နအဖကို NLDတရားစွဲ၊ တရားရုံးချုပ် လက်ခံ

E-mail Print
နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ တရားဝင် ရပ်တည်မှုကို ပယ်ဖျက်ခြင်း အပေါ် ဒေါ်အောင်ဆန်း စုကြည်က နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီကို ယမန်နေ့က တရားစွဲဆိုထားရာ ဗဟို တရားရုံးချုပ်က လက်ခံ ဆောင်ရွက်နေသည်ဟု  ယနေ့ အကြောင်း ပြန်ကြားခဲ့သည်။

NLD သည် ၁၉၈၈ ခုနှစ်တွင် နိုင်ငံရေးပါတီ အဖြစ် တရားဝင် မှတ်ပုံတင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ပါတီ ဖြစ်သည်။ ယခု ပြန်လည် မှတ်ပုံမတင်ပါက  နိုင်ငံရေး ပါတီ အဖြစ်မှ ပယ်ဖျက်မည်ဟု မတ်လတွင် ပြဋ္ဌာန်းလိုက်သည့် ဥပဒေသည်  NLD  အပေါ် အကျိုး သက်ရောက်မှု မရှိကြောင်း တားမြစ်မိန့် ထုတ်ပေးရန် ဒေါ်အောင်ဆန်းစုကြည်က ဗဟိုတရားရုံးကို ဦးတိုက် လျှောက်ထားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“တရားရုံးချုပ် ဒုတိယ ညွှန်ကြားရေးမှူးက သူတို့ ဆက်လုပ်နေပါတယ်၊ အကျိုးအကြောင်းကို တယ်လီဖုန်းနဲ့ ဖြစ်ဖြစ် စာနဲ့ ဖြစ်ဖြစ် ဆက်သွယ်ပါ့မယ် ပြောပေမယ့် ဘယ်အချိန်မှာ အကြောင်း ပြန်မယ် ဆိုတာတော့ အတိအကျ မပြောဘူး” ဟု NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ရှင်းပြသည်။

NLD ၏ နောက်ထပ် တရားစွဲဆိုချက် တခုမှာ ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရသည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ၏ တရားဝင် ရပ်တည်ခွင့်ကို ရွေးကောက်ပွဲ ဥပဒေက ပယ်ဖျက်ခဲ့ခြင်းနှင့် သက်ဆိုင်သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

“ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေသစ်ရဲ့ ပုဒ်မ ၉၁ က ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်လိုက်တဲ့ အတွက် သူတို့တွေရဲ့ တရားဝင် ရပ်တည်ခွင့်ကို ထိခိုက်သွားစေတယ်။ ဒါကြောင့်  ပြည်သူ့ လွှတ်တော် ခေါ်ယူပေးဖို့ တရားမ အမှု စွဲခဲ့တာပါ” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ရှေ့နေ ဦးကြည်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်နှင့် ဦးကျော်ဟိုးတို့က ရန်ကုန်မြို့ရှိ ဗဟိုတရားရုံးချုပ်တွင် အဆိုပါ အမှု ၂ မှုကို ယမန်နေ့ နံနက် ၁၀ နာရီက  သွားရောက် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

NLD သည် ရွေးကောက်ပွဲ ကော်မရှင်တွင်  မှတ်ပုံ မတင်ရန် မတ်လ ၂၉ ရက်နေ့က ဆုံးဖြတ်ချက် ချခဲ့သည်။
Comments (15)Add Comment
0

written byုclone, May 08, 2010
လုပ်သင့်တာကို မလုပ်ပဲ မဟုတ်တာတွေ လျှောက်လုပ်နေ တယ် အခုလို လုပ်တော့ကော ဘာထူးလာမှာလဲ
0
whoever asks NLD to register
written by kokopoliticalanalyzer, May 05, 2010
Someone urged Aung Shwe and co to register a new party, saying rather than loving the party to love the people. That is a really funny suggestion. ( of course you have a right to say and I have got a right to argue).
(1) To register a new party to do what, under a suppressed regime with unjust laws and constituition.
(2) Aung Shwe always chose the easy path. 1958 he chose to back Kyaw Nyein using his position in the army. where is his belief in democracy. 1990 he decided to go to national convention by ousting daw su and u tin oo out of the party. the weakest decision and urgliest decision in NLD history.
(3) Not to love party and love more people?
That is one of the military propaganda's on politics, politicians and political parties.
there is nothing wrong with doing politics or doing it in a political party. People do politics in burma not because they want power just becasue they want to save their people from poverty and dictatorship.

