NLD နောက်ဆုံးနေ့တွင် အဖွဲ့ဝင်များ ၀မ်းနည်း

E-mail Print
“ကမ္ဘာမကြေဘူး၊ ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ” ဟု လူငယ်များက သံပြိုင် သီဆို လိုက်ချိန်တွင် ကြက်သီး တဖျန်းဖျန်း ထမိသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) စည်းရုံးရေးမှူး တဦး ဖြစ်သူ ကိုသန်းအောင်က ကြာသပတေးနေ့တွင် ကြုံတွေ့ခဲ့ရသည့် ရန်ကုန်မြို့ NLDရုံး၏ နောက်ဆုံးနေ့ မြင်ကွင်း အကြောင်းကို ပြောပြသည်။

“လူငယ်တွေက ကမ္ဘာ မကြေဘူး သီချင်းကို ဘယ်လို ရည်ရွယ်ချက်နဲ့ အထပ်ထပ် ဆိုလည်း မသိဘူး၊ ၂ နာရီ နီးပါးလောက် ဆိုကြတယ်၊ အားလုံး ခံစားရတာပေါ့” ဟု ရေနံချောင်း မြို့နယ်မှ ကိုသန်းအောင်က ပြေသည်။

ပါတီ အဖျက်သိမ်း ခံရမည့် လမ်းကြောင်းအား အဖွဲ့ဝင်များ ရွေးချယ် ခဲ့ခြင်းကို နားလည်ပေး နိုင်ပါသည်ဟု သူက ဆိုသည်။

“လူငယ် တွေကတော့ ခံနိုင်ရည် ရှိတဲ့စိတ် မွေးနိုင်ပေမယ့်၊ သက်ကြီး ရွယ်အို တွေကတော့ အသက် အရွယ် ကလည်း နောက်ဆုံးပိုင်း ရောက်နေတော့  မျက်ရည်လေးတွေ ၀ဲပြီး ကြေကြေ ကွဲကွဲနဲ့ ပြောကြ ဆိုကြ နှုတ်ဆက်ကြတယ်” ဟု သူက ဆက်ပြော ပြသည်။

အဖွဲ့ချုပ် ခေါင်းဆောင် ဦးဝင်းတင်ကလည်း “မနေ့က မြင်ကွင်းကတော့ ၀မ်းနည်း ၀မ်းသာ မျိုးစုံပဲ၊ ပါတီ တည်ထောင်စက အသက် ၃၀၊ ၄၀ တန်းဝင်တွေလည်း အခု ဆိုရင် အသက် ၆၀ တန်း ရောက်နေကြပြီး  စိတ်မကောင်းလို့ ငိုကြ ယိုကြပေါ့” ဟု ပြောပြသည်။

“ဒီရုံးမှာ နှစ်ပေါင်းများစွာ ၀င်ထွက် သွားလာပြီး နိုင်ငံရေး လုပ်ငန်းစဉ်တွေကို လုပ်ခဲ့ကြတာ၊ ရုတ်တရက်ကြီး ရပ်လိုက်တော့ ကြေကြေ ကွဲကွဲ  ဖြစ်ရတာပေါ့” ဟု သူက ဆိုသည်။

ယခင်က ရုံးသို့ နေ့စဉ် အဖွဲ့ဝင်  ၆၀၊ ၇၀ ခန့် ၀င်ထွက် သွားလာခဲ့ကြကြောင်း၊ ယမန်နေ့က ရန်ကုန် နှင့် နယ်မှ အဖွဲ့ဝင် ၅၀၀ ကျော် ရုံးတွင် တွေ့ရကြောင်း သူက  ပြောပြသည်။

NLD ရုံးသို့ ထင်ရှားသည့် နိုင်ငံရေး အကျဉ်းသား ဘလော့ဂါ နေဘုန်းလတ်၏ မိဘများလည်း သွားရောက် အလှူလုပ်ခဲ့သည်ဟု သိရသည်။

“လာတဲ့သူတွေကို ထမင်း ကျွေးတယ်၊ နေဘုန်းလတ်နေ့ လို့တောင် ဆိုနိုင်တယ်” ဟု ဦးဝင်းတင်က ဆက်လက် ပြောပြသည်။

