မလေးရှားရောက် ရခိုင်များ UNHCR ကို ဆန္ဒပြ

E-mail Print
မလေးရှားနိုင်ငံရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) သည် မြန်မာ တိုင်းရင်းသားချင်း တူသော်လည်း ရခိုင်နှင့် ဗမာများကို ဒုက္ခသည်အဖြစ် အသိအမှတ် မပြုသောကြောင့် ရခိုင်ဒုက္ခသည်များက ယနေ့နံနက် ၈ နာရီ မှစ၍ ဆန္ဒ ပြခဲ့ကြောင်း သတင်းရရှိသည်။

မလေးရှား UNHCR သည် ချင်း၊ မွန်၊ ကချင်စသော တခြား မြန်မာတိုင်းရင်းသားများကို ဒုက္ခသည်များ အဖြစ် အသိအမှတ် ပြုသော်လည်း ရခိုင်နှင့် ဗမာလူမျိုး ၂ မျိုးကို ချန်လှပ်ထားသည့်အပေါ် မကျေနပ်သဖြင့် ယခုကဲ့သို့ ဆန္ဒပြရကြောင်း သိရသည်။

ယနေ့ ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်သူ ကိုညီချေက “တခြားလူမျိုးတွေကို လူဦးရေ ထောင်နဲ့၊ သောင်းနဲ့ ချီပြီး ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပေမယ့်လည်း ကျနော်တို့ကျတော့ ဘာလို့ ခွဲခြားဆက်ဆံရတာလဲ။ ဒါကို သိချင်လို့ ဒီနေ့ ဆန္ဒသွားပြကြတာ” ဟု ဧရာဝတီသို့ ပြောသည်။

ရခိုင်နှင့် ဗမာများကို မလေးရှား UNHCR က လျစ်လျူရှုထားသည်မှာ နှစ်အတန်ကြာပြီဖြစ်ပြီး ၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်အတွင်း ဒုက္ခသည်အဖြစ် လျှောက်ထားခွင့်ပင် မပေးကြောင်း သိရသည်။

ထို့အပြင် မလေးရှား ထိန်းသိမ်းရေး စခန်းများအတွင်းရှိ အဖမ်းဆီးခံများ၊ ထောင်ကျနေသူများကိုပင် အကူအညီ မပေးတော့ကြောင်း ဆန္ဒပြသူ ကိုအာနိုးကပြောသည်။

“မလေးရှားမှာ ဖမ်းလို့ ထောင်တွေ၊ Camp တွေမှာ ထိန်းသိမ်းခံရပြီဆိုရင် UN က လာပြီး အကူအညီ ပေးလေ့ရှိတယ်။ တခြား တိုင်းရင်းသားတွေဆိုရင် UN ၀င်ခွင့်ရအောင် လုပ်ပေးကြတယ်။ ကျနော်တို့ကျတော့ လာတောင်မတွေ့တာများတယ်။ ကျနော်တို့လည်း တခြား တိုင်းရင်းသားတွေလိုပဲ စစ်အစိုးရရဲ့ မတရား ဖိနှိပ်မှုကို ခံနေရတဲ့သူတွေပဲ။ ဒီလို ခွဲခြားခံရတာကတော့ မကောင်းဘူးထင်လို့ ဒီနေ့ ဆန္ဒ၀င်ပြတာ” ဟု သူက ဆက်ပြောသည်။

မလေးရှားရှိ UNHCR သည် မြန်မာတိုင်းရင်းသားများအကြားတွင် လူမျိုးရေး ခွဲခြားရုံမက ဘာသာရေးအရပါ ခွဲခြားဆက်ဆံမှု ပြုလုပ်နေသည်ဟု ဗမာဒုက္ခသည် ကယ်ဆယ်ရေးအသင်း (BRO) မှ ဥက္ကဌ ဦးမောင်လှက ပြောသည်။

“ကျနော် သိထားသလောက် ပြောရရင် သူတို့က တိုင်းရင်းသားတွေကို ဦးစားပေးတယ် ဆိုပေမယ့် တကယ်က သူတို့စိတ်ထဲက မကြိုက်တဲ့ လူကို မပေးဘူးဗျ။ မှန်တာပြောတဲ့ လူကိုဆို မပေးဘူး။ နောက်တခုက ဘာသာရေး ခွဲခြားမှုရှိတယ်။ UNHCR အရာရှိ ကိုယ်တိုင် ပါးစပ်ကထုတ်ပြောတာ။ Camp ထဲမှာရော၊ ထောင်ထဲမှာပါ ပြောတယ်။ မင်းတို့ က ဗုဒ္ဓဘာသာတွေ၊ မင်းတို့က့ မြန်မာပြည်ကို ပြန်လို့ရတယ်၊ မင်းတို့ကို မပေးဘူးလို့ကိုပြောတာ” ဟုသူက ဆိုသည်။

