ရွေးကောက်ပွဲကို သပိတ်မှောက်ရန် သဘောမတူခဲ့သည့် အဖွဲ့ဝင်များ ပါဝင်မည့် ယင်း ပါတီအမည်ကို“အမျိုးသား ဒီမိုကရေစီ အင်အားစု (National Democratic Force)” ဟု အမည်ပေးမည် ဖြစ်ကြောင်း NLD ခေါင်းဆောင် တဦးဖြစ်သူ ဒေါက်တာ သန်းငြိမ်းက ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်တာ မဟုတ်ပါဘူး၊ ကျနော်တို့ရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေ ဆက်လုပ်ဖို့ သက်သက်ပါပဲ၊ ဒီလိုမှ မလုပ်ရင် ဘာမှ ဆက်လုပ်လို့ ရမှာ မဟုတ်ဘူး”ဟု ဒေါက်တာ သန်းငြိမ်းက ဆိုသည်။NLD သည် စစ်အစိုးရ ပြဋ္ဌာန်း ထားသည့် ရွေးကောက်ပွဲ ဥပဒေ အရ ယနေ့ မေလ ၆ ရက်နေ့ ညသန်းခေါင်ယံတွင် တည်ဆဲ တရားဝင်ပါတီ အဖြစ်မှ ပျက်ပြယ်ပြီ ဖြစ်သည်။ တည်ဆဲ ပါတီ ၁၀ ခုအနက် ၄ ခုသာ ပြန်လည် မှတ်ပုံတင်သည်။
NLD ခေါင်းဆောင်ပိုင်းမှ ဒေါက်တာ ဝင်းနိုင်၊ ဦးသိန်းညွန့်၊ ဦးစိန်လှဦးနှင့် တခြား NLD ပါတီဝင်များ ပါတီသစ်တွင် ပါဝင်မည်ဟု ဒေါက်တာသန်းငြိမ်း က ပြောသည်။
NLD ခေါင်းဆောင်တဦး ဖြစ်သူ ဦးခင်မောင်ဆွေကလည်း NLD ဗဟို ကော်မတီဝင် (CC) ၁၀၀ ကျော် အနက် ၂၀ ခန့် ပါဝင်နိုင် ကြောင်းနှင့် ၄င်းအနေနှင့်မူ အကြံပေးအဖြစ် ရှိနိုင်ကြောင်း ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်မပါဘဲ ရွေးကောက်ပွဲဝင်ရာတွင် လူထုထောက်ခံမှု ရှိမရှိနှင့်ပတ်သက်၍ ဒေါက်တာ သန်းငြိမ်း က အကောင်း မြင်ကြောင်းနှင့် ပါတီသစ်အနေဖြင့် မဲဆန္ဒနယ် မည်ရွေ့မည်မျှ ဝင်ရောက်ယှဉ်ပြိုင်မည်ကို ယခုဖွဲ့မည့် ပါတီ ခေါင်းဆောင်များက ဆုံးဖြတ်မည်ဟု ဆိုသည်။
စစ်ဘက်မှ အရပ်ဘက်သို့ ပြောင်းလာသော အဆင့်မြင့်အရာရှိများ အပါအဝင် ၂၆ ဦးကို နိုင်ငံတော်ဝန်ကြီးချုပ် ဦးသိန်းစိန်က ဦးဆောင်လျက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို ဧပြီလ ၂၉ ရက်နေ့က ပါတီမှတ်ပုံတင်ခွင့် လျှောက် ထားခဲ့သည်။
ယင်း ဦးသိန်းစိန်၏ ကြံ့ဖွံ့ပါတီက ရွေးကောက်ပွဲတွင် နေရာယူမည်မှာ သံသယ မရှိကြောင်း ဒေါက်တာသန်းငြိမ်းက ပြောဆို သည်။
Comments (29)

written by AyeNyeinThu, May 08, 2010
ဒီမိုကရေစီစနစ်ကို နားလည် သဘောပေါက်သူတိုင်း လူတစ်ဦး တယောက်ချင်း ဆီမှာ
လွတ်လပ်စွာ တွေးခေါ်ခွင့် လွတ်လပ်စွာ ယုံကြည် ဆုးံဖြတ်ခွင့်ရှိတယ် ဆိုတာ နားလည်ရမှာပါ။
Election မဝင်ဘူးလို့ ဆုံးဖြတ်သူတွေဟာ ဒီElection ကြော င့် ဘာမှ ဖြစ်မလာနိုင်ဘူးလို့ ယုံကြည်သူတွေပါ ။ သူတို့ရဲ ယုံကြည်ချက်ကို လေးစားရမှာ ဖြစ်သလို အခုဖွဲ့စည်းတဲ့ NDF ကလဲနလံ မထူနိုင်အောင် အဖိနှိပ် ခံနေရတဲ့ ပြည်သူတွေ အတွက် Election ဝင်ပြီး ရသလောက ယူမယ်လို့ သူတို့ရဲ့ ယုံကြည်ချက် အရ ဖွဲ့စည်းတာပါ ။ အဓိက ပန်းတိုင် ဖြစ်တဲ့ ဒီမိုကရေစီ ပန်းတိုင်ကို လျောက်လှမ်းတဲ့ နေရာမှာ ယုံကြည်ချက်ချင်း ကွဲပြားတာဟာ ကွဲနေ့ပြီလို ပြောလို ရသလား။
NDF အဖွဲ့ဝင်တွေဟာ NLDရဲ့ နောက်ဆုံး အချိ န်အထိ သစာ ရှိခဲ့သူတွေပါ ။ NLD မရှိတော့တဲ့ အချိ န်မှ ပါတီ ဖွဲ့စည်းတာကို NLD နှစ်ခြမ်း ကွဲတာပါလို ပြောတာဟာ အသိဥာဏ် နည်းလွန်းပါတယ်။