သူ၏ “ဘာလဲဟဲ့ လူ့ငရဲ” အမည်ရှိ ထောင်တွင်း အတွေ့အကြုံ စာအုပ်ကို ဖြန့်ချိ ရောင်းချသည်ဟုလည်း ဆိုသည်။

NLD သည် ပြည်သူ့ဘက်မှ ရပ်တညှ်ု လူထု နိုင်ငံရေးကို ဆက်လက် လုပ်ဆောင်မည် ဖြစ်ပြီး၊ နိုင်ငံရေး အခြေခံသည့် လူမှုရေး လုပ်ငန်းများကိုလည်း လုပ်ဆောင်မည်ဟု ဦးဝင်းတင်က ပြောသည်။

“ရွှေဂုံတိုင် ကြေညာစာတမ်းကို သဘောတူလို့ အားလုံး လက်မှတ် ထိုးခဲ့ကြတာပဲ၊ အခု အခြေအနေမှာတော့ စစ်အစိုးရ ဥပဒေတွေ အောက်မှာ ဒူးထောက်ဖို့ လမ်းကို မရွေးပါဘူး”ဟု သူကဆိုသည်။

စစ်အစိုးရက NLD ကို ရွေးကောက်ပွဲ ၀င်ရေးအတွက် ဥပဒေများ ပြန်လည် ပြင်ဆင်ပေးမည် ဆိုလျှင်လည်း ၂၀၀၈ အခြေခံ ဥပဒေကိုပါ ပြင်ဆင်ရန် လိုအပ်သည်ဟု သူက ပြောသည်။

ဗဟို အမျိုးသမီး အထောက်အကူပြု အဖွဲ့ တာဝန်ခံ တဦး ဖြစ်သူ ဒေါ်ခင်စောဌေးက “NLD ရဲ့ နောက်ဆုံးနေ့ လို့ ပြောကြတယ်၊ ဒါပေမယ့်  အမျိုးသမီးတွေကတော့ စိတ်သစ်၊ လူသစ် ပြည်သူကို ချစ်တဲ့ ဆန်ခါတင်တွေနဲ့ အသစ် ပြန်စတာ၊ လုံးဝ စိတ်ဓာတ် မကျဘူး” ဟု သူက ဆိုသည်။

လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သော ဒေါက်တာ ဒေါ်မေ၀င်းမြင့်၊ ဒေါ်လှလှမိုး၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဒေါ်ခင်ဌေးကြွယ်၊ ဒေါ်မေနှင်းကြည်တို့အပြင် အဖွဲ့ဝင်များ ဖြစ်သော ဒေါ်မြင့်မြင့်အေး၊ ဒေါ်အေးမိ၊  မခိုင်၊ ဒေါ်ရှမ်းမတို့လည်း လာရောက်သည်ဟု ဒေါ်ခင်စောဌေးက ပြောသည်။

ပါတီ၏ နောက်ဆုံးနေ့ကို NLD ခေါင်းဆောင်များ ဖြစ်သည့် ဦးခင်မောင်ဆွေ၊ ဦးစိန်လှဦး၊ ဒေါက်တာသန်းငြိမ်း၊ ဦးသိန်းညွန့်၊ ဒေါက်တာဝင်းနိုင်တို့ တက်ရောက်ခြင်း မရှိကြောင်း သိရသည်။

ထိုခေါင်းဆောင်များသည် အမျိုးသား ဒီမိုကရေစီအင် အားစု (National Democratic Force) အမည်ဖြင့် ယမန်နေ့က ပါတီသစ် တခုကို ဖွဲ့စည်းခဲ့သည်။

အဖွဲ့ချုပ်သည်  ဆိုင်းဘုတ်နှင့် အလံများ  မိမိတို့ သဘောအရ ဖြုတ်ချခြင်းကို ပြုလုပ်မည် မဟုတ်ဟု ကြေညာထားသော်လည်း ပဲခူးမြို့ နှင့် မတ္တရာမြို့တို့၌ မြို့နယ် ဆိုင်းဘုတ်များကို ဖြုတ်ချထားပြီး ဖြစ်ကြောင်းသိရသည်။

