြဲ ဖစ်လာမယ် ဆိုတာ မြန်မာနိုင်ငံသားတွေ အတွက် ကတော့ ဒီထက် ကိုယ်ကျိုးနည်း ဖို့ပဲ ရှိပါတော့တယ်။
written by အောင်မျိုးနိုင်, April 30, 2010
ဦးသန်းရွှေ မျက်နှာက အူတူတူ ပုံစံ.. .ဦးမောင်အေး မျက်နှာက ကြောင်စီစီ.. .ဦးရွှေမန်းက ခပ်တည်တည် လူမိုက်ရုပ်. .ဦးမြင့်ဆွေပုံစံက ကြောင်ချီး... အဆိုး ဆုံးကတော့ အထက်ပါ အရည်အချင်းတွေ အားလုံး.. စံချိန်မီတဲ့ ဦးသန်းစိန်ပါဗျိုး..
written by Win Myint, April 30, 2010
အင်မတန် အောက်တန်း ကျသော စစ်ခေါင်းဆောင်များ အုပ်စုက ကျတော်တို.ရဲ. နိုင်ငံတော်ကြီးကို စစ်တပ်က အာဏာ တဝက်၊ ဘောင်းဘီချွတ် ပုဆိုးဝတ် ပါတီနဲ. စစ်ကျွန်စော် နံတဲ. အခွင်.အရေး မျှော် ဖေါ်လံဖား စီးပွါးရေးသမား သူခိုးကြီးများ၊ ခံယူချက်မရှိတဲ. အချောင် နိုင်င်္ငရေးသမားများက တဝက်၊ ကြားလို.မှ ကောင်းကြသေးရဲ.လား။ ဘယ်မှာလဲ ဒီမိုကရေစီ ။ဟား... တိုက်ကာ ရယ်လိုက်ချင်။ ကမ္ဘာကို လိမ်လိုက်ဦး၊ ပြည်သူကို ညာလိုက်ဦး။ မွဲလိုက်ဦး ၊နိမ်.ကျ လိုက်ဦး၊ ဆင်းရဲလိုက်ဦး၊ ဒုက္ခတွေ ရောက်လိုက်ဦး “နိုင်ငံတော်ကြီး”ရေ.....
written by Kyaw, April 30, 2010
နှစ် ၂၀-လုံးလုံး လုမုရေး အသင်း အဖြစ် မှတ်ပုံ တင်ထားတဲ့ ကြံ့ခိုင်ရေး အသင်းကို လက်ရှိ စစ်အစိုးရ ၀န်ကြီးချုပ် ကိုယ်တိုင်က ဦးဆောင်ပြီး နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင် လိုက်ချိန်ဟာ---
နှစ် ၂၀-လုံးလုံး နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ပြီး နိုင်ငံရေးလုပ်ရှား လာခဲ့တဲ့ အင်အယ်ဒီ-ပါတီက လုမုရေး အလုပ်တွေ စလုပ်မယ်လို့ ပြောတဲ့ အချိန်နဲ့ အချိန်ကိုက်ြ ဖစ်နေပါတယ်။
ဒါကို ထူးခြားတဲ့အပြောင်းလဲလို့ခေါ်နိုင်မလား။ မြန်မာနိုင်ငံရေး သိုင်းပြောင်းပြန်ကွက်နဲ့ မိသွားလေပီလား။။
နယ်စပ်မှာကလဲ တိုက်ပွဲတွေဖြစ်လုလု-အခြေနေမှာ---သုံးပွင့်ဆိုင်ဆွေးနွေးပွဲဆိုတာ ဖြစ်နိုင်ခြေရှိသေးလား။။
အမှန်ဖက်ဦးတည်တဲ့ အပြောင်းလဲအတွက် လမ်းစဆုံးသွားလေပီလား။။

written by လင်းလက်ကြယ်, April 30, 2010
အသံကြား နားကန်းပါစေ မျက်နှာမြင် ရေနွေးနဲ့ ပက်ချင်ပါစေ ဆိုတဲ့ ရုပ်ရည် ပိုင်ရှင်ပေါ့ ..
ကြင်နာတတ်တဲ့ ရုပ်ရည်နဲ့ နီးစပ်ဖို့ မပြောနဲ့ နာဇီ အကျဉ်းစခန်းက ရုပ်မျိုးလေ ။
အပြင်မှာ ဘယ်လောက် ကြမ်းတမ်း ခက်ထန် ရင့်သီး မလဲဆိုတာ ရုပ် ကြည့်ရင် သိပါတယ် ။
မင်းမဲ့စရိုက်ရဲ့ အသီးအပွင့် ဥပုပ် ဥပျက်က ပေါက်တဲ့ တစ်သွေး တစ်သံ တစ်မိန့် ဗိုလ်သန်းရွှေ ရဲ့ ငယ်ပါကျွန် ရုပ်သေး တရုပ် လို့ပဲ မြင်တယ် ။

Write comment
| < Prev | Next > |
|---|