သို့သော် တချို့သော ဗမာနှင့် ရခိုင်တိုင်းရင်းသားများသည် တခြားတိုင်းရင်းသား အဖွဲ့ အစည်းများသို့ ငွေပေးဝင်ရောက်ကာ UNHCR သို့ လျှောက်ထားပါက ဗုဒ္ဓဘာသာ ဖြစ်သော်လည်း လက်ခံသည်ကို တွေ့ ရှိရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“မလေးရှား UN က အခုနောက်ပိုင်း ရခိုင်ကို မပေးတာက ရခိုင်ဟာ ဗမာနဲ့ ဗုဒ္ဓဘာသာဝင် ချင်းလည်းတူတယ်၊ ရုပ်ရည် လက္ခဏာလည်း သိပ်ကွာဟမှုမရှိဘူးလို့ ပြောတယ်” ဟု ကွာလာလမ်ပူ အခြေစိုက် ရခိုင်ဒုက္ခသည် မဟာမိတ်များ အဖွဲ့ချုပ် AAR မှ ဒုဥက္ကဌ ကိုခိုင်ထက်နိုင်က ပြောသည်။

ယင်းသို့ ခွဲခြားဆက်ဆံခံနေခြင်းကို မီးမောင်းထိုးပြသည့် အနေဖြင့် ဗမာဒုက္ခသည် ကယ်ဆယ်ရေးအသင်း BRO က “ဒုက္ခသည်အခွင့်အရေး လက်စွဲ” အမည်ရှိ စာအုပ်တအုပ်ကို မကြာမီ ဖြန့်ဝေသွားရန် စီစဉ်နေကြောင်း သိရသည်။

အဆိုပါ စာအုပ်နှင့်ပတ်သက်၍ ရေးသားပြုစုသူ ဘလော့ဂါ ကိုအလင်းဆက်က “လူတွေက ဒုက္ခသည်ဆိုတာ ဘာကိုဆိုလိုတာလဲ၊ ဘယ်လိုလူတွေဟာ ဒုက္ခသည် လျှောက်ထားခွင့်ရှိသလဲ ဆိုတာတောင် ကျကျနန နားမလည်ကြဘူး။ တကယ်လို့ ဒီစာအုပ်ကို လူတွေက ဖတ်ကြမယ်ဆိုရင် UNHCR က ခွဲခြား ဆက်ဆံရင်တောင် ကိုယ့်အခွင့်အရေးကို ကိုယ်တိုင် တောင်းတတ်လာမယ်။ ဒီစာအုပ်ရဲ့မူရင်းကလည်း UNHCR ကိုယ်တိုင် တကမ္ဘာလုံးကို ဖြန့်ချိထားတဲ့ Protecting Refugee Question and Answer စာအုပ်ကို ဘာသာပြန်ထားတာပါ။ အဲဒီစာအုပ်ထဲမှာမှ မလေးမှာ ခွဲခြားမှုရှိတာတချို့ကို ထည့်သွင်းဖော်ပြထားတာပါ´ ဟု ရှင်းပြသည်။

ယနေ့နံနက်ပိုင်းက ဆန္ဒပြရာသို့ ကိုယ်ဝန်ဆောင်များ အပါအ၀င် ရခိုင်တိုင်းရင်းသား ၆၀ ၀န်းကျင်ခန့်တို့ လာရောက် ဆန္ဒပြခဲ့သည်ဟု သိရသည်။

ရခိုင်ဒုက္ခသည် မဟာမိတ်များ အဖွဲ့ ချုပ် ဒုဥက္ကဌ ကိုခိုင်ထက်နိုင်၏ ပြောပြချက်အရ မလေးရှားနိုင်ငံတွင် UNHCR ရရှိပြီးသား ဒုက္ခသည် ၁၀၀၀ ကျော်ခန့်ရှိပြီး လျှောက်ထားလိုသူ ၂၀၀၀၀ ခန့်ရှိကြောင်းသိရသည်။

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား သိန်းနှင့်ချီ၍ နည်းမျိုးစုံဖြင့် ခိုလှုံနေထိုင်ကာ အလုပ်လုပ်လျှက်ရှိသည်။
Comments (8)Add Comment
0