၁၉၈၈ ခုနှစ်တွင် တည်ထောင်ခဲ့သည့် NLD သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအတွင် နိုင်ငံတ၀န်း မဲဆန္ဒနယ် အများစုတွင် အနိုင်ရခဲ့သည်။ သို့သော်လည်း အစိုးရက ထို ရွေးကောက်ပွဲ ရလဒ်ကို မကြာသေးမီက ပယ်ဖျက်လိုက်သည်။

ထိုရွေးကောက်ပွဲအပြီး အနှစ် ၂၀ အကြာတွင် ရွေးကောက်ပွဲ ထပ်မံ ကျင်းပရေး အတွက် အစိုးရက ဥပဒေများကို ထုတ်ပြန်ခဲ့သည်။ အစိုးရ၏ ဥပဒေများက တရားမျှတခြင်း မရှိသဖြင့် လက်မခံနိုင် ဟု ဆိုကာ NLD က တုံ့ပြန်ခဲ့သည်။

မတ်လ ၈ ရက်နေ့တွင် ထုတ်ပြန် ကြေညာသော  ရွေးကောက်ပွဲ ဥပဒေတွင် တည်ဆဲ တရားဝင် နိုင်ငံရေးပါတီများကို ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ရန် ပြဋ္ဌာန်းထားသည်။ မှတ်ပုံတင်ခြင်း မရှိသော ပါတီသည် နိုင်ငံရေး ပါတီ အဖြစ်မှ အလိုအလျောက် ပျက်ပြယ်မည်ဟု ထိုဥပဒေက ဆိုသည်။

ထို ရက်ပေါင်း ၆၀ သည် ယမန်နေ့က ကုန်ဆုံးသွားပြီ ဖြစ်သည်။
Comments (20)Add Comment
0
လက် မခံ နိုင် ပါ
written by nay moe, May 15, 2010
The day , close the door of NLD , is not the last day for us. Because we have to be fight for our nation under the leadership of NLD. Like we say, the last day of NLD means there is no hope to refound. Therefore I not accept this word, the last day of NLD.

We must cosolidate and hand with each other to found our nation.
0
...
written by DNOW88, May 10, 2010
စိတ်တော့ မကောင်းဘူး.. ဒါပေမယ့် ကျရှုံးသွားတာ မဟုတ်ဘူး.. နောက်ကို တလှမ်း ဆုတ်တယ် လို့ပဲ မှတ်တယ်..
0
အရေးကြီးတာ က.......
written by ဗမာ့အမြင်, May 09, 2010
ထို ရက်ပေါင်း ၆၀ သည် ယမန်နေ့က ကုန်ဆုံးသွားပြီ ဆိုပေမဲ့...... စိတ်ဓါတ် တွေတော့ ကုန်ခမ်းသွား မယ်မထင် ပေါင်။
0
ကိုယ်စိုက်တဲ့အပင် ကိုယ်ပြန်ရိတ်သိမ်း မယ်
written by Thein Kha, May 09, 2010
အန်အယ်ဒီရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံပါတယ်။ ပြည်တွင်းက အန်အယ်ဒီ အားလုံးကို လေးစားပါတယ်။ ကိုယ်စိုက်တဲ့ အပင်ကို ကိုယ်ကဘဲ ပီးအောင် ရိတ်သိမ်းရမယ် မဟုတ်လား။ ရှေ့ ဆက်မဲ့ လုပ်ငန်းတွေလည်း အောင်မြင်ကြပါစေ။