နိုင်ငံရေး လုပ်စားနေကြတယ် ပြောရအောင် ကိုယ့်ထမင်း ကိုယ်စားပြီး ထောင်နူပှ်ခမ်းဝ လျောက်ြပီး လုပ်နေကြတာပါ ။
အခွင့် အရေးရအောင် ပြောရအောင် ဒေါက်တာ သန်းငြိမ်းဟာ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ ယောက်ဖ ပါ ။ အခွင့်အရေး ယူချင်ရင် အချိန်မရွေး ရခဲ့ပေမဲ့ ဗိုလ်ချုပ်ခင်ညွန့် ကောင်းစားစဉ်မှာ ယုံကြည်ချက်ကြောင့် ထောင်ထဲမှာ မတရား ချုပ်နှောင် ခံနေရတာပါ။
ဒီမိုကရေစီ အတွက် ကိုယ်ကျိုးစွန့် အနစ်နာ ခံနေတဲ့သူတွေကို တိုက်ခိုက်တာဟာ စစ်အုပ်စုရဲ့ လုပ်ရပ်ံ ဖြစ်ပါတယ်။

written by Blue Flower, May 08, 2010
NLD 's decision is perfectly right.
Is it only one way " to take part in 2010 UNFAIR ELECTION?
Does our Myanmar people have a CHANCE to do " NO TO VOTE "?
If we don't take part in 2010 Election. What will be for Military government??
Sorry Dr Than Nyein, I strongly believed that your group make wrong step for the people.
Don't make the people to be confused.
One right way is already there- NO UNFAIR ELECTION LAW. NO 2008 Constitution.
If you fear to fight back, you surely have to die twice under military boots.

written by khin thuzar nyein, May 08, 2010
I just want to suggest all of you to try to learn about politics and about his past political movements before u criticize him. He was not born just yesterday. He did political movements since he was 17 years old. And also if he were to take advantages and just want to be an MP, he didn't need to do politics for an opposition party. And also he didn't need to be jailed for 11 years. He can be a very wealthy person if he stay by his brother in law's side. Do u all know how much his family had suffered because of politics, but we will never give up and just sit beside and talk. He did this because he just want to continue to do polotics leagally and still want to try as much as he can.
written by ဗမာ့အမြင်, May 08, 2010
ဒေါ်အောင်ဆန်းစုကြည် နဲ့ တိုင်ပင် ပြီးမှ ဒီ ပါတီ ထောင်မဲ့ လမ်းကိုသွား တာလား? ဒါမှမဟုတ်.. ... အမေ့ ရင်ကို ခြေနဲ့ ဆောင့် ကန်သွားတာ လား?
written by ဖိုးရှုပ်, May 08, 2010
ဒီချုပ်ကို လူတွေထောက်ခံတယ် ဆိုတာ ဒေါ်အောင်ဆန်းစုကြည် ကြောင့် ဆိုတာမမေ့ပါနဲ့ .. ဘယ့်နှယ်.. ဒီလောက် ဆူးညောင့် ထောင်ချောက်တွေ ပြည့်နေတာ မြင်နေရဲ့သားနဲ့ ဒီလွှတ်တော် အစုတ်ထဲ့က ကုလားထိုင်လေး တစ်နေရာစာ အတွက် သဲကြီးမဲကြီး ဖြစ်နေရတယ်လို့ .. အံပါရဲ့ ဒီချုပ်က ထွက်လာတဲ့ ဦးပါချင် တို့ရေ..
