ခွပ်ဒေါင်း အလံ အသုံးပြုသော နိုင်ငံရေးပါတီ ကန့်ကွက်ခံရ

E-mail Print
နိုင်ငံရေး ပါတီသစ် နှစ်ခုက သုံးစွဲမည့် အလံများသည် မြန်မာ့သမိုင်း အတွက် အရေးပါသည့် သင်္ကေတများ ဖြစ်နေသဖြင့် သုံးခွင့်မပြုရန် ရန်ကုန် အခြေစိုက် စာပေ အနုပညာရှင် ၄၀ က ရွေးကောက်ပွဲ ကော်မရှင်သို့ စာရေးသား ပေးပို့ တောင်းဆိုလိုက်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) နိုင်ငံရေး ပါတီတို့က အသုံးပြုမည့် အလံများသည် ဗမာ့ လွတ်လပ်ရေး တပ်မတော် (BIA) နှင့် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ABFSU) တို့က အသုံးပြု နေသည့် အလံများနှင့် တူနေသဖြင့် ယင်းသို့ ကန့်ကွက်ခြင်း ဖြစ်ကြောင်း ဆိုသည်။

တမျိုးသားလုံးနှင့် သက်ဆိုင်သည့် မြန်မာ့သမိုင်း၏ အရေးပါသော အလံ၊ သင်္ကေတ များသည် ပါတီနိုင်ငံရေး ကင်းရှင်းစွာ ရှိမှသာ သမိုင်းတန်ဖိုး မယုတ် မလျော့ဘဲ နောင်လာ နောက်သားများ အတွက် ကျန်ရှိနေမည် ဖြစ်ကြောင်းလည်း ယင်းစာတွင် ပါရှိသည်။

ကန့်ကွက်လွှာတွင် လက်မှတ်ရေးထိုးခဲ့သော ၀ါရင့် သတင်းစာဆရာကြီး တဦးဖြစ်သူ လူထုစိန်ဝင်းက နိုင်ငံရေးပါတီ ထူထောင်ခြင်း သည် လူတဦးချင်း၏ လွတ်လပ်ခွင့် ဖြစ်သည့် အတွက် တစုံတရာ မပြောကြားလိုသော်လည်း ကျောင်းသား သမဂ္ဂအဖွဲ့ချုပ် အလံ ကို အသုံးပြုထားခြင်းသည် သင့်လျော်ခြင်း မရှိဟု ဆိုသည်။

“ကျောင်းသား သမဂ္ဂဆိုတာ ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်ကတည်းက နိုင်ငံလွတ်လပ်ရေးအတွက် ရှေ့တန်းက ပါခဲ့တဲ့ အဖွဲ့ အစည်း တရပ်ဖြစ်တယ်လေ၊ ဒီအလံဟာ တဦးတဖွဲ့ အသင်းအပင်းနဲ့ဆိုင်တာ မဟုတ်တော့ဘူး၊ တမျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ အဓိပ္ပာယ် သက်ရောက်သွားပါပြီ၊ ပါတီအဖွဲ့အစည်းတရပ်က ကိုယ်ပိုင်အနေနဲ့ အသုံးမပြုသင့်တော့ဘူးလို့ ယူဆပါတယ်”ဟု လူထု စိန်ဝင်းက ပြောသည်။

စာရေးဆရာ မောင်ဝံသကလည်း “ကျနော်ကတော့ ကျောင်းသား သမဂ္ဂဟောင်း တယောက်အနေနဲ့ လက်မှတ်ထိုးလိုက်တာပဲ၊ ခွပ်ဒေါင်းကို သူ့ပါတီ အဓိပ္ပာယ်နဲ့သူလုပ်တာက ကိစ္စမရှိဘူးလေ၊ အခုဟာက ကျောင်းသားသမဂ္ဂ အလံအတိုင်း ယူသုံးထားတော့ ကျနော်တို့က အဲဒါကို ပြင်ပေးပါပေါ့”ဟု ဆိုသည်။

ဒေါင်းကို မြန်မာဘုရင်များလက်ထက်ကတည်းက မြန်မာတို့၏ သင်္ကေတအဖြစ် အသုံးပြုခဲ့ကြပြီး ကိုလိုနီခေတ်တွင် ကျောင်းသား များက ခွပ်ဒေါင်းကို အလံတွင် ထည့်သွင်း၍ လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြသည်။