သိင်္ခ
0
အရှုံးပေးတာ မဟုတ်
written by စစ်နိုင်, May 08, 2010
အင်မတန် ကြေကွဲစရာပါ။ ကြေအေးစရာတော့ လုံးဝ မရှိဘူး။ အလှည့်ဆိုတာ ရောက်လာဦးမှာပါ။ ကျခဲ့တဲ့ မျက်ရည်တွေဟာ အားအင် တရပ် ဖြစ်လာမှာပါ။ လိုချင်တဲ့ အောင်ပွဲ မရမချင်း တိုက်ပွဲဝင် သွားမယ် ဆိုတာ မှန်ကန်တဲ့ သစ္စာပါပဲ။ မတရားမှု အောက်က ရုန်းထွက် နိုင်ခဲ့ကြလို့ ဝမ်းသာ မဆုံးပါဘူး။
0
ကိုယ်ပျောက်
written by မက္ခရာဓား , May 08, 2010
ရိုးရိုးလေး နားလည် စေလိုပါသည်....ဒီချုပ် (NLD)ကို ဖျက်သိမ်းလိုက်ခြင်း မဟုတ်ပါ၊ ကိုယ်ယောင် ဖျောက်ထား လိုက်ခြင်းဖြ စ်ပါသည်။ ပြည်သူနှင့် အနီးကပ် အတူတကွ ပူးပေါင်း၍ နအဖ အား အပြီးအပိုင် မြန်မာ့မြေပေါ်မှ တိုက်ထုပ်မည့်၊ နိုင်ငံရေး လှုပ်ရှားမှု အသွင်သစ်အား စတင် လိုက်ခြင်းသာ ဖြစ်ပါတော့သည်။
0
NLD should to kneel down????
written by Blue Flower, May 08, 2010
NO.
Now NLD moves to another front line.
By the support of their people who love democracy and DASSK, NLD still in the battle.
" NO to VOTE " is correct way to fight back.
If people don't take part in UNJUST 2010 Election, What military will do?
Yes, they can make a new government without people's support.
Do you think they can stand?????I don't believe so.
Now military standing without people's support, so they are facing so many difficulties, right?
NLD never surrender.
Freedom from fear if you don't want to die twice under military boots.
0
ဆရာလူထု ဦးစိန်ဝင်းသို့
written by Tun Shwe Khaing, May 08, 2010
တခါက NLD ကို ဂရုဏာ ဒေါသနဲ့ ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့တဲ့ ဆရာကြီး လူထု ဦးစိန်ဝင်း အနေနဲ့ ခုချိန်မှာ NLD အနေနဲ့ ဘာလုပ် သင့်တယ်- ဘယ်လိုပုံစံနဲ့ ခရီး ဆက်သင့်တယ် ဆိုတဲ့ အကြုံပြုချ က်တွေကို ကြားချင်လှပါတယ်---
0
I m also still supporting till I die.
written by THEIN, May 08, 2010
I m also still supporting till I die.Don't waste your perseverance. Our future goal will come soon.
0
I will be proud with you NLD and it leaders
written by Ougkar, May 08, 2010
လူကောင်းတွေ အတွက် နေရာဆိုတာ မရှားပါဘူး၊ အမှန်တရားဟာ ညစ်ပတ်သူတွေ အတွက် အဆိပ်ြ ဖစ်ပေမယ့် ပညာရှင်များ အတွက်ကတော့ အားဆေးတစ်ခွက်ပါ၊ ဆက်လျှောက်ပါ NLD--- အာငယ်စရာ မလိုဘူး ပြည်သူတွေ NLD ဘက်မှာ အမြဲ ရပ်တည်နေမှာပါ၊ အားတင်း ထားရင် အရာရာ အောင်မြင်ပါလိမ့်မယ်၊

NLD ရဲ့ နောက်ဆုံးနေ့ အတွက် ဆုတောင်းချက်
0
နောက်ဆုံးနေ့ ဆိုတာ မသင့်တော်ပါ
written by ဇော်လေး, May 08, 2010
္ဒဒီ နောက်ဆုံးနေ့ ဆိုတဲ့ စကား က အများကြီး စကားပြောပါတယ်။

လူထု ဆိုတာ ဒေါ်စုနဲ့ တစ်သားတည်းရှိပါတယ်။
ဒီလို လူထု ဆီ ကလာတဲ့ ပါတီ လူထု ဆီ ပြန်စိမ့် ၀င်သွားတာ ကောင်းပါတယ်။