written by lin linn, May 07, 2010
all democratic forces including ethnic parties who decide to take part in election should unite more to participate all over the country in coming election if they have the same destiny, like Ko Phyo Min Thein and U Shwe Ohn, whichever party they represent
i am sure all political parties can't afford to cover the whole country because of the cost of this coming election
if not, the killer USDA will take part in every place and they will win without any competition
according to election law, if there is only one person in certain area, he will win without competition
all democratic forces should unite more rather than arguing
in this union, it is not included this group namely Aye Lwin, Ye Tun, other like them

written by စာဖတ်သူတစ်ဦး, May 07, 2010
လွှတ်တော်ထဲ ရောက်မှ ပြန်ပြင်ယူကြမယ်ဆိုတဲ့ သူတွေက လွှတ်တော်မှာ တစ်မတ်သား စစ်အဖွဲ့ အစည်းရဲ့ ပါဝင်မှုကိုလည်း ထည့် မတွက်ကြဘူးလား။ စစ်တပ်ကတင် ၂၅ ရာခိုင်နှုန်း ယူထားပြီး
သွားပြီ။ ကျန်တာတွေက စစ်တပ် လက်ဝေခံတွေက ထပ်ယူထားဦးမှာ။
လွှတ်တော်ထဲမှာ ဘာကိုပဲ လုပ်ချင်လုပ်ချင် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှုရမှ လုပ်ခွင့်ရှိမယ်လို့ ပြောထားပြီးသားလေ။ ၇၅ ရာခိုင်နှုန်း ပြည့်ဖို့ မပြောနဲ့ ၅၀ ရာခိုင်နှုန်း ပြည်သူ့ ဘက်မှာ ရှိရင်တော့ ကံကောင်း။
ဦးနေ၀င်း လက်ထက်တုန်းကလည်း လွှတ်တော်ထဲ ရောက်မှ ပြင်မယ် ဆိုတဲ့သူတွေ အားလုံး ဘေးရောက် ကုန်ကြတာပါပဲ။ သေချာတာ တစ်ခုကတော့ ဘယ်သူကိုမှ
အားကိုးလို့ မရတော့ဘူး။ ဗိုလ်ချုပ်လို လူမျိုးလည်း ထပ်မပေါ်တော့ဘူး ဆိုရင်တော့ ကာစက်စတန်လည်း သူတို့ ဘာသာ တိုက်ယူနေရတာပါပဲ။
နီပေါလို နိုင်ငံ သေးသေး လေးလည်း ဒီလိုပဲ တိုက်ယူခဲ့ရတာပါပဲ။ ကျွန်တော့် အမြင်ကတော့ မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အခြေ အနေဟာ ပြောစရာ
မကောင်းလောက်အောင်ကို ရှက်ဖို့ ကောင်းနေပါတယ် လို့ပဲ မြင်မိ ပါတော့တယ်။
သတင်း ခေါင်းစဉ် ဖတ်လိုက်ကတည်းက စိတ်မကောင်း ဖြစ်မိတာပါ။ ကိုယ်ပိုင် ဆုံးဖြတ်ခွင့် ရှိတယ်၊ ကိုယ်ပိုင် လွတ်လပ်ခွင့် ရှိတယ် ဆိုပေမယ့် အဖွဲ့ အစည်းနဲ့
လုပ်တဲ့အခါ ထည့်တွက်ပြီး စဉ်းစား လုပ်ဆောင်ရတာတွေ အများကြီး ဖြစ်လာတာ လူတိုင်း အသိပါ။ နိုင်ငံတကာက အသိ အမှတ်ပြု လေးစားတဲ့ အန်အယ်လ်ဒီလို
အဖွဲ့ အစည်းမျိုး ထဲမှာ ဒီလိုမျိုး ခံယူချက် မတူညီကြတဲ့ သူတွေ စုပေါင်းေ နကြတယ် ဆိုရင် စည်းလုံးမှု ဆိုတာ၊ ညီညွှတ်မှု ဆိုတာဟာ ဘာလဲလို့ မေးစရာ ဖြစ်လာပါပြီ။
ရွေးကောက်ပွဲ ဆိုတဲ့ မက်စရာ စကားလုံး အတွက် အကြောင်း ပြချက် မျိုးစုံ ပေးကြပြီး ပါတီ ထောင်ကြတာဟာ မစဉ်းစား တတ်အောင်ပါပဲ။ တရား မျှတခြင်းနဲ့