ခွပ်ဒေါင်း သင်္ကေတသည် ဒီမိုကရေစီရေး ကြိုးပမ်းမှုနှင့် စစ်အစိုးရကို ဆန့်ကျင်သည့် သင်္ကေတအဖြစ် မြန်မာ လူငယ်များအကြား အသိအမှတ်ပြုထားကြသည်။

ရန်ကုန် အလင်းတန်း ဂျာနယ် အယ်ဒီတာ ဦးမျိုးမြင့်ညိမ်းက “သမဂ္ဂ အလံဆိုတာက ကျောင်းသားတွေ ဦးဆောင်တဲ့ အမျိုးသား နိုင်ငံရေး ကိစ္စတွေ မှာပဲသုံးတယ်၊ သမိုင်းစဉ်အဆက်ဆက် ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာတဲ့ အလံ ဖြစ်တယ်၊ ဒါဟာ  ကိုယ်ထူထောင်တဲ့ ပါတီတခုအတွက် ကျောင်းသားတွေအလံကို ယူသုံးတာ လက်မခံနိုင်ပါဘူး”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ခွပ်ဒေါင်း သင်္ကေတသည် လုံးဝ ပျောက်ဆုံးလုနီးနီးဖြစ်နေသည်ကို သတိပေးချင်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)ပါတီခေါင်းဆောင် ကိုရဲထွန်းက ဆိုသည်။

“ဒေါင်းတွေ့တိုင်း ငါ့ဒေါင်းလို့မှ ပြောလို့မရတာကို၊ သူတို့အထောက်အထားနဲ့ ဘာပြောမလဲ၊ မြန်မာပြည်မှာ ခွပ်ဒေါင်းလို သင်္ကေတမျိုးက လူထုကြားထဲမှာ တရားဝင် သိက္ခာ ရှိရှိ မရပ်တည်ချင်ဘူးလား၊ ၀ိုင်းဖျက်ချင်ကြတာလား”ဟု ကိုရဲထွန်းက ဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ခွပ်ဒေါင်းကို ပါတီအလံတွင် ထည့်သွင်း အသုံးပြုခဲ့စဉ်ကလည်း ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တချို့က ကန့်ကွက်ခဲ့ကြောင်း သိရသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်ကလည်း ခွပ်ဒေါင်းအလံနှင့် တံဆိပ်ကို ပါတီအလံအဖြစ်အသုံး ပြုခြင်းအပေါ် ယမန်နေ့က ကြေညာချက်ထုတ်ပြန် ကန့်ကွက်ခဲ့သည်။

