Air Bagan နှင့် အပြိုင် Air Inlay လေကြောင်းလိုင်းသစ် ပျံသန်းမည်

E-mail Print
စစ်အစိုးရနှင့် နီးစပ်သည့် ဦးတေဇ ပိုင် အဲပုဂံ (Air Bagan) လေကြောင်း လိုင်းနှင့် အပြိုင် လေကြောင်း လိုင်းသစ် တခုအား ပျံသန်း ပြေးဆွဲရန် ခွင့်ပြုလိုက်ကြောင်း သိရသည်။

အဆိုပါ လေကြောင်း လိုင်းကို အင်းလေး လေကြောင်းလိုင်း (Air Inlay) ဟု အမည်ပေး ထားပြီး စီးပွားရေး လုပ်ငန်းရှင် ဦးနေအောင်နှင့် ကမ္ဘောဇ ဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်း တို့က ပူးတွဲ လုပ်ကိုင်မည်ဟု ရန်ကုန်မြို့ရှိ စီးပွားရေး လုပ်ငန်းရှင် တဦးက ဧရာဝတီသို့ ပြောသည်။

“ရွေးကောက်ပွဲ မတိုင်ခင် လုပ်ငန်းတွေအားလုံး၊ သူတို့နဲ့ ပတ်သက်တဲ့သူတွေကို ခွဲပေးတဲ့ သဘောပဲ”ဟု အဆိုပါ စီးပွားရေး သမားက ဆိုသည်။

Air Inlay လေကြောင်းလိုင်း ပြေးဆွဲမည့် ခရီးစဉ် အသေးစိတ်ကိုမူ မသိရှိရသေးကြောင်း ၎င်းက ပြောသည်။

မကြာသေးမီ ရက်ပိုင်းက ထုတ်ဝေသည့်  Weekly Eleven ဂျာနယ်တွင်လည်း “ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းစုတခု”မှ ပြည် တွင်း လေကြောင်းလိုင်းသစ်တခု တည်ထောင်ပြီး မြန်မာ့လေကြောင်းလိုင်းနှင့် ပူးပေါင်း၍ ပျံသန်းရန် စီစဉ်နေသည်ဟု ရေးသားထားသည်။

ဦးနေအောင်သည် အမှတ် (၁) စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း၏ သားဖြစ်ပြီး၊ IGE ကုမ္ပဏီ၊ အောင်ရည်ဖြိုး ကုမ္ပဏီ စသည့် အမည်များဖြင့် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေသည်။

ဦးနေအောင်၏ ညီဖြစ်သူ ထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်မှူး ပြည်အောင်မှာ  ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ သားမက်ဖြစ်သည်။

IGE ကုမ္ပဏီသည် မုတ္တမ ပင်လယ်ကွေ့မှ ရန်ကုန်မြို့သို့ သွယ်တန်းသည့် ကမ်းလွန် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းမှု စီမံကိန်းကို လုပ်ကိုင်နေသည်။

ကမ္ဘောဇ ဘဏ်လုပ်ငန်းရှင် ဦးအောင်ကိုဝင်းမှာလည်း ဒုတိယဗိုလ်ချုပ်ကြီး မောင်အေးနှင့် နီးစပ်သူဖြစ်ပြီး ဖေဖော်ဝါရီလ အတွင်းက မြန်မာ့လေကြောင်းလိုင်း (MAI) ကို ၀ယ်ယူခဲ့သူဖြစ်သည်။

ပြည်တွင်းထုတ် မြန်မာ ပို့စ် ဂျာနယ်တွင်မူ အင်းလေး လေကြောင်းလိုင်းကို ဦးအောင်ကိုဝင်းက တည်ထောင်သည်ဟု ရေးသား ထားသည်။

ပြီးခဲ့သည့် ရက်အတွင်းကလည်း ဦးနေအောင် ၊ ဦးတေဇ အပါအ၀င် စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်ကြီး ၄ ဦး ကို ပုဂ္ဂလိက ဘဏ်လုပ်ငန်း လုပ်ကိုင်ရန် ခွင့်ပြုခဲ့သည်။

အရေးပါသည့် စီးပွားရေးလုပ်ငန်းများ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကို အတွင်းရေး မှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင် မြင့်ဦးက ဦးဆောင် ပြုလုပ်နေကြောင်း သိရသည်။

၎င်းနှင့်နီးစပ်သည့် ဦးဇော်ဇော်(မက်စ်မြန်မာ)၊ ဦးထွန်းမြင့်နိုင် (အေးရှားဝေါလ်)၊ ဦးချစ်ခိုင် (ဧဒင် အုပ်စု ကုမ္ပဏီ) တို့ကို စီးပွားရေး လုပ်ငန်းလုပ်ကိုင်ခွင့်များကို ပေးနေကြောင်း စီးပွားရေးလုပ်ငန်းရှင် တဦးက ဧရာဝတီသို့ ပြောသည်။
Comments (4)Add Comment
0
Air Funeral
written by Sir Phoe Saint, June 02, 2010
Answer the question?

(1) Who will set up the next air line named AIR FUNERAL?
0
ငွေမည်းက ငွေဖြူသို့
written by မျိုးလွင်, June 02, 2010
စုံစမ်းရသလောက် ကတော့ စစ်ဗိုလ်ချုပ်တွေ အရင်းနှီးထုတ်ပြီး ၎င်းတို့ လက်ပါးစေ ဝိသမ စီးပွားရေးသမားကို ရှယ်ယာနဲနဲ ဝင်ခိုင်းပြီး လေကြောင်းလိုင်း ထူထောင်တာပါ။ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေတွေဟာ စာရင်းသွင်း မှားပြီး စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ စာရင်းထဲပဲ့ ရောက်ေ နတော့ ငွေတွေ ထားစရာ မရှိဘူးဖြစ်နေတာ၊ဘဏ်လုပ်ငန်း မှာလည်း စစ်ဗိုလ်ချုပ်ကြီးတွေ ဗိုလ်ချုပ်တွေရဲ့ ငွေတွေနဲ့ ဘဏ်လုပ်ငန်း လည်ပတ်မှာပါ။
0
လုပ်နိုင်ကြပါစေ
written by စစ်အောင်, June 01, 2010
၈လုံးကြီးက အလကား လက်ဆောင်ပေးနေခြင်း မဟုတ်ပါ။ ငုင်း၏ PSO ဗိုလ်မှူးသစ်စာ မှတဆင့် ချိတ်ဆက် ပွဲစားလုပ်ပေး နေရပြီး ပွဲခ နှင့် ပင် ၁၀သက် စားမကုန် ဖြစ်နေပါသည်။ ယခု လုပ်ပိုင်ခွင့် ပေးထားသော်လည်း နောင်အစိုးရ တက်လာလျှင် ပြည်သူပိုင်ပြန်သိမ်း ..... .ပြည်သူပိုင် သိမ်း တခါ စီးပွားရေး သမားကို ပြန်ရောင်း နိုင်ငံစီးပွား တိုးတက် အောင်ကြံေ ဆာင်ကြမည် ဖြစ်သည်။အော်... ..... ........ ... ... .မြန်မာပြည်..... ......မြည်မာပြည်
0

written by ning, June 01, 2010
သူတို့ ခေတ်ပဲ မဟုတ်လား

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်