စစ်အစိုးရကို ဆက်လက်ပိတ်ဆို့ရန် လွှတ်တော်အမတ် တိုက်တွန်း

E-mail Print
စစ်အစိုးရ၏ ဒီမိုကရေစီ ဖော်ဆောင်ရေး အစီအစဉ် များတွင် စစ်မှန်သော တိုးတက်မှု တစုံတရာ မတွေ့ရသည့် အတွက် ဆက်လက် ပိတ်ဆို့မှု ပြုလုပ်ရန် အမေရိကန် အထက် လွှတ်တော် အမတ် မစ်ခ်ျ မက်ကော်နယ်လ်က ယမန်နေ့က တိုက်တွန်း ပြောဆိုလိုက်သည်။

“ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရုပ်သိမ်း လိုက်တယ် ဆိုရင် စစ်အုပ်စု သိပ်လိုချင် နေတဲ့ တရားဝင်မှုကို အသိအမှတ် ပြုပေး လိုက်သလို ဖြစ်သွား ပါလိမ့်မယ်၊ ဒါကြောင့် ဒဏ်ခတ် ပိတ်ဆို့မှုကို ဆက်ထား သင့်တယ်" ဟု ၎င်းက ပြောဆိုသည်။

အမေရိကန်နှင့် ကုလသမဂ္ဂ တို့သည် စစ်အစိုးရကို အပြုသဘော ဆောင်သည့် စေ့စပ် ညှိနှိုင်းသော နည်းလမ်းဖြင့် နှစ်ပေါင်း များစွာ ချဉ်းကပ်ခဲ့ သော်လည်း စစ်အစိုးရက ထင်သာ မြင်သာ ရှိသည့် ပြုပြင် ပြောင်းလဲရေး များကို မဆောင်ရွက် ခဲ့ကြောင်း မစ္စတာ မက်ကော်နယ်လ်က ပြောဆိုခဲ့သည်။

ထိုသို့ စစ်အစိုးရနှင့် ထိတွေ့ ဆက်ဆံမှု ပြုလုပ်ခြင်းမှ ရလဒ်ကောင်းများ ထွက်ပေါ်မလာခြင်းမှာ ဆက်သွယ် ဆောင်ရွက်နေသည့် အမေရိကန် သံတမန် အဖွဲ့ကြောင့် မဟုတ်ဘဲ၊ စစ်အစိုးရကြောင့်သာ ဖြစ်ကြောင်း၊ စစ်အစိုးရက တရားဝင် ဆက်ဆံမှုကို လိုချင်လျှင် အမှန်တကယ် တိုးတက်ကြောင်းကို ပြသရမည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

အထက်လွှတ်တော်သို့ တင်သွင်းမည့် မစ္စတာ မက်ကော်နယ်လ်၏ အစီရင်ခံစာတွင် မြန်မာ ပို့ကုန်များ တင်သွင်းမှု တားမြစ်ရေး၊ စစ်အစိုးရ ခေါင်းဆောင်တို့၏ ပိုင်ဆိုင်မှုများ ထိန်းချုပ် ကန့်သတ်ရေး၊ စစ်အစိုးရကို အထောက် အကူ ဖြစ်စေမည့် အမေရိကန်အဖွဲ့ အစည်းများ၏ အကူ အညီများ တားမြစ်ရေး၊ စစ်ခေါင်းဆောင်များ အမေရိကန် ပြည်ဝင်ခွင့် တားမြစ်ရေး စသည်တို့ ပါဝင်သည်။

ယခုကဲ့သို့ သြဇာ ကြီးမားသည့် အထက်လွှတ်တော် အမတ်၏ တိုက်တွန်းမှုသည့်   မြန်မာပြည်သို့ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ်းဘဲလ် သွားရောက်မည်ဟု ပြောဆိုသည့် အချိန်နှင့် တိုက်ဆိုင်နေသည်။

