ကျောက်တံခါး၌ ဗုံး ၃ လုံးကွဲ၊ တဦး ဒဏ်ရာရ

E-mail Print
ပဲခူးတိုင်း ကျောက်တံခါး မြို့နယ်ရှိ စက်မှုလယ်ယာ ထွန်စက် စခန်းတွင် ပြီးခဲ့သည့် သောကြာနေ့ညနှင့် စနေနေ့က ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲခဲ့ရာ မြို့နယ် ရဲအထူး သတင်းတပ်ဖွဲ့ (SB) မှ တပ်ကြပ်တဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

အဆိုပါ စခန်းအတွင်းရှိ ထွန်စက်တစီး၏ အင်ဂျင်အောက်မှ ပေါက်ကွဲခြင်း ဖြစ်ပြီး သောကြာနေ့ည ၁၂ နာရီခန့်တွင် တကြိမ်၊ စနေနေ့ ည ၂နာရီခန့် တွင် တကြိမ်၊ စနေနေ့ ညနေ ၄နာရီခန့်တွင် တကြိမ်ပေါက်ကွဲခြင်း ဖြစ်ကြောင်း ကျောက်တံခါးမြို့ခံတဦးက ဧရာဝတီသို့ ပြောသည်။

“အသံကတော့ သိပ်မကျယ်ဘူး၊ စခန်းက မြို့ပြင်မှာဆိုတော့ သိပ်မသိကြဘူး၊ နောက်မှသိတာ၊ ဒုတိယ ရဲချုပ်လာစစ်တယ်”ဟု ၎င်းကဆိုသည်။

ပထမဗုံးပေါက်ကွဲမှုတွင် လယ်ထွန်စက်တစီး ပျက်စီးသွားပြီး ဂိုဒေါင်အမိုးများလည်း ပျက်စီးသွားကြောင်း၊ ဒုတိယပေါက်ကွဲမှု တွင် ပျက်စီးခြင်း မရှိဘဲ၊ တတိယဗုံးပေါက်ကွဲချိန်သည် SB တပ်ဖွဲမှ စစ်ဆေးနေသော အချိန်ဖြစ်သည့် အတွက် ရဲတပ်ဖွဲ့ဝင် တပ်ကြပ် တဦး ခန္ဓာကိုယ် အောက်ပိုင်း ထိခိုက်ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု အဆိုပါ မြို့ခံကပြောသည်။

ထိုကဲ့သို့ ဗုံးပေါက်ကွဲခဲ့သော်လည်း မြို့နယ် အာဏာပိုင်များက လုံခြုံရေး တိုးမြှင့် ချထားခြင်းမရှိသေးကြောင်း၊ ယခင် လေးငါးနှစ် ခန့်ကလည်း ကျောက်တံခါးမြို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ဖူးကြောင်း၊ ဗုံးပေါက်ကွဲမှု ကြောင့် လုံခြုံရေးအကြောင်းပြကာ ဒေသ ခံများကို ကင်းများစောင့်ခိုင်းခြင်း၊ ကင်းကြေးများ တိုးမြှင့် ကောက်ခံခြင်းများ ပြုလုပ်လာနိုင်ကြောင်း ၎င်းမြို့ခံက ဆက်လက်ရှင်း ပြ သည်။

ယခုဗုံးပေါက်ကွဲမှုကို စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားခြင်း မရှိပေ။

ပြီးခဲ့သည့် ဧပြီလ၂၈ ရက်နေ့ကလည်း လွိုင်ကော် ရဲစခန်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူတဦးသေဆုံးပြီး တာဝန်ကျ ရဲဝန် ထမ်းများလည်း ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားလာရာ ယင်းကျောက်တံခါးမြို့နယ် ဗုံးပေါက်ကွဲမှု အပါအ၀င် ၉ ကြိမ်ရှိပြီး မည်သည့် အဖွဲ့အစည်းက လုပ်ဆောင်သည်ကို အစိုးရ တိတိကျကျ ထုတ်ပြန်အရေးယူနိုင်ခြင်းမရှိဘဲ ပြည်ပရှိ နိုင်ငံရေး အဖွဲ့အစည်းများကိုသာ စွပ်စွဲပြောဆိုလေ့ရှိသည်။

မကြာသေးမီက ဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ် မြစ်ကြီးနား မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍လည်း စုံစမ်းဖော်ထုတ်နိုင်ခြင်း မရှိဘဲ ဖောက်ခွဲသူအား ဖမ်းဆီးနိုင်ရန် သတင်းပေးနိုင်ပါက ကျပ်ငွေ သိန်း ၅၀၊ ပေ ၄၀x ပေ ၆၀ မြေကွက် တကွက်နှင့် ဒေသတွင်းသုံး CDMA တယ်လီဖုန်း တလုံး ပေးမည်ဟု ပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးအဖွဲ့မှ တရားဝင် ကြေညာချက်များ ထုတ်ပြန်ထားကြောင်း အဆိုပါ အုပ်ချုပ်ရေး ရုံးအဖွဲ့မှ ၀န်ထမ်းတဦးက ဧရာဝတီသို့ပြောသည်။

ပြီးခဲ့သည့် သင်္ကြန်အကြတ်နေ့ ရန်ကုန် ဗုံးပေါက်ကွဲမှုတွင်လည်း ဗုံးဖောက်ခွဲ သူကို ဖမ်းဆီးရမိရန် သတင်းပေးနိုင်ပါက ဆုငွေ ကျပ် (၁၀) သိန်းပေးမည်ဟု မြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေး ရုံးများတွင် စာများ ကပ်ပြီး ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ထိုဗုံးပေါက်ကွဲခဲ့သည့် ရန်ကုန်မြို့ ကန်တော်ကြီး ကန်ပတ်လမ်း X2O မဏ္ဍပ်ရှေ့မှ မပေါက်ကွဲသေးသည့် ချိန်ကိုက်ဗုံးတလုံးကို မြန်မာဘီယာ သံဘူး အခွံထဲမှ ထပ်မံရှာဖွေ တွေ့ရှိပြီး မဏ္ဍပ်ရှေ့ပေါက်ကွဲခဲ့သည့် ဗုံးမှာ လက်ပစ်ဗုံးဖြစ်ကြောင်း ယခုအပတ်ထုတ်  Weekly Eleven ဂျာနယ်တွင် ရေးသား ထားသည်။

X2O မဏ္ဍပ်ရှေ့ ဗုံးပေါက်ကွဲမှုတွင် လူ၁၀ ဦးသေဆုံးပြီး ၁၇၀ ကျော် ဒဏ်ရာရခဲ့ကြောင်း အစိုးရက တရားဝင် ထုတ်ပြန် ထားသည်။
Comments (1)Add Comment
0
များလိုက်တဲ့ ပေါက်ကွဲမှုတွေ
written by လင်းလက်ကြယ်, May 04, 2010
မြန်မာပြည်မှာ နေရာအနှံ့ ပေါက်ကွဲမှု သတင်းတွေ ဆက်တိုက် ကြားနေရတယ် .. နေပြည်တော် ကလွဲရင်ပေါ့ .. အဲဒါ ဘယ်သူ့ လက်ချက် ဖြစ်မယ် ထင်သလဲ .. အရပ်ကတို့ရေ တွေးကြည့် ကြပါဦး။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်