တရား နည်းလမ်း ကျခြင်းတွေကို မျက်ကွယ်ပြုပြီး ရေးဆွဲ ထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လေးစား လိုက်နာပါမယ် ဆိုပြီး ကတိပြုပြီးတော့ ပါတီ ထောင်လို့ ရတဲ့
လက်ရှိ အခြေအနေမှာ ဘာကို ယုံပြီးတော့များ လုပ်နေကြသလဲဆိုတာ စဉ်းစားလို့ မရနိုင်ဘူး။

written by Myo, May 07, 2010
ရှုံးရှုံးနိုင်နိုင် ချဗျာ။ နိုင်ငံ ရှေ့ရေး Policy တွေပြောတာ လူငယ်တွေ ကြားချင်နေတယ်။ ကြံ့ ဖွံ့ ကို ပေါ်တင်ပြိုင်တာ မြင်ချင်တယ်။
written by yethwey, May 07, 2010
အခြေံခံဥပဒေ မတရားတာ.. အာဏာ လက်ရှိတွေက မတရားနည်းနဲ့ ရွေးကောက်ပွဲကို စိုးမိုးတာ တစ်ကဏ္ဍပါ.. NLD ဟောင်းတွေက တရားမျှဝင်ပြီး ပြည်သူ့ဆန္ဒ ခံယူတဲ့ ကိစ္စကို ဘာမှ ရှုံချ တိုက်ခိုက်စရာ မလိုပါဘူး.. သူတို့တွေဟာ NLD ပါတီ အနေနဲ့ ရွေးကောက်ပွဲ မဝင်သင့်ဘူး လို့သာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး.. NLD ပါတီဝင်ဟောင်းတွေ အနေနဲ့ ဘယ်သူမှ ရွေးကောက်ပွဲ မဝင်ရဘူးလို့ ဘယ်တုန်းက မှ မဆုံးဖြတ်ခဲ့ ကတိမပြုခဲ့ပါဘူး.. သီးခြားစီပါ။ ပြည်သူ့ဆန္ဒ ခံယူတယ်ဆိုတာ တကယ့်ကို နှစ်လိုဖွယ် ကောင်းတဲ့ ဒီမိုကရေးစီ သဘောတစ်ခုပါ. . ရိုးရိုးလေး တွေးကြည့်ပါ လွတ်တော်ထဲမှာ စစ်တပ်က ထိုးထည့်ထားတဲ့ သူတွေချည်း100% ရှိနေမှာနဲ့ ပြည်သူက ရွေးချယ်ထားတဲ့ သူတွေ နည်းနည်း ဖြစ်ဖြစ်ရှိနေမှာ ဘယ်ဟာက ပိုကောင်သလဲ ဆိုတာ.. လွတ်တော်ထဲမှာ လုပ်ခွင့်ရတာ မရတာ၊ သူတို့ကောင်းတာ မကောင်း တာ နောက်ပိုင်းမှာ လာမည့်ကိစ္စပါ.. သူတို့တွေ မကောင်းရင် ပြည်သူက မရွေးပဲ နေပါလိမ့်မယ်.. ကောင်းတဲ့ သူတို့ ထပ်ရွေးပါလိမ့်မယ်.. လွတ်တော်ထဲမှာ သူတို့တွေ မကောင်းတာ လုပ်ရင်၊ ကောင်းတာမလုပ်ရင်၊ တာဝန်မကျေရင် ပက်ပက် စက်စက် ဝေဖန်လိုက်ပါ။ .. လက်ရှိမှာ သူတို့တွေဟာ သူတို့ထက် အားကြီးတဲ့ သူတွေရဲ့ မတရားသဖြင့် ယှဉ်ပြိုင်မှုကို အံတုပြီး ယှဉ်ပြိုင်ရမှာပါ.. သူတို့ကို တဖက်သတ် ပုတ်ခတ်တာ လုံးဝ မမျှတပါဘူး.. စောင့်ကြည့်ပါ အချိန်ပေးပါလို့ပဲ ပြောချင်ပါတယ်..
written by haven, May 07, 2010
နိုင်ငံတော်ကို အုပ်ချုပ်မဲ့ လူတွေကလည်း ခုတည်းက ကွဲနေ ပါလား အင်း.... .ပြည်သူတွေတော့ ဘယ်ကျားမှီး ဆွဲရမှာလည်း မသိတော့ဘူး။
written by kojew, May 07, 2010
အဖွဲအစည်းနဲ့ စာ်းလုံး နိုင်ရင်တော့ ကျား မဆွဲဘူးပေါ့ဗျာ။ စစ်တပ်ကတော့ ရာထူး အာဏာ အခွင့်အရေးတွေ ရှိတဲ့ အဖွဲအစည်း ဆိုတော့ ကြောက်လဲ ကြောက်ရ ခေါင်းဆောင်က ဖြူဆိုဖြူ မဲဆိုမဲ စည်းလုံးတာပေါ့ဗျာ။ အခွင့်အရေး အာဏာ မရှိတဲ့ နိုင်ငံရေးပါတီ ဆိုတော့ ဒီလိုဘဲပေါ့။
NLD ကို အမျိုးသား ညီလာခံမှ ဖဲ့စည်းရုံးတော့ ၆ ယောက် ရလိုက်တယ်။ အခု ၂၀၁၀ ရွေးကော က်ပွဲနဲ့ ဖဲ့တော့ ၃ ယောက်ကျကျန်ခဲ့တယ် သဘော ထားရမှာပေါ့။
ဟို၆ယောက်က ဘက်ပြောင်းအခွင်အရေးရတော့ ကလော်ဆဲတော့တာ။ ဒီသုံး ယောက်ကတော့ ဒေါ်စုကိုသစ္စာရှိပါ မယ်ဆိုတော့ ကြားကောင်းပါ သေးတယ်။ ကြည့်သေး တာပေါ့ဗျာ။
တမနက် အိပ်ယာနိုးချိန်မှာ ကိုယ်ကိုကိုယ် သစ္စာဖောက် တယောက် အဖြစ် မှန်ထဲမှာ မတွေ့ရပါစေနဲ့ ဆုတောင်းေ ပးပါတယ်။ Good Luck Charlie.

written by Kyaw, May 07, 2010
"Lack of an agreement to reorganise, the moderates and hardliners are likely to undermine each other."
အထက်ဖေါ်ပြပါ-စကားစု အတိုင်းဖြ စ်နေပါတယ်- အခုဖြစ်နေတဲ့ ဇါတ်လမ်းက။
မတူတဲ့အမြင်ကို အချင်းချင်း အသိမှတ်ပြုပီး အပြန်အလှန် လေးစား- ပူးပေါင်းဆောင်ရွက်ဖို့ အားနဲရာကနေ။
အင်အားကြီးသူက အင်အားနဲ့ သူရဲ့ ဆန်ဒကို ထုတ်ပြောခွင့် (မတ်လ ၂၉- အစည်းဝေးမှာ) ပိတ်ပင်ရာကနေ
ဒီပြသာနာ ဖြစ်လာတာပါဘဲ့။
နှစ် ၂၀-ကျော် လုပ်ရှားမုကို တထိုင်တည်းနဲ့ ဆုံးဖြတ်လိုက်တဲ့ ၂၉- အစည်းဝေးရဲ့ အတွင်း သရုပ်မှန်ကို အသေချာ လေ့လာသင့်ပါတယ်။ ဒါဟာ ဒီမိုကေ ရစီအရေး လုပ်နေသူ အားလုံး လေ့လာသင့်- သိထားသင့်တဲ့ အချက် တွေလဲ ဖြစ်ပါတယ်။
ဖြစ်စဉ်ကို အသေချာ မလေ့လာဘဲ့နဲ့ ပါတီ အပေါ် သစ်စာ ဖေါက် သလိုလို။ ပါတီ ကွဲသလိုလို။ စစ်အစိုးရနဲ့ ပေါင်းသလိုလို။ လူစည်း- ဘီလူးစည်း- ပြတ်သွားပီ လိုလို -ပြောတာ တွေဟာ ဒီပြသာနာ အတွက် အဖြေဖြစ်မလာနိုင်ပါဘူး။ ပိုဆိုးတဲ့ ဖက်ကိုသာ တွန်းပို့စေမှာဖြစ်ပါတယ်။
ဒေါက်တာသန်းငြိမ်းတို့ အုပ်စု။ ဖြိုးမင်းသိန်းတို့ အုပ်စု။ ဦးသုဝေတို့ အုပ်စုနဲ့ မှတ်ပုံတင် လုပ်ထားတဲ့ တိုင်းရင်းသား ပါတီ အတော်များများဟာ စစ်အစိုးရကို ထောက်ခံလို့ မှတ်ပုံတင်လုပ်- ရွေးကောက်ပွဲ ၀င်နေတာ မဟုတ်ဘူးလို့ ထင်ပါတယ်။
သူတို အားလုံးဟာ အင်အယ်ဒီ-နဲ့ ပန်းတိုင် အတူတူဘဲ့လို့ ထင်ပါတယ်။ ဒါပေမဲ့ ပန်းတိုင်ဆီ ရောက်အောင် သွားမဲ့ နည်းလမ်းကတော့ မတူတော့ပါဘူး။
ဒါပါဘဲ့။ ဒါကို အပြစ်ပြောနေမယ် ဆိုရင် ကိုယ်နဲ့မတူ ကိုယ်ရန်သူ ဆိုတဲ့ နိုင်တီးဂွမ်တီး- က သီအိုရီထဲမှာ ကျနော်တို့ ဆက်ပီး ပိတ်မိနေပါလိမ့်မယ်။
မြန်မာတွေရဲ့ နိုင်ငံရေးစဉ်းစားပုံ ယဉ်ကျေးမု ရှေ့တဆင့် တက်လာစေဖို့ မျော်လင့်ရင်း။။

written by DNOW88, May 07, 2010
ဒီအချိန်အထိ မညီညွတ်သေးရင် ဘယ်တော့ ညီညွတ်ကြမှာလဲ.. နိုင်ငံတကာက လေးစား တန်ဖိုးထားတဲ့ သမိုင်းဝင် အဖွဲ့ အစည်း အနေနဲ့ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစား ပေးစေချင်တယ် . . ဘာဖြစ်လို့ ကျား ခံတွင်းထဲကို ၀င်ချင်သလဲ ဆိုတာ စဉ်းစားလို့ မရဘူး.. 