There is nothing wrong with wanting your party to win or to have power.
because that is the only way you can make changes you believe in together with other people like yourself.
0
what have you done for democracy?
written by Michael, May 05, 2010
Some people totally blame on NLD for failure to achieve goal during 20 years time. What have you done for the struggle, Please ask yourself.
0
ပြည်သူအားလုံး အမြင်မှန်ရှိရမည်။
written by ??????????, May 03, 2010
NLD သည် ဥပဒေအတိုင်း သွားနေသည်။ မှန်ကန်မှုကို ထောက်ခံရမည်။ သူတို. ဆုံးဖြတ်ချက်သည် သူတို.မကြောက် ဘူး ဆိုတာပြနေသည်။ သမိုင်းတွင် ဘယ်သူ မတရားလုပ်နေတယ် ဆိုတာ သိသာကြီးကို အားနည်းသူကို ၀ိုင်းကူကြပါ။ ထောက်ခံကြပါ။ ရွေးကောက်ပွဲကို မဲမပေးဘဲ သပိတ် မှောက်ကြပါ။ နိုင်ငံရေး ဆိုတာ အဆုံးမသတ် ပါ။ လူထုအား ကိုရယူကြပါ။ ကြံ့ဖွတ်တွေကို ရွံစရာ သူခိုး ဂျပိုးတွေလို. သတ်မှတ် ထားကြ။ စိတ်နဲ.လဲ ဆန်.ကျင်ကြပါ။ ကိုယ်က မဲမပေးရင် သူတို. လုံးဝ မဲမရပါ။ ညစ်ပတ်ရင် သူတို. တာဝန်ဘဲ။ သူတို.သမိုင်း သူတို.ရေး ကြမှာဘဲ။
0
...
written by DNOW88, May 03, 2010
ကြားကောင်းအောင် လက်ခံလိုက်တာပါ .. မြန်မာနိုင်ငံမှ တရားရုံး ဆိုတာကလဲ (နအဖ)က ရပ်ဆိုရင် အသက်တောင် ရှူရဲတာ မဟုတ်ဘူး.. ဒီတော့ ဘာမှထူးမှာ မဟုတ်ဘူးဆိုတာ ကျိန်းသေပါတယ်..
0
စိတ်ဓါတ်နဲ့  ပံ့ပိုးကြပါစို့ ...
written by AntiFascistNaziKGB, May 03, 2010
အနှစ် နှစ်ဆယ်ကျော်… မိတကွဲ.. ဖတကွဲ. .သားတကွဲ. .မယားတကွဲ. .ညှင်းပမ်းခံ. .နှိပ်စက်ခံ..
ပစ္စည်းဥစ္စာ အိမ်ယာ အသိမ်းခံ … ထောင်ကျခံ… အသက်ဆုံးရှုံးခံ. .ပြီး. .သူတို့ တွေ တောင့်ခံ ကျားကန်ထားလို့ သာ ဒီလောက်လေး ကျန်နေ သေးတာပေါ့ မိတ်ဆွေရယ်။ နောက်တစ်ချက်က တရားစွဲတယ် ဆိုတာလည်း… ဒီနိုင်ငံမှာ တရားရေး မဏ္ဏိုင် ဘယ်လောက်ထိ ဖြောင့်မတ်အား ကောင်းသလဲ ဆိုတာ… သိစေဖို့  .. မှတ်ကျောက် တင်ပြတာပါဗျာ။ အခက် အခဲတွေကို စာနာ နားလည်ပေြး ကပါစို့ ။
0
နအဖကို NLD တရားစွဲ၊ တရားရုံးချုပ် လက်ခံ
written by Nyunt Shwe, May 03, 2010
ဒီလို အရေး မပါ အရာ မရောက်တဲ့ အလုပ်တွေ တွင်တွင် လုပ်ပြရင်းနဲ့ မကြာခင် ပါတီက အသက် ထွက်ပါတော့မယ် (ယခင်က စီအာပီပီ ဖွဲ့သလို)။ တကယ် သေရေး ရှင်ရေးကို ကျကျ နန စေ့စေ့စပ်စပ် မသုံးသပ်တဲ့ အတွက်၊ လုပ်သင့်တာကို မလုပ်ပဲ၊ ဘာသိက္ခာ ညာ သိက္ခာတွေနဲ့ တင်းမာ ခေါင်းမာတဲ့ ပေါ်ပြူလာ အုပ်စု (ဥပမာ၊ မှတ်ပုံတင်ဖို့ အများစုက ဆုံးဖြတ်ရင် နိုင်ငံရေးက ထွက်မယ် ဆိုတဲ့ ခြိမ်းခြောက် ပုံမျိုး၊ ရွေးကောက်ပွဲ ၀င်ဖို့ မဆိုနဲ့ မှတ်ပုံတင်ဖို့ စဉ်းတောင် မစဉ်းစားဘူး) ရဲ့ စိတ်နောက် ကိုယ်ပါ ပစ္စလက်ခတ် လုပ်တဲ့အတွက် ပါတီ ပျောက်ရုံ မဟုတ်၊ ထောက်ခံ ပံ့ပိုးနေတဲ့ ပြည်သူ ပြည်သားတွေပါ နစ်နာေ တာ့တယ်။

လုပ်ရမှာက နိုင်စရာ လုံးဝ လမ်း မမြင်တဲ့ အခုလို တရားစွဲမှု မဟုတ်ဘူး၊ ပါတီ မှတ်ပုံတင်ဖို့ ယခင် ဆုံးဖြတ်ချက် အမှား ကို ပြန်ပြင်ရမှာ။ အမှားကို အမှားမှန်း သိအောင် ကြိုးစားပြီး အမှန် ရောက်အောင် ပြင်ရဲတဲ့ သူမှ ခေါင်းဆောင်မှုနဲ့ ထိုက်တန်တယ်။