0
...
written by ဇင်လတ်, May 08, 2010
ဒီလိုနဲ့ပဲ ပြီးသွားမှာပါ။ ဘော်လုံး အသင်းေ တွလိုပေါ့။ ငါတို့ အသငိးက စိတ်ဓါတ်မှာ သာတယ်ပဲ အမြဲ ပြောနေတာ

တကယ်တမ်း ကစားတော့ အမြဲ ရှုံးနေတာပါပဲ။ ဒီ စိတ်ဓါတ်ဆိုတဲ့ စကားကို အပေါ်ယြံ ကားလို့ ကောင်းရုံ စာဖတ်တဲ့ လူတွေ ဖတ်လို့ ကောင်းရုံမပြောပဲ အရှိကို အရှိတိုင်းမြင်ဖို့ အရေးကြီးပါတယ်။
0
NLD lives forever
written by Tuumar, May 07, 2010
NLD and its true members are forever in our hearts.
We still support NLD and we will be there when it comes back alive.
0
အားမွေးထားကြ
written by Htay Tint, May 07, 2010
မြန်မာ ဒီမိုကရေစီ လှုပ်ရှားမှု သမိုင်းမှာ စံပြ နမူနာ ပါတီအဖြစ် ရာဇဝင်တင်ခဲ့ပါပြီ ။ ၁၉၈၈ က မွေးလာတဲ့ အန်အယ်ဒီဟာ ဒီမိုကရေစီ လိုချင်တဲ့ ပြည်သူနဲ့ မပြတ်ပါဘူး ။ အန်အယ်ဒီတွေ အားမွေးထားကြ ။
0
သမိုင်းဝင်မည့် နေ့  တစ်နေ့ ..
written by ယုတာ, May 07, 2010
မှတ်ထားလိုက်ပါတယ် .....
ဒီနေ့ ဟာလဲ သမိုင်းထဲက နေ့ တစ်နေ့ ပေါ့  .....
0
ပြည်သူသည်ပင် NLD
written by Thazin Pyu, May 07, 2010
ဝမ်းနည်းတာတော့ ၀မ်းနည်းစရာပေါ့- -ဒါပေမယ့် ၀မ်းနည်း မနေ ကြပါနဲ့---မျက်ရည် မကျကြပါနဲ့- --တောက် တချက်လောက် ပြင်းပြင်း ခေါက်လိုက်ကြ စမ်းပါ-- -NLD မသေသေးပါဘူး--NLD ဆိုတာ ပြည်သူပါ။ ဒါဘဲပေါ့။
0
...
written by titan, May 07, 2010
ဦးခင်မောင်ရွှေက သူဒီပွဲမှာ နိုင်မယ် ထင်လို့ လုပ်တာ ဖြစ်လိမ့်မယ်..
0
ခေါင်းမငုံ့ အညံ့မခံသရွေ့  NLD အလံမလဲပါ။
written by OP, May 07, 2010
စစ်အုပ်စု ဘယ်တော့မှာ NLD ကို မနိုင်ပါဘူး။ NLD ပါတီ မေပ်ာက္ပ် က္သြားပါဘူး။ လူထုကြားထဲမှာ ရောက်သွား နေရာယူသွားတာပါ။ အချိန်မရွေး အားမွေးပြီး အခါအခွင့် သင့်ရင် အညွန့် တလူလူ စိမ်းလန်း စိုပြေစွာ နိုးထလာမှာပါ။ နအဖ စစ်အုပ်စုကို ခေါင်းမငုံ အညံ့မခံသရွေ့  NLD အလံ မလဲပါ။ မကျဆုံးပါ။ ဝမ်းမနည်းပါ။
0
...
written by eaktun, May 07, 2010
ဒီသတင်းလေးကို ဖတ်ပြီးနောက်(NLD)အတွက် တော်တော်လေး စိတ်မကောင်း ဖြစ်မိပါတယ်-
0
We are with you ( NLD )
written by War, May 07, 2010
We are with you ( NLD )
Also, you are with us.
Always and ever.......
Same bloods................

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်