written by kspnadii, May 07, 2010
မြန်မာ ဆိုတာ ဘာလဲ.... ..သိကြလား။ မဖွဲ့ခင်က ကွဲချင်တာ.. ....အဲဒါ မြန်မာပါ တဲ့ကွယ်။ ရွှေမြန်တို့ရေ မညီညွှတ် လို့ကတော့ အနှစ် ၁၀၀၀ တောင် မသေချာဘူနော်....မယုံရင် လုပ်ကြည့်......!
written by kspnadii, May 07, 2010
ခင်ဗျာ တို့ နောင်တ မရပါစေနဲ့လို့ ပြောချင်တယ်ဗျာ။ သူတို့တွေ ရွှေ့တဲ့ အကွက်ထဲမှာ ခင်ဗျာတော့ အစား ခံရမယ်နော်။
written by cherry, May 07, 2010
ဘယ်လိုဘဲ ဖြစ်ဖြစ် NLD ရွေးကောက်ပွဲ ၀င်မှာကို ထောက်ခံတယ်။ ပြည်သူတွေမှာ ပေးရမဲ့မဲ ရှိသွားပြီ။ NLD ရွေးကောက်ပွဲ မ၀င်လည်း ရွေးကောက်ပွဲကြီး ကတော့ လုပ်သွားမှာဘဲ။ NLD သာ ရွေးကောက် မခံခဲ.ရင် ဘယ်သူ ရနိုင်တယ် ဆိုတာ လူတိုင်း သိပြီးသား။ ဆိုတေြာ့ ကည့်ကြသေးတာပေါ့။ NLD ကို လူတွေ ဘယ်လောက် ချစ်မချစ်။
written by Wunna Htun, May 07, 2010
အန်ကယ် ဦးသန်းငြိမ်းလိုမျိုး အစဉ် အလာ ရှိပြီး လူထု ကြည်ညိုတဲ့ ပုဂ္ဂိုလ် တစ်ယောက်က ဘာဖြစ်လို့ ရွှေဂုံတိုင် ကြေငြာစာတမ်းကို ကိုယ်တိုင်ရေးပြီး ဘာဖြစ်လို့ ကိုယ်တိုင် ခြေနဲ့ဖျက်တယ် ဆိုတာ နားမလည်နိုင် ဖြစ်ရပါတယ်..
ကျွန်တော် ဥာဏ်မမှီတော့ပါ. . ဒေါက်တာ သန်းငြိမ်းကို နအဖထံမှာ လက်နက် ချလိုက်တယ်လို့ မြင်နေမိတယ်...
ကျွန်တော် ဥာဏ်မမှီတော့ပါ. . ဒေါက်တာ သန်းငြိမ်းကို နအဖထံမှာ လက်နက် ချလိုက်တယ်လို့ မြင်နေမိတယ်...
written by မိုးကောင်းကင်, May 07, 2010
မှန်တယ်.. မှားတယ် ဆိုတာတော့ လူ့အခွင့်အရေးမို့ မပြောလိုပါဘူး
ဒါပေမယ့် အရမ်း ၀မ်းနည်းမိပါသည်
ဒါပေမယ့် အရမ်း ၀မ်းနည်းမိပါသည်
written by Tuumar, May 06, 2010
Something is better than nothing, at least.
I believe they would do sincerely the best they could for Burma and all ordinary citizens.
And I am sure Daw ASSK would wish them the best of luck and send her blessing to the new party.
Good luck Dr. Than Nyein and group!!!