ပါတီ မှတ်ပုံ တင်ရေးကို ဦးဆောင်ခြဲ့ ကတဲ့ ဦးအောင်ရွှေ၊ ဦးခင်မောင်ဆွေ၊ ဦးသိန်းညွန့်၊ ဒေါက်တာ သန်းငြိမ်းစတဲ့ ခေါင်းဆောင် တွေကို လေးစားစွာ ဂုဏ်ပြု လိုက်ပါတယ်။ တကယ်လို့ ပါတီ အပျက်ခံတာ သေချာသွားပြီ ဆိုရင် မြန်မြန် ဆန်ဆန် ပါတီသစ် တစ်ခု ထောင်ဖို့နဲ့ ပါတီထက် ပြည်သူကို ပိုပြီး သစ္စာရှိဖို့ တိုက်တွန်း မေတ္တာ ရပ်ခံလိုက် ကြောင်းပါ ခင်ဗျား။
(ကျနော့်ရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို အသုံးချပြီး ပြောတယ်၊ ဘယ်သူ့ကိုမှ မဆဲပါ၊ ကိုယ့် အယူ အဆကို တင်ပြတတ်ြ ကပါစေ)
0
...
written by Win Tun, May 02, 2010
ပါတီ ခေါင်းဆောင်တွေအနေနဲ့ လုပ်လို့ မရနိုင်တဲ့ အနေအထားမှာ လုပ်သင့်တာတွေကို လုပ်နိုင်သလောက် လုပ်နေကြတယ်လို့ ပြောရရင် ပိုပြီးတော့ မှန်မယ်လို့ ယူဆပါတယ်။
0
NLD will fight for reject 2008 Constitution and 2010 UNJUST election Laws.
written by Blue Flower, May 02, 2010
Go ahead NLD,
Now military regime trying to demolish NLD by making UNJUST LAWS.
NLD have to fight back by using their LAWS.
The is the last battle to demolish military regime.
We have a chance to use any way we can.
Freedom from fear.
Our Myanmar people are ready to follow what NLD want to do.
Because they don't want to die twice under military boots.
Please lead the people whom want freedom and human rights.
Go ahead NLD.
0
သည်းခံကြကုန်လော့
written by u pyin nya wa ra, May 02, 2010
NLD က သူ လုပ်တတ်တာလောက် လုပ်နေတာကို သည်းခံကြ ကုန်လော့။ ဒီမိုကရေစီ လိုချင်ရင် နည်းလမ်းသစ် ရှာဖွေကြရမယ်။ NLD ကို အား မကိုးကြနဲ့ ။ နှစ်ပေါင်း ၂၀ ကျော်ပြီလေ။
ဘာလုပ်ကြမလဲ ဆိုတာဘဲ နည်းလမ်း ရှာစေချင်ပါတယ်။
တောင်အာဖရိက မှ မင်ဒဲလား ကတော့ အနုနည်းနဲ့  မရ အကြမ်းနည်းနဲ့  ရောသမ မွေ လိုက်တယ်။
ကဲ အဲဒီတော့ အများပြည်သူလက်ထဲ အာဏာရောက် ကရော မဟုတ်လား။
အတ္တာဟိ အတ္တနော နာထော တဲ့ ။ ဘာလုပ်သင့်တယ် ဆိုတာ တော့ ဘာသာပြန်ြ ကည့်ကြပေတော့။
0
History
written by REALITY, May 01, 2010
To my understanding, Daw Suu is doing this for the sake of record in this case. That record will be in the history of Burma.
0
Support NLD
written by kokopoliticalanalyzer, May 01, 2010
We must support NLD. Blaming NLD from frustration will not get us any where. we need to understand the limitations as a political party under military rule. They are doing what ever they can in a way they can. We may feel sometimes they are a lit bit derail. But we are all working towards a common aim. Please dont not accuse them of being afraid. I am sure many good man and women have sacrificed a lot while working in NLD.
0
ထူးလာမှာ မဟုတ်ဘူးလေ
written by မျိုးလွင်, April 30, 2010
သူကြီး ကြက်ခိုးတာ သူကြီး အိမ်မှာ ထမင်းကြန်၊ ဟင်းကြန် ကပ်စားနေတဲ့ ဘိန်းစားကို သွားတိုင် သလို ဖြစ်မနေဘူးလား ?????
NLD ဘာတွေ လုပ်နေတာလဲ, Low-rated comment [Show]
0
ဗိုလ်ချုပ်စိတ်ဓါတ်
written by Thazin Pyu, April 30, 2010
(စစ်အုပ်စု၏ မတရား နှိပ်စက်မှု ဒဏ်ကြောင့်) ငါ၏ ဦးခေါင်းတို့သည် သွေးသံတို့ဖြင့် ရဲရဲနီ၏- သို့သော် ညွတ်ကား မညွတ်----

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်