မစ္စတာ ကာ့တ် ကမ်းဘဲလ်သည် လာမည့် သီတင်းပတ်အတွင်း ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် ဒေသတွင်း ဆွေးနွေးပွဲ တခုကို တက်ရောက်မည် ဖြစ်ပြီး၊ မြန်မာနိုင်ငံသို့လည်း ထပ်မံ သွားရောက်မည်ဟု အမည် မဖော်လိုသည့် အမေရိကန်အရာရှိ တဦးကို ကိုးကား၍ AFP သတင်းတပုဒ်တွင်  ဖော်ပြထားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် တဦး ဖြစ်သည့် ဦးအုန်းကြိုင်ကမူ “ပထမတခေါက် ခရီးစဉ်တုန်းကတော့ သူ့ရည်ရွယ်ချက်က မအောင်မြင်ဘူးလို့ ဝေဖန်ကြတယ်၊ အခု တခေါက်ကတော့ သူ့ရည်ရွယ်ချက်နဲ့ နေပြည်တော်က လက်ခံတွေ့ဆုံ မယ့် အခြေ အနေပေါ်မှာပဲ မူတည်မယ်” ဟု ဝေဖန်ပြောဆိုသည်။

အမေရိကန်အစိုးရသည် သမ္မတအိုဘားမား အာဏာရစဉ် ကတည်းက စစ်အစိုးရနှင့် အပြုသဘော ဆက်ဆံရန် ချဉ်းကပ် ဆောင်ရွက် ခဲ့ပြီး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ တရား မျှတပြီး အားလုံး ပါဝင်နိုင်သည့် ရွေးကောက်ပွဲ ဖြစ်ရေး၊ ဒီမိုကရေစီ ပြောင်းလဲရေးများ ကို စစ်အစိုးရက အစဉ်တစိုက် တောင်းဆိုထားကြောင်း ဦးအုန်းကြိုင်က ပြောသည်။

မစ္စတာ ကာ့တ် ကမ်းဘဲလ်သည် ၂၀၀၉ ခုနှစ် နိုဝင်ဘာလတွင် အမေရိကန် ကိုယ်စားလှယ် အဖွဲ့ တဖွဲ့ကို ဦးဆောင်၍ မြန်မာနိုင်ငံသို့ သွားခဲ့သည်။ သူသည် ၁၄ နှစ်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ် သွားရောက်သော အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား ခေါင်းဆောင်များအပြင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့်လည်း တွေ့ခဲ့သူ ဖြစ်သည်။

ဤအတောအတွင်း မြန်မာအစိုးရ ၀န်ကြီးအများအပြား စစ်ဘက်ဆိုင်ရာ ရာထူးများမှ နုတ်ထွက်၍ ရွေးကောက်ပွဲ ၀င်ရောက်ရန် ပြင်ဆင်နေခြင်းကို တိုးတက်မှု တခု ဟု ရှုမြင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့် ရှိသူ ဖိလစ် ခရိုလေက ပြောလိုက်သည်။

သို့သော် စစ်ဗိုလ်ချုပ်ကြီးများအတွက် သာမက   ပြည်သူများ အတွက်ပါ အပြုသဘော ဆောင်သည့်၊ စစ်မှန်သည့် နိုင်ငံရေးအရ ပွင့်လင်း မြင်သာမှု ရှိရန် လိုအပ်ကြောင်း အင်္ဂါနေ့က သတင်းထောက်များကို ပြောကြားခဲ့သည်။

"အခုလို ခြေလှမ်း လှမ်းတာက အပေါင်းလက္ခဏာလို့ ဆိုနိုင်ပါတယ်။ သိုးရေခြုံတဲ့ ဝံပုလွေ ဆိုတာမျိုးပဲ ဖြစ်ဖြစ်၊ မြန်မာပြည် အတွက် ဘာလုပ်ပေးနိုင်မလဲ ဆိုတာကိုသာ ကျနော်တို့က ကြည့်ပြီး ဆုံးဖြတ်မှာပါ" ဟု ၎င်းက ဆိုသည်။

မည်သည့် ဝတ်စုံ ဝတ်ဆင်ထားသည် ဆိုသည်ထက် နိုင်ငံအတွက် မည်သို့ ဆောင်ရွက်သည် ဆိုသည်က ပို အရေးကြီးသည် ဟုလည်း မစ္စတာဖိလစ်ခရိုလေက ပြောလိုက်သည်။
Comments (1)Add Comment
0
Witing until our deth or towards the infinity ......?
written by Shahrukh Kyaw, May 06, 2010
We can not do anything without weapons . Daw Suu also like to struggle peacefully . Americans will never help Burmese without their profit . Do you think that we would hold the democracy within a few centuries ?We should realize why we can not win in saffron revolution . That is the answer of peaceful boycott . Unity is the last medicine for cure week country .

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်