written by Tun Shwe Khaing, May 06, 2010
ကိုယ့်ကိုကိုယ်ပင် တန်ဖိုးမထားသူတွေ- ကိုယ်အမြီး ကိုယ်မျိုပြီး ကိုယ်တိုင် ဖေါ်စပ်ခဲ့တဲ့ ရွှေဂုံတိုင် ဆေး ကိုယ်တိုင် မစားနိုင်သူ--ဒီလိုလူတွေက ခေါင်းဆောင်တဲ့ ပါတီ- -ခင်ဗျားတို့ ချမှတ်လာမယ့် ပါတီ မူဝါဒ ဆိုတာတွေ ကိုကော ခင်ဗျားတို့ တကယ်မှ ယုံကြည် ကြပါ့မလားဗျာ- ခင်ဗျားတို့ကြော်ငြာလာမယ့် ပါတီ မူဝါဒတွေ ကျွန်တော်တို့ ဘယ်လိုများ နာလည် လက်ခံရပါမလဲ- ဖြေစမ်းပါအုံး---သမိုင်ကြောင်းဆိုတာ ပျောက်မသွားဘူးနော်- -နိုင်ငံရေး လုပ်စားနေကြတာလားဗျာတို့---
written by ဘိုပြောင်, May 06, 2010
ဖစပလ နှစ်ခြမ်းကွဲ သလောက် မဟုတ်ပေမဲ့ ဒါမျိုး ဆင်ဆင်ကတော့ စလာပါပြီ
ဒီလိုမျိုး ညီညွတ်မှု့တွေနဲ့ကတော့
ရွှေပြည်တော် မျှော်တိုင်းဝေး ဒီမိုကရေစီ တတိုင်းဝေး ပေါ့လေ.......
ဒီလိုမျိုး ညီညွတ်မှု့တွေနဲ့ကတော့
ရွှေပြည်တော် မျှော်တိုင်းဝေး ဒီမိုကရေစီ တတိုင်းဝေး ပေါ့လေ.......
written by Ko Myat, May 06, 2010
၂၉ မတ်လတွင် ကျင်းပသော မှတ်ပုံတင်ရေး မတင်ရေး ဆွေးနွေးပွဲတွင် မှတ်ပုံတင်မည် ရွေးကောက်ပွဲ ၀င်မည်ဟု ရဲဝံ့စွာ မပြောပဲ အခုမှ ပါတီသစ် ထောက်မည် ဟု ဆိုလာခြင်းကတော့ မိမိ၏ ယုံကြည်ချက်ကို သစ္စာဖေါက်ခြင်း သာလျှင် ဖြစ်၏။ တရားဝင် ကျင်းပသော အစည်းဝေးတွင် ဘာမှအပြောပဲ အစည်းဝေး၏ ဆုံးဖြစ်ချက် အတိုင်း လိုက်နာပါမည်ဟု ဂတိ ပေးကြပြီးမှ ယခုလို မလုပ်သင့်ဟု ထင်ပါသည်။ ထိုပါတီ အဖွဲ.စည်းမျိုးကို ကျွနိုပ်တို. မည်သို. ယုံကြည်ရမည်နည်း ။ အချို. အမှုဆောင် များကတော့ ပါတီ ဆက်လက် ရှင်သန်ရေးကို ပြောကြပါသည်၊ ထိုသူများကို လေးစားနိုင်သော် လည်း တုံဏိဘာဝေ အချောင်အ မှုဆောင်များ ကိုတော့ ရှုံ.ချပါသည်။
written by မောင်သန်.။, May 06, 2010
ဒါ လူတိုင်း ရဲ့  အခွင့်အရေး တခုပါ။ ယုံကြည်မှု ပြဿနာပါ။
ဒါကို လေးလေးစားစား အသိအမှတ် ပြုပါတယ်။
လက်ရှိ ပကတိ အခင်း အကျင်း ကို ကျနော်တို့ လို ပြည်သူတွေထက် ပိုပိုမိုမို ထဲထဲ ၀င်ဝင် သိကြမဲ့ လူတွေချည်း ပါဘဲ။
စစ်ဖက်ဆစ် အထု အထောင်း ကိုလဲ ဘ၀ နဲ့  ပေးဆပ်ဘူးသူတွေချည်းပါဘဲ။
ဒေါ်လာလေးတရွက်၊ ပစ်စာလေး တစောင်၊ ဗျူး လေးတခါနဲ့  ပါတီတွေ ကိုဖျက် ပစ်နိုင်တာလဲ ကျနော်တို. ထက် ပိုသိကြမှာပါ။ ----မှတပါး အခြားမရှိ --ပြီ လို. ကောက်ယူကြမယ် ဆိုရင်လဲ --ယူနိုင်လောက်တဲ့ လှောင်းထဲ ရောက်နေ ကြတာပါဘဲ။
စာနာပါ၏။ နားလည် ရန်ကြိုးစားနေပါ၏။(ဘ၀င်ကျ ခြင်း၊မကျခြင်း မပါပါ။)
ပသို့  ဆိုစေ၊ မတ်၂၉ မှ မေ ၆ လွန်အထိ ညီညွတ်စွာ ရပ်တည်မှုအပေါ် အလေးပြုပါသည်။
စစ်ဖက်ဆစ်များနှင့် လုပ်ကြည့် ၊ကြပါလေ။ (ပေါင်းကြည့် ဟုလုံးဝ မဆိုလိုပါ)
အောင်မြင်ကြပါစေ။

written by အောင်မျိုးနိုင်, May 06, 2010
ကြိုဆိုပါတယ်.. .သူတို့ လုပ်ရပ်ကို မရူံ့ချကြပါနဲ့ ..ဒါ ..ဒီမိုကရေစီ... .အခွင့်အ ရေးပါ...ဒါပေမဲ့ နာဂစ် အခြေခံဥပဒေ မပြင်နိုင်ခဲ့ဘူး ဆိုရင်... ရွေဂုံတိုင် ကြေငြာချက်ကို မလိုက်လျောဘူး ဆိုရင် လာမဲ့ ရွေးကောက်ပွဲကို မပျက် ပျက်အောင် ဖျက်ရမှာ.. ပထမအချက်ပါ..