written by ရခိုင်သား, June 09, 2010
လူ့အခွင့်အရေးကို တန်းတူပေးပါ။
0
ကိုယ်တွေ့
written by saw phyu, June 09, 2010
ကျနော် သြဇတေလျ ကို ရောက်လာတဲ့ ချင်း အမျိုးသား တယောက်နဲ့ တွေ့ဘူးတယ်။ သူက အရင်က စစ်တပ် တပ်ကြပ်ကြီးစာရေးပါ။ ဆေးပင်စင်နဲ့ ထွက်လာပြီး မလေးရှားမှာ လာ အလုပ် လုပ်တယ်။ စစ်တပ် အပေါ်မှာခုထိ သစ္စာ ရှိတုန်းဗျ။ စစ်တပ် မကောင်းကြောင်း ဘာမှ မပြောဘူး။ သူက နိုင်ငံရေးနဲ့လည်း ဘာမှ မပတ်သက်ဘူး။ မလေးရှား UNHCR မှာ Refuge လျောက်တော့ ပထမ အသိအမှတ် မပြုဘူး။ ဒါပေမဲ့ အဲဒီရုံးမှာဘဲ ချင်း ဆရာကြီးတွေ ရှိတယ် သူတို့နဲ့ ဆက်သွယ်ပြီးတော့ နောက်တခေါက် ထပ်လျောက်တယ်။ အင်တာဗျူး ဖြေတော့ သူက ပြောချင်တာပြော အင်တာ ပရိုက်တာ ဆရာကြီးချင်းက လိုအပ်သလို ပြုပြင်ပြောနဲ့ နောက်ဆုံးတော့ ရဖျူဂျီ ဖြစ်သွားပြီး Aussie ကို ရောက်လာတယ်လို့  သိရတယ်။ ဒါက လူမျိုးရေး ခွဲခြားချင်တဲ့စိတ်နဲ့ ပြောတာ မဟုတ်ပါဘူး။ မလေးရှားမှာ တကယ်ဖြစ်နေတာတွေထဲက အဖြစ်မှန် တခုကို ပြောပြခြင်းပါ။
0
action reaction
written by john, June 09, 2010
un really knows who are refugees
be patient
0
The secret everybody known!
written by Witness, June 08, 2010
UNHCR(malaysia) is indeed either discriminating Bamars or miserably been cheated by so called very simple and honest minorities of Burma( Chins, Kachins and Kayins to name a few).
If it does discriminate Bamars for being Bamars, then UNHCR has no credibility at all as it is founded to help refugees regardless of who they are. Refugees flee from Burma mainly because of military governme[ were anti government protests, Buddhist-Bamars are there as the majority of participants and were prone to be targeted and crushed. the same goes to any related rights abuses all over the country. So, its obvious that Buddhist-Burmese are the ones who suffer most by this so called Buddhists led Bamar military regime. Fish eats fish and Bamar kills Bamar.

Those minorities like Chins, Kachins and kayins are just included collectively just like the whole area gets burn when a thunder strike took place. But, make no mistake, the main target is Bamars who adamantly keep all these political struggles go all the way along for the sake of all brothers and sisters ( inclusive of minorities ) of our mother land.

Talks about being a minority and a Christian is a ticket for an entry to refugee status , are normal here and there are many who find ways how to get it. Those NGOs corrupts, insiders corrupts and thus there is such a carnival of exodus. You just need to be born in Myanmar( not to be Burmese-Buddhist though), not even know anything, get to grow to be able to travel to Malaysia, learn to remember created most successful stories of full of lies( Eg. get raped, house burned down, caught and sent to labour camp and flee, etc...). Then golden future is there for you for your non-contribution and non-gratitude to any community in the world as a immediate reward. Great!
I have witnessed a Buddhist-bamar, a pure refugee with genuine case of military oppression from 1988 crack down applied as a refugee since last 7 years ago. Despite with strong reasons and documents of proof provided, he and his family is still at the stage of pending while others( Chins, Kachins , Kayins as majorities) jumping pass over and settled their lives in third countries so cheaply.
So, one thing to remember is that, wherever and whenever if there is people of Myanmar involved, there definitely will be corruption as the result of being trained and brain washed since born by military regime. This corrupt practice is so powerful and dare to even challenge and ridicule world body like UNHCR. This is the eighth wonder of the world exits in a myth.
So, people, this is for you to ridicule it or laugh at it or cry foul over it. The whole thing is so unjust and regrettable.
For those who are able to turn wrongs to rights, please do it now for those who really are in deep trouble and deserved to be care.
0
What is UN?
written by komyo, June 08, 2010
UN is United Nothing.
0
ဆက်တိုက်ကြ
written by Khaing Minn Kyaw, June 08, 2010
အမှန်တရား အတွက် တိုက်ပွဲဝင်တာ အားပေးတယ်။
0
UN ဘာလဲ
written by Thazin Pyu, June 07, 2010
ယူအန် ဆိုတာ ဘာလဲ----- ဘယ်လဲ-- -ရိုဟင်ဂျာ အတွက်လား--ချင်း အတွက် ဘဲလား- -- မြန်မာ တစ်နိုင်ငံလုံး ဒုက္ခ ရောက်နေကြတာ သူတို့ မသိလို့လား- --
0
...
written by ye soe, June 07, 2010
မလေး၇ှားမှာ ရဖျူဂျီ အတုတွေ သိပ်များတယ်

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်