နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP)နှင့် မြန်မာ ဒီမိုကရေစီ အင်အားစု (Forum for Democracy in Burma) အပါအ၀င် မြန်မာ့အရေး လှုပ်ရှားသည့် အဖွဲ့ ၁၅ဖွဲ့မှ တာဝန်ရှိသူများကိုလည်း တွေ့ဆုံရန်ရှိကြောင်း AAPP တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က ပြောသည်။ဝန်ကြီး အဲရစ် ရှဝပ်(ဇ်)သည် ထိုင်း အာဏာပိုင်များနှင့် မြန်မာဒုက္ခသည်များ အရေးကို ဆွေးနွေးမည် ဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ အမေရိကန် သံရုံးမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။
ယနေ့ညတွင် ဘန်ကောက်မြို့၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရန်ရှိသည်ဟုလည်း ၎င်းက ဆိုသည်။
ထိုင်း-မြန်မာနယ်စပ်တွင် ဒုက္ခသည် စခန်း ၉ ခုရှိပြီး ဒုက္ခသည်ပေါင်း တသိန်း ခြောက် သောင်း ခန့် ရှိကြောင်း သိရသည်။
ယင်း ဒုက္ခသည်များသည် ၁၉၈၃ မှ စတင်၍ မြန်မာ စစ်အစိုးရတပ်များ၏ ထိုးစစ်ဆင်မှုကြောင့် ထိုင်းနိုင်ငံသို့ ယနေ့အထိ ထွက်ပြေး လာကြသူများရှိနေကြောင်း သိရသည်။ မကြာသေးမီ နှစ်များအတွင်း မြန်မာ ဒုက္ခသည် အများအပြားသည် အမေရိကန်နိုင်ငံ၌ အခြေချ နေထိုင်ခွင့် ရရှိခဲ့သည်။
Set as favorite
Bookmark
Email this
Hits: 3545
Comments (2)

written by Ah der, June 11, 2010
Please....help to us Mr.Eric Schwartz. I was far away stay with my husband almost (2)years.I am here in Mae La camp.I can't follow to my husband because I don't have UN picture and UN number.I request to Mae La UN office regarding my situation but their answer is wait for UN picture and nothing to do for us.Many family are as like my life.Please come to Mae La camp and interview with us!
written by Aung, June 10, 2010
Mr.Eric Schwartz should to be discuss with Thai authority and Thai UNHCR for current refugee matter.
Because we have face very difficult situation now. Thai UN is nothing for our future.Our life is not enough with TBBC. We can't stay enclose space forever.
Because we have face very difficult situation now. Thai UN is nothing for our future.Our life is not enough with TBBC. We can't stay enclose space forever.
Write comment
| < Prev | Next > |
|---|