ရွေးကောက်ပွဲ မဖြစ် ဖြစ်အောင် လုပ်လာခဲ့ရင် ပြည်သူ ရွေးချယ်စရာ ဒီမိုကရေစီ အင်အားစု ရှိလာတာပေါ့. ..ပြည်သူများ အနေနဲ့ကလဲ. .ရွေးကောက်ပွဲမှာ.. .ဒီလို မဲပေးစရာ ဒီမိုကရေစီ အင်အားစု အဖွဲ့တွေ မရှိတဲ့. .နယ်မြေဒေသတွေမှာ ပယ်မဲ ဖြစ်အောင် ပေးတတ်ဖို့ လိုပါတယ်

written by 9မောင်ခင်, May 06, 2010
အစကတည်းက ပွင်.ပွင်. လင်းလင်း လုပ်ေ၇ာပေါ. ကျုပ်တို.ကတော.ေ၇ွှးကောက်ပွဲ ၀င်မယ် ကန်.ကွက်ကြောင်း၇ဲ၇ဲပြော ၇ဲ၇ဲ ကန်.ကွက်မဲ ပေးပေါ.။ ဘာလဲ အဖွဲ.ချုပ်က စိတ်ပြောင်းပီးေ၇ွှးကောက်ပွဲ ၀င်၇င် လွတ်တော် အမတ် မဖြစ်မှာ ကြောက်လို.လား။ နိုင်ငံေ၇း လှုပ်၇ှားမူ. လုပ်ချင်လို. ဟုတ်လား ဒီစကားကိုေ၇ွှဝါေ၇ာင် တော်လှန်ေ၇း ကပြောပါလား။ လာခေါ်ပါတယ်။ အေးလေ ပြောမိ၇င် အမတ်မှ မဖြစ်တာ။ တကယ်လည်း လုပ်မှ မလုပ်ချင်တာကို ခေါ်လည်း ကျန်းမာေ၇းက မကောင်းဦးမယ်ဲ။ မှတ်သားလောက် ပါပေတယ် အမတ်လောင်း ကြီး တို.၇ယ်။ နိုင်ငံရေး. လှုပ်၇ှားချင်တာလာ ???? အမတ်ကြီး လုပ်ချင်တာလား??????
written by ရာဇာ, May 06, 2010
ကုန်လွန်ပြီး သွားသော အနှစ် ၂၀ မတိုင်ခင် ကသာ ဒီလို အားကြို မာန်တက် လှုပ်ရှား ခဲ့ကြရင် ဘယ်လောက် ကောင်းမလဲ နော်..... အခုတော့လဲ ရွေးကောက်ပွဲ ကြီးကို အဆီ တဝင်းဝင်း နဲ့ အသားတုံးကြီး တခုလို မက်မက် မောမော လိုခြင်နေ ကြတဲ့ သူများ အတွက် ကတော့ ပါးစပ်ထဲ ရောက်မှ သဲတရှပ်ရှပ် နဲ့ မြိုရအခက် ထွေးထုတ်ရ အခက် အဖြစ်မျိုး မရောက် ကြပါစေ နဲ့လို့.... .လမ်ဆုံးရင် တော့ ရွာတွေ့ကြ ရမှာပါလေ.. ..စောင့်ကြည့်ကြ သေးတာပေါ့. .....နောင်တဆို တာ နောင်မှ ရတတ် တယ်တဲ့. ..ကြည့်ရတာ တော့ ရကြမဲ့ ပုံလဲ မရှိပါဘူး.....
Write comment
| < Prev | Next > |
|---|

အခုတော့ စစ်အစိုးရကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ခန့်က
ငြိမ်းချမ်းရေး မရခင် ခေတ်က အတိုင်းပဲ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တဖန် လှည့်လာကာ နပန်းပွဲ လာချေပြီ။