၁၉၆၀ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်၏ ဆဋ္ဌမအကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် တက်ရောက် လာသော ကျောင်းသား ကိုယ်စားလှယ်များ အားလုံးက အဆိုပါ ခွပ်ဒေါင်းအလံသည် တရားဝင်အလံဖြစ်ကြောင်း အတည်ပြု ပြဌာန်းခဲ့ခြင်းဖြစ်သည်ဟု ကြေညာချက်တွင် ရေးသားထားသည်။
Comments (6)Add Comment
0
...
written by Tuumar, May 11, 2010
ဘလှမြင့်
ဘယ်အရာမဆို ထိုက်ထန်တဲ့သူ က သူ့နေရာနဲ့ သူ သုံးယင် ကန့်ကွက်စရာ မရှိပါ။
အခုဟာက ရင့်ရင့် သီးသီး နှိုင်းပြောရယင် အနူလက်နဲ့ ရွှေခွက် မတန်သလိုပါပဲ။
ဘယ်နေရာ ဘယ်ပွဲမဆို အလံကိုင် ဆိုတာ အထူး အရွေးခံရသူပါ။ ဘာလို့လဲ ဆိုတော့ အလံရဲ့တန်ဘိုး ပိုပြီး မြင့်မားအောင်လို့ပါ။ လူတိုင်း ကိုင်ခွင့်ရှိတာ မဟုတ်ပါ။
ဒီချုပ် အဖွဲ့ချုပ်က ကျောင်းသား တော်လှန်ရေး အဆက်ဆက်ကို ဂုဏ်ပြုတဲ့ အနေနဲ့၊ ကျောင်းသားတွေ စခဲ့တဲ့ တော်လှန်ရေး ကြောင့် အဖွဲ့ချုပ်နဲ့ ယနေ့ လက်ရှိ ခေါင်းေ ဆာင်တွေ ပေါ်ပေါက်ခဲ့ရတယ် (ဦးတင်ဦးနဲ့ ဦးဝင်းတင် အခါခါ ပြောဘူးပါတယ်။)
ဒါကို ဂုဏ်ပြုတဲ့ အနေနဲ့ ခေတ် အဆက်ဆက် ကျောင်းသား တော်လှန်ရေးကို ဂုဏ်ပြုတဲ့ အနေနဲ့ ခွပ်ဒေါင်း ကို ထည့်ထားတာပါ တဲ့။
0
...
written by ပြည်ချစ်, May 11, 2010
ဘလှမြင့် ပြောတာ အမှန်ကန် ဆုံးပဲ။
NLD တုန်းက ကျတော့ ဘာလို့ မကန့် ကွက်ခဲ့တာလဲ။
ပြောဖို့ပါးစပ်တွေ စွံ့အ နေကြလို့လား။
အမျိုးသားရေး အထိမ်း အမှတ်တွေနဲ့ အမျိုးသားခေါ င်းဆောင်ကြီးရဲ့ ပုံတွေကို ဘယ်ပါတီ ဘယ်အဖွဲ့အ စည်းမှာမှ အသုံးမပြု ဖို့ ဥပဒေပါ ထုတ်နီုင်ရင် ပိုကောင်းမယ်။
0
မေးပါရစေ
written by ဘလှမြင့်, May 09, 2010
လူထုစိန်ဝင်းကို မေးချင်တာက NLD က ဒေါင်းအလံ သုံးတော့ ဘာလို့ မကန့်ကွတ်သလဲ ....... NLD ရော နိုင်ငံရေး ပါတီသစ်တွေပါ မသုံး သင့်ပါဘူး။ ခွပ်ဒေါင်းရှိတယ်။ ကဒေါင်း ရှိတယ်။ ခွပ်ဒေါင်းတောင် ဘယ်လှည့်တဲ့ ဒေါင်းရယ်၊ ညာလှည့်တဲ့ ဒေါင်းရယ်ရှိပါတယ်။ ပါတီတွေ မသုံးဖို့ ကန့်ကွတ်တာကို ထောက်ခံပါတယ်။ ဖြစ်နိုင်ရင် ဒီချုပ်ကို ပါ မသုံးဖို့ တားမြစ်ပေးပါ
0
...
written by titan, May 07, 2010
သူ့အတိုင်း ရှိနေရင် သိက္ခာရှိတယ်.. နောက်ပြီး သိက္ခာရှိတဲ့သူ ကိုင်မှ သိက္ခာရှိတာ.. .လူတိုင်းကိုင် အသုံးပြုတိုင်း သိက္ခာရှိတာ မဟုတ်ဘူး...
(ကန့်ကွက်စရာ မလိုပဲ နားလည်ထားသင့်တာ ဒီအလံကို မသုံးဖို့)
0
excuse me?
written by soekoko, May 07, 2010
ကိုရဲထွန်းတို့ ပါတီက ခွပ်ဒေါင်းသင်္ကေတ သုံးလိုက်ရင်ရော သိက္ခာ ရှိမှာလား ခင်ဗျ။ ထိန်းသိမ်းဖို့ ရည်ရွယ်ရင် တခြားနည်းနဲ့ ထိန်းသိမ်းလို့ မရနိုင်ဘူးလား။ ဒီနည်းက တခုတည်းသောနည်း ဖြစ်နေပြီလား ခင်ဗျာ။

ဘာဖြစ်လို့ ပျောက်ဆုံးလုမတတ် ဖြစ်နေရတာလဲရော စဉ်းစားမိရဲ့လား။ ပါတီရဲ့ ယုံကြည်မှု၊ ဆောင်ရွက်ချက်ထက် ဒီပျောက်ဆုံး လုမတတ် ဖြစ်နေတဲ့ ခွပ်ဒေါင်း သင်္ကေတကို ဦးစားပေးပြီး ဖော်ထုတ်နေတဲ့အတွက် အများကြီး ၀မ်းမြောက် ၀မ်းသာ ဖြစ်မိပါတယ်။ smilies/grin.gif
0
Cheers!!!
written by Chit Htu Gyi, May 07, 2010
Ye Htun & Aye Lwin are such liers ,, please stop them
Thanks alot to Sayar U Sein Win